ဟောင်းနွမ်းငွေစက္ကူ ဘဏ်တွင် လဲခွင့်မရ
diz_admin
January 11, 2021ဟောင်းနွမ်းငွေစက္ကူများကို ဘဏ်တွင် သွားရောက်လဲလှယ်ခဲ့သည့် ပြည်သူအချို့ ငွေလဲခွင့်မရဘဲ ထားဝယ်မြို့နှင့် မိုင်ပေါင်းများစွာဝေးသည့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ ဗဟို ဘဏ်ရုံးချုပ်နှင့် ရုံးခွဲရှိရာတွင် သွားရောက် လဲလှယ်ရန် ပြောဆိုမှုများရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ဖူးသူအချို့က ဖွင့်ဟ ပြောဆိုကြသည်။ ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်တွင် နေထိုင်သည့် ဦးသိန်းလှမှာ ဇန်နဝါရီလ ၅ ရက်က မြန်မာ့စီးပွားရေးဘဏ် ထားဝယ်ခရိုင်ဘဏ်ခွဲတွင် ဟောင်းနွမ်းငွေစက္ကူ သုံးသိန်းခန့်အား သွားရောက် လဲလှယ်ခဲ့ရာတွင် အထက်ပါဖြစ်စဉ်ကဲ့သို့ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။ ငွေသုံးသိန်းကျော်အား သွားရောက်လဲလှယ်ခဲ့ရာ နှစ်သိန်းရှစ်သောင်းခန့်ကိုသာလဲပေးပြီး ငါးသောင်းကျော်ကို မလဲပေးဘဲ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် သွားရောက်လဲလှယ်ရန် ဘဏ်ဝန်ထမ်းက ပြောဆိုခဲ့ကြောင်း ဦးသိန်းလှက ပြောသည်။ ထားဝယ်ဘဏ်ခွဲတွင် လဲလှယ်ခွင့် မရသည်မှာ တစ်သောင်းတန်သုံးရွက်၊ ငါးထောင်တန်လေးရွက်၊ တစ်ထောင် တန်သုံးရွက်ဖြစ်သည်။ “ဒီငွေငါးသောင်းလောက်နဲ့ (နေပြည်တော်က) […]


