ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘုတ်ပြင်းမြို့ရှိ နှင်းဆီပါတီဝင်များ ပြည်ခိုင်ဖြိုးနှင့် တစ်သားတည်း ဖြစ်သွားပြီဟု လွှတ်တော် ကိုယ်စားလှယ်လောင်း ပြော

diz_admin

October 27, 2020

ဘုတ်ပြင်းမြို့နယ်ရှိ နှင်းဆီပါတီဝင်များ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီသို့ လာရောက်ပူးပေါင်းခဲ့ ကြပြီး ယင်းတို့နှင့်တစ်သားတည်း ဖြစ်သွားပြီဟု ပြည်ခိုင်ဖြိုးပါတီ ဘုတ်ပြင်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စား လှယ်လောင်းက ပြောသည်။ အောက်တိုဘာလ ၂၂ ရက်နေ့က ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ကျေးရွာသို့ စည်းရုံးရေးရောက်ရှိလာသည့် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်း ဦးတိုးဝင်း ကပြောဆိုခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နှင်းဆီပါတီမှတာဝန်ရှိသူများနှင့် ပါတီဝင်များမှ ဘုတ်ပြင်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသို့ လာရောက်ခဲ့ကြပြီး နှင်းဆီပါတီဝင်များနှင့် ၎င်းတို့ပါတီအား ထောက်ခံသူများကို လာရောက်အပ်နှံခဲ့သည်ဟု ၎င်းက ပြောဆိုခဲ့သည်။ “ခုဆိုရင် နှင်းဆီပါတီဟာ ကျွန်တော်တို့ပါတီနဲ့ တစ်သွေးတည်းတစ်သားတည်း မိသားစုတွေလို ဖြစ်သွားကြပြီ” ဟု ဦးတိုးဝင်းက ပြောသည်။ ဘုတ်ပြင်းမြို့နယ်အတွင်း အင်အား တစ်သောင်းကျော်ခန့်ရှိသည့် နှင်းဆီပါတီဝင်များအနေဖြင့် မဲပေးမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ပြည်တောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို […]

ထားဝယ်တွင် တွင်ကျယ်လာနေသည့် မဲလိပ်ဆွဲစနစ်ဖြင့် ပစ္စည်းရောင်းသည့်ပုံစံ

diz_admin

October 27, 2020

ကိုဗစ်ကာလအတွင်း ထားဝယ်ခရိုင်တွင် မဲလိပ်ဆွဲပြီး ပစ္စည်းရောင်း သည့်ပုံစံတစ်မျိုး တွင်ကျယ်လာနေသည်ကို တွေ့လာရသည်။ ဒေသခံများက ကပ်မဲဟုခေါ်သည့် ယင်းမဲလိပ်ဆွဲ ပစ္စည်းရောင်းသည့်နည်း လမ်းမှာ မဲလိပ်တစ်လိပ်ကို ကျပ်ငါး ဆယ်၊ တစ်ရာဖြင့် ဝယ်ယူရသည်။ ယင်းမဲလိပ်ထဲတွင် ကိန်းဂဏန်းများရေး သားထားသည်။ မဲလိပ်အတွင်းပါကိန်းဂဏန်းနှင့် အပြင်တွင်ချိတ်ဆွဲထားသည့် ပစ္စည်းပေါ်ရှိ ကိန်းဂဏန်းတူညီပါက မဲပေါက် မည်ဖြစ်သည်။ မဲပေါက်ပါက သောင်း ဂဏန်းတန်ဖိုးရှိ ဒန်းအိုး၊ ဒန်ခွက်၊ ဆောင်းဘောက် စသည့်ပစ္စည်းတစ်ခုခုကို ရရှိမည်ဖြစ်သည်။ ယင်းကဲ့သို့ မဲလိပ်ဖြင့် ပစ္စည်းရောင်းသူများသည် ကား၊ သုံးဘီးဆိုင်ကယ် များဖြင့် တစ်ရွာဝင်၊ တစ်ရွာထွက် လိုက်ရောင်းခြင်း၊ အုပ်စုလိုက် မဲဆွဲစေခြင်းတို့ကြောင့် ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့လာမည်ကို ဒေသခံအချို့က စိုးရိမ်နေကြသည်။ “ကျွန်တော်တို့ ဒေသမှာ လူတွေ အုပ်စုလိုက်နှာခေါင်းစည်း မတပ်ဘဲ မဲကပ်တွေ ဆွဲနေကြတာ။ […]

မောတောင်နယ်စပ်တွင် တရားမဝင် ဝင်ရောက်ခြင်းအပြင် မော်တော်ဆိုင်ကယ် သယ်ယူမှုများရှိ

diz_admin

October 26, 2020

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွပ်ခီရီခန်မြို့ စင်ခွန်းနယ်စပ်ဂိတ်တွင် တရားမဝင် ဝင်ရောက်ခြင်းတို့အပြင် မော်တော်ဆိုင်ကယ် သယ်ယူမှုများရှိ နေကြောင်း မြိတ်-ပရာကျွတ်မောင်နှမ မြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့် ထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့က ပရာကျွပ်ခီရီခန်မြို့၊ အောင်နွဲ တိုက်နယ်ရှိ အမှတ် ၅ ကျေးရွာ၊ မောတောင်-စင်ခွန်းနယ်စပ်ဂိတ်အနီးတွင် တရားမဝင်ဖြတ်ကျော်မည့် မြန်မာနိုင်ငံသားတချို့ ဝင်ရောက်မှုရှိခဲ့သည်။ ယင်းနောက် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ခလောက်ဝါတိုက်နယ် အမှတ် ၆ ရပ်ကွက်အနီးတွင် တောင်ယာ လုပ်ကိုင်သူတို့၏ သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးခဲ့ရာ ထိုင်းဘက်မှ မြန်မာဘက်သို့ ရောင်းချမည့် ထိုင်းနိုင်ငံထုတ် MSX 125 အနီရောင်ဆိုင်ကယ် တစ်စီးရပ်နားထားသည်ကို တွေ့ရှိခဲ့ ကြောင်း ဦးအောင်ကြည်မြင့်က ပြောပြသည်။ […]

ကုန်စည်ဝင်ရောက်မှုကြန့်ကြာ သဖြင့် ကုန်ပစွည်းအချို့ ဈေးတက်

diz_admin

October 26, 2020

မွန်ပြည်နယ်အတွင်းသို့ ကုန်စည် ဝင်ရောက်ရာတွင် ကြန့်ကြာမှုများရှိနေသည့်အတွက် ကုန်ပစွည်းအချို့မှာ ဈေးတက်လာကြောင်း ပြည်နယ်အတွင်း ကုန်ရောင်းဝယ်နေသူတို့နှင့် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနတို့ထံမှ သိရသည်။ ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်း ကာလတွင် ရောဂါထိန်းချုပ်နိုင်ရေး ကန့်သတ်မှုများ၊ စစ်ဆေးမှုများ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်က ပြောသည်။ “အထိုက်အလျောက်တော့ ကြန့်ကြာမှုလေးကတော့ ကြုံခဲ့ရတယ်။ ရပ် တန့်သွားတာတော့မဟုတ်ဘူး” ဟု ဦးခင်အောင်သွင်က ပြောသည်။ ကိုဗစ်-၁၉ မဖြစ်ခင်က ကြက်သွန်နီဈေး တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ ရှိခဲ့ရာ ယခုအခါ ၁၃၀ဝ ကျပ် ရှိနေပြီး စားအုန်းဆီဈေးနှုန်းမှာလည်း ယခင်ထက် ကျပ် ၂၀ဝ ခန့် မြင့်တက်လာသည်ဟု ကုန်သည်တို့က ပြောသည်။ “လမ်းမှာ စစ်ဆေးမှုက များတော့ ကုန်စည်ဝင်ရောက်မှုက နောက်ကျတယ်။ […]

ဒေသန္တရအမိန့်မလိုက်နာသည့် ဈေးသည် လေးဦးကို ဈေးရောင်းခွင့်သုံးရက်ပိတ်

diz_admin

October 26, 2020

ဒေသန္တရအမိန့်အား လိုက်နာရန် ပျက်ကွက်သည့် ဈေးသည် လေးဦးအား ဈေးရောင်းချခွင့် သုံးရက်ပိတ်သိမ်းခြင်းဖြင့် အရေးယူထားကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ထံမှ သိရသည်။ ကမ်းနားဈေးနှင့် ပျံကျဈေးမှ ဈေးရောင်းချနေသူ သုံးဦးနှင့် စည်ပင် သာယာဈေးကြီးမှ ဈေးရောင်းချနေသူ တစ်ဦးမှာ ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်ညွှန်ကြားချက်ကို လိုက်နာမှုမရှိဘဲ Mask မတပ်ထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အောက်တိုဘာ ၂၂ ရက်မှ စတင်ကာ ဈေးရောင်းချခွင့် သုံးရက်ပိတ်ခဲ့ခြင်းဖြစ်သည်ဟု ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးကျော်ကျော်ဦးက ပြောသည်။ “သူ့ကို အရေးမယူချင်ပေမဲ့လည်း ဒါတွေကို အရေးမယူရင်လည်း အားလုံး ပေါ့လျော့နေမှာစိုးလို့ သတိပေးလိုက်တာပေါ့။ Mask မတပ်ဘဲနေရင် တကယ်ပဲ လုပ်နေပြီ ဆိုတာကို သိအောင်လို့ အဲလို ဆောင်ရွက်လိုက်တာ” ဟု ဦးကျော်ကျော်ဦး […]

မလွှဲတောင်ဂိတ်ဖြတ်ခွင့်မရှိသဖြင့် မွန်နှင့် တနင်္သာရီနယ်စပ်ရှိ ခြံသမားများ အသွားအလာခက်

diz_admin

October 26, 2020

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းခြား မလွှဲတောင်တွင် ဖြတ်သန်းခွင့်မရှိသဖြင့် အနီးအနားရှိ မွန်ပြည်နယ်ရေးမြို့နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှ ရာဘာလုပ်သားများမှာ သွားရေးလာရေး အခက်အခဲဖြစ်နေပြီး ရော်ဘာစေးခြစ်မရ ဘဲဖြစ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အတွင်းရှိ အလယ်စခန်း၊ ကျောက်ကုတင်း၊ ကော့လှိုင် စသည့်ကျေးရွာများတွင် ရာဘာခြံအချို့ကို မွန်ပြည်နယ်ရေးမြို့တွင်နေထိုင်သူအချို့က ပိုင်ဆိုင်သည်။ မလွှဲတောင်စစ်ဆေးရေးဂိတ်နှင့် ရေးမြို့မှာ မိုင်နှစ်ဆယ်ဝန်းကျင် အကွာအဝေးရှိ သည်။ ယခုကာလသည် မိုးရာသီအကုန် ဆောင်းရာသီအကူး ရော်ဘာခြစ်ရာသီဖြစ်သည်။ သို့သော် ရေးမြို့မှ ရာဘာခြစ် လုပ်သမားများမှာ မလွှဲတောင်ဂိတ်ကို ဖြတ်ပြီး ရေဖြူမြို့နယ်သို့ လာမရဘဲ ဖြစ်နေကြောင်း ရော်ဘာခြံပိုင်ရှင်တစ်ဦးဖြစ်သူ ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်နေ ဦးဟန်ထူးက ပြောသည်။ ထားဝယ်တိုင်းရင်းသားပန်းခြံတွင် သစ်ပင်ကြီးများခုတ်မှု ဝေဖန်ခံရ ယင်းနည်းတူ ရေဖြူမြို့နယ်မှ ရော်ဘာခြံပိုင်ရှင်များမှာလည်း ရေးမြို့ဘက်မှ […]

ထားဝယ်တိုင်းရင်းသားပန်းခြံတွင် သစ်ပင်ကြီးများခုတ်မှု ဝေဖန်ခံရ

diz_admin

October 26, 2020

ထားဝယ်မြို့ရှိ တိုင်းရင်းသားပန်းခြံတွင် သစ်ပင်ကြီးများ ခုတ်လှဲလိုက်သည့်အပေါ် ပြည်သူများအကြား ပြောဆို ဝေဖန်မှုများ ရှိနေသည်။ အဆိုပါ ပန်းခြံရှိ သစ်ပင်ကြီးများကို ယခုလ တတိယအပတ်ခန့်မှစကာ စည်ပင်သာယာရေးအဖွဲ့က ခုတ်လှဲနေခဲ့ခြင်း ဖြစ်သည်။ ထိုသို့ သစ်ပင်ကြီးများခုတ်လှဲပစ်ခြင်းမှာ လုံးဝမလုပ်သင့်သည့်လုပ်ရပ် ဖြစ်ကြောင်း ထားဝယ်မြို့ခံတစ်ဦးဖြစ်သူ ကိုအောင်မျိုးက ဆိုသည်။ “ဘာပြောရမှန်းတောင် မသိတော့ဘူးဗျာ။ ဒီလိုအပင်ကြီးတွေကို ဒီလိုလှဲ ပစ်လို့ရလားဗျာ” ဟု ကိုအောင်မျိုးက ပြောသည်။ သစ်ပင်ကြီးများ ခုတ်လှဲလိုက်သည့် အပေါ် မြေပြင်တွင် ပြောဆိုဝေဖန်မှုများ ရှိသကဲ့သို့ ဖေ့ဘုတ်စာမျက်နှာတွင်လည်း မခုတ်လှဲသင့်ကြောင်း ပြောဆိုသူများနှင့် မျှဝေသူများလည်းရှိနေသည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိကမူ လေပြင်းတိုက်ချိန်တွင် ပြိုလဲပြီး အများပြည်သူအတွက် အန္တရာယ်ရှိ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းရန် တိုင်းစည်ပင်သာယာရေးအဖွဲ့ က ညွှန်ကြားထားသည်ဟု ဆိုသည်။ ထို့အပြင် အဆိုပါပန်းခြံအတွင်း […]

ကိုယ်ဝန်ဆောင်၊ မသန်စွမ်း၊ ဘိုးဘွားနှင့် ပရဟိတဂေဟာများကို ကျပ်သိန်းခြောက်ထောင်ကျော်ထောက်ပံ့

diz_admin

October 25, 2020

တိုင်းအတွင်း ကိုယ်ဝန်ဆောင်မိခင်၊ မသန်စွမ်းသူများ၊ ဘိုးဘွားများ၊ ဘိုးဘွား ရိပ်သာများ၊ ပရဟိတဂေဟာများကို ကျပ် သိန်းခြောက်ထောင်ကျော် ထောက်ပံ့ပေး ခဲ့ကြောင်း တိုင်းလူမူဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။ ကိုယ်ဝန်ဆောင်မိခင်(ငွေဗိုက်) တစ်ထောင်ကျော်(၁၁၂၅၇ ) ဦးအတွက် ကျပ်သိန်းသုံးထောင်ကျော်(၃၃၇၀ သိန်း ကျော်)၊ အသက် ၈၀ နှင့် ၈၅ နှစ်အကြားရှိ ဘိုးဘွား ခြောက်ထောင်ကျော်(၆၀၉၅) ဦးအတွက် သိန်းနှစ်ထောင် နီးပါး (၁၈၂၀ သိန်းကျော်) ထောက်ပံ့ပေးခဲ့ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။ ယင်းအပြင် မသန်စွမ်းသူ သုံးထောင်ကျော်(၃၆၀၄) ဦးအတွက် ကျပ်သိန်းတစ် ထောင်ကျော်(၁၈၀ သိန်းကျော်)၊ ဘိုးဘွား ရိပ်သာရှိ ဘိုးဘွား ၁၀၂ ဦးအတွက် ကျပ်သိန်းသုံးဆယ်ကျော် ထောက်ပံ့ပေးခဲ့ကြောင်း အထက်ပါဌာန စာရင်းအရသိ ရသည်။ အထက်ဖော်ပြပါ လူပုဂ္ဂိုလ်များကို […]