ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အွန်လိုင်း ဘောလုံးစွမ်းရည်ပြိုင်ပွဲ

diz_admin

October 14, 2020

တနင်္သာရီတိုင်းအတွင်းတွင် ဘောလုံးစွမ်းရည်ပြိုင်ပွဲတစ်ခုကို အွန်လိုင်းမှ တစ်ဆင့် ကျင်းပရန်ရှိနေကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ ၁၈ ကိုက်အကွာအဝေးတွင်ရှိသော ဂိုးတိုင်၊ ကိုးဘားတန်းတို့ကို ဘောလုံးဖြင့် ထိအောင်ကန်ပြခြင်း၊ အချိန်းငါးမိနစ်အတွင်း ဘောလုံးအား ခြေဖျားဖြင့် ဘယ်၊ ညာ အချက် ၂၀၊ ခြေခွင်ဖြင့် အချက် ၂၀၊ ဒူးဖြင့် အချက် ၂၀ စသည့်ဖြင့် ခတ်ပြခြင်း စသည့်စွမ်းရည်တို့ကို ပြသရမည်ဖြစ်သည်။ ယင်းသို့ ခတ်ပြ ပြိုင်ပွဲဝင်နေသည်ကို အွန်လိုင်းမှ တိုက်ရိုက်လွှင့်ပြီး အကဲဖြတ်အမှတ်ပေးမည်ဖြစ်သည်။ မြန့်မာ့လက်ရွေးစင်ကစားသမားနှင့် မြန်မာနေရှင်လိဂ်ပြိုင်ပွဲများတွင် ပါဝင်ဖူးသူများမှလွဲပြီး မည်သူမဆို အသက်အရွယ်မရွေး ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်သည်။ အဆိုပါပြိုင်ပွဲကို တိုင်းအတွင်း မြို့နယ်အားလုံးတွင် တစ်မြို့နယ်ချင်း စီအလိုက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပါဝင်လိုသူ များအနေဖြင့် သက်ဆိုင်ရာမြို့နယ် […]

တိုင်းအတွင်းက ကိုယ်စားလှယ်လောင်းများ ဘုန်းကြီးကျောင်းထွက်မှသည် ပါရဂူအထိ

diz_admin

October 14, 2020

၂၀၂၀ ရွေးကောက်ပွဲအလွန် တနင်္သာရီတိုင်းရဲ့ အနာဂတ် လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးစတဲ့ အရေးပေါင်းများစွာကို ဦးဆောင်မယ့် နိုင်ငံရေးသမားတွေကို တိုင်းသူ၊ တိုင်းသားတွေက များမကြာမီ ရွေးချယ်ကြရတော့မှာပါ။ အဲဒီအရေးပေါင်းများစွာကို ဦးစီးဦးဆောင်ပြုဆောင်ရွက်ရာမှာ၊ ဆုံးဖြတ်ချက်တွေ ချရာမှာ စွမ်းဆောင်ရည်တွေ ပြည့်ဝဖို့က အရေးကြီးပါတယ်။ အခုရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့်သူတွေမှာ ဘယ်လို အရည်အသွေးမျိုးတွေ ရှိနေသလဲ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းမှာ ပါတီအသီးသီးကနေရော၊ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်အဖြစ်ရော စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၆၈ ဦးရှိပါတယ်။ အဲဒီအထဲမှာ ဘုန်းကြီးကျောင်း ထွက်ကနေ ပါရဂူအဆင့်အထိ ပညာအရည်အချင်းအမျိုးမျိုး ပါဝင်နေပါတယ်။ ဘယ်ပညာရည်အဆင့်က ဘယ်လောက်ဦးရေပါနေပါသလဲ။ အခြေခံပညာ မူလတန်းအဆင့် (လေးတန်း)သာရှိတဲ့ ကိုယ်စားလှယ်လောင်း ခြောက်ဦးရှိပါတယ်။ အလယ်တန်းအဆင့်ရှိသူက ၂၈ ဦးနဲ့ အထက် […]

တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်းထမ်းများ ရန်ကုန်သို့ ပို့လိုက်သော်လည်း ကုသရေးအခက်အခဲမရှိနိုင်ဟုဆို

diz_admin

October 13, 2020

ရန်ကုန်တိုင်းတွင် ကိုဗစ်ရောဂါ ကူးစက်မှုများပြားနေသည်ကို ကူညီရန် တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်းများကို ပို့လိုက်ရသော်လည်း တိုင်းအတွင်း ကုသရေးပိုင်းတွင် အခက်အခဲ မရှိနိုင်ကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဥက္ကာက ပြောသည်။ တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၂၅ ဦးသည် ရန်ကုန်တိုင်းတွင် ကိုဗစ်ကူးစက်မှုကိုထိန်းချုပ်ရေး ကူညီရန် စက်တင်ဘာလ နောက်ဆုံးအပတ်က ထွက်ခွာသွားခဲ့သည်။ အောက်တိုဘာလ ပထမအပတ်တွင် မြိတ်ခရိုင်မှ ကျန်းမာရေးဝန်ထမ်း ၂၂ ဦးလည်း ထပ်မံသွားရောက်ခဲ့သည်။ ကုန်ကားသမားများကို ကိုဗစ်စစ်၊ တစ်ဦးတွင် ပိုးတွေ့ ၎င်းတို့မှာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသာ ဖြစ်ပြီး ကုသရေးပိုင်းမှ ဝန်ထမ်းများ မဟုတ်သဖြင့် တိုင်းအတွင်း ကုသရေး ပိုင်းမှာ အခက်အခဲမရှိနိုင်ခြင်းဖြစ်ကြောင်း ဒေါက်တာဥက္ကာက ဆိုသည်။ “ကုသရေးက လောလောဆယ် ပြဿနာတော့ မရှိသေးဘူးလို့ […]

“နိုလ်” မုန်တိုင်းဒဏ်သင့်မှု ကျပ်သိန်းတစ်ထောင်ကျော် ထောက်ပံ့

diz_admin

October 13, 2020

“နိုလ်” မုန်တိုင်းကြောင့် ပင်လယ် ဒီရေလှိုင်းရိုက်ခတ်ပြီး ထိခိုက်ပျက်စီးခဲ့ရသည့် နေအိမ်များအတွက် ငွေကျပ် ၁၁၅၂ သိန်းကျော်ကို ထောက်ပံ့ကြေးပေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်။ မုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာလ တတိယအပတ်က ဒီရေလှိုင်း ရိုက်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် တိုင်းအတွင်းရှိ ပင်လယ်ကမ်းစပ် ကျေးရွာအချို့တွင် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရာ ယင်းတို့အတွက် ထောက်ပံ့ငွေပေးခြင်းဖြစ်သည်။ ကျေးရွာတာဝန်ခံ လိမ်လည်ပေါင်နှံထားသည့် ပုံစံ(၇) တောင်သူလက်ဝယ် မရောက် ရှိသေး တိုင်းဒေသကြီး သဘာဝဘေးရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး တစ်စိတ်တစ်ပိုင်းပျက်စီးသည့် နေအိမ် ၄၁၉ လုံးနှင့် အလုံးစုံပျက်စီးသည့်နေအိမ် ၄၀ဝ လုံးကို ထောက်ပံ့ကြေးပေးခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးထံမှ သိရသည်။ တစ်စိတ်တစ်ပိုင်းပျက်စီးသည့်နေအိမ်အတွက် ပျက်စီးမှုပမာဏအတိုင်း ထောက်ပံ့ပေးပြီး နေအိမ်အလုံးစုံပျက်စီးပါက ဓနိမိုး ထရံကာနေအိမ်တစ်လုံးလျှင် ကျပ်နှစ်သိန်း၊ သွပ်မိုးပျဉ်ကာဆိုပါက ကျပ်လေးသိန်းထောက်ပံ့ပေးကြောင်း တိုင်းအစိုးရအဖွဲ့ရုံးမှ […]

မွန်တွင် ညမထွက်ရအမိန့် ဖောက်ဖျက်ပါက ထောင်ဒဏ်တစ်လချပြီး အရေးယူ

diz_admin

October 13, 2020

မွန်ပြည်နယ်တွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူများကို ထောင်ဒဏ် တစ်လစီ ချမှတ်ပြီး အရေးယူဆောင်ရွက် လျက်ရှိသည်ဟု သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများသည့် မော်လမြိုင်မြို့နယ်၊ ဘီးလင်းမြို့ နယ်နှင့် ကျိုက်ထိုမြို့နယ်တို့ကို စက်တင် ဘာ ၂၅ ရက်နေ့မှစပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ ညမထွက်ရအမိန့် ဖောက်ဖျက်သောကြောင့် မော်လမြိုင်မြို့နယ်မှ ကိုးဦး နှင့် ဘီးလင်းမြို့နယ်မှ နှစ်ဦး စုစုပေါင်း ၁၁ ဦးတို့အား ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ အရ အရေးယူခဲ့ခြင်း ဖြစ်သည်။ ကိုဗစ်ကာလ ခက်ခဲနေသူများကို “လိုရင်ယူ ပိုရင်လှူ” အစီအစဉ်ဖြင့် ကူညီ “အလုပ်မဲ့ ထောင်ဒဏ် တစ်လစီပေါ့” ဟု မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေး မှူး […]

ကိုဗစ်ကာလ ခက်ခဲနေသူများကို “လိုရင်ယူ ပိုရင်လှူ” အစီအစဉ်ဖြင့် ကူညီ

diz_admin

October 13, 2020

မော်လမြိုင်မြို့ပေါ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ အခက်အခဲဖြစ်နေသူများကို “လိုရင်ယူ ပိုရင်လှူ”အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို အခမဲ့လိုက်လံ ကူညီလှူဒါန်းပေးလျက်ရှိသည်။ ယင်းအစီအစဉ်ကို လူမှုအဖွဲ့ အစည်းတစ်ခုဖြစ်သည့် နွေးထွေးသော ရင်ခွင်အဖွဲ့နှင့် စေတနာရှင်များ ပူးပေါင်းပြီး ရပ်ကွက်အတွင်း အခက်အခဲဖြစ် နေသူများကို အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် အပြင် အသီးအနှံဟင်းသီးဟင်းရွက်များ ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။ ကူးစက်ရောဂါအကျပ်အတည်း ကာလတွင် အခက်အခဲဖြစ်သူများအတွက် တစ်နေ့တာ မိသားစု စားဝတ်နေရေး ဖြေရှင်းနိုင်စေရန် ယခုအစီအစဉ်ကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု နွေးထွေးသောရင်ခွင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင် က ပြောသည်။ “ကိုဗစ်ကာလမှာ စားဝတ်နေရေး အဆင်မပြေကြဘူး။ အဆင်မပြေကြတော့ ပြဿနာတွေ ပိုဖြစ်လာနိုင်တယ်။ နောက် မိသားစုအတွင်းမှာ အဆင်မပြေဘူးဆိုရင် အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့ […]

ဖမ်းဆီးခံလယ်သမားနှစ်ဦးသာ အာမခံရ

diz_admin

October 13, 2020

ထားဝယ်မြို့တွင် လယ်ယာမြေ ပြဿနာကြောင့် ဖမ်းဆီးခံထားရသည့် လယ်သမားခုနစ်ဦးအနက် နှစ်ဦးသာ အာမခံရရှိခဲ့ကြောင်း ဖမ်းဆီးခံလယ်သမားမိသားစုဝင်အချို့ထံမှ သိရသည်။ ဆန်းချီတိုးချဲ့ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါပြဿနာတွင် မူလပိုင်ရှင်ဟုဆိုသည့် လယ်သမား မိသားစုနှင့် ဝန်းရံသည့် လယ်သမားအချို့ကို လက်ရှိပိုင်ရှင်ဟုဆိုသူများက အမှုဖွင့်ထားခြင်းဖြစ်သည်။ ဖမ်းဆီးခံလယ်သမားများကို ထားဝယ် ရဲစခန်းတွင် အမှုနှစ်မှုဖွင့်ထားသည်။အဆိုပါလယ်သမားခုနစ်ဦးကို စွဲဆိုခဲ့သည့် ပထမအမှုတွင် လက်ရှိပိုင်ဆိုင်ထားသည့် မြေပိုင်ရှင်ဆိုသူမှ အလုပ်သမားများနှင့်အတူ စက်တင်ဘာလ ၂၃ ရက်နေ့က ခြံစည်းရိုးကာရံနေစဉ် အဆိုပါ လယ်သမားများရောက်ရှိလာပြီး ဟန့်တားနှောင့်ယှက်ခြင်း၊ ဆဲဆိုခြင်း၊ စိုက်ထားသည့်ခြံစည်းရိုးတိုင်များကို ဆွဲနုတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ဖမ်းဆီးခံလယ်သမားများ လူ့အခွင့်အရေးနှင့်အညီ ဖြေရှင်းခွင့်ပေးရန် ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌထံ အကူအညီတောင်း ဒုတိယအမှုမှာ လယ်သမားများက အခင်းဖြစ်မြေတွင် ကြိုတင်စောင့်ဆိုင်းပြီး ခြံစည်းရိုးလုပ်ငန်း လုပ်နေသည့်ကားကို တုတ်၊ ကျောက်ခဲတို့ဖြင့် […]

ကျေးရွာတာဝန်ခံ လိမ်လည်ပေါင်နှံထားသည့် ပုံစံ(၇) တောင်သူလက်ဝယ် မရောက် ရှိသေး

diz_admin

October 12, 2020

ကျေးရွာတာဝန်ခံက လိမ်လည် ပေါင်နှံခဲ့သည့် ပုံစံ(၇) လက်ဝယ်မရောက် ရှိသေးသောကြောင့် မူလပိုင်ရှင်တောင် သူများအနေနှင့် မကျေမနပ်ဖြစ်နေကြ သည်။ ကျွန်းစုမြို့နယ်၊ ဒုံးပုလဲ‌အော်ကျေးရွာနေ တောင်သူကိုးဦးပိုင် ပုံစံ(၇) များ အား ပုံစံ ၁၀၅ ၊ နှင့် ပုံစံ ၁၁ လျှောက် ထားရန်ဟုဆိုကာ ကျေးရွာတာဝန်ခံမှ ၂၀၁၈ ခုနှစ်က တောင်းယူပြီး ပေါင်နှံအလွဲသုံးစား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး တောင်သူများမှ သက်ဆိုင်ရာအုပ်ချုပ်ရေးဌာနများသို့ ၂၀၂၀ မေလမှ စတင်တိုင်ကြားခဲ့ရာ ဖြစ်စဉ်အား စုံစမ်းစစ်ဆေးပြီး ကျေးရွာ တာဝန်ခံအား ၂၀၂၀ စက်တင်ဘာ ၁၇ ရက်နေ့တွင် တာဝန်မှ ရပ်ဆိုင်းခဲ့သည်။ နှင်းဆီပါတီ ကိုယ်စားလှယ်လောင်းတစ်ဦး မဲဆွယ်စည်းရုံးအပြန် အမှုဖွင့်ခံရ ယင်းသို့တာဝန်မှ ရပ်ဆိုင်းခဲ့သော်လည်း လက်ရှိအချိန်အထိ ပုံစံ(၇) များမှာ […]