သီတင်းကျွတ်ကာလအမီ လမ်းအားလုံး မီလင်းအောင်လုပ်မည်ဟု ကုမ္ပဏီအာမခံ
diz_admin
October 22, 2020သီတင်းကျွတ်ကာလအမီ လမ်းအားလုံးကို လမ်းမီးလင်းရန် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အတွင်း လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးနေသည့် Petro & Trans ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ က ပြောသည်။ လက်ရှိတွင် ကျွမ်းနေသည့် လမ်းမီးများကို လဲလှယ်ခြင်း၊ လမ်းမီးကြိုးရှိသည့် နေရာတွင် လမ်းမီးအသစ်တပ်ဆင်ခြင်းကို ဆောင်ရွက်နေကြောင်း အထွေထွေ မန်နေဂျာ ဦးတင်ထွန်းဦးက ဆိုသည်။ လမ်းမီးအားလုံးလင်းစေရန်အတွက် ဦးစားပေးအလိုက် သတ်မှတ်လုပ်ဆောင် နေကြောင်း ၎င်းက ရှင်းပြသည်။ ထားဝယ်လျှပ်စစ်ဈေး တစ်ယူနစ် ၁၉ ကျပ် လျှော့ပေး၊ သို့သော် တစ်လသာ ပထမအဆင့်တွင် မြို့ဝင်၊ မြို့ထွက် နေရာအားလုံးကို မီးလင်းစေရန်၊ ဒုတိယ အဆင့်တွင် လမ်းမီးမရှိသေးသည့် လမ်းအားလုံးတွင် မီးသီးတပ်ဆင်ရန်နှင့် တတိယအဆင့်တွင် တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်ချက်ရှိသည့်နေရာများတွင် တပ်ဆင်သွားရန် ဖြစ်သည်။ […]


