ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အခြေခံပညာကျောင်းများ ပြန်ဖွင့်နိုင်ရေး ကြိုပြင်ဆင်ထားရမည်

diz_admin

January 13, 2021

အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ခွင့်ပြုပါက ပြန်ဖွင့်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားလိုက်သည်။ အားကစားနှင့် ကျန်းမာရေးဝန်ကြီး ဌာနက ညွှန်ကြားထားသည့် အချက် ၈၀ နှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် ညွှန်ကြားထားသော်လည်း မည်သည့်အချိန်တွင် ဖွင့်လှစ်ခွင့်ရမည်ကိုမူ မသိရသေးဟု တနင်္သာရီတိုင်းပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး(ပညာ) ဦးအောင်စိုးက ပြောသည်။ “အစိုးရကနေပြီးတော့ ဖွင့်ခွင့်ပြုတဲ့ အချိန်မှာ ဖွင့်နိုင်အောင် ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေအောင် လုပ်ခိုင်းထားတဲ့ သဘောပါပဲ။ ဖွင့်ခွင့်ပြုတဲ့အချိန်မှာ အဆင်သင့် မဖြစ်မှာစိုးလို့ပေါ့နော်” ဦးအောင်စိုးက ပြောသည်။ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၏ ကိုဗစ်စည်းကမ်း လမ်းညွှန်ချက် ၈၀ နှင့်ကိုက်ညီသည့် အခြေခံပညာ ကျောင်းများကို A အဆင့်၊ B အဆင့်၊ C အဆင့်များ သတ်မှတ်ကာ ဇူလိုင်လ […]

သမုတ်-လွတ်လွတ် မြစ်ကူးတံတားဖွင့်ပြီးနောက် သစ်ယာဝကမ်းခြေသို့ လည်ပတ်မှုပိုများ

diz_admin

January 13, 2021

ပြည်ထောင်စုကားလမ်းမပေါ်ရှိ မြိတ်မြို့နယ် သမုတ်နှင့် လွတ်လွတ်ရွာသို့ ဆက်သွယ်ထားသည့် သမုတ်-လွတ်လွတ်မြစ်ကူးတံအား ဖွင့်ပြီးနောက် သစ်ယာဝကမ်းခြေသို့ လည်ပတ်မှုပိုများ လာကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က သမုတ်-လွတ်လွတ်မြစ်ကူး တံတားဖွင့်ပွဲပြုလုပ်ခဲ့သည်။ “ရုံးပိတ်ရက်မှာ လူတွေလာတာများတယ်” ဟု သစ်ယာဝကျေးရွာနေ အသက် ၃၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။ ယင်းကမ်းခြေမှာ သစ်ယာဝ ကျေးရွာအုပ်စု ပနာတောင်ရွာတွင်ရှိသည်။ သစ်ယာဝကမ်းခြေအား သမုတ်-လွတ်လွတ်မြစ်ကူးတံတားမှ ကျော်ဖြတ် သွားလာရကာ မြိတ်မှ ကမ်းခြေသို့ ၂၆ မိုင်ခန့်ကွာဝေးကြောင်း သိရသည်။ ကိုဗစ်နိုင်တီးကူးစက်ရောဂါဖြစ်ပေါ်သည့် ကာလတွင် မြို့ပေါ်နေသူတို့မှာ စိတ်အပန်းဖြေရာနေရာအဖြစ် မြို့အဝင် ကျောက်ဖျာကျေးရွာရှိ ခရုပုံပါ ပန်းခြံနှင့် ရန်ကင်းတောင်ဘုရား၊ သမုတ်-လွတ် လွတ်မြစ်ကူးတံတားပေါ်၊ တနင်္သာရီမြို့ရှိ တိမ်ပင်လယ်၊ ရေတံခွန်များ၊ ကြဲကျေး […]

မြိတ်တွင် တစ်ရက်တည်း မီးနှစ်နေရာလောင်

diz_admin

January 13, 2021

မြိတ်မြို့တွင် ဇန်နဝါရီလ ၃ ရက်နေ့ တစ်ရက်တည်းတွင် မီးလောင်မှု နှစ်ကြိမ်ဖြစ်ခဲ့ကြောင်း မြိတ်ခရိုင် မီးသတ် ဦးစီးဌာနထံမှ သိရသည်။ မြိတ်မြို့ ကျွဲကူးကျေးရွာ ကျွဲကူး ကျောင်းတိုက် ဓမ္မာရုံစတိုခန်းရှိ လျှပ်စစ်မီး ပလပ်ခုံ အပူလွန်ကဲပြီး ကျလာသည့် မီးပွားတို့မှာ ခေါင်းအုံးနှင့် မွေ့ရာများကို ကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။ ကျွဲကူးကျေးရွာတောင်ပေါ်ရှိ ကျွဲကူး ကျောင်းတိုက်အား မီးငြိမ်းသတ်ခဲ့ရာ စတင်လောင်ကျွမ်းသည့် အချိန်မှစပြီး တစ်နာရီ နီးပါးခန့်အကြာ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။ မီးလောင်မှုကြောင့် အလျား ၇၀ ပေ၊ အနံ ၃၀ ပေ၊ အုတ်တိုက် တစ်ထပ်၊ ဓမ္မာရုံ တစ်ဆောင်နှင့် ဆရာတော်‌နေ အဆောင် အပေါ်ထပ်တို့ မီးလောင်ကျွမ်းခဲ့ကြောင်း မြိတ်ခရိုင် […]

မွန်လွှတ်တော် နောက်ဆုံးအစည်အဝေး မကျင်းပဖြစ်တော့ဟုဆို

diz_admin

January 13, 2021

၂၀၂၁ ခုနှစ် ဇန်နဝါရီလ တတိယ အပတ်တွင် ကျင်းပရန်လျာထားသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၏ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေး မကျင်းပဖြစ်တော့ဟု မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားသည်။ အချိန်မရှိတော့သည့်အတွက် မူလ ကျင်းပရန် လျာထားသည့် လွှတ်တော်အစည်းအဝေး ဖျက်လိုက်သည်ဟု ၎င်းက ပြောကြားသည်။ “တတိယအကြိမ် လွှတ်တော် လွှဲပြောင်းပေးဖို့ ဆောင်ရွက်နေရတာ အများကြီးရှိတယ်။ အချိန်လုနေရတယ်။ ဒီကြား လွှတ်တော်ခေါ်ဖို့လုပ်တယ်။ ဒါပေမဲ့ ပြန်သုံးသပ်ကြည့်တော့ အချိန်က မမီဘူး။ မမီမယ့်အတူတူ ဖျက်လိုက်တော့မယ်ဆိုပြီး စာထုတ်လိုက်တယ်” ဟု ဒေါ်တင်အိက ပြောသည်။ လွှတ်တော်အစည်းအဝေးကို လျာထားပြီး မကျင်းပဖြစ်သော်လည်း လွှတ်တော်လုပ်ငန်းများအပေါ် အကျိုးသက် ရောက်မှုမရှိကြောင်း လွှတ်တော်ဥက္ကဋ္ဌက ဆက်ပြောသည်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ် တော်အစည်းအဝေးကို ၂၀၁၆ ခုနှစ် […]

ကံပေါက်- ပေါက်ပင်ကွင်း လမ်းကြောင်းပေါ်မှ ကျေးရွာသုံးဆယ်၏ လမ်းအဆင့်မြှင့်နိုင်ရန် တင်ပြမည်

diz_admin

January 13, 2021

ကံပေါက်မှ ပေါက်ပင်ကွင်းရွာ လမ်းကြောင်းပေါ်တွင်ရှိသော ကျေးရွာပေါင်းသုံးဆယ်၏ ကျေးရွာချင်းဆက် လမ်းပိုင်းများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်က ကျင်းပသည့် တနင်္သာရီတိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ယင်းလမ်းပိုင်းသည် မွန်ပြည်နယ်နယ်စပ် မလွှဲတောင်အနီးရှိ ပေါက်ပင်ကွင်းရွာမှ ထားဝယ် အထူးစီးပွားရေးဇုန်အထိ ပေါက်သော လမ်းကြောင်းဖြစ်သည်။ အဆင့်မြှင့်တင်ပေးရန်တင်ပြရာတွင် ပါဝင်သောအချို့ ကျေးရွာချင်း ဆက်လမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက လည်းကောင်း၊ အချို့ကျေး ရွာချင်းဆက်လမ်းကို နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အချို့ကို တိုင်းဖွံ့ဖြိုးမှုကြီး ကြပ်ရေးရုံး ရန်ပုံငွေများဖြင့် အသီးသီး ဖောက်လုပ်ထားခြင်းဖြစ်ကြောင်း ဝန်ကြီး က ပြောသည်။ ယင်းကဲ့သို့ မတူညီသော ဦးစီးဌာန […]

မဲသံတောင် ဆယ်ကျော်သက် ညီအစ်ကိုနှစ်ဦး အသတ်ခံရမှု စုံစမ်းနေဆဲ

diz_admin

January 13, 2021

ရေဖြူမြို့နယ်၊ မဲသံတောင်ကျေးရွာနေ ဆယ်ကျော်သက် ညီအစ်ကိုနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ အားစိုက် စုံစမ်းနေဆဲဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ အသက် ၁၇ နှစ်နှင့် ၁၄ နှစ်အရွယ် အမျိုးသားဆယ်ကျော်သက် နှစ်ဦးမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြတ်ရှဒဏ်ရာများဖြင့် လမ်းပေါ်တွင် သေဆုံးနေသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သတ်ဖြတ်သွားသူအား ဖမ်းမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ အပူတပြင်းစုံစမ်းစစ်ဆေး နေဆဲဖြစ်ကြောင်း ဒုတိယ တိုင်းရဲတပ် ဖွဲ့မှူးက ဆိုသည်။ “ဒီအမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ က အပူတပြင်း စုံစမ်းနေပါတယ်” ဟု ဒုတိုင်းရဲတပ်ဖွဲ့မှူးက ပြောသည်။ လက်ရှိတွင် စုံစမ်းစစ်ဆဲဖြစ်သည့်အတွက် အသေးစိတ်ထုတ်ပြော၍မရဘဲ တရားခံဖမ်းဆီးရမိချိန်မှသာ ထုတ်ပြန် မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဖြစ်စဉ်မှာ […]

၀န်ထမ်းအိမ်ရာအခန်း တစ်ရာနီးပါး ဆောက်မည်

diz_admin

January 12, 2021

တနင်္သာရီတိုင်းအတွင်း ဝန်ထမ်း အိမ်ရာအခန်းပေါင်း တစ်ရာနီးပါး အသစ်ဆောက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(အိုး/အိမ်) ထံမှ သိရသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ၆ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အအုံလေးလုံးကို တည်ဆောက်မည် ဖြစ်သည်။ ထားဝယ်မြို့တွင် အဆောက်အအုံ နှစ်လုံး၊ မြိတ်နှင့် ကော့ သောင်းတို့တွင် တစ်လုံးစီတည်ဆောက်မည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ လက်ရှိတွင် ယင်းအဆောက်အအုံများ ဆောက်လုပ်ရန်အတွက် တင်ဒါ အောင်ကုမ္ပဏီများ ရွေးချယ်ထုတ်ပြန် ပြီးဖြစ်ကြောင်း အိုးအိမ်ဌာန တိုင်းဒေသကြီး ဦးစီးမှူးက ဆိုသည်။ “တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီးတော့ အတည်ပြုပြီးလို့ တင်ဒါအောင် ကုမ္ပဏီတွေကိုလည်း အကြောင်းကြား ထားပြီးပြီ” ဟု အဆိုပါ တိုင်းဒေသကြီး ဦးစီးမှူးက ပြောသည်။ ၂၀၂၀ ခုနှစ် စက်တင်ဘာလ […]

တနင်္သာရီတိုင်း တရားမဝင် သစ်ဖမ်းမှု ကျဆင်း

diz_admin

January 12, 2021

တနင်္သာရီတိုင်း တရားမဝင် သစ်ဖမ်းမိမှု ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် တန်ချိန် တစ်ရာကျော်လျော့ကျခဲ့ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တနင်္သာရီ တိုင်းအတွင်း သစ်တန်ချိန် ၁၁၀၃ ဒဿမ ၈၁၉၃ တန် ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် သစ်တန်ချိန် ၉၅၉ ဒဿမ ၈၃၈၅ တန် ဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။ ကိုဗစ်ကာလတွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထားခြင်း၊ ပြည်တွင်း၌ အသွားအလာများ ကန့်သတ်ထားခြင်း၊ လမ်းပေါ်ရှိ ဂိတ်အသီးသီးတွင် ကိုဗစ် ကပ်ဘေးကြောင့် လုံခြုံရေးတင်းကျပ်ကာ လူအဝင်အထွက် စစ်ဆေးမှုများ ပြုလုပ်နေသဖြင့် သစ်ခိုးကားများ ထွက်မရခြင်းကြောင့် သစ်ခိုးထုတ်မှုများ လျော့နည်း သွားခြင်းဖြစ်နိုင်ကြောင်း တိုင်းသစ်တော ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက ပြောသည်။ […]