ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ခရီးသည်ကားပေါ်မှ ဘီယာဖာ လေးရာကျော် ဖမ်းမိ

diz_admin

October 20, 2020

ဘုတ်ပြင်းမြို့နယ် ကိုဗစ်စစ်ဆေး ရေးဂိတ်တွင် ခရီးသည်တင်ကားပေါ်တင် လာသည့် ထိုင်းနိုင်ငံထုတ် SINGHA ဘီယာဖာ လေးရာကျော် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ ကော့သောင်းမြို့ဘက်မှ ဘုတ်ပြင်းဘက်သို့ မောင်းနှင်လာသည့် ရွှေမြိတ် အောင် ခရီးသည်တင်ကားပေါ်တွင် ခွင့် ပြုချက်မရှိဘဲ ဘီယာများတင်လာကြောင်း သတင်းအရ အောက်တိုဘာလ ၇ ရက်နေ့ က စောင့်ဆိုင်း စစ်ဆေးခဲ့ကြောင်း ရဲမှတ် တမ်းအရ သိရသည်။ ထိုသို့စစ်ဆေးရာ အဆိုပါကားပေါ် တွင် ထိုင်းနိုင်ငံထုတ် SINGHA ဘီယာ ၄၄၀ ဖာကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ-၈ ဖြင့် ဘုတ်ပြင်း မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

တစ်ကျော့ပြန် မြိတ်ကိုဗစ်

diz_admin

October 20, 2020

မြိတ်တွင် ပြီးခဲ့သည့်လက ၁၅ ရက်အတွင်း ကိုဗစ်ပိုးတွေ့လူနာ တစ်ရက်တစ်ဦးနှုန်း ရှိခဲ့သောကြောင့် အသွားအလာများကို ကြပ်မတ်ကန့်သတ်ခဲ့သည်။ စက်တင်ဘာလ ၁၄ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့ထိ ကိုဗစ်- ၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၁၅ ဦး ရှိခဲ့ခြင်းဖြစ်ပြီး ရောဂါတွေ့ရှိသူတို့နေ ထိုင်ကြသည့် လမ်းလေးလမ်းအား ၁၄ ရက်အကြာ အသွားအလာကန့်သတ်မှုများ ပြုလုပ်ခဲ့ရာ တစ်ပတ်ခန့် ငြိမ်သက် သွားခဲ့သည်။ ယင်းနောက် အောက်တိုဘာလ ၉ ရက်နေ့တွင် ကိုဗစ်ပိုးတစ်ကျော့ပြန် ဦးမော့လာခဲ့သည်။ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ခြောက်ရက်တာအတွင်း လူနာသစ် ကိုးဦး တိုးခဲ့သည်။ အောက်တိုဘာလ ၉ ရက်နေ့တွင် မြိတ်မှထွက်ခွာသွားသည့် ကုန်တင်ယာဉ် မောင်းတစ်ဦးမှာ ထားဝယ်မြို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ၎င်းနှင့် ထိတွေ့ […]

ပြည်နယ်အတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ပြီဟု မွန်ဝန်ကြီးချုပ်ပြော

diz_admin

October 20, 2020

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်သည့် အခြေအနေရှိနေပြီဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်ကုသရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး အောက်တိုဘာလ ၉ ရက်နေ့က ပြုလုပ်သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ပြောရရင် ထိန်းချုပ်လို့ရတဲ့ အခြေ အနေရောက်နေပါပြီ။ အဓိက အချက်ဖြစ်တဲ့ နှာခေါင်းစည်းတပ်တာရယ်၊ ခပ်ခွာ ခွာနေတာရယ်၊ လက်ဆေးတာရယ်ကို အထူးပဲလိုက်နာရင် တစ်လတောင် ကြာတော့မှာမဟုတ်ဘူး။ လုံးဝပျောက် ကင်းမှာပါ” ဟု ဝန်ကြီးချုပ်က ပြောသည်။ ပြည်နယ်အတွင်း ကူးစက်ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်နယ် အဝင်အထွက်နေရာများဖြစ်သော ကျိုက်ထို စစ်တောင်းတံတားထိပ်၊ ရေမြို့အဝင်စစ်ဆေးရေးစခန်းနှင့် သထုံ ဒုံသမိတံတားတို့တွင် ပြည်နယ်အတွင်း ဝင်ရောက်လာသူများအား စစ်ဆေးလျက်ရှိသည်ဟုလည်း ၎င်းက […]

ဟိန္ဒူဘုရားပွဲ မကျင်းပဖြစ်

diz_admin

October 20, 2020

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဟိန္ဒူ မမဘုရားပွဲတော်ကို ကိုဗစ်ကပ်ဘေးကြောင့် ကျင်းပတော့မည်မဟုတ်ကြောင်း အဆိုပါ ဘုရားကျောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။ ထားဝယ်မြို့၊ ရှမ္မလည်ဆွဲရပ်ကွက်ရှိ မမဘုရားပွဲကို နှစ်စဉ် သီတင်းကျွတ် လဆန်း ၁ ရက်နေ့တွင် စတင်ကျင်းပလေ့ရှိပြီး မိုးရာသီအကုန်တွင် ထားဝယ်မြို့ဒေသ၌ ကျင်းပလေ့ရှိသည့် ပွဲတော်များအနက် အစောဆုံးပွဲတော်လည်း ဖြစ်သည်။ ယခုနှစ်တွင်မူ ကိုဗစ်ကူးစက်မှု မြင့်တက်နေသည့်အတွက် ပျော်ပွဲရွှင်ပွဲ ပါဝင်သည့် ပွဲတော်ကိုကျင်းပတော့မည်မဟုတ်ဘဲ ဘုရားကျောင်း ဂေါပကအဖွဲ့ ဝင်များဖြင့်သာ ဝတ်ပြုဆုတောင်းတော့ မည်ဖြစ်ကြောင်း ဂေါပကဥက္ကဋ္ဌ ဦးအောင်သန်းက ဆိုသည်။ ပွဲတော်မကျင်းပဖြစ်ခြင်းမှာ ဆယ်စုနှစ်များစွာတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့အပြင် ပွဲတော်ကာလအတွင်း ယုံကြည်သူများဆက်သသည့် ကန်တော့ပွဲကိုလည်း လက်ခံတော့မည်မဟုတ်ကြောင်း ဦးအောင်သန်းက ပြောသည်။ “ကျွန်တော်တို့က လက်မခံဘူးလို့ အားလုံးတိုင်ပင်ဆွေးနွေးထားကြ တယ်” ဟု ၎င်းက ဆိုသည်။ […]

တီဇစ်အုပ်ချုပ်ရေးမှူး ဒုတိယအကြိမ် ထပ်တိုင်ခံရ

diz_admin

October 20, 2020

အစိုးရက အခြေခံလူတန်းစားများကို ထောက်ပံ့သည့် ကိုဗစ်ထောက်ပံ့ငွေ အပါအဝင် အခြားငွေကြေးကိစ္စများကို အလွဲသုံးစား ပြုလုပ်သည်ဟုဆိုကာ တီဇစ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို ရွာသူ ရွားသားများက ဒုတိယအကြိမ် ထပ်မံ တိုင်ကြားလိုက်ပြန်သည်။ ပထမအကြိမ်တိုင်ကြားစဉ်က ကိုဗစ်ထောက်ပံ့ငွေကိစ္စတစ်ခုတည်းကို သာ စစ်ဆေးခဲ့ပြီး အခြားအချက်များကို စစ်ဆေးခဲ့ခြင်း မရှိဟုဆိုကာ အောက်တိုဘာလ ၆ ရက်နေ့တွင် ထပ်မံတိုင်ကြားခဲ့ ခြင်းဖြစ်သည်။ တိုင်ကြားစာတွင် အချက်ခုနစ်ချက်ကို တိုင်ကြားထားသော်လည်း ကိုဗစ် ထောက်ပံ့ငွေတစ်ခုတည်းကိုသာ စစ်ဆေးခဲ့ကြောင်း တိုင်ကြားရာတွင် ဦးဆောင် ပါဝင်ခဲ့သည့် တီဇစ်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။ ကိုဗစ်ထောက်ပံ့ငွေ အပါအဝင် အခြားငွေကြေးကိစ္စများ အလွဲသုံးသည်ဟုဆိုကာ တီဇစ်အုပ်ချုပ်ရေးမှူး အတိုင်ခံရ ထို့အပြင်စစ်ဆေးရေးအဖွဲ့မှ ဒေသခံများကို နှစ်ကြိမ်ခေါ်ယူစစ်ဆေးခဲ့သော်လည်း လက်ရှိအချိန်ထိ အကြောင်းပြန် ကြားချက်မရှိဘဲ စစ်ဆေးရေးအဖွဲ့က အချိန်ဆွဲနေသည့်အတွက် ဒုတိယအကြိမ် ထပ်မံတိုင်ကြားခြင်းဖြစ်ကြောင်း […]

မဲရုံဝန်ထမ်းများကို မည်သည့်ပုံစံဖြင့် သင်တန်းပေးမည်ကို မသိရသေး

diz_admin

October 20, 2020

တိုင်းအတွင်းရှိ မဲရုံဝန်ထမ်းများကို ကိုဗစ်ရောဂါ ကူးစက်မှုမရှိစေရန် မည်သည့်ပုံစံဖြင့် သင်တန်းပို့ချမည်ကို မသိရ သေးဖြစ်နေကြောင်း တိုင်းရွေးကောက် ပွဲကော်မရှင်ထံမှ သိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှလည်း ရွေးကောက်ပွဲကျင်းပရန် တစ်လနီးပါးခန့်သာကျန်သည့် အချိန်အထိ မဲရုံဝန်ထမ်းများကို သင်တန်းပေးမည့်ကိစ္စ အကြောင်းကြားလာခြင်းမရှိသေးကြောင်း ယင်းကော်မရှင် ဥက္ကဋ္ဌ ဦးသန်းညွန့်က ပြောသည်။ နေပြည်တော်တွင် သင်တန်းတက် သွားရမည့် တိုင်းရွေးကောက်ပွဲကော် မရှင်မှ ဝန်ထမ်းများအနေဖြင့် အသွား၊ အပြန် နှစ်ကျော့စလုံးတွင် ကွာရန်တင်း ဝင်ရ/ မဝင်ရဆိုသည်မှာလည်း မသေချာသေးဘဲ ဖြစ်နေသည်။ အောက်တိုဘာလ ၉ ရက်တွင် နေပြည်တော်သို့ မဲလက်မှတ်သွားယူမည့် ဝန်ထမ်းများမှာမူ အပြန်တွင် ကွာရန်တင်း ဝင်စရာမလိုကြောင်း ဦးသန်းညွန့်က ပြောသည်။ နေပြည်တော်သို့ သွားရောက် မည့်သူများကိုလည်း ကိုဗစ်စစ်ဆေး ထားပြီး ရောဂါမရှိသူများကိုသာ စေလွှတ်မည်ဖြစ်သည်။ […]

ဆေးရောင်းသည့် ငါးဝယ်လှေကို ရေတပ် ဖမ်း

diz_admin

October 19, 2020

ကျွန်းစုမြို့နယ် ပင်လယ်ပြင်တွင် မူးယစ်ဆေးရောင်းနေသည့် ငါးဝယ်လှေ တစ်စီးကို တပ်မတော်ရေက ဖမ်းဆီးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ လေးကျွန်းအနောက်ဘက် တစ်မိုင်ကျော်အကွာရှိ ပင်လယ်ပြင်အတွင် မူးယစ်ဆေးသတင်းရသည့်အတွက် အောက်တိုဘာလ ၉ ရက်နေ့တွင် တပ်မတော်စစ်ရေယာဉ်က စောင့်ဆိုင်းနေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ငါးပူတင်းကလီစာ စားသည့် ရေလုပ်သားတစ်ဦး သေဆုံး ထိုသို့စောင်းဆိုင်းနေစဉ် လှေအမည်မရှိသည့် အလျား ၄၆ ပေအရွယ်ရှိ ငါးဝယ်လှေတစ်စီးပေါ်တွင် အမျိုးသား နှစ်ဦးကို တွေ့ရှိခဲ့သည်။ အဆိုပါလှေအား စစ်ဆေးရာ WY စိတ်ကြွဆေး ၁၁၇ ပြား၊ ဘိန်းစာမှုန့် ၇၅ ဂရမ်နှင့် ဆေးရှူသည့် ကိရိယာတစ်ခုတွေ့ရကြောင်း ရဲမှတ်တမ်း အရ သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အထက်ပါ အမျိုးသားနှစ်ဦးကို သက်ဆိုင်ရာ မူးစိတ် ပုဒ်မများဖြင့် […]

ကုန်ကားသမားများအား ကိုဗစ်စစ်ခ ကျပ်တစ်သောင်းလျော့

diz_admin

October 19, 2020

ကုန်တင်ကားသမားများအား ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ စစ်ဆေးရာတွင် စစ်ဆေးခကို တစ်ဝက်လျှော့ချလိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ယခင်က တစ်ကြိမ်စစ်ဆေးလျှင် ငွေကျပ်နှစ်သောင်းနှုန်း ကောက်ခံခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၁၂ ရက်နေ့မှ စကာ ကျပ်တစ်သောင်းသာ သတ်မှတ်ခဲ့ကြောင်း အထက်ပါဌာန ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာဥက္ကာက ဆိုသည်။ ရောဂါစစ်ဆေးပြီးပါက ပိုးမတွေ့ ရလျှင် ကိုဗစ်မရှိကြောင်း ထောက်ခံချက် ထုတ်ပေးပြီး ယင်းထောက်ခံချက်၏ သက်တမ်းမှာ သုံးရက်ဖြစ်သည်။ မိမိခရီးသွားတဲ့ ဒေသမှ သုံးရက်အတွင်း ပြန်လည်ရောက်ရှိလျှင်မူ ထပ်မံ စစ်ရန် မလိုအပ်ကြောင်း ဒေါက်တာ ဥက္ကာက ဆိုသည်။ ထားဝယ်မြို့မှ ရှစ်မိုင်အကွာတွင်ရှိ သည့် ကုန်တင်ယာဉ်ယာယီရပ်နားစခန်းအနီးတွင် ကိုဗစ်စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ကာ စစ်ဆေးပေးနေခြင်း ဖြစ်သည်။ အဆိုပါစခန်းတွင်စစ်ဆေးချက်အရ လက်ရှိအချိန်ထိ ကားသမားငါး […]