ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်အဝေးပြေးကားဝင်း အသစ်နှင့် လမ်း ခုနစ်လမ်း အသွားအလာကန့်သတ်

diz_admin

November 2, 2020

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက်ရပ်ကွက်ရှိ အဝေးပြေးကားဝင်းအသစ်နှင့် ရပ်ကွက်အတွင်းရှိ လမ်းခုနစ်လမ်းတို့အား အောက်တိုဘာလ ၂၇ ရက်နေ့က အသွားအလာကန့်သတ်လိုက်ကြောင်း မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။ အဝေးပြေးကားဝင်းအသစ်ရှိ ကားဂိတ် ဝန်ထမ်းတစ်ဦးတွင် ရောဂါပိုးတွေ့ ရှိခဲ့ရခြင်းကြောင့် ကားဝင်းအပါအဝင် ၎င်းနှင့် ထိတွေ့ခဲ့သူများနေထိုင်သည့် နေရာများကို ကန့်သတ်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ အသွားအလာကန့်သတ်ခဲ့ရသည့် အဝေးပြေးကားဝင်းအသစ်နှင့် လမ်းခုနစ်လမ်းတို့တွင် အိမ်ခြေ ၂၀၂ အိမ်၊ အိမ်ထောင်စု ၁၉၉ စု၊ လူဦးရေ ၁၃၆၄ ဦးရှိကြောင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ သိရသည်။ မြိတ်မြို့တွင် အောက်တိုဘာလ ၂၈ ရက်နေ့အထိ ကိုဗစ်ဓာတ်ခွဲအတည်ပြု လူနာ ၅၁ ဦးရှိပြီး သက်သာပျောက်ကင်းသည့်လူနာ ၂၈ ဦးနှင့် ဆေးဝါးကုသနေရသည့်လူနာ ၂၃ […]

တနင်္သာရီတိုင်းတွင် ယာယီမဲရုံ ၁၁ ရုံဆောက်မည်

diz_admin

November 2, 2020

တနင်္သာရီတိုင်းတွင် ယာယီမဲရုံ ၁၁ ရုံ ဆောက်မည်ဖြစ်ကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ မဲရုံအများစုကို စာသင်ကျောင်းများတွင် ပြုလုပ်ပြီး အချို့စာသင်ကျောင်းများတွင် အခန်းကျဉ်းသဖြင့် ယာယီမဲရုံများ ထပ်မံဆောက်လုပ်ခြင်းဖြစ်သည်ဟု ထားဝယ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ “ကိုဗစ်ဆိုတော့ Social Distancing (လူချင်းခပ်ခွာခွာနေခြင်း) နဲ့ ခုနပြောတဲ့ ခြောက်ပေလည်းခြားအောင်၊ လေဝင်လေ ထွက်လည်းကောင်းအောင် လျှို့ဝှက်စွာနဲ့ လွယ်ကူစွာ မဲပေးလို့ရအောင် အဲလိုလုပ် ပေးတာ” ဟု တာဝန်ရှိသူက ဆိုသည်။ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေ ၃၀ဝ မှ ၃၀ဝ၀ အတွင်းရှိလျှင် မဲရုံတစ်ရုံ သတ်မှတ်သည်ဟု တာဝန်ရှိသူက ပြောသည်။ မဲစာရင်းပြုစုစဉ်က မဲဆန္ဒရှင်စာရင်းနှင့် မဲရုံစာရင်းကို လျာထားသည့်အတိုင်းသာ ဆောက်လုပ်ခြင်းဖြစ်ပြီး ထပ်တိုး ဆောက်လုပ်ခြင်းမဟုတ်ဟု ၎င်းက […]

အိမ်ရှေ့ ပြင် လော့ဒေါင်းဧရိယာအတွင်း ကိုဗစ်ပိုးတွေ့လူနာ ၄၀ နီးပါး ရှိလာ

diz_admin

November 2, 2020

ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်တွင် လော့ဒေါင်းချထားသည့် ဧရိယာအတွင်းမှ လူ ၃၇ ဦးမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ အဆိုပါရပ်ကွက်ရှိ အဝေးပြေး ကားဝင်းတစ်ခုလုံး၊ အဝေးပြေးကားဝင်းသို့ သွားသည့်လမ်းရှိနေအိမ်များနှင့် နှင်းဆီလမ်းကို အောက်တိုဘာလ ၁၄ ရက် နေ့ ညနေပိုင်းက လော့ဒေါင်းချထားခဲ့ ခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၈ ရက် နေ့အထိစာရင်းဖြစ်သည်။ လော့ဒေါင်းချထားသည့် ဧရိယာများအနက် နှင်းဆီလမ်းတွင် ပိုးတွေ့လူနာအသစ် မထွက်တော့သည့်အတွက် အောက်တိုဘာလ ၂၇ ရက်နေ့တွင် လော့ဒေါင်းအဖြစ်မှ ပယ်ဖျက်ပေးခဲ့ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဥက္ကာက ဆိုသည်။ ထားဝယ်မြို့ပေါ် ညီအစ်ကိုချင်း လူသတ်မှု မမိသေး ထိုကြောင့် အဝေးပြေးကားဝင်း တစ်ခုလုံး၊ အဝေးပြေးကားဝင်းသို့ သွားသည့်လမ်းရှိနေအိမ်များကိုသာ လော့ဒေါင်းအဖြစ်ဆက်လက်သတ်မှတ်ထားကြောင်း […]

ထားဝယ်မြို့ပေါ် ညီအစ်ကိုချင်း လူသတ်မှု မမိသေး

diz_admin

November 2, 2020

ထားဝယ်မြို့တွင် ဖြစ်ပွားခဲ့သော ညီအစ်ကိုချင်း လူသတ်မှုဖြစ်စဉ်တွင် သတ်သွားသည့် ညီဖြစ်သူကို မမိသေးကြောင်း ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ ထိန်သစ်ရပ်ကွက်တွင် အသက် ၂၉ နှစ်အရွယ် ညီဖြစ်သူက အသက် ၃၁ နှစ်အရွယ် အစ်ကိုဖြစ်သူကို အောက်တိုဘာလ ၂၇ ရက်နေ့က ဓားဖြင့်ထိုး သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါနေအိမ်တွင် ၎င်းတို့ညီအစ် ကိုနှစ်ဦးတည်းနေထိုင်ပြီး အခင်းဖြစ်ပွားသည့်နေ့က စကားများပြီး လူသတ်မှုဖြစ်ပွားခဲ့သည်ကို အိမ်နီးချင်းများ မြင်တွေ့ရသည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သိန်းက ဆိုသည်။ ပန်းပုအနုပညာရှင်များ၏ ကိုယ်ပိုင်ဒီဇိုင်းများခိုးကူးခံနေရ ထိုသို့ ဓားဖြင့်ထိုးပြီးနောက် ညီဖြစ်သူက ဆိုင်ကယ်စီးပြီး ထွက်ပြေးသွားသည်ကိုလည်း အိမ်နီးချင်းများက မြင်တွေ့ရသည်ဟု ပြောကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် လူသတ်မှုကျူးလွန်သည်ဆိုသည့် ညီဖြစ်သူကို ဖမ်းဆီးရမိရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် […]

ပန်းပုအနုပညာရှင်များ၏ ကိုယ်ပိုင်ဒီဇိုင်းများခိုးကူးခံနေရ

diz_admin

November 2, 2020

ထားဝယ်ခရိုင်အတွင်း ပန်းပုပညာရှင်များ၏ ကိုယ်ပိုင်ဒီဇိုင်းများကိုပုံတူပွား (မိုပွား)၍ ဈေးကွက်အတွင်း ဈေးနှုန်းလျှော့ချကာ ရောင်းချလျှက်ရှိကြောင်း ထားဝယ်ခရိုင် ပန်းချီ/ပန်းပုအစည်းအရုံး ဥက္ကဋ္ဌ ဦးလှရွှေထံမှသိရသည်။ ပန်းပုရုပ်များကို လူမှုရေးအသင်း အဖွဲ့များ၊ ဘာသာရေးအဆောက်အဦများတွင် အများဆုံး အသုံးပြုလျက်ရှိပြီး အလွယ်တကူပုံတူပွား(မိုပွား) ခိုးယူခံရသည်မှာ နှစ်ကာလကြာမြင့်နေခဲ့ပြီ ဖြစ်ကြောင်းသိရသည်။ ယခုအခါ နည်းပညာတိုးတက်လာသဖြင့် ဖိုင်ဘာနှင့် ဆီလီကွန်နည်းပညာ အသုံးပြုပြီး ခိုးကူးရန် ပို၍ လွယ်ကူလာကြောင်း လုပ်ငန်းလုပ်ကိုင်နေသူ ပန်းပုပညာရှင် ကိုရဲကျော်စွာက ဆိုသည်။ “ကိုယ်တိုင်ရေးဆွဲပြီး အချိန်အများ ကြီးရင်းနှီးပြီး လုပ်ထားတဲ့ ဒီဇိုင်းတွေကို ဝယ်ပြီး အဆင်သင့် မိုပွားခိုးယူပြီးဈေး ကွက်ထဲမှာ ထက်ဝက်ဈေးလျှော့ပြီးရောင်းချနေတာက လုံးဝမလုပ်သင့်ဘူး။ ကျွန်တော်တို့အရမ်းနစ်နာတယ်” ဟု ၎င်းက ပြောသည်။ ယင်းကဲ့သို့ ခိုးကူးမိတ္တူပွား(မိုပွား)၍ ဈေးကွက်တင်ရောင်းချနေမှုများကို မြန်မာနိုင်ငံပန်းချီ/ပန်းပုအစည်းအရုံး၏ လမ်းညွှန်ချက်အရလည်းကောင်း၊ ကိုယ်ပိုင်ထုလုပ်ထားသော အနုပညာရှင်များ၏ […]

သတ္တုကုမ္ပဏီထံမှ လျော်ကြေး သိန်း ၁၀ဝ၀ ကျော်ရလိုမှု တရားရုံးတွင်လျှောက်ထား

diz_admin

November 1, 2020

ဟိန္ဒားသတ္တုမိုင်းတူးခွင့်ရ မြန်မာ ပွန်ပီပက်(MPC) ကုမ္ပဏီထံမှ သိန်းတစ် ထောင်ကျော် လျော်ကြေးရရန်ရှိရန်အတွက် အမှုအနိုင်ရရှိထားသူ ကရင် တိုင်းရင်းသား စောဒါးရွှေက တရားရုံးတွင် အမှုဖွင့်လှစ်လျှောက်ထားလိုက် ပြီဖြစ်သည်။ ထားဝယ်ခရိုင်တရားရုံးတွင် အောက် တိုဘာလ ၁၉ ရက်က တရားမဇာရီမှုဖွင့် လျှောက်ထားလိုက်ခြင်းဖြစ်ကြောင်း စောဒါးရွှေဘက်က လိုက်ပါဆောင်ရွက် ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်အေးက ပြောသည်။ ဟိန္ဒားမိုင်းပိတ်သိမ်းရေးစီမံချက် တင်ပြီးဟုဆို မြန်မာပွန်ပီပက်ကုမ္ပဏီမှ သတ္တု စွန့်ပစ်ပစ္စည်းများကြောင့် ကွမ်းသီးပင်များ ပျက်စီးရခြင်းအတွက် လျှော်ကြေးငွေရလိုကြောင်း စောဒါးရွှေက ၂၀၁၅ ခုနှစ် တွင် တရားစွဲဆိုခဲ့သည်။ ယင်းအမူတွင် မြန်မာပွန်ပီပက် ကုမ္ပဏီက စောဒါးရွှေအား လျော်ကြေးငွေ ကျပ်သိန်းတစ်ထောင်ကျော် (၁၁၄၈ သိန်း) ပေးရန် ထားဝယ်ခရိုင် တရားရုံး က ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် […]

တနင်္သာရီတိုင်းအစိုးရ ဘတ်ဂျက်လိုငွေ ပိုများလာ

diz_admin

October 31, 2020

တနင်္သာရီတိုင်းအစိုးရ၏ ဘတ်ဂျက်လိုငွေမှာ တစ်နှစ်ထက်တစ်နှစ် ပိုများလာသည်။ လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် တိုင်းအစိုးရ၏ လိုငွေမှာ ငွေကျပ် ၁၇၁ ဘီလီယံကျော် အထိရှိနေသည်။ ပြီးခဲ့သည့်ဘဏ္ဍာနှစ်၏ လိုငွေမှာ ကျပ် ၁၆၀ ဘီလီယံနီးပါးသာ ရှိသည်။ ထိုကြောင့် ယခုဘဏ္ဍာနှစ်၏ ဘတ်ဂျက်လိုငွေက ယခင်ဘဏ္ဍာနှစ်ထက် ငွေကျပ် ၁၁ ဘီလီယံ(သန်းပေါင်း တစ်သောင်းတစ်ထောင်)ခန့် ပိုလာခြင်း ဖြစ်သည်။ တိုင်းအစိုးရ၏ ဘတ်ဂျက်လိုငွေ ပိုများလာခြင်းမှာ တိုင်းအတွင်းဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သုံးစွဲမည့်ပမာဏ ပိုများလာခြင်းကြောင့်ဖြစ်ကြောင်း ရသုံးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေလင်းထက်က ရှင်းပြသည်။ အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း ထိုကဲ့သို့ပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကိုယ့်တိုင်းရဲ့ ရငွေက နည်းတဲ့အတွက်ကြောင့် အဲဒီလိုငွေတွေအားလုံးကို ပြည်ထောင်စုက ထောက်ပံ့တာ” ဟု ဦးနေလင်းထက်က ပြောသည်။ တိုင်းအစိုးရက […]

ကိုဗစ်ကပ်ဘေးကြောင့် ကော့သောင်းတွင် ဖုန်းရောင်းအား ထက်ဝက်ကျ

diz_admin

October 30, 2020

ကိုဗစ်ကပ်ဘေးကြောင့် စီးပွားရေး အကျပ်အတည်းဖြစ်သည့်အတွက် ကော့သောင်းမြို့တွင် ဖုန်း(ဟန်းဆက်)ရောင်းအား ထက်ဝက်ခန့်ကျဆင်းသွားကြောင်း ဖုန်းလုပ်ငန်းရှင်များအသင်းနှင့် ဖုန်းဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။ ကိုဗစ်ဒုတိယလှိုင်းမဖြစ်မီက တစ်လလျှင် ဖုန်းဟန်းဆက်အရေအတွက် ၃၀ လုံးခန့် ရောင်းရပြီး လက်ရှိတွင် ၁၅ လုံးခန့်သာ ရောင်းရတော့ကြောင်း ချိုချိုဖုန်းဆိုင်ပိုင်ရှင် အမျိုးသမီးက ဆိုသည်။ လက်ရှိတွင် ပြည်သူများအနေနှင့်လည်း အလုပ်အကိုင်များ ဆုံးရှုံးမှုကြောင့် စားဝတ်နေရေးအတွက်ပင် ပူပန်နေရာ ဖုန်းအတွက် ငွေကြေးသုံးစွဲရန် မလွယ်ကူကြောင်း ဇွဲသစ်ဖုန်းဆိုင်မှ ဆိုင်ရှင်အမျိုးသား က ပြောသည်။ ကိုဗစ်ဂယက်ထိ ဘုတ်ပြင်းကွမ်းသီးစိုက်တောင်သူများ အခက်ကြုံ “ရောင်းအားက တစ်ဝက်လောက် ကျသွားတယ်။ ကိုဗစ်ပြီး လုပ်ငန်းတွေ ပြန်လည်ပတ်မှပဲ အဆင်ပြေမယ်” ဟု ၎င်းက ဆိုသည်။ ယခင်ကိုဗစ်မတိုင်မီက ဖုန်းရောင်း အားသွက်ခဲ့ပြီး ကိုဗစ်ကာလတွင် ရောင်းအားကျဆင်းသွားကြောင်း ဖုန်းလုပ်ငန်း ရှင်အသင်းဥက္ကဋ္ဌကလည်း […]