အင်ဒိုနီးရှားတွင် နှစ်ချီထိန်းသိမ်းခံ မြန်မာနိုင်ငံသားအများစု အမှုရင်ဆိုင်ဆဲ
diz_admin
January 14, 2021အင်ဒိုနီးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းတစ်ခုတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ကိုးဦးအနက် ၆ ဦးမှာ အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး ဒဏ်ငွေ သိန်းရာချီ ချခံရနိုင်နေသည်။ အမှုပြီးသွားသူ သုံးဦးမှာလည်း ဒဏ်ကြေးဆောင်ရန် အခက်အခဲ၊ လေယာဉ်လက်မှတ် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ၎င်းတို့မှာ တရားမဝင်ဝင်ရောက်မှု၊ တရားမဝင်ငါးဖမ်းမှုများဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးထံမှ သိရသည်။ အဆိုပါ မြန်မာနိုင်ငံသား ၉ ဦးတွင် ထားဝယ်ဒေသခံ ၇ ဦးလည်းပါဝင်ပြီး ၂ နှစ်နီးပါး ကြာသည်အထိ ထိန်းသိမ်းခံနေရသည်။ မြန်မာနိုင်ငံသား ၉ ဦးအနက် ၆ ဦးမှာ အင်ဒိုနီးရှားနိုင်ငံ Batan ခရိုင် တရားရုံးတွင် အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း ယင်းသံရုံးထံမှ သိရသည်။ အထက်ပါ ၆ ဦးမှာ ၂၀၁၉ ခုနှစ် ဧပြီလနှင့် […]


