ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စကားများရာမှ တူမီးသေနတ်ဖြင့် ပစ်

diz_admin

October 16, 2020

ကော့သောင်းမြို့နယ်တွင် အမျိုးသားနှစ်ဦး စကားများရာမှ တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရဲမှတ်တမ်းအရ သိရသည်မှာ စူဘာလိုင်းကျေးရွာအုပ်စုရှိ ဥယျာဉ် ခြံတဲတွင် အောက်တိုဘာလ ၆ ရက်နေ့က အမျိုးသားလေးဦးထမင်းစားရန် ပြင်ဆင်နေခဲ့သည်။ ထိုစဉ် အမျိုးသားလေးဦးအနက်မှ နှစ်ဦးက ရော်ဘာရုံဆောက်ရန်နှင့် ရော်ဘာအစေးလှီးသည့်ကိစ္စဖြင့် စကားများခဲ့သည်။ စကားများရာမှ အသက် ၄၆ နှစ်အရွယ် အမျိုးသားကို သေနတ်ဖြင့် ပစ်ခတ်သည့်အတွက် စိုးရိမ်ရသည့်ဒဏ်ရာ ရရှိခဲ့သည်။ ကော့သောင်းတွင် အိမ်ခြေခြောက်ရာခန့် လျှပ်စစ်မီးပေးနိုင်ရန်လျာထား သေနတ်ဖြင့်ပစ်သည့် အမျိုးသားမှာ ထွက်ပြေးသွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ သေနတ်ဖြင့် ပစ်သည့်အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ-၃၀၇ ဖြင့် ကော့သောင်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ Dawei Watch

ကော့သောင်းတွင် အိမ်ခြေခြောက်ရာခန့် လျှပ်စစ်မီးပေးနိုင်ရန်လျာထား

diz_admin

October 16, 2020

ကော့သောင်းမြို့နယ်ရှိ ကျေးရွာလေးရွာမှ အိမ်ခြေခြောက်ရာခန့်ကို လျှပ်စစ်မီးပေးနိုင်ရန်အတွက်လျာထားပြီး လိုအပ်သောရန်ပုံငွေကို တင်ပြတောင်းခံထားကြောင်း ယင်းမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးငြိမ်းချမ်းက ပြောသည်။ ဘန်းကချွန်၊ ချမ်းဖန်း၊ မပုတေး၊ ပါဆယ်ပါညန်းကျေးရွာများရှိ အိမ်ထောင်စုများကို လျှပ်စစ်မီးပေးနိုင်ရန်အတွက် ထရန်စဖော်မာတပ်ဆင်နိုင်ရေး တိုင်းလျှပ် စစ်ဌာနသို့ တင်ပြထားခြင်းဖြစ်သည်။ ထရန်စဖော်မာတည်ထောက်ရန် ရန်ပုံငွေခွင့်ပြုပါက လျှပ်စစ်မီတာပုံးများအား အိမ်တိုင်းတွင် တပ်ဆင်ပေးနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ရှေးဟောင်းရိုးရာ တနင်္သာရီ နဂါးလှေလှော်ပွဲတော်အား ကိုဗစ်အခြေ အနေကြည့် စီစဉ်မည် “ရန်ပုံငွေရမရကိုတော့ ဆယ်လပိုင်း(ယခုလ) မကုန်ခင်တော့သိရတော့ မှာပါ” ဟု ၎င်းကဆိုသည်။ လက်ရှိတွင် အထက်ဖော်ပြပါကျေး ရွာသားအချို့သည် လျှပ်စစ်မီးအတွက် ရွာမီးစက်နှင့် ဆိုလာကို အဓိကအားထားနေရကြောင်း ကော့သောင်းဒေသခံတစ် ဦးက ပြောသည်။ ဒီဇယ်ဈေးကြီးသည့်အချိန်ဆိုလျှင် ယင်းကျေးရွာများသည် လျှပ်စစ်မီးတစ်ယူနစ် ကို ကျပ်တစ်ထောင်အထိပေးပြီး သုံးစွဲရ […]

မြွေဖမ်းတဲ့ မီးသတ်

diz_admin

October 15, 2020

မီးသတ်တပ်ဖွဲ့ဟု ဆိုလိုက်လျှင် မီးလောင်ကျွမ်းမှုများအား ငြိမ်းသတ်ရေးအတွက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းအဖြစ်သာ လူသိများခဲ့သည်။ ရေနစ်၊ မြေပြိုစသည့် အသက်ကယ်ဆယ်ရေးလုပ်ငန်းများမှာ ၎င်းတို့ နှင့် မဆိုင်ဟူ၍ပင် လှောင်ပြောင်သည့် ပြက်လုံးများပင် ထွက်ပေါ်ခဲ့ဖူးသည်။ လက်တွေ့တွင်မူ မီးသတ်တပ်ဖွဲ့မှာ မီးငြိမ်းသတ်ခြင်း အပါအဝင် ရေနစ်ခြင်း၊ မြေပြိုခြင်း စသည့် အသက်ကယ် လုပ်ငန်းများတွင် အကူအညီပေးနေခဲ့ရသည်။ ယခုမူ မြွေဖမ်းပေးခြင်းကိုပါလုပ် ပေးနေသည်။ နေအိမ် အဆောက်အအုံများအတွင်း ဝင်ရောက်ခိုအောင်းနေသည့် မြွေကိုဖမ်းပေးရန် ပြည်သူများမှ အကူအညီ တောင်းခံလာသည့်အတွက် ယခုနှစ်အတွင်း မြွေဖမ်းပေးရန် အကူအညီတောင်းခံမှု ၁၁ ကြိမ်ရှိခဲ့ပြီး မြွေအကောင်ရေ တစ်ဆယ်ကျော်ကို ဖမ်းပေးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယင်းမှာ ထားဝယ်နှင့် လောင်းလုံးမြို့နယ် နှစ်မြို့နယ်အတွက် အရေအတွက် ဖြစ်သည်။ ထားဝယ်မြို့တွင် နေအိမ်အတွင်း ဝင်နေသည့်မြွေဖမ်းပေးရန် […]

အစိုးရအသစ်တက်စက တောင်းဆိုခဲ့သည့် သိမ်းဆည်းမြေများ သက်တမ်းကုန်ခါနီးမှ ပြန်လည်စွန့်လွှတ်

diz_admin

October 15, 2020

မြိတ်မြို့ ကျောက်ဖျာနှင့် ကဘင်းကျေးရွာအုပ်စုအတွင်းရှိ ကျောက်ဖျာမြို့သစ်စီမံကိန်းအတွက် သိမ်းဆည်းခဲ့သည့် မြေများအနက် ဧကလေးထောင် ကျော်အား ပြန်လည်စွန့်လွှတ်ပေးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က အောက်တိုဘာလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် စီမံကိန်း အသုံးပြုရန်အတွက် လယ်ယာမြေနိုင်ငံ ပိုင်ပြုလုပ်နိုင်ရေး အက်ဥပဒေပုဒ်မ ၃၉ အရ သိမ်းဆည်းခဲ့သည့် မြေများအနက် ၄၄၁၆ ဒသမ ၆၁ ဧကအား မူလပိုင်ရှင်များထံသို့ ပြန်လည်စွန့်လွှတ်မည်ဖြစ် ကြောင်း ပါရှိသည်။ ကျောက်ဖျာမြို့သစ်စီမံကိန်းအတွက် တောင်သူတစ်ထောင်ကျော် ခန့်တို့၏ ဥယျာဉ်နှင့် လယ်ယာမြေ ဧရိယာဧက ငါးထောင်ကျော်အား ၂၀ဝ၄ ခုနှစ်က သိမ်းဆည်းခံထားခဲ့ခြင်းဖြစ်ရာ ၁၆ နှစ်ကြာမြင့်နေပြီဖြစ်သည်။ “အခုလိုပြန်ပေးတာ တဝကို (တကယ့်ကို)ကျေးဇူးတင်တယ်” ဟု သိမ်းဆည်းမြေယာထဲပါဝင်သည့် ကျောက်ဖျာရွာနေ ကိုတူးတူးက ပြောသည်။ ကျောက်ဖျာမြို့သစ်စီမံကိန်းအတွက် သိမ်းဆည်းခံမြေယာတို့တွင် […]

ယခုနှစ်ဆောင်း အအေးပိုမည်

diz_admin

October 15, 2020

ယခုနှစ် ဆောင်းရာသီသည် အအေးပိုမည်ဟု ခန့်မှန်းရကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ ယခုနှစ်သည် လာနီညာ(စိုစွတ် သောရာသီဥတု) ရာသီဥတုဖြစ်ခြင်းနှင့် ရာသီဥတုပြောင်းလဲလာခြင်းတို့ကြောင့် အအေးလှိုင်းဖြတ်သကဲ့သို့ အနုတ်လက္ခဏာပြသည်အထိ အအေးပိုနိုင်ကြောင်း အထက်ပါဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောဆိုသည်။ “ဒီနှစ်က စံချိန် ကျိုးလိမ့်မယ်။ စံချိန်ကျိုးလိမ့်မယ်ဆိုတာက အပူချိန်ဆိုလည်း အမြင့်ဆုံးတင်ခဲ့တာပေါ့နော်။ အခု အအေးဆိုလည်း အနိမ့်ဆုံးရောက်အောင် ဆင်းမယ်။ ဘယ်လောက်ရောက်အောင် ဆင်းမတုန်းဆိုတာတော့ မပြောတတ်သေးဘူး” ဟု ဦးကျော်မိုးခိုင်က ဆိုသည်။ အွန်လိုင်း ဘောလုံးစွမ်းရည်ပြိုင်ပွဲ လာနီညာရာသီဥတုမှာ အေးပြီး မိုးများသည်ဟု ၎င်းက ပြောသည်။ ယင်းကြောင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအကုန်၊ ဒီဇင်ဘာလမှ ၂၀၂၁ ပြည့်နှစ် ဇန်နဝါရီလဆန်းခန့်အထိ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအပြင် တနင်္သာရီတိုင်းတွင်လည်း […]

ရှေးဟောင်းရိုးရာ တနင်္သာရီ နဂါးလှေလှော်ပွဲတော်အား ကိုဗစ်အခြေ အနေကြည့် စီစဉ်မည်

diz_admin

October 15, 2020

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် နှစ်စဉ်ပြုလုပ်နေကျဖြစ်သည့် ရိုးရာနဂါးလှေ လှော်ပွဲတော်အား ယခုနှစ်တွင် ကျင်းပရန်မှာမူ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေအား စောင့်ကြည်နေရကြောင်း ယင်းမြို့နယ် စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီထံမှ သိရသည်။ ယခုနှစ်တွင် ကျင်းပမည့် ၈၆၇ ကြိမ်မြောက် ရိုးရာနဂါးလှေလှော်ပွဲပြုလုပ်သည့်အချိန်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်မှုနှုန်းမြင့်မားနေသည်နှင့် ကြုံကြိုက်နေရခြင်း ဖြစ်သည်။ “ပိုးတွေဘာတွေမရှိတော့ဘူးဆိုရင် အဆင်ပြေသွားနိုင်တယ်” ဟု စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်း က ပြောသည်။ ကိုဗစ်ကြောင့် ပြန်ပေါ်လွင်လာသည့် ခေါသရပ်ပွဲ၏ အနှစ်သာရ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဆက်လက်ဖြစ်ပွားနေပါက နဂါးဖောင်များအား ရေမျှောခြင်း၊ ကန်တော့ပွဲပြင်ခြင်းတို့ကို လူအနည်းငယ်ဖြင့် ပြုလုပ်နိုင်ရန် စီစဉ်နေကြောင်း ၎င်းက ပြောပြသည်။ ရှေးဟောင်းရိုးရာ နဂါးလှေလှော်ပွဲ ကျင်းပရေးအတွက် ကိုဗစ်အခြေအနေအား […]

ဒုတိယအကြိမ်ကိုဗစ်ချေးငွေ လုပ်ငန်းသုံးခုသာ ရ

diz_admin

October 15, 2020

ကိုဗစ်ကပ်ဘေးကြောင့် ထိခိုက်ခဲ့သည့် လုပ်ငန်းများကို ချေးငွေချေးခွင့်ပြုရာတွင် တိုင်းအတွင်းရှိ လုပ်ငန်းသုံးခုသာ ချေးခွင့်ရသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ ရေထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ် လုပ်ငန်း၊ သွင်းကုန်အစားထိုးပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်း၊ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်း စသည့် လုပ်ငန်းအမျိုးအစား ရှစ်ခုက လျှောက်ထားခွင့်ရှိသည်။ လက်ရှိတွင် ထားဝယ်ခရိုင်အတွင်းရှိ ဝက်မွေးမြူရေးလုပ်ငန်း တစ်ခု၊ ရော်ဘာလုပ်ငန်း တစ်ခုနှင့် ရေသန့်လုပ်ငန်းတစ်ခုသာ ချေးခွင့်ရသေးကြောင်း တိုင်း ကုန်သည်/စက်မှုအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဆိုသည်။ သြဂုတ်လအတွင်းက ချေးငွေ လျှောက်လွှာပေးပို့ရာတွင် စုစုပေါင်း လျှောက်လွှာ ၃၅၈ စောင်ရှိသည်။ လက်ရှိချေးခွင့်ရသူစာရင်းထုတ် ပြန်ခြင်းက ပထမအကြိမ်ဖြစ်ပြီး နောက်ထပ်ထုတ်ပြန်ရန် […]

ကိုဗစ်ကြောင့် ပြန်ပေါ်လွင်လာသည့် ခေါသရပ်ပွဲ၏ အနှစ်သာရ

diz_admin

October 14, 2020

လတ်တလောဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါပိုးဂယက်ကြောင့် တနင်္သာရီမြို့ ခေါသရပ်ပွဲ၏ အနှစ်သာရမှာ ပြန်လည်ပေါ်လွင် လာခဲ့ကြောင်း ယင်းမြို့နယ် စာပေနှင့် ယဉ်ကျေးမှုအမွေ အနှစ်ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ပြောသည်။ ပြီးခဲ့သည့်နှစ်များက ပြုလုပ်ခဲ့သည့် ခေါသရပ်ပွဲများမှာ တေးဂီတဖျော်ဖြေပွဲများ၊ ဘောလုံးပြိုင်ပွဲများ စသည့် ပျော်ပွဲရွှင်ပွဲတို့နှင့် တစ်ရွာနှင့် တစ်ရွာ လည်ပတ်သွားလာခြင်းတို့ဖြင့် စည်ကားလေ့ရှိကြကြောင်း တနင်္သာရီမြို့နယ်၊ ပဝကျေးရွာနေသူအချို့ထံမှ သိရသည်။ သို့သော် ယခုနှစ်တွင် ကိုဗစ်-၁၉ ကြောင့် အထက်ပါ ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပနိုင်ခြင်း မရှိတော့ပေ။ မကျွတ်မလွတ်သူများအား အစာကျွေးခြင်းဖြစ်သည့် ခေါသရပ်၏ ရိုးရာ အနှစ်သာရမှာ လည်ပတ်ခြင်းနှင့် ပျော်ပွဲတို့ထက် နေအိမ်တို့တွင် ခေါသရပ်မုန့်ပြု လုပ်ခြင်း၊ ဆွမ်းကပ်ခြင်း၊ ခေါစာကျွေးခြင်း၊ အာရုံဆွမ်း(မုန့်)များ လောင်းလှူ ခြင်းနှင့် ဥပုသ်စောင့်ခြင်းတို့ ပြုလုပ်ခြင်းဖြစ်ကြောင်း စာပေနှင့် […]