ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သူစိမ်းနှစ်ဦးမဲရုံရှေ့လာကြည့်သဖြင့် စစ်ဆေး‌ရာ တပ်မတော်သားများဖြစ်နေ

diz_admin

November 8, 2020

ရေဖြူမြို့နယ်၊ ပုလဲကူကျေးရွာမဲရုံသို့ ယနေ့နံနက်ပိုင်းက အမည်မသိလူစိမ်းနှစ်ဦးဆိုင်ကယ်ဖြင့် ရောက်လာသဖြင့် စစ်ဆေးကြည့်ရာ တပ်မတော်သားများဖြစ်နေကြာင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရေဖြူမြို့မရဲစခန်းထံမှ သိရသည်။ အရပ်ဝတ်ဖြင့်ရောက်လာသော ၎င်းနှစ်ဦးအား မှတ်ပုံတင်၊ နေရပ်လိပ်စာတို့အား ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်ဆေးခဲ့ရာ အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ကိုအောင်ကိုလတ်က ပြောသည်။ ယင်းအတွက်ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့ရာ လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း ကိုအောင်ကိုလတ်က ပြောသည်။ ရဲတပ်ဖွဲ့က ခဏတာထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းခဲ့ရာ အမှတ် ၄၀၆ တပ်ရင်းမှ ဒုအရာခံဗိုလ်နှင့် တပ်သားတို့ဖြစ်နေကြောင်း ရေဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ကျော်မျိုးက ပြောသည်။ “Outdoor လွှတ်တယ်ဆိုတာက နယ်မြေစည်းရုံးရေးရော၊ ပြင်ပအနေအထားတွေပါ သိရအောင်လို့ ၄၀၆ က လွှတ်လိုက်တာ။ အဲဒီလူတွေက ပုလဲကူဘက်မှာဆိုရင်တော့ သူစိမ်းသဘောဖြစ်နေတာပေါ့” ဟု ဒုရဲမှူးအောင်ကျော်မျိူးက ဆိုသည်။ အမှတ် ၄၀၆ တပ်ရင်းကလည်း ၎င်းတို့လွှတ်ထားသည့်သူများဖြစ်ကြောင်းပြောဆိုပြီး […]

NLD ကိုယ်စားလှယ်လောင်းအား မဲမပေးရန် စာကပ်ထားသည်များ တွေ့ရှိ၊ ရဲတပ်ဖွဲ့က ဖယ်ရှား

diz_admin

November 8, 2020

ထားဝယ်မြို့၊ ကရပ်ပြင်မြောက်ရပ်ကွက်တွင် NLD ပါတီ၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းအား မဲမပေးရေး လှုံ့ဆော်ပိုစတာများကို ယနေ့နံနက်အစောပိုင်းက ကပ်ထားခဲ့သည်ကို တွေ့ရသည်။ အဆိုပါရပ်ကွက်အတွင်း အနည်းဆုံးနေရာ သုံးခုတွင် ကပ်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က သိမ်းဆည်းသွားကြောင်း ပိန္နဲတောရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဌေးက ဆိုသည်။ အဆိုပါပိုစတာများကို မည်သည့်အချိန်က ကပ်ထားခဲ့သည်ကို မသိရသေးပေ။

လမ်းလျှောက်လာသူနှစ်ဦးကို မူးယစ်ဆေးမှုဖြင့် အမှုဖွင့်

diz_admin

November 8, 2020

ကော့သောင်း-ဘုတ်ပြင်း ပြည်ထောင်စုလမ်းပေါ်တွင် လမ်းလျှောက်လာသည့် အမျိုးသမီးထံမှ မူးယစ်ဆေး များဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရဲမှတ်တမ်းအရ သိရသည်မှာ အဆိုပါလမ်းပေါ်ရှိ ဝါးချောင်းကျေးရွာတွင် မူးယစ်ဆေးသတင်းအရ အောက်တိုဘာလ ၂၆ ရက်နေ့က စောင့်ဆိုင်းနေစဉ် အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၄၃ နှစ်အရွယ် အမျိုးသားတို့ လမ်းလျှောက်လာကြစဉ် မသင်္ကာသဖြင့်စစ်ဆေးရာ အမျိုးသမီးလွယ်ထားသည့် လွယ်အိတ်အတွင်း ခဲစက္ကူ နှစ်ချပ်နှင့် မီးခြစ်ကို တွေ့ခဲ့ရသည်။ ထို့နောက် ၎င်းတို့နှစ်ဦးကြားရှိ မြေပြင်တွင် ဆေးလိပ်ဘူးခွံတစ်ခုတွေ့ရသဖြင့် စစ်ဆေးရာ WY စိတ်ကြွဆေး ၅၀ ပြားကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဖမ်းမိသည့် အထက်ပါ အမျိုးသမီးနှင့် အမျိုးသားကို သက်ဆိုင်ရာမူးစိတ် ပုဒ်မဖြင့် ဘုတ်ပြင်းမြို့မရဲစခန်းတွင် […]

တိုင်းအား/ကာ ဘတ်ဂျက် သန်း ၁၄၀ဝ ကျော်သုံးမည်

diz_admin

November 8, 2020

ယခုဘဏ္ဍာနှစ်တွင် အားကစားပြိုင် ပွဲများကျင်းပရန်နှင့် တည်ဆောက်ရေး လုပ်ငန်းများအတွက် သန်း ၁၄၀ဝ ကျော် သုံးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ သုံးစွဲမည့်ကဏ္ဍများမှာ တိုင်းဒေသကြီးအဆင့်တွင် အားကစားနည်း ၃၂ မျိုးခန့်နှင့် မြို့နယ်အဆင့်တွင် အားကစားနည်း ၁၀ မျိုးခန့် ပါဝင်သည်ဟု အထက်ပါဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ မြို့နယ် ၁၀ ရှိ ရပ်ကွက်၊ ကျေးရွာ အားကစားကွင်းများပြန်လည်ပြုပြင်ခြင်းနှင့် ရွှေဝယ်သီရိအားကစားကွင်းမှ ပွဲကြည့်စင်အသစ်ပြန်လည်ဆောက်လုပ်ခြင်းလုပ်ငန်းများနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းတို့လည်း ပါဝင်သည် ဟု ဦးစိုးမိုးနိုင်က ဆိုသည်။ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် လုပ်မည့် လုပ်ငန်းများအတွက် တင်ဒါ ခေါ်ယူထားပြီး ပြည်ထောင်စုဘတ်ဂျတ်ဖြင့် ဆောက်မည့် လုပ်ငန်းများအတွက်ကိုမူ တင်ဒါထပ်ခေါ်ရမည်ဟု ၎င်းက ပြောသည်။ အားကစားပြိုင်ပွဲများ […]

မဲပေးရန် မနက် ၅ နာရီကတည်းက စောင့်

diz_admin

November 7, 2020

မော်လမြိုင်၊ မုပွန်ရပ်ကွက် မဲရုံအမှတ် ၂ တွင် မဲရုံမဖွင့်မီ နံနက် ၅ နာရီ ဝန်းကျင်ကတည်းက စောင့်ဆိုင်းတန်းစီနေခဲ့ကြသည်ကို တွေ့ရသည်။ ယခုမဲရုံတွင် ရေတပ်၊ တပ်ငွေစာရင်း၊ ရဲ စသည့် မဲဆန္ဒရှင်များ အပါအဝင် မဲဆန္ဒရှင် ၂၀၀၀ ကျော်ရှိသည်။ ဓါတ်ပုံ – ယဥ်စနိုင်း

လော့ဒေါင်းချခံထားရသည့် မိသားစုများအား ထမင်းဟင်း လာရောက်လှူဒါန်းပြီးနောက် လူ ၁၀၀ ကျော် ဝမ်းပျက်ဝမ်းလျှောဖြစ်

diz_admin

November 7, 2020

မြိတ်မြို့ရှိ လော့ဒေါင်းချထားသည့် မိသားစုများသို့ တပ်မတော်ချစ်သူများ ဆိုသည့်အဖွဲ့မှ ထမင်းဟင်းများလာလှူပြီးနောက် လူ ၁၀၀ ကျော် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့ရကြောင်း ရပ်ကွက်နေသူများနှင့် ရာအိမ်မှူးထံမှ သိရသည်။ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အုပ်စုရှိ ချမ်းမြေ့သာယာရပ်ကွက်နှင့် အင်းလေးမြိုင်(၃)ရပ်ကွက်ရှိ လော့ဒေါင်းချထားခြင်း ခံရသည့် လမ်းများထံသို့ နိုဝင်ဘာ ၆ ရက် နံက်က တပ်မတော်ချစ်သူများအဖွဲ့ဟု ဆိုင်းဘုတ်တင်ထားသည့် ကားတစ်စီးမှရောက်လာပြီး ထမင်း၊ ကြက်ဥဟင်းနှင့် ပဲဟင်းချိုများ လာရောက်လှူဒါန်းခဲ့သည်ဟု ယင်းရပ်ကွက် ရာအိမ်မူး ဦးရှိန်ထွန်း ကပြောသည်။ လာရောက်လှူဒါန်းခဲ့သည့် ကြက်ဥဟင်းများကို စားမိပြီးနောက် ညဘက်တွင် အမျိုးသား၊ အမျိုးသမီး လူ ၁၀၀ ကျော်မှာ ဗိုက်အောင့် ဗိုက်နာကာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ခဲ့ရကြောင်း ၎င်းကဆိုသည်။ “ကြက်ဥဟင်းတွေက လာပေးကတည်းက အနံ့သိပ်မကောင်းတော့ဘူး။ စားတဲ့လူက စားလိုက်ကြတယ်။ […]

မဲစာရင်း၊ မဲပုံးနှင့် မဲလက်မှတ်များပေးပို့ရန် မလွယ်ကူသဖြင့် မဲဆန္ဒရှင် ၇၀ဝ ကျော် မဲပေးခွင့်ဆုံးရှုံး

diz_admin

November 7, 2020

၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတို့တွင် မဲပေးခွင့်ရခဲ့သည့် တနင်္သာရီမြို့နယ် အေးမွန်သာဒေသအခေါ် ချောင်ချိရွာမှ ဒေသခံ ၇၀ဝ ကျော်မှာ ၂၀၂၀ ရွေးကောက် ပွဲတွင် မဲပေးခွင့်ရတော့မည်မဟုတ်ပေ။ ယင်းကျေးရွာတွင် ရွေးကောက်ပွဲ ကျင်းပရန်အတွက် မဲစာရင်း၊ မဲပုံးနှင့် မဲလက်မှတ်များပေးပို့ရန်အတွက် ဆက်သွယ်ရေးအခက်အခဲ၊ လမ်းခရီးအခက် အခဲရှိသောကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယင်းကျေးရွာအား ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော ကျေးရွာအဖြစ်ကြေညာခဲ့သောကြောင့် မဲပေးခွင့်ဆုံးရှုံးသွားခြင်းဖြစ်သည်။ ရွေးကောက်ပွဲကျင်းပရန် ၁၅ ရက်အလို အောက်တိုဘာလ ၂၃ ရက်တွင် ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အေးမွန်သာရွာသည် မြန်မာ-ထိုင်း နယ်စပ်ရွာတစ်ရွာဖြစ်ပြီး မွန်တိုင်းရင်းသားအများစုနေထိုင်သည့်ကျေးရွာဖြစ်ကြောင်း တနင်္သာရီမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသန့်ဇင်မင်းက ပြောသည်။ ၂၀၁၀၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်မှု အေးမွန်သာရွာသားများ မဲပေးခွင့်ရရေးအတွက် […]

ပျောက်ဆုံးနေသည့် ဘိုး၊ ဘွားများထောက်ပံ့ကြေး

diz_admin

November 7, 2020

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ကျေးရွာရှိ သက်ကြီးဘိုး၊ ဘွားအချို့မှာ ယခင်က ရခဲ့သော လူမှုရေးထောက်ပံ့ငွေကို မရရှိတော့သည်မှာ နှစ်ချီကြာနေပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၈၅ နှစ်နှင့်အထက် ဘိုး၊ ဘွားများကို လူမှုရေးပင်စင်အဖြစ် တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့နေသည့် ထောက်ပံ့ကြေးများ မရှိတော့ခြင်း ဖြစ်သည်။ ယင်းကျေးရွာရှိ အသက် ၁၀၁ နှစ်အရွယ် အဘိုးတစ်ဦးနှင့် အသက် ၈၇ နှစ်အရွယ် ဘိုး၊ ဘွားနှစ်ဦး၏ မိသားစုဝင်များထံ ဆက်သွယ်မေးမြန်းရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှ ထောက်ပံ့ကြေးလာမပေးတော့ကြောင်း ဖြေဆိုကြသည်။ ကညုံရပ်ကွက် မဲလက်မှတ်မှားယွင်းမှု ဆုံးဖြတ်မည့် အဖြေမရှိသေး “အခုမရတော့တာကြာလှပြီ။ အခုဆိုရင် နှစ်နဲ့တောင်ချီနေပြီ။ မနှစ် တန်းဆောင်မုန်းလကတည်းက မရတော့တာ” ဟု အသက် ၈၇ နှစ်အရွယ်အဖွား၏ သမီးဖြစ်သူ […]