ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းစက္ကူစက်ရုံရှိ ပေါင်းကန်အတွင်း မြန်မာသုံးဦး အောက်ဆီဂျင်ပြတ် သေဆုံး

diz_admin

January 6, 2021

ထိုင်းနိုင်ငံအရှေ့ပိုင်း ချချင်းစောင် ခရိုင်၊ ချချင်းစောင်မြို့ရှိ စက္ကူစက်ရုံတွင် စက္ကူမျှင်ရည်များပေါင်းကန်အတွင်း အောက်ဆီဂျင်ပြတ်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့က မြန်မာအလုပ်သမားသုံးဦးသေဆုံးခဲ့ကြောင်း မြိတ်-ပရာကျွတ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ စက္ကူမျှင်ရည်များပေါင်းကန်အတွင်း သို့ပြုတ်ကျသွားသည့် ရေပိုက်ချောင်းတစ်ချောင်းအား အသက် နှစ်ဆယ်အရွယ်ရှိ မြန်မာအလုပ်သမားတစ်ဦးက ဆင်းကောက်ခဲ့ရာ မေ့မျောသွားခဲ့သဖြင့် ကျန်အလုပ်သမားနှစ်ဦးက ဆင်းကယ်ခဲ့ရာ သုံးဦးစလုံး မေ့မျောသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အလုပ်သမားသုံးဦးအား ထပ်မံဆင်းကယ်သူတစ်ဦးတွင် အသက်ရှူမဝသည့် ဝေဒနာခံစားခဲ့ရသဖြင့် ချချင်စောင်ခရိုင်ရှိ ဖွတ်ဌစိုထွန်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ မြန်မာအမျိုးသား အလုပ်သမားသုံးဦးမှာ ကန်အတွင်း သေဆုံးနေခဲ့ကြောင်း ထိုင်းနိုင်ငံရှိ Siam Rath သတင်းစာ၏ အွန်လိုင်းစာမျက်ပေါ်တွင် ရေးသား ဖော်ပြထားသည်။ အဆိုပါစက္ကူစက်ရုံရှိ စက္ကူမျှင်ရည်များပေါင်းကန်သည် Open Type ဖြစ်ပြီး […]

မော်လမြိုင်မြို့ ၈၀ ရာခိုင်နှုန်းခန့်ကို ရေသန့်ဖြန့်ဝေပေးတော့မည်

diz_admin

January 6, 2021

မော်လမြိုင်မြို့ ၈၀ ရာခိုင်နှုန်းခန့် ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းခန့်မှစပြီး ရေသန့် ဖြန့်ဝေပေးနိုင်တော့ မည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဦးစီးဌာနထံမှ သိရသည်။ မော်လမြိုင်မြို့၏ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းရန်နှင့် မြို့နေပြည်သူ များ သန့်ရှင်းသောရေ အသုံးပြုနိုင်ရန် အတွက် အတ္ထရံမြစ်ရေ သန့်စင်သည့် စီမံကိန်းတစ်ခုကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလခန့်က စတင်ခဲ့သည်။ အဆိုပါ ရေသန့်စင် စီမံကိန်းမှ မော်လမြိုင်မြို့၏ ၈၀ ရာခိုင်နှုန်းခန့်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ သတ်မှတ်စံနှုန်းထက် ပိုမြင့်သည့် ရေသန့်ကို စတင် ဖြန့်ဝေပေးနိုင်တော့မည်ဟု မွန် ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြော သည်။ “(၂၀၂၁ ခုနှစ်) ဇန်နဝါရီ […]

ဟင်းစားဖြစ်လုဆဲ ရွှေရောင် သင်းခွေချပ်

diz_admin

January 6, 2021

ရှားပါးတေားရိုင်းတိရစ္ဆာန်ဖြစ်သည့် ရွှေရောင်သင်းခွေချပ်တစ်ကောင် ဟင်းအိုးထဲရောက်လုဆဲဆဲတွင် အကယ်ခံ လိုက်ရသည်။ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် သရက်တောင်ကြီးကျေးရွာသားတစ်ဦးသည် ဒီဇင်ဘာလ ၂၇ ရက်က ငါးဖမ်းသွားရာမှ ဒီရေတောအတွင်း ရွှေရောင် သင်းခွေချပ်တစ်ကောင်ကို ဖမ်းမိခဲ့သည်။ ဖမ်းမိသူသည် ၎င်းသင်းခွေချပ်အား ဟင်းချက်စားရန်စီစဉ်နေစဉ် အဆိုပါ ကျေးရွာ ရာအိမ်မှူးဖြစ်သူ ဦးသိန်းဇော်က သိရှိပြီး ငွေနှစ်သောင်းနှစ်ထောင်ကျပ် ဖြင့်ဝယ်ယူကာ သရက်ချောင်းမြို့နယ် သစ်တောဦးစီးဌာနထံ အပ်နှံခဲ့သည်။ “သူတို့က ဟင်းချက်စားမလို့လုပ် နေကြတာ။ အဲဒီကြားထဲမှာပဲ ကျွန်တော်က ကြားဖြတ်ပြီးတော့ ဟင်းတော့မချက် စားပါနဲ့ ကျွန်တော်ကိုပဲရောင်းပါလို့ ပြောပြီး သစ်တောဌာနကို လှူလိုက်တာပါ” ဟု ဦးသိန်းဇော်က ဆိုသည်။ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်က သရက် တောင်ကြီးကျေးရွာ ဒီရေတောအတွင်း သင်းခွေချပ်များကို ပေါများစွာတွေ့ရ လေ့ရှိသော်လည်း နောက်ပိုင်းတွင်မူ တောလိုက်သမားများကြောင့် […]

မွန်တွင် ကိုဗစ်ကူးစက်မှု မလျော့၊ သို့သော် ကန့်သတ်ချက်အချို့ ဖြေလျှော့

diz_admin

January 6, 2021

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုနှုန်း လျော့ကျသွားခြင်းမရှိသေးသော်လည်း ကိုဗစ်ဆိုင်ရာကန့်သတ်ချက် အချို့ကို စတင်ဖြေလျှော့လာခဲ့သည်။ ပြည်နယ်အတွင်း ရောဂါကူးစက်မှုများသည့် မော်လမြိုင်နှင့် ဘီးလင်းမြို့ နယ်တို့ကို Stay At Home အဖြစ် သတ်မှတ်ထားရာမှ ဒီဇင်ဘာလတွင် ပယ်ဖျက်လိုက်သည့်အပြင် အခြားတိုင်းနှင့် ပြည်နယ်တို့မှ လာသူများကိုလည်း ပြည်နယ်အတွင်း ဝင်ခွင့်ကို လည်း သက်ဆိုင်ရာ တာဝန်ရှိသူတို့က ပြန်လည်ခွင့်ပြုလာခဲ့သည်။ ဒီဇင်ဘာလကုန်ပိုင်းအထိ ကိုဗစ် ကူးစက်မှုသည် လူထုအကြား ပျံ့နှံ့နေဆဲ ဖြစ်သည့်အတွက် ရောဂါကူးစက်မှုအပေါ် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဌာန တာဝန်ရှိသူတို့က စိုးရိမ်နေကြသည်။ လက်ရှိတွင် ရောဂါကူးစက်မှု လျော့နည်းသွားခြင်းမရှိသေးဘဲ အနံ့ပျောက်သူ၊ ရန်ကုန်ပြန်သူနှင့် ထိတွေ့မှုများမှ တစ်ဆင့် ရောဂါပိုး နေ့စဉ်တွေ့ရှိနေပြီး စစ်ဆေးသူ ၁၀ မှ ၁၅ ရာခိုင်နှုန်းအကြား ပိုးတွေ့နေကြောင်း ပြည်နယ် ပြည်သူ့ […]

ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ အကူအညီ၊ အကာအကွယ်ပေးရန် မြန်မာအစိုးရကို အရပ်ဘက်အဖွဲ့အစည်းများတိုက်တွန်း

diz_admin

January 6, 2021

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသောမြန်မာရွှေ့ပြောင်းအလုပ်သမားများအား လိုအပ်သည့် အကူအညီနှင့် အကာအကွယ်ပေးမှုများ အလျင်အမြန်ဆောင် ရွက်ပေးရန် မြန်မာနိုင်ငံအစိုးရကို အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်း လိုက်သည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ကိုဗစ်ကပ်ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေအပေါ် အရပ်ဘက်အဖွဲ့ အစည်းများက ထုတ်ပြန်တိုက်တွန်း ချက်တစ်ရပ်ကို ဒီဇင်ဘာလ ၂၉ ရက် က ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် မြန်မာ အစိုးရ၊ ထိုင်းအစိုးရ၊ မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် ထိုင်းနိုင်ငံသားများကို တိုက်တွန်းချက်များပါဝင်သည်။ “အဓိကကတော့ ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေ နေ့စဉ်နဲ့အမျှ ကိုဗစ်တွေ့နေတာရှိတယ်။ ထိုင်းလူမျိုးလုပ်ငန်းရှင်တွေက နည်းနည်း ခွဲခြားဖိနှိပ်မှုရှိသလို တခြားအစိုးရဌာန တွေနဲ့ ထိုင်းလူမျိုးတွေကလည်း မကောင်း မြင်ဘက်ကနေ ပြောဆိုမှုတွေရှိတယ်။ ဒါကြောင့်မို့ လက်ရှိဖြစ်နေတဲ့ ရွှေ့ပြောင်းလုပ်သမားတွေရဲ့ အခက်အခဲ ပြဿနာတွေကို နှစ်ဘက်နိုင်ငံအနေနဲ့ စနစ်တကျကူညီဖြေရှင်းနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီထုတ်ပြန်ချက်ကို ထုတ်တာဖြစ်ပါတယ်” […]

လုပ်သားအခက်အခဲကြောင့် ဆားထုတ်ချိန် နောက်ကျ

diz_admin

January 6, 2021

တိုင်းကျော်၊ ပြည်ကျော် ခရီးသွားလာမှု ကန့်သတ်ထားသဖြင့် လုပ်သား ခေါ်ယူရန် အခက်အခဲရှိခြင်းကြောင့် ဆားထုတ်လုပ်ချိန် တစ်လခန့် နောက်ကျမည်ဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေပြည်သာ ဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောကြားသည်။ ယခင်က ဒီဇင်ဘာနောက်ဆုံး အပတ်တွင် ဆားထွက်နေပြီဖြစ်သော်လည်း ယခုနှစ်တွင် လုပ်သားအခက်အခဲကြောင့် ဇန်နဝါရီလခန့်မှသာ ဆား ထွက်နိုင်တော့မည်ဖြစ်ကြောင်း ဦးသန်းဝင်းက ပြောသည်။ “ဘယ်လိုဖြစ်လို့လဲဆိုတော့ ဒီကိုဗစ်နဲ့ အလုပ်သမားတွေက ရာသီချိန်မှာ လာလို့ မရဘူးလေ။ လာလို့ မရတော့ အစိုးရကို လျှောက်လွှာတွေ ဘာတွေတင်၊ အစိုးရက ခေါ်ခွင့်ပြုမှ လာလို့ရတယ်။ ဒီရောက်တော့လည်း တစ်ခါတည်း ဝင်လို့ မရဘူး။ ကွာရန်တင်းဝင် ၂၁ ရက်ဆိုတော့ ကွင်းလုပ်ချိန်နောက်ကျကုန်တာပေါ့” ဟု ဦးသန်းဝင်းက ဆိုသည်။ ဆားလုပ်ငန်းတွင် လုပ်ကိုင်နေသူများမှာ ဧရာဝတီတိုင်းမှ ဆားလုပ်ငန်းကျွမ်းကျင်သူများဖြစ်ပြီး […]

မုဒုံတွင် လက်နက်နှင့် မူးယစ်ဆေးဝါး တစ်သိန်းကျော် ဖမ်းမိ

diz_admin

January 6, 2021

မွန်ပြည်နယ် မုဒုံမြို့နယ် မှိန်ကနိမ်း ကျေးရွာအနီးတွင် လက်နက်ခဲယမ်းများ နှင့်အတူ မူးယစ်ဆေးဝါး တစ်သိန်းကျော် ဖမ်းဆီးရမိသည်ဟု မုဒုံမြို့မရဲစခန်းထံမှ သိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၇ ရက်နေ့ ညက သံဖြူဇရပ်ဘက်မှ မော်လမြိုင်ဘက် သို့ မောင်းနှင်လာသည့် 1023 တပ် ခွဲ(၃)ယာဉ် နံပါတ်ပြားတပ်ထားသည့် မော်တော်ယာဉ်နှင့် ပရိုဘောက်မော်တော်ယာဉ်တို့ကို ရပ်တန့် စစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ ရပ်တန့်စစ်ဆေးရာတွင် ပရိုဘောက်ယာဉ်ပေါ်တွင် ယာဉ်မောင်း နှင့် အခြားအဖော်တစ်ဦးနှင့်အတူ WY/R စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၂၆၀ဝ ပြား အလေးချိန် (၁၀၂၆၀) ဂရမ်၊ ထိုင်ဝမ်နိုင်ငံထုတ် ပစ္စတို သေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည်လေးတောင့်နှင့် ဖုန်းနှစ်လုံးတို့ကို ရှာဖွေ […]

NLD ပါတီနှင့် တွေ့ဆုံရန် အသင့်ဟု မွန်ပါတီဆို

diz_admin

January 5, 2021

မွန်ညီညွတ်ရေးပါတီအနေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) နှင့် တွေ့ဆုံဆွေးနွေးသွားရန် အသင့်ပြင်ဆင်ထားသည်ဟု ပါတီပြောရေးဆိုခွင့် ရှိသူ နိုင်လယိတမက ပြောသည်။ NLD ပါတီအနေနှင့် တိုင်းရင်းသား ပါတီတို့နှင့် တွေ့ဆုံဆွေးနွေးသွားရန် အဖွဲ့ဝင် ၃ ဦးပါသည့်အဖွဲ့ ဖွဲ့စည်းထားပြီး ပထမဦးဆုံးအနေနှင့် ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံသွားမည်ဟု ပါတီခေါင်းဆောင်တို့က ဒီဇင်ဘာ ၂၉ ရက်နေ့က ထုတ်ဖော်ပြောဆိုထားသည်။ NLD ၏ တိုင်းရင်းသားပါတီတို့နှင့် တွေ့ဆုံဆွေးနွေးမည့်အပေါ် ကြိုဆိုပြီး အပြုသဘောနှင့် လက်ခံတွေ့ဆုံသွားမည်ဟု မွန်ညီညွတ်ရေးပါတီက ဆိုထားသည်။ “သူတို့ (NLD ) က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလာမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ပါတီဘက်ကလည်း အပြုသဘောနဲ့ လက်ခံတွေ့ဆုံဖို့ အသင့်ရှိပါတယ်” ဟု နိုင်လယိတမက ပြော သည်။ သို့သော်လည်း တွေ့ဆုံဆွေးနွေး […]