ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီနှင့် ပုလောရှိ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ကုလ ထောက်ပံ့မည်

diz_admin

January 12, 2021

တနင်္သာရီမြို့နယ်နှင့် ပုလောမြို့ နယ်တွင် သဘာဝဘေးကြောင့် ထိခိုက်မှုရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို ကုလသမဂ္ဂစားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ထောက်ပံ့မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ စိုက်ပျိုးရေးကဏ္ဍတွင် ရေကြီးနစ် မြုပ်သည့်နေရာများတွင် ကာကွယ်ရေး လုပ်ငန်းများ ပြုလုပ်ခြင်း၊ သဘာဝဘေး နှင့် ပတ်သက်သည့် သင်တန်းများပေးခြင်း၊ နည်းပညာနှင့် မျိုးစပါးများထောက်ပံ့ပေးခြင်း၊ အရင်းအနှီးများထောက်ပံ့ ပေးမည်ဖြစ်ကြောင်း အထက်ပါဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။ ယင်းအပြင် မွေးမြူရေးကဏ္ဍတွင် သဘာဝဘေးကြောင့် ထိခိုက်မှုများမရှိစေရန် ကြိုတင်ပြင်ဆင်ခြင်း၊ ရေနစ်ဒဏ်ခံနိုင်သည့် အဆောက်အအုံများနှင့် တိရစ္ဆာန် မျိုးစိတ်များကို FAO က ထောက်ပံ့ မည်ဖြစ်ကြောင်း ဦးကျော်မိုးခိုင်က ပြောသည်။ “]တောင်သူ ဘယ်လောက်ကို ဘယ်လောက်ထောက်ပံ့ပေးမယ်မသိ […]

ကိုဗစ်ကာကွယ်ဆေးဝယ်ရန် ငွေလှူနိုင်

diz_admin

January 12, 2021

ကိုဗစ်ရောဂါ ကာကွယ်ဆေးဝယ်ရန်အတွက် အလှူငွေလှူဒါန်းလိုပါက လာရောက်လှူဒါန်းနိုင်ကြောင်း ကိုဗစ် ရောဂါ ထိန်းချုပ်ကာကွယ်ရေးလူထု အခြေပြု အထောက်အကူပြုအဖွဲ့(ထားဝယ်ဒေသ) ထံမှ သိရသည်။ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ကာကွယ်ဆေး ဝယ်ယူရန် ရန်ပုံငွေတစ်ရပ်ထူထောင်ထားပြီး အလှူရှင်များ ဖိတ်ခေါ်ထားသည်။ အလှူရှင်များအနေဖြင့် သတ်မှတ်ထားသည့် ဘဏ်ငွေစာရင်းအမှတ်များသို့ လှူဒါန်းနိုင်ကြောင်းလည်း ဗဟိုကော်မတီ က ထုတ်ပြန်ထားသည်။ ပြည်ထောင်စုအစိုးရက ကိုဗစ် ကာကွယ်ဆေးဝယ်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ နှင့် မြန်မာငွေ ကျပ်သန်း ၁၀ဝ၀ မတည်ထားသည်။ ထိုကဲ့သို့လှူဒါန်းရာတွင် ဘဏ်သို့ သွားရန် အဆင်မပြေခြင်း၊ အလှူငွေ ပမာဏနည်းခြင်း၊ ဘဏ်တွင်အချိန်ကြာ မြင့်စွာ စောင့်ဆိုင်းရခြင်း အစရှိသည့် အကြောင်းများကြောင့် ထားဝယ်ဒေသ လူထုအခြေပြုရုံးတွင် အလှူငွေလက်ခံရ ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင် […]

ထားဝယ်စီမံကိန်း ဧရိယာ မြေအဝယ်တော်များ ပြန်လာ

diz_admin

January 12, 2021

ထားဝယ်စီမံကိန်းသတင်း ပြန်လှုပ်လာသည့် အချိန်တွင် ကာလအတန်ကြာ ပျောက်နေသော မြေအဝယ်တော်များ ဒီဇင်ဘာ ပထမအပတ်ကတည်း ထားဝယ် စီမံကိန်း ဧရိယာ နဘုလယ်ဒေသဘက်သို့ ပြန်လာနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ဂျပန်အစိုးရ ပါဝင်ရေး မြန်မာဘက်က သဘောတူလိုက်ပြီဆိုသည့် သတင်း၊ ထားဝယ်-ထီးခီး အမြန်လမ်း ဖောက်လုပ်တော့မည်ဆိုသည့် သတင်းများကြောင့် စီမံကိန်း ဧရိယာအတွင်း ထိုသို့ အနည်းငယ်လှုပ်ခတ်လာခြင်း ဖြစ်သည်။ သို့သော် မြေအရောင်းအဝယ်လည်းမဖြစ်၊ ဈေးတက်ခြင်း၊ ကျခြင်း လည်းမရှိဘဲ ပုံမှန်အတိုင်းရှိနေဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။ “မြေအဝယ်တော်တွေကတော့ လာနေကြတယ်။ ထိထိရောက်ဝယ်တာတော့ တို့နားမှာမရှိသေးဘူး” ဟု နဘုလယ်ဒေသ ပရဒတ်ရွာသူ ဒေါ်သန်းပိုက ပြောသည်။ နဘုလယ်ဒေသရှိ ဒေသခံများတွင် မြေယာပိုင်ဆိုင်မှုအထောက်အထားရှိသူ မရှိသလောက်နည်းပါးကြောင်း ဒေသခံများက ပြောဆိုကြသည်။ […]

ယာယီရွက်ဖျင်တဲ ပစ္စည်းပြတ်

diz_admin

January 12, 2021

ထားဝယ်ဒေသတွင် ကိုဗစ်ကပ်ဘေး ကာလအတွင်း ယာယီရွက်ဖျင်တဲဝယ်ယူသူများလာသည့်အတွက် ပစ္စည်းပြတ်သည်အထိ အရောင်းသွက်လာကြောင်း ရွက်ဖျင်တဲရောင်းချနေသူအချို့ထံမှ သိရသည်။ ကိုဗစ်ကပ်ဘေးမဖြစ်မီက မရောင်းရ သလောက်သာရှိနေခဲ့ရာမှ လက်ရှိတွင် ပစ္စည်းလက်ကျန်မရှိသလောက်ဖြစ်သည်အထိ အရောင်းသွက်လာကြောင်း စတိုင်သစ် အိမ်သုံးပရိဘောဂ အရောင်းဆိုင်ပိုင်ရှင် အမျိုးသမီးက ဆိုသည်။ “(ဆိုင်မှာ) တင်ရောင်းတာက မနှစ်ကတည်းက တင်ရောင်းတယ်။ ဒီနှစ်က ပိုပြီးတော့ အဝယ်များတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ ကိုဗစ်ကပ်ဘေးကာလအတွင်း ကမ်းခြေလည်ပတ်ခွင့်ပိတ်ထားသဖြင့် ဒေသခံများက ထားဝယ်ဒေသရှိ တောတောင်များသို့ ညအိပ်ခရီးသွားလာသူ ပိုများလာခဲ့သည်။ ထို့အပြင် ထားဝယ်ဒေသရှိ အွန်လိုင်းဈေးရောင်းချသူများက ယင်းဆိုင်များတွင် တစ်ဆင့်ခံယူရောင်းချခြင်းလည်း ရှိသည်။ အထူးသဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ဝယ်ယူပိုများလာကြောင်း ထားဝယ်မြို့ အခြေစိုက် ခိုင်ခံ့ထူး အိမ်သုံးပရိဘောဂပစ္စည်း အရောင်းဆိုင်ပိုင်ရှင် အမျိုးသမီးက ပြောသည်။ […]

ကိုဗစ်ကြောင့် ဆားဈေး တစ်ရာကျပ်ခန့် ကျ

diz_admin

January 12, 2021

ထားဝယ်ဒေသထွက် ဆားဈေးမှာ ကိုဗစ်ကပ်ဘေးအတွင်း တစ်ပိဿာလျှင် ကျပ်တစ်ရာခန့် ကျဆင်းသွားခဲ့ကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူတို့ထံမှ စုံစမ်း သိရှိရသည်။ ယမန်နှစ်က ဆားအထွက်များခဲ့သော်လည်း ကိုဗစ်ကပ်ဘေးအတွင်း ငါးဆားထိုး အသုံးပြုမှုနည်းပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း စသည့် အကြောင်းများကြောင့် ဆားဈေး တစ်ပိဿာလျှင် ၅၀ ကျပ်မှ ၁၀ဝ ကျပ်ခန့် အထိ ကျဆင်းသွားသည်။ ယခင်က နေလှန်း ဆားချော တစ်ပိဿာလျှင် ကျပ် ၂၆၀ မှ ၂၈၀ အထိ ရှိခဲ့သော်လည်း ယခုအခါ တစ်ပိသာလျှင် ၁၈၀ ကျပ်ခန့်သာ ရှိသည်ဟု ထားဝယ်မြို့ အခြေစိုက် ရွှေပြည်သာ ဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောကြားသည်။ “ဈေးကျတာက ဆားထွက်တဲ့ ရာသီကလည်း နီးလာပြီလေ။ နောက်ပြီး ခါတိုင်းနှစ်နဲ့စာရင် ဆားအသုံးလည်း နည်းတယ်ပေါ့” […]

လည်ပတ်သူများနေသည့် ထင်းရှူးတောင်တွင် တားမြစ်ချက်များ ထုတ်ပြန်

diz_admin

January 11, 2021

ကိုဗစ်ကာလအတွင်း သွားရောက် လည်ပတ်သူများနေသည့် ထားဝယ်မြို့နယ်အတွင်းရှိ ထင်းရှူးတောင်တွင် တားမြစ်ချက်အချို့ကို ထုတ်ပြန်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တော ဦးစီးဌာနထံမှ သိရသည်။ လက်ရှိတွင် ကိုဗစ်ကြောင့် ကမ်းခြေသို့ လည်ပတ်ခွင့်ပိတ်ထားသည့်အတွက် တောတောင်သို့ သွားရောက်လည်ပတ်သူ များနေသည်။ ယင်းအခြေအနေတွင် ထားဝယ်မြို့မှ မိုင် ၄၀ ကျော် အကွာတွင်ရှိသည့် ထင်းရှူးတောင်သို့ သွားရောက်လည်ပတ်သူ များပြားလာပြီး အလေ့ကျပေါက်နေသည့် ထင်းရှူးပင်ငယ်များကို နုတ်ယူ လာကြကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ဆိုသည်။ “သစ်ပင်ရဲ့ သဘောသဘာဝကို မသိကြဘူး၊ ဒီမှာရှင်သလို အိမ်မှာစိုက်ရင်လည်း ရှင်မယ်ဆိုပြီးတော့ ထင်းရှူးပင်တွေကို အလှစိုက်ချင်တော့ နုတ်ယူကြတယ်” ဟု ဦးမောင်မောင်အေးက ပြောသည်။ ထင်းရှူးပင်မှာ အေးမြသည့်တောင် ပေါ်ဒေသတွင် ပေါက်ရောက်ရှင်သန်နိုင် ကြောင်း ၎င်းက ဆိုသည်။ […]

သမဝါယမအသင်း ငါးဝယ်မည်

diz_admin

January 11, 2021

ကိုဗစ်ကာလအတွင်း ရေထွက်ကုန် ပစ္စည်းများ ရောင်းချရန် အခက်အခဲဖြစ် နေသဖြင့် ရေလုပ်သားများထံတွင် သမဝါယမအသင်းက ငါးဝယ်ပြီး ပြည်သူများထံ ပြန်ရောင်းပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း သမဝါယမဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ဥမ္မာနုက ပြောသည်။ ကမ်းနီးလှေများဝင်ရောက်ဆိုက်ကပ်မှုများပြားပြီး သယ်ယူပို့ဆောင်ရေး ကောင်းမွန်သည့်နေရာမှ ငါးများကို သမဝါယမအသင်းက ဝယ်ယူပြီး အခြား နေရာများတွင် လိုက်လံရောင်းချပေးမည် ဖြစ်ကြောင်း ဒေါ်ဥမ္မာနုက ပြောသည်။ ဟောင်းနွမ်းငွေစက္ကူ ဘဏ်တွင် လဲခွင့်မရ ယင်းကဲ့သို့ သမဝါယမအသင်းစု အသီးသီးတွင်ရှိသည့် ရန်ပုံငွေဖြင့် ငါးဝယ်ယူမည်ဖြစ်ပြီး အမြတ်မယူဘဲ တစ်ဆင့်ပြန်လည်ရောင်းချ ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “လှေလုပ်သားတွေ ကမ်းဝင်လာ တဲ့အချိန်ကြမှ ‌ဝယ်မယ့် ငါးအမျိုးအစားလည်း သိရမယ်။ ဈေးနူန်းလည်းသိပြီးတော့ အခါကျရင် ပြည်သူတွေအားလုံးကို ဖြန့်ဖြူးပေးမယ်ပေါ့နော်” ဟု ၎င်းက ဆိုသည်။ မြိတ်မြို့နယ်တွင်မူ […]

အလွဲသုံးခံရသည့် မြေယာ ပုံစံ(၇) ဒုံးပုလဲအော် တောင်သူများ ပြန်လည်ရရှိ

diz_admin

January 11, 2021

ကျေးရွာတာဝန်ရှိသူများက အလွဲသုံးထားသည့် မြေယာပုံစံ(၇)များ ဒုံးပုလဲ အော်ကျေးရွာ တောင်သူများ၏ လက်ဝယ်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း မြိတ်အများပိုင် ကုမ္ပဏီနှင့် တောင်သူများ ထံမှသိရသည်။ မြိတ်မြို့ရှိ တောင်ပိုင်းသားသတင်း အေဂျင်စီရုံးခန်းတွင် ဇန်နဝါရီလ ၈ ရက်နေ့နံနက်က တောင်သူများမှ ယင်းကိစ္စနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးနောက် မြိတ်အများပိုင် ကုမ္ပဏီမှ ယင်းနေ့မွန်းလွဲပိုင်းတွင် ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော်ကျေး ရွာနေတောင်သူ ၉ ဦးပိုင်ပုံစံ (၇) များအား ယင်းကျေးရွာတာဝန်ခံနှင့် ကျေးရွာအုပ် စုအုပ်ချုပ်ရေးမှူးတို့က ၂၀၁၈ ဒီဇင်ဘာလ အတွင်းက ပုံစံ(၁၀၅) နှင့် ပုံစံ(၁၁) ကျအောင် လုပ်ပေးမည်ဟုဆိုကာ မြိတ်အများပိုင်ကုမ္ပဏီတွင် လာရောက် ပေါင်နှံထားခဲ့ခြင်းဖြစ်သည်။ ပုံစံ(၇) ပေါင်နှံထားခြင်းကို တောင်သူများက ၂၀၂၀ ခုနှစ်တွင်မှ သိရှိရပြီး ၎င်း […]