တနင်္သာရီတိုင်းတွင် တစ်ရှူး ငှက်ပျောစစိုက်
diz_admin
November 6, 2020တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာအုပ်စုတွင် တစ်ရှူးငှက်ပျော စတင်စိုက်ပျိုးထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ တစ်ရှူးငှက်ပျောကို တနင်္သာရီတိုင်းတွင် ပထမဆုံး စတင်စိုက်ပျိုးခြင်းဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ မျိုးပင်နှင့် နည်းပညာအကူအညီများပေးကာ တောင်သူတစ်ဦးက ငါးဧကခန့် စမ်းသပ်စိုက်ပျိုးထားခြင်းဖြစ်သည်ဟု အထက်ပါဌာနမှ ဒုတိုင်းဦးစီးမှူး ဦးသိန်းစိုးက ပြောသည်။ ကိုဗစ် ဒုတိယလှိုင်းမှ စတင်စိုက်ပျိုးထားခြင်းဖြစ်ပြီး တစ်နှစ်ခန့်ကြာမှသာ အသီးများကို ထုတ်ယူရောင်းချနိုင်မည်ဖြစ်ကြောင်း ဦးသိန်းစိုးက ပြောသည်။ တစ်ရှူးငှက်ပျောစိုက်ပျိုးခြင်းကြောင့် ဒေသစားသုံးမှုလိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းနိုင်မည်ဖြစ်ပြီး ရန်ကုန်နှင့်အခြားတိုင်းနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချနိုင်ပါက နိုင်ငံတော်မှ အခွန်အခများရရှိလာမည်ဖြစ်ကြောင်း ဦးသိန်းစိုးက ပြောသည်။ “အဓိကထိုင်းကဝင်တဲ့ဟာ Cover ဖြစ်(ထိန်းနိုင်) သွားမယ်။ ကိုယ့်ဒေသသီးနှံ ကိုယ်စားသုံးနိုင်မယ်” ဟု ဦးသိန်းစိုးက ဆိုသည်။ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်နှင့် အခြားတိုင်းနှင့်ပြည်နယ်အချို့တို့၌ တရုတ်ဘက်မှ တင်သွင်းလာသည့် တစ်ရှူးငှက်ပျောမျိုးစိတ်များကို ဧကသိန်းချီစိုက်ပျိုးမှုများရှိသည်ဟု […]


