ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

နှင်းဆီပါတီ ကိုယ်စားလှယ်လောင်းတစ်ဦး မဲဆွယ်စည်းရုံးအပြန် အမှုဖွင့်ခံရ

diz_admin

October 12, 2020

ညီညွတ်သောဒီမိုကရက်တစ်ပါတီ (နှင်းဆီပါတီ)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးကို အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဘုတ်ပြင်းမြို့နယ် ကိုယ်စယ်းလောင်းဖြစ်သူ ဦးတင့်လွင်ကို မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ရာဇသတ်ကြီး ပုဒ်မ- ၂၇၉ နှင့် ၃၃၇ တို့ဖြင့် ပြည်ကြီးမဏ္ဍိုင်နယ်မြေရဲစခန်းတွင် အောက်တိုဘာလ ၄ ရက်နေ့က အမှုဖွင့်ထားခြင်း ဖြစ်သည်။ ရာဇသတ်ကြီးပုဒ်မ-၂၇၉ မှာအများ ပြည်သူဆိုင်ရာလမ်းတွင်မဆင်မခြင် မောင်နှင်ခြင်းဖြစ်ပြီး ပုဒ်မ-၃၃၇ မှာ အခြားသူ၏အသက်ကို သို့မဟုတ် လုံခြုံရေးကို ဘေးဖြစ်စေသောပြုလုပ်မှု (နာကျင်စေမှု) ဖြစ်သည်။ လူတစ်သိန်းကျော်ကို တစ်ပတ်အတွင်း အိမ်တိုင်ရာရောက် မဲစာရင်း စစ်ပေး ဖြစ်စဉ်မှာ အောက်တိုဘာလ ၄ ရက်နေ့က ကိုယ်စားလောင်းအပါအဝင် ပါတီဝင်များနှင့် ဝန်းရံသူ အပါအဝင် စုစုပေါင်း ၁၅၀ ဦးခန့်က ကား၊ ဆိုင်ကယ်များဖြင့် ဘုတ်ပြင်းမြို့နယ်အတွင်း […]

လူတစ်သိန်းကျော်ကို တစ်ပတ်အတွင်း အိမ်တိုင်ရာရောက် မဲစာရင်း စစ်ပေး

diz_admin

October 12, 2020

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ယင်း မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်တစ်သိန်တစ် သောင်းကျော်ကို တစ်ပတ်အတွင်းအပြီး အိမ်တိုင်ရာရောက် မဲစာရင်း လိုက်လံစစ်ဆေးပေးခဲ့ကြောင်း မြို့နယ်ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။ မဲဆန္ဒရှင်စာရင်း နောက်ဆုံး ကြေညာထားသည့်အချိန် အောက်တိုဘာလ ပထမအပတ်အတွင်း မဲဆန္ဒရှင်စာရင်းများကို အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေးပေးခဲ့ခြင်းဖြစ်သည်။ ကိုဗစ်ကာလ ရန်ကုန်တွင်နေရန် ခက်သောကြောင့် စက်ဘီးစီးပြန်လာသူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ညှိနှိုင်းပြီး ရပ်ကျေးအုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမများ ပူးပေါင်းပြီး လိုက်လံစစ်ဆေးပေးခဲ့ခြင်းဖြစ်ကြောင်း ရေဖြူမြို့နယ် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဇင်မာအောင်က ပြောသည်။ ပိုမိုတိကျသည့် မဲစာရင်းရရှိနိုင်ရန်အတွက် ယင်းကဲ့သို့ အိမ်တိုင်ရာရောက် မဲစာရင်းစစ်ပေးခြင်းကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ “အခုလို အိမ်တိုင်ရာရောက်လိုက်ကောက်၊ လိုက်စစ်ပေးရတာ ပိုပြီးတော့ တိကျတယ်။ […]

ကိုဗစ်ကာလ ရန်ကုန်တွင်နေရန် ခက်သောကြောင့် စက်ဘီးစီးပြန်လာသူ

diz_admin

October 12, 2020

ကိုဗစ်ကာလအတွင်း ရန်ကုန်မြို့တွင် နေထိုင်ရန် ငွေရေးကြေးရေး အခက်အခဲရှိလာသဖြင့် နေရပ်သို့ စက်ဘီးစီးပြန်လာသူသည် အောက်တိုဘာလ ၉ ရက် ညကိုးနာရီကျော်တွင် ထားဝယ် မြို့မှ မြိတ်မြို့သို့ ထွက်ခွာသွားပြီဖြစ်သည်။ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင်နေထိုင်ပြီး အသက် ၂၆ နှစ်အရွယ် ကရင်တိုင်းရင်းသားဖြစ်သူ စောလာဘွယ်ထူးသည် ရန်ကုန်မြို့မှ အောက်တိုဘာလ ၄ ရက်တွင် စက်ဘီးတစ်ဖြင့် ထွက်ခွာလာခဲ့သည်။ ကုန်ကားသမားများကို ကိုဗစ်စစ်၊ တစ်ဦးတွင် ပိုးတွေ့ “အခုက အလုပ်လုပ်လို့လည်းမရတော့ဘူးဆိုတော့ ပိုက်ဆံလည်းအဆင်မပြေတော့လို့ ပိုက်ဆံမကုန်မခင် ပြန်လာချင်တာပေါ့။ ဒီအချိန်ကားလည်း မရဘူးဆိုတော့ ဘာနဲ့ပြန်မလည်း စဉ်းစားရင်းနဲ့ စက်ဘီးနဲ့ပြန်မယ်ဆိုပြီး ပြန်လာတာပါ” ဟု စောလားဘွယ်ထူး က ဆိုသည်။ စက်ဘီးတစ်စီးကို လေးသောင်းကျပ်ဖြင့်ဝယ်ယူပြီး ပြန်လာခဲ့ခြင်းဖြစ်သည်။ လမ်းတစ်လျှောက် ပဲခူးတိုင်း ဝေါမြို့နယ် စစ်ဆေးဂိတ်တွင်တစ်ညအိပ်ပြီး ယင်းမှတစ်ဆင့် […]

ကုန်ကားသမားများကို ကိုဗစ်စစ်၊ တစ်ဦးတွင် ပိုးတွေ့

diz_admin

October 12, 2020

တိုင်းခြား၊ ပြည်နယ်ခြား နေရာများသို့ သွားမည့် ကုန်ကားသမားများအား ကိုဗစ်ရောဂါရှိ/ မရှိ စစ်ဆေးလျက်ရှိရာ တစ်ဦးတွင် ပိုးတွေ့ရှိရကြောင်း တနင်္သာရီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်ဆေးခဲ့သူများအနက် အဆိုပါတစ်ဦးတွင် တွေ့ရှိရခြင်း ဖြစ်သည်။ ၎င်းမှာ မြိတ်မြို့မှ လာရောက်သည့် ကုန်တင်ကား ယာဉ်မောင်းဖြစ်ပြီး လက်ရှိတွင် ထားဝယ်ဆေးရုံကြီးသို့ ခေါ်ဆောင်ကုသပေးနေကာ ယာဉ်နောက် လိုက်ကိုမူ ကွာရန်တင်းစခန်းတွင် စောင့် ကြည့်နေထိုင်စေကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဥက္ကာ က ပြောသည်။ “သူက မြိတ်ကလာတာ ရန်ကုန်ပြန် ဖို့ပေါ့နော်၊ အထွက်မှာစစ်လိုက်တော့လေ၊ ပေါ့စတစ်(ပိုးတွေ့) ဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။ ကုန်ကားယာဉ်မောင်းနှင့်ယာဉ် နောက်လိုက်တို့ကို အောက်တိုဘာလ […]

ဖမ်းဆီးခံလယ်သမားများ လူ့အခွင့်အရေးနှင့်အညီ ဖြေရှင်းခွင့်ပေးရန် ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌထံ အကူအညီတောင်း

diz_admin

October 11, 2020

ထားဝယ်မြို့အတွင်းဖြစ်ပွားခဲ့သည့် မြေယာပြဿနာကြောင့် ဖမ်းဆီးခံထားရသည့် လယ်သမားများကို လူ့အခွင့်အရေးနှင့်အညီ ဖြေရှင်းခွင့်ပေးရန် ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့ထံ စာဖြင့်တင်ပြ၍ အကူအညီတောင်းခံထားသည်။ ဖမ်းဆီးခံထားရသည့် လယ်သမားများအား မိသားစုဝင်များအပါအဝင် ရှေ့နေများနှင့် တွေ့ခွင့်မပေးမှုနှင့် ပတ်သက်၍ မိသားစုဝင်များက စက်တင်ဘာလ ၂၉ ရက်နေ့တွင် အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်။ ဆန်းချီတိုးချဲ့ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါပြဿနာတွင် မူလ ပိုင်ရှင်ဟုဆိုသည့် လယ်သမားမိသားစုနှင့် ဝန်းရံသည့် လယ်သမားအချို့ကို လက်ရှိပိုင်ရှင်ဟုဆိုသူများက အမှုဖွင့်ထားခြင်းဖြစ်သည်။ ဖမ်းဆီးခံလယ်သမားများကို ထားဝယ်ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ခြောက်ခုဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်။ အဆိုပါလယ်သမားခုနစ်ဦးကို စွဲဆိုခဲ့သည့်အမှုများတွင် လက်ရှိပိုင်ဆိုင်ထားသည့် မြေပိုင်ရှင်ဆိုသူမှ အလုပ်သမားများနှင့်အတူ စက်တင်ဘာလ ၂၃ ရက်နေ့က ခြံစည်းရိုးကာရံနေစဉ် အဆိုပါ လယ်သမားများ ရောက်ရှိလာပြီး ဟန့်တားနှောင့်ယှက်ခြင်း၊ ဆဲဆိုခြင်း၊ စိုက်ထားသည့် ခြံစည်းရိုးတိုင်များကို ဆွဲနုတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု […]

မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် ပညာရေးဝန်ထမ်း ၁၅၀ဝ၀ ကျော် လျာထား

diz_admin

October 10, 2020

မွန်ပြည်နယ်အတွင်း ထားရှိမည့် မဲရုံများတွင် တာဝန်ထမ်းဆောင်ရန်အတွက် ပညာရေးဝန်ထမ်း ၁၅၀ဝ၀ ကျော် လျာထားသည်ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။ ၎င်းတို့အနက် မဲရုံမှူးတာဝန်အတွက် ၉၅၈ ဦး၊ ဒုမဲရုံမှူးအတွက် ၉၅၅ ဦးနှင့် မဲရုံအဖွဲ့ဝင်အတွက် ၁၃၇၁၇ ဦး ပါဝင်သည်ဟု ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။ မွန်ပြည်နယ်တွင် မဲရုံပေါင်း ၉၇၃ ရုံကို လျာထားပြီး ၈၄၀ ကျော်မှာ အခြေခံ ပညာကျောင်းများဖြစ်သည်။ ယင်းတို့အတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်မှုများ အဆင်သင့်လုပ်ဆောင်ထားသည်ဟု ပြည်နယ် ပညာရေးမှူးက ပြောသည်။ “ကျောင်းပြန်ဖွင့်ဖို့ ပြင်ဆင်ချိန် ကတည်းကိုက ကျောင်းတွေမှာ (ကူးစက် ရောဂါ) ကြိုတင်ကာကွယ်တဲ့စနစ်တွေ၊ ဘေစင်ကအစ အကုန်လုံးပေါ့။ ကျွန်မတို့မှာ အဆင်သင့်ရှိပါတယ်” ဟု ဒေါက်တာ […]

ခြောက်ရက်အတွင်း ထိုင်းနိုင်ငံမှ ခိုးပြန်လာသူ ၁၄ ဦးကို လဝကအက်ဖြင့် အမှုဖွင့်

diz_admin

October 9, 2020

ခြောက်ရက်တာကာလအတွင်း ထိုင်းနိုင်ငံမှ ကော့သောင်းသို့ ခိုးပြန်လာသူ ၁၄ ဦးကို လဝကအက်ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။ စက်တင်ဘာလ ၂၉ ရက်နေ့တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ဖြစ်ပြီး ၎င်းတို့မှာ ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ခိုးဝင်လာစဉ် အဖမ်းခံရသူများဖြစ်သည်။ ၎င်းတို့အား သက်ဆိုင်ရာ ကွာရန်တင်းစခန်းတွင် သတ်မှတ်ရက်အတိုင်း စောင့်ကြည့်နေထိုင်စေပြီးမှ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံမှ ကော့သောင်းမြို့သို့ နည်းလမ်းအမျိုးမျိုးဖြင့် ခိုးဝင်လာကြသည့် အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၆ ဦးတို့ကို လဝကအက်ဥပဒေမုဒ်မ- ၁၃(၁)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ ကော့သောင်းတွင် မူးယစ်ဆေးတွေ့သူနှင့် ကွင်းဆက်ထံမှ စိတ်ကြွဆေးပြား ခုနစ်ရာနီးပါး ဖမ်းမိ အခြားရက်များတွင်လည်း ခိုးဝင်သူများရှိပြီး ဖမ်းမိခဲ့သည့် ဖြစ်စဉ်များ လည်းရှိသည်။ ကိုဗစ်ကပ်ဘေးကာလအတွင်း ထိုင်းနိုင်ငံမှ […]

သပိတ်မျှောပွဲကျင်းပရန် မသေချာသေး

diz_admin

October 9, 2020

သီတင်းကျွတ်လတွင် ကျင်းပမြဲဖြစ်သည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို ယခုနှစ်တွင် ကျင်းပရန် မသေချာသေးကြောင်း တိုင်းအစိုးရအဖွဲ့မှ လူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က ပြောသည်။ ယခင်နှစ်များက ယခုအချိန်ဆိုလျှင် ပွဲတော်ကျင်းပရန်အတွက် ထားဝယ်ရိုးရာသပိတ်မျှောပွဲကျင်းပရေးကော်မတီများနှင့် အစည်းအဝေးပွဲများ၊ ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ် ပွားနေသဖြင့် ယင်းအစည်းအဝေးများနှင့် ဆွေးနွေးပွဲများကို မပြုလုပ်နိုင်ဟု ဆိုသည်။ “မဖြစ်ဖို့တော့ များတယ်” ဟု ဝန်ကြီးဦးဟိုပင်က ဆိုသည်။ အွန်လိုင်းကနေ ဈေးရောင်းမယ် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေမှုမြင့်တက်နေခြင်းကြောင့် မဖြစ်မနေပြုလုပ်ရမည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးဟောပြောခြင်းကိစ္စများအပြင် ဝါတွင်းကာလ ဥပုသ်သီတင်းသီလဆောက်တည်ခြင်းများကိုပါ ကန့်သတ်ထားသဖြင့် လူစုလူဝေးနှင့် ပြုလုပ်ရသည့် သပိတ်မျှောပွဲတော်ကို ကျင်းပရန် မှာ မသေချာသေးဟု ဝန်ကြီးက ပြောသည်။ သို့သော် အခြေအနေနှင့် အချိန်အခါအရ […]