ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်သီတဂူဆေးရုံတွင် ကိုဗစ်လူနာ ၆၀ ဝန်းကျင်အထိ လက်ခံနိုင်

diz_admin

October 28, 2020

ထားဝယ်မြို့ရှိ သီတဂူဆေးရုံတွင် ကိုဗစ်လူနာ ၆၀ ဝန်းကျင်အထိ လက်ခံနိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ သီတဂူဆေးရုံတွင် အောက်တိုဘာလ တတိယအပတ်မှစကာ ကိုဗစ်လူနာ လက်ခံကုသပေးနေပြီး လက်ရှိတွင် ဆရာဝန် အပါအဝင် ကျန်းမာရေးဝန်ထမ်း များကို ပုံသေတာဝန်ချထားကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဥက္ကာက ဆိုသည်။ လက်ရှိတွင် သီတဂူဆေးရုံတွင် ကုသနေသည့်ကိုဗစ်လူနာ ၁၈ ဦးခန့်ရှိကြောင်း ၎င်းက ဆိုသည်။ “ထားဝယ်ဆေးရုံမှာရတဲ့ အထောက်အကူပစ္စည်းမျိုးရအောင်တော့ အတတ်နိုင်ဆုံးတော့ စီစဉ်ထားတာပေါ့” ဟု ၎င်းက ပြောသည်။ ထားဝယ်ဆေးရုံကြီးတွင် ကိုဗစ်လူနာ ထားရှိနိုင်သည့် ICU Ward (အထူးကြပ် မတ်ကုသဆောင်) နှစ်ဆောင်ရှိပြီး လူနာ ၃၅ ဦးခန့် ကုသပေးနိုင်ကာ လက်ရှိတွင် ၂၂ ဦးခန့်ရှိနေသည်။ တနင်္သာရီတိုင်းအတွင်း အောက်တိုဘာလ […]

တိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုများနှင့် နောက်ကွယ်မှ ပြဿနာ

diz_admin

October 28, 2020

မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလဲလိုက်သည့်နောက်ပိုင်း ရွေးကောက်ပွဲဖြင့် တက်လာသည့် ပြည်ခိုင်ဖြိုးအစိုးရနှင့် NLDအစိုးရလက်ထက် တို့တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက လုပ်ငန်းကဏ္ဍအသီးသီး၌ ရင်းနှီး မြှုပ်နှံလာကြသည်။ တနင်္သာရီတိုင်းတွင်လည်း ရင်းနှီး မြှုပ်နှံသူ ပိုများလာပြီး ဟိုတယ်လုပ်ငန်း၊ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်း၊ ပုလဲမွေး မြူရေးလုပ်ငန်း၊ ကမ်းလွန်သဘာဝဓာတ် ငွေ့တူးဖော်ရေးလုပ်ငန်း စသည့်ကဏ္ဍအသီးသီးတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက်ဖြစ်သည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ အထိ သက်တမ်းကာလအတွင်း တနင်္သာရီတိုင်းတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံနီးပါး ရှိခဲ့သည်။ အဆိုပါကာလတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကျပ် ၁၇၃ ဘီလီယံ ကျော် ရှိသည်။ လုပ်ငန်း ၄၁ ခုတွင် ရင်းနှီးမြှုပ်နှံခဲ့ကြခြင်း ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး […]

ပုလောကိုဗစ်လူနာအားလုံး ဆေးရုံဆင်း

diz_admin

October 27, 2020

ပုလောမြို့နယ်အတွင်း ကိုဗစ်ကူး စက်ခံခဲ့ရသည့် လူနာများအားလုံးမှာ ပြန်လည်ကျန်းမာလာသောကြောင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း မြို့နယ် ပြည်သူ့ဆေးရုံထံမှ သိရသည်။ မြို့နယ်အတွင်း စုစုပေါင်း ၅၆ ဦးမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့အနက် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကိုးဦး၊ ၁၃ ရက်နေ့တွင် ၄၁ ဦး၊ ၂၀ ရက်နေ့တွင် ခြောက်ဦးတို့အား ဆေးရုံမှ အသီးသီး ဆင်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ငါးဖမ်းလှေလုပ်သားများ ကြိုတင်မဲထည့်နိုင်ရေး တင်ပြမည် လူနာအားလုံး ပြန်လည်ကျန်းမာခဲ့ပြီဖြစ်သော်လည်း အသစ်ထပ်မံကူးစက်မှု မရှိစေရေး မြို့နယ်အတွင်း ယာဉ်ဝင်ယာဉ်ထွက်များကို စစ်ဆေးခြင်း၊ သံယယလူနာ သို့မဟုတ် တိုင်းခြားနယ်ခြားမှ ဝင်ရောက်လာသူများကို စုံစမ်းဖော်ထုတ်ခြင်း၊ နှာခေါင်းစည်းများအား စနစ်တကျတပ်ဆင်ရေးနှင့် မလိုအပ်ဘဲ အပြင်မထွက်စေရေး စသဖြင့် စီမံဆောင် ရွက်ထားကြောင်း […]

ငါးဖမ်းလှေလုပ်သားများ ကြိုတင်မဲထည့်နိုင်ရေး တင်ပြမည်

diz_admin

October 27, 2020

နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့အမီ မလာရောက်နိုင်ကြသည့် ငါးဖမ်းလှေလုပ်သားများအနေနှင့် ကြိုတင်မဲ ပေးနိုင်စေရေး တင်ပြသွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ထံမှသိရသည်။ ရွေးကောက်ပွဲ ဥပဒေအရ ကြိုတင် မဲပေးခွင့်သူများ သတ်မှတ်ထားမှုတွင် ရေလုပ်သားများမပါဝင်ပေ။ သို့သော် ကမ်းသို့အချိန်မီ မလာရောက်နိုင်ကြသည့် ရေလုပ်သားများအတွက် မဲပေးပိုင်ခွင့် မဆုံးရှုံးဆုံးစေရန် ခရိုင်ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြသွားမည်ဟု မြိတ်မြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးငွေဝင်းက ပြောသည်။ “ခရိုင်ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ညွန်ကြားမှုနဲ့ ကျွန်တော်တို့ ဆောင်ရွက်ပေးပါ့မယ်” ဟု ဦးငွေဝင်းက ပြောသည်။ မြိတ်ခရိုင်အတွင်း ပင်လယ်ပြင်သို့ လချီကြာငါးဖမ်းထွက်ကြသည့် ကမ်းဝေးငါးဖမ်းလှေ တစ်ထောင်ကျော်ရှိပြီး ကမ်းဝေးရေလုပ်သား သုံးသောင်းကျော် ရှိနေသည်။ ကြိုတင်မဲကို မဲရုံသို့မလာရောက်နိုင်သည့် အသက်အရွယ်ကြီးရင့်သူ၊ အနာကြီးရောဂါရှိသူ၊ နေအိမ်တွင် ရောဂါ အပြင်းအထန် ခံစားနေရသူ၊ […]

ကရင်၊ မွန်နှင့် ပအိုဝ်းပါတီကို ထောက်ခံကြောင်း တိုင်းရင်းသားလူငယ်များ ပူးပေါင်းအင်အားပြ

diz_admin

October 27, 2020

လာမည့်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကရင်ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေး ပါတီနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီတို့ကို ထောက်ခံကြောင်း ပြည်နယ်အတွင်းရှိ ကရင်၊ မွန်နှင့် ပအိုဝ်းလူငယ်များ ပူးပေါင်းပြီး သထုံမြို့တွင် အင်အားပြခဲ့ကြသည်။ အဆိုပါ မွန်၊ ကရင်နှင့် ပအိုဝ်းပါတီကို ထောက်ခံကြောင်း အင်အားပြသည့် ပွဲသို့ တိုင်းရင်းသားလူငယ်များအပြင် တိုင်းရင်းသားပါတီတို့ကို အားပေးထောက်ခံကြသူများလည်း ပူးပေါင်းပါဝင်ခဲ့ကြပြီး အင်အားထောင်ချီရှိသည်ဟုလည်း ဒေသခံတို့က ပြောသည်။ သထုံမြို့နယ် မဲဆန္ဒနယ်များတွင် ကရင်ပြည်သူ့ပါတီနှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီတို့ကသာ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ပြီး မွန်ညီညွတ်ရေးပါတီ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသော်လည်း တိုင်းရင်းသားပါတီများ အားကောင်းကြောင်းကို ပြချင်သည့်အတွက် မွန်လူငယ်များလည်း ပူးပေါင်း ပါဝင်ခဲ့ကြခြင်းဖြစ်သည်။ “မွန်ပါတီ ဝင်မပြိုင်တဲ့ သထုံမှာ အခြား ကျွန်တော်တို့ ညီနောင်တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ကရင်ပါတီ ပအိုဝ်းပါတီတွေကို ထောက်ခံတဲ့အနေနဲ့ ဝန်းရံတာပါ။ […]

ဘုတ်ပြင်းတွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးပေး

diz_admin

October 27, 2020

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HVP) ကို အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်းကလေးများကို ပထမဆုံးအကြိမ် ထိုးနှံပေးခဲ့သည်။ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၁၀နာရီတွင် ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် ထိုးပေးခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ကလေးများကို ကာကွယ်ဆေးထိုးနှံ ပေးရခြင်းမှာ ထိုအသက်အရွယ်သည် ခုခံအားအကောင်ဆုံး အရွယ်ဖြစ်ပြီး လိင်ဆက်ဆံမှုမရှိ သေးသည့်အတွက် ဆေးအာနိသင်မှာ ပိုမိုထိရောက်ကာ ရောဂါကို ပိုမိုကာကွယ်နိုင်ကြောင်း ယင်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် သားဖွားဆရာမက ပြောသည်။ ကလေး တစ်ယောက်လျှင် နှစ်ကြိမ်တိတိ ထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေး (HVP)သည် သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်ဆက်နွှယ်နေသော ပိုးလေးမျိုးအထိ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ “ဆရာမ ပေးတဲ့လက်ကမ်းစာစောင် တွေဖတ်ပြီး ကြောက်မိတယ်။ လူကြီးတွေကိုပါ […]

မသန်စွမ်းမိန်းကလေးအား အဓမ္မပြုကျင့်ပြီး ထွက်ပြေးသူ နှစ်ပတ်အကြာတွင် ဖမ်းမိ

diz_admin

October 27, 2020

ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာ အုပ်စု၊ လင်းလွန်းကျေးရွာတွင် မသန်စွမ်းသည့် မိန်းကလေးတစ်ဦး အဓ္ဓမပြုကျင့်ခံရပြီး တရားခံဟု ယူဆရသူမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရာ နှစ်ပတ်အကြာတွင် ဖမ်းဆီးမိခဲ့ကြောင်း ကျေးရွာ တာဝန်ခံ ထံမှသိရသည်။ အသက် ၁၈ နှစ်ရှိ လမ်းမလျှောက်နိုင်သည့် ပိုလီယိုရောဂါခံစားနေရသူ မိန်းကလေးအား တစ်ရွာတည်းနေ အသက် ၂၀ ကျော်အရွယ် လူငယ်က အောက်တိုဘာလ ၅ ရက်နေ့တွင် အဓမ္မကျင့်ကာ ထွက်ပြေးနေသည်ဟု ယင်း ကျေးရွာ တာဝန်ခံ နော်ပန်းပွင့်ဖြူက ပြောသည်။ ညအချိန် မိန်းကလေး၏မိဘများ အိပ်မောကျနေစဉ် အဆိုပါလူငယ်မှ အိမ်ပေါ်တက်ရောက်ကာ ပြုကျင့်ခဲ့ခြင်းဖြစ်ပြီး ယင်းမိန်းကလေး၏ အစ်ကိုဖြစ်သူ လှေဆိပ်မှ အိမ်သို့ပြန်လာခိုက် အဓ္ဓမပြု ကျင့်သူမှာ ထွက်ပြေးသွားခဲ့ကြောင်း ၎င်းက ပြောပြသည်။ “ကောင်မလေးက ရုန်းလို့လည်း မနိုင် အော်လို့လည်း […]

အတင်းအကျပ်ငွေကောက်ခံနေကြသဖြင့် အသေးစားငွေချေးသမားများ အခက်တွေ့နေ

diz_admin

October 27, 2020

ကိုဗစ်ကာလအတွင်း အတင်းအကျပ်ငွေကောက်ခံခြင်းမပြုရန် အသေးစားငွေချေးလုပ်ငန်းများကို ညွှန်ကြားထားသော်လည်း မြေပြင်တွင်မှု ညွှန်ကြားချက်နှင့်မညီဘဲ ကောက်ခံနေကြကြောင်း ထားဝယ်မြို့ရှိ အသေးစားချေးငွေ ရယူထားသူအချို့က ပြောသည်။ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီသည် အောက်တိုဘာလ ၁၃ ရက် ရက်စွဲဖြင့် ကိုဗစ်ကာလအတွင်း အသေးစားငွေချေးသမားများထံ အတင်းအကျပ်ငွေကောက်ခံခြင်း မပြုဘဲ ညှိနှိုင်းတိုင်ပင်သည့်နည်းလမ်းဖြင့် ငွေကောက်ခံရန် ညွန်ကြားထားခဲ့သည်။ သို့သော် မြေပြင်အခြေအနေအတွင်းမှု သက်ဆိုင်ရာဌာနမှ ကြီးကြပ်မှု အားနည်းသဖြင့် ယင်ညွန်ကြားချက်မှာ အသက်မဝင်ဘဲဖြစ်နေကြောင်း ထားဝယ်မြို့ရှိ အသေးစားငွေချေးသမားအချို့က ဝေဖန်ကြသည်။ ထားဝယ်တွင် တွင်ကျယ်လာနေသည့် မဲလိပ်ဆွဲစနစ်ဖြင့် ပစ္စည်းရောင်းသည့်ပုံစံ မြေပြင်တွင် အတင်းအကျပ်ငွေကြေး ကောက်ခံနေသဖြင့် အခက်အခဲတွေ့နေကြောင်းကို တနင်္သာရီတိုင်း အသေးစားငွေရေးကြေးရေးကြီးကြပ်မှုဦးစီးဌာနထံ ဆက်သွယ်အကူအညီတောင်းခံသော်လည်း အကူအညီမပေးသည့်အပြင် အလှောင်ပါခံရသေးကြောင်း ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်နေ ကိုစောလေး က ပြောသည်။ ကိုစောလေးသည် အိမ်ရှေ့ပြင်ရပ်ကွက်တွင် ထမင်းဆိုင်တစ်ဆိုင်နှင့် […]