ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လူခိုးသယ်သည်ဆိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းအား သဘာဝဘေးဥပဒေဖြင့် တရားစွဲရန် ညွှန်ကြား

diz_admin

January 4, 2021

ကိုဗစ်ကပ်လေးကြောင့် ရန်ကုန်တွင် ပိတ်မိနေသူများအား လူခိုးသယ် သည်ဆိုသည့် ထားဝယ်မြို့၊ ဒေါင်းငူရပ် ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးထိုက်အား သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူရန်ညွှန်ကြားလိုက်ကြောင်း ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင် ဆန်းဝင်းက ပြောသည်။ လူခိုးသယ်သည့်အတွက် မူလက အုပ်ချုပ်ရေးမှူးဦးစိုးထိုက်အား တာဝန်မှ ရပ်စဲပြီး ၎င်း၏ မော်တော်ယာဉ်ကို မောင်းနှင်ပေးခဲ့သည့် ယာဉ်မောင်း ကိုအောင်ခိုင်လွင်(ခ) ကိုဆံရှည်တစ်ဦးတည်းကိုသာ သဘာဝဘေးဥပဒေဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးထားသည်။ လူခိုးသယ်သည့်အမှု ယာဉ်မောင်းမိသားစုကို ငွေပေးမည်ဟု အုပ်ချုပ်ရေးမှူးဟောင်း ကမ်းလှမ်း ထိုနောက် အုပ်ချုပ်ရေးမှူးဟောင်းမှ ယာဉ်မောင်းဖြစ်သူ ကိုဆံရှည်၏ မိသားစုဝင်များထံ သွားရောက်ပြီး ငွေ ကျပ်သိန်း ၅၀ ပေးမည်ဟု ညှိနှိုင်းခဲ့ကြောင်း ကိုဆံရှည်၏ မိသားစုဝင်များက ပြောဆိုထားသည်။ ရဲတပ်ဖွဲ့က ကိုဆံရှည်အား အမှုဖွင့် ဖမ်းဆီးပြီး ဥပဒေအရာရှိထံ ဥပဒေအကြံ တောင်းခံရာ […]

မြေအကွက်ရိုက်ရောင်းချနေသူများကို အမြန်ဆုံးအရေးယူမည်ဟု တိုင်းအစိုးရ ထပ်ပြော

diz_admin

January 4, 2021

လယ်ယာမြေပေါ် ခွင့်ပြုချက်မဲ့ အခြားနည်းအသုံးပြုနေခြင်းနှင့် စီးပွားဖြစ် မြေအကွက်ရိုက်ရောင်းချနေသူများကို အမြန်ဆုံး အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။ ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျင်းပသည့် မြေယာစီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် ယင်းကဲ့သို့ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း တိုင်းအစိုးရက ထုတ်ပြန်ထားသည်။ ယင်းကဲ့သို့ လုပ်ဆောင်နေသူများအား သက်ဆိုင်ရာဥပဒေ လုပ်ထုံးလုပ်နည်းများဖြင့် ထိရောက်မြန်ဆန်စွာ အရေးယူဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ မည်ကဲ့သို့ ဖော်ထုတ်အရေးယူကို မေးမြန်းနိုင်ရန် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသဖြင့်မေးမြန်း ခွင့်မရခဲ့ပေ။ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမြင့်မောင်ကလည်း တရားမဝင်မြေအကွက်ရိုက်ရောင်းချပါက ကျောသား ရင်သား မခွဲခြားဘဲ ထိထိရောက်ရောက် ရောက် အရေးယူမည်ဟု ပြောဆိုထားသည်။ သို့သော် လက်ရှိအချိန်ထိ သစ်ပင်အပြောင်ရှင်းပြီး မြေအကွက်ရိုက်ရောင်း ချမှုများ […]

တနင်္သာရီတိုင်း၏ ကိုဗစ်စည်းကမ်းချက်များ တင်းကျပ်မည်

diz_admin

January 2, 2021

တနင်္သာရီတိုင်းဒေသကြီး ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည့် ကိုဗစ် ကာလ အမိန့်ညွှန်ကြားချက်များကို သေချာစွာ တင်းကျပ်မည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။ အဆိုပါ စည်းကမ်းချက်များအနက် ရိုးရာနတ်ပွဲများ၊ ညမထွက်ရအမိန့် ဖောက်ဖျက်သူများနှင့် တိုင်းအတွင်း ခွင့်ပြုချက်မဲ့ ခိုးဝင်လာသူများအရေးလည်း ပါဝင်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ၁၄ ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည်။ ကိုဗစ်နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ပိုမိုတင်းကျပ်ရန် ဆွေးနွေးခဲ့ကြောင်း အထက်ပါကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။ နတ်ပွဲ လူ ၃၀ ထက်ပိုက အရေးယူမည်နတ်တော်လအတွင်း ထားဝယ် ဒေသရှိ ရပ်ရွာများတွင် ကျင်းပလေ့ရှိ သည့် ရိုးရာနတ်ပွဲများတွင် လူ ၃၀ […]

မြိတ်တွင် သေဆုံးပြီးနောက် ကိုဗစ်ပိုးတွေ့သူ နှစ်ဦးရှိ

diz_admin

January 2, 2021

မြိတ်မြို့တွင် သေဆုံးပြီးနောက် စစ်ဆေးရာမှ ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးတွေ့ရှိသူ နှစ်ဦးရှိပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က အသွားအလာကန့်သတ်ထားသည့် ဗဲင်(န်)တေ့(ချ်)ကုမ္ပဏီဝင်းတွင် အသက် ၂၅ နှစ်ရှိ အမျိုးသားတစ်ဦးသေဆုံးပြီး နောက် စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့ သည်။ ဒုတိယတစ်ဦးမှာ အသက် ၅၈ နှစ်အရွယ် သီလရှင်တစ်ဦးဖြစ်ပြီး ၎င်းမှာ သာကေတရပ် ဘေးမဲ့ကျောင်းတွင် သီတင်းသုံးပြီး တက္ကသိုလ်ရပ်ရှိ ဆွမ်း ဒကာနေအိမ်တွင် ပြောင်းရွှေ့သီတင်းသုံးနေစဉ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ဆွဲကြိုးချသေဆုံးခဲ့ကြောင်း မြို့မရဲစခန်း မှ သိရသည်။ အဆိုပါ သီလရှင်ကို စစ်ဆေးခဲ့ရာ ကိုဗစ်ပိုးတွေ့ရှိသဖြင့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် သေဆုံးရောက်ရှိလူနာ တစ်ဦးအဖြစ် မြိတ်ပြည်သူ့ဆေးရုံကြီး၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။ မြိတ်တွင် ဒီဇင်ဘာလ […]

ဖမ်းဆီးခံလယ်သမားအရေး လူ့အခွင့်အရေးကော်မရှင်က ဥပဒေအထောက်အကူပြုအဖွဲ့သို့ လွှဲပေး

diz_admin

January 1, 2021

ထားဝယ်မြို့တွင် ဖြစ်ပွားခဲ့သည့် မြေယာအငြင်းပွားမှုပြဿနာတွင် ဖမ်းဆီး ခံရသည့်လယ်သမားအရေး ကူညီပေးရန် လူ့အခွင့်အရေးကော်မရှင်မှ ဥပဒေ အထောက်အကူပြုအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း ဖမ်းဆီးခံလယ်သမား မိသားစုဝင် အချို့ထံမှ သိရသည်။ ထားဝယ်မြို့ပေါ်ရှိ ဆန်းချီတိုးချဲ့ ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် လယ်ယာမြေ ပြဿနာတွင် မူလပိုင်ရှင်ဟုဆိုသည့် လယ်သမားမိသားစုနှင့် ဝန်းရံသူ ခုနစ်ဦးကို လက်ရှိပိုင်ရှင်ဟုဆိုသူများက အမှုဖွင့် ထားခြင်းဖြစ်သည်။ လက်ရှိပိုင်ဆိုင်ထားသည့် မြေပိုင်ရှင်ဆိုသူက အလုပ်သမားများနှင့်အတူ စက်တင်ဘာလ ၂၃ ရက်နေ့က ခြံစည်းရိုးကာရံနေစဉ် အဆိုပါလယ်သမားများ ရောက်ရှိလာပြီး ဟန့်တားနှောင့်ယှက်ခြင်း၊ ဆဲဆိုခြင်း၊ စိုက်ထားသည့်ခြံစည်း ရိုးတိုင်များကို ဆွဲနုတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ထို့နောက် လယ်သမားခုနစ်ဦးကို ဖမ်းဆီးခဲ့ပြီး နှစ်ဦးကို အာမခံဖြင့် ပြန်လည်လွှတ်ပေးထားသည်။ ဖမ်းဆီးခံ ထားရသူများမှာ လက်ရှိအချိန်ထိ မိသားစု ဝင်များ၊ […]

မြန်မာရွှေ့ပြောင်းအလုပ်သမားမိသားစု တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်စဉ် ဖမ်းမိ

diz_admin

January 1, 2021

မြန်မာရွှေ့ပြောင်းအလုပ်သမား မိသားစုမှာ ဒီဇင်ဘာလ ၂၃ ရက်နေ့က မောတောင်-စင်ခွန်းနယ်စပ်ဂိတ်ရှိ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်စဉ်ဖမ်းမိခဲ့ကြောင်း မြိတ်-ပရာကျွပ်မောင်နှစ်မမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့် ထံမှ သိရသည်။ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင် ငံ၊ ပရာကျွပ်ခီရီခန်မြို့၊ အောင်နွဲတိုက်နယ် အမှတ် ၅ ကျေးရွာအုပ်စု နင်ကဲဝို့ ကျေးရွာရှိ ရာဘာခြံအတွင်း ထိုင်းတာဝန် ရှိသူတို့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါမိသားစုတွင် အသက် ၃၀ နှစ်ရှိ အမျိုးသမီးတစ်ဦးနှင့် ၁၀ နှစ် အရွယ်ရှိ သားတစ်ဦး၊ ခုနစ်နှစ်အရွယ် သမီးအမွှာမိန်းကလေး နှစ်ဦးတို့ပါရှိပြီး အမျိုးသမီး၏ ထွက်ဆိုချက်အရ ထိုင်းနိုင်ငံ၊ ချွန်ဖွန်ခရိုင်၊ ပထီရူးမြို့နယ်ရှိ အလုပ်ရှင်တစ်ဦး၏ ဆီအုန်းခြံတွင်လုပ်ကိုင်နေပြီး အမျိုးသားမှာ လိုက်ပါလာခြင်းမရှိခဲ့ကြောင်း မြိတ်-ပရာကျွပ်မောင်နှစ်မြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ […]

ကမ်းနားပျံကျဈေး အချိန်တိုးပေးရန် ဒေသခံတောင်သူ ၂၀ နီးပါး အသနားခံစာတင်

diz_admin

January 1, 2021

ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ ပျံကျဈေးပိတ်ချိန်မှာ စောနေသဖြင့် ခြံထွက်သီးနှံများရောင်းချရန် အခက်အခဲရှိသောကြောင့် ဈေးချိန်တိုးမြှင့်ပေးရန် ဒေသခံတောင်သူ ၂၀ နီးပါးက လက်မှတ်ရေးထိုးထားသည့် အသနားခံ စာကို ထားဝယ်မြို့နယ်ဈေးကော်မတီမှတစ်ဆင့် တိုင်းအစိုးရရုံးနှင့် စည်ပင် ဝန်ကြီးထံ လိပ်မူကာ တင်ပြထားသည်ဟု သိရသည်။ ကိုဗစ်မဖြစ်ခင်က ထားဝယ်ကမ်း နားဈေးနှင့် ပျံကျဈေးသည် နံနက် ၂ နာရီမှ ည ၈ နာရီအထိ ရောင်းသူဝယ်သူများဖြင့် စည်ကားနေပြီး ကိုဗစ်‌ ဖြစ်ပြီးနောက်ပိုင်းတွင် ထားဝယ်ကမ်း နားဈေးဖွင့်ချိန်ကို နံနက် ၅ နာရီမှ နေ့လယ် ၂ နာရီ အထိ အချိန်အကန့်အသတ်ဖြင့် ရောင်းချ ခွင့်ပေးထားသည်။ ကမ်းနားပျံကျဈေးပိတ်ချိန် နေ့လယ် ၂ နာရီမှ ခြံထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက်များကို ရောင်းချရသဖြင့် တစ်နိုင်တစ်ပိုင်ခြံစိုက်စားသူများနှင့် နယ်ဘက်မှ […]

အခြေခံလူတန်စားစာရင်း ပြန်ကောက်ပေးရန်တောင်းဆိုသည့်မေးခွန်း တိုင်းအစိုးရပယ်ချ

diz_admin

January 1, 2021

ကိုဗစ်ကာလ အခြေခံလူတန်းစားများကို ထောက်ပံ့သည့် ငွေကြေးကိစ္စ မြေပြင်အခြေအနေတွင် ရှုပ်ထွေးနေသဖြင့် စနစ်တကျ စာရင်းပြန်ကောက် ပေးရန် တိုင်းလွှတ်တော်တွင် ဒီဇင်ဘာလ ၂၂ ရက်က တင်ပြခဲ့သော်လည်း တိုင်း အစိုးရက ပယ်ချလိုက်သည်။ အစိုးရက စေတနာနှင့် ထောက်ပံ့ ကြေးပေးသော်လည်း မြေပြင်တွင် ဝေဒနာ သာဖြစ်ခဲ့ရခြင်းမှာ စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့်ဖြစ်ကြောင်း စာရင်းပြန် ကောက်ပေးရန် တောင်းဆိုခဲ့သည့် တိုင်းလွှတ်တော်ကိုယ်စာလှယ် ဒေါက်တာ ထူးနေအောင်က ထောက်ပြခဲ့သည်။ ယင်းကဲ့သို့ဖြစ်ရခြင်းမှာ အခြေခံ လူတန်းစား အဓိပ္ပာယ်သတ်မှတ်ချတ် သတ် သတ်မှတ်မှတ်မရှိခြင်း၊ စာရင်းစကောက်စဉ်က စနစ်တကျ မကောက်ခံခြင်း၊ စာရင်းကောက်ရန် အချိန်ပေးမှုနည်းပါးခြင်း၊ အုပ်ချုပ်ရေးမှူးအချို့က မြေပြင်တွင် အမှတ်တကယ် စာရင်းမကောက်ဘဲ ခန့်မှန်းခြေဖြင့် တင်ပြကြခြင်း၊ နီးစပ်သူများကို ခွဲဝေပေးခြင်းကြောင့် ထောက်ပံ့ကြေး အပြည့်မရခြင်း ဖြစ်ကြောင်း […]