ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထီးခီးမြို့ ပြ စီမံကိန်းအား မြေမြှုပ်မိုင်းရှင်း၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ဘဲ ဆောင်ရွက်ရန်လိုအပ်ဟုဆို

diz_admin

December 30, 2020

နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်လာမည့် ထီးခီးမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအား မြေမြှုပ်မိုင်းရှင်းလင်းပြီး သဘာဝပတ်ဝန်းကျင်အား မထိခိုက်စေဘဲ ဆောင်ရွက်သင့်ကြောင်း ထီးခီးမြို့ပြဖွံ့ဖြိုးရေး စီမံ ကိန်းရေးဆွဲခြင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ အစီရင်ခံစာအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးအပါအဝင် အဖွဲ့ဝင် ၁၁ ဦးပါဝင်သော အဖွဲ့က ကွင်းဆင်းစစ်ဆေးတွေ့ရှိချက် များဖြင့် ရေးဆွဲထားခြင်းဖြစ်သည်။ ယင်းမြို့ပြ စီမံကိန်းကို ဒီဇင်ဘာလ ၂၄ ရက်က ပြုလုပ်သည့် တိုင်းလွှတ် တော်ပုံမှန်အစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်သည်။ ယင်းစီမံကိန်းနေရာတွင် တစ်ချိန်က တိုင်းရင်းသားလက်နက်ကိုင်နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ အကြီးအကျယ်ဖြစ်ဖူးသည့်နေရာဖြစ်ပြီး မြေမြှုပ် မိုင်းဟောင်းများလည်းရှိနေသည်။ အချို့နေရာများသည် မိုင်းအန္တရာယ်ကြောင့် တားမြစ်နေရာများပင်ရှိခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်လထဲကပင် တားမြစ်နေရာတစ်ခုသို့ ငှက်ပစ်သွားသည့် ထီးခီးဒေသခံတစ်ဦး မြေမြှုပ်မိုင်း ဟောင်းနင်းမိ ပေါက်ကွဲပြီး သေဆုံးခဲ့ဖူးသည်။ ယင်းအတွက်ကြောင့် […]

ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ကိုဗစ်အကူးခံရ

diz_admin

December 29, 2020

ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်စိုးမိုးတွင် ကိုဗစ်ရောဂါကူးစက်ခံရသည့်အတွက် ထားဝယ်ပြည်သူဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ဦးအောင်စိုးမိုးမှာ ရန်ကုန်မှ ပြန်လာသည့်အတွက် ဒီဇင်ဘာလ ၂၇ ရက်နေ့က စစ်ဆေးရာ ကိုဗစ်ရောဂါပိုးတွေ့ရကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထားဝယ်ခရိုင်ဦးစီးမှူး ဒေါက်တာဥက္ကာက ဆိုသည်။ လက်ရှိတွင် ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း ၎င်းက ပြောသည်။ “ကောင်းပါတယ်၊ သူက အစကတည်းက ဘာရောဂါလက္ခဏာမှ ပြတာမဟုတ်ဘူးလေ” ဟု ဒေါက်တာဥက္ကာက ဆိုသည်။ ၎င်းမှာ ရန်ကုန်မှပြန်လာပြီးနောက် ကွာရန်တင်း ဝင်နေစဉ်စစ်ဆေးရာမှ ပိုးတွေ့ခဲ့ကြောင်း ၎င်းက ပြောသည်။ ၎င်း၏ ယာဉ်မောင်းဖြစ်သူကိုလည်း ကွာရန်တင်းစခန်းတွင် နေထိုင်စေပြီး  နမူနာယူစစ်ဆေးရာ ကိုဗစ်ပိုးမတွေ့ရကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ တိုင်းဒေသကြီးကျန်းမာရေးဌာန၏ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ စာရင်းအရ တနင်္သာရီတိုင်းအတွင်း […]

FDA က တစ်နှစ်အတွင်း အစားသောက်၊ ဆေးဝါးနှင့် အလှကုန် ကျပ်သိန်း ၅၀ ကျော်ဖိုး သိမ်းဆည်း

diz_admin

December 29, 2020

စားသုံးရန်မသင့်သည့် အစား အသောက်၊ သုံးစွဲရန်မသင့်သည့် ဆေးဝါးနှင့် အလှကုန်များကို တစ်နှစ်အတွင်း ကျပ်သိန်း ၅၀ ကျော်ဖိုး သိမ်းဆည်းရမိခဲ့ကြောင်း တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA )ထံမှ သိရသည်။ ထားဝယ်ခရိုင်တွင် ခန့်မှန်းတန်ဖိုး ကျပ် ၁၇၄၉၈၂၅၊ မြိတ်ခရိုင်တွင် ခန့်မှန်း တန်ဖိုး ကျပ် ၁၉၅၃၆၀၊ ကော့သောင်း ခရိုင်တွင် ခန့်မှန်းတန်ဖိုး ကျပ် ၃၄၈၃၇၅၀ ဖိုးခန့် သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါဌာန၏ တိုင်းဦးစီးမှူး ဒေါ်မေသန်းနိုင်က ပြောသည်။ ထားဝယ်ခရိုင်တွင် သိမ်းဆည်းရမိသည့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များထဲမှ ကျပ် ငါးသိန်းကျော်ဖိုးကို ဒီဇင်ဘာ ၁၇ ရက်နေ့က ထားဝယ်မြို့၊ တဂူသိမ်အမှိုက် ပုံတွင် တွင်းတူး၍ မြေမြှုပ်ဖျက်ဆီးခဲ့သည်ဟု အထက်ပါဌာနထံမှ သိရသည်။ ခွင့်မပြု၊ သက်တမ်းလွန်၊ […]

ကိုဗစ်ကြောင့် တနင်္သာရီ တိုင်းအစိုးရ ဝင်ငွေကျမည်

diz_admin

December 29, 2020

ကိုဗစ်ကပ်ဘေးကြောင့် တနင်္သာရီ တိုင်းဒေသကြီး၏ ရငွေမှာ လျာထားချက်ထက် လျော့နည်းမည်ဖြစ်ကြောင်း ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးနေလင်းထက်က ပြောသည်။ လက်ရှိဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်း၏ ရငွေမှာ ငွေကျပ်သန်းပေါင်း ၁၅၀ဝ၀ ကျော်ရှိမည်ဟု ခန့်မှန်းတွက်ချက် ထားသော်လည်း ကိုဗစ်ကပ်ဘေးကြောင့် အမှန်တကယ်ရငွေ လျော့နည်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းရငွေ ပမာဏအနက် တိုင်းအစိုးရအဖွဲ့ရုံးမှ ကောက်ခံရန်လျာထားသည့် အခွန်နှင့် သာမန်ရငွေမှာ ငွေကျပ် သန်းပေါင်း ၇၀ဝ၀ ကျော်ရှိကြောင်း တိုင်းဒေသကြီး ငွေစာရင်းဆိုင်ရာ အချက်အလက်စာစောင်အရ သိရသည်။ အဆိုပါရငွေထဲတွင် နေ့ချင်းပြန် ခရီးသည်များအပေါ် ကောက်ခံသည့် ဇုန်ဝင်ကြေး၊ စက်တပ်ရွက်လှေများကို ကောက်ခံသည့် Royal Fee ၏ ၄၀ ရာခိုင်နှုန်း၊ ဓာတ်သတ္တုပစ္စည်းထုတ် လုပ်မှုအပေါ် ကောက်ခံရသည့် အခွန်အကောက် […]

ထားဝယ်တွင် ဖောက်ခွဲရေးသုံး လျှပ်စစ်ဒီတိုနေတာ တစ်ထောင် ဖမ်းမိ

diz_admin

December 29, 2020

ထားဝယ်မြို့၊ မောင်မယ်ရှောင် ကျေးရွာအနီးရှိ ရှစ်မိုင် ကုန်တင်ယာဉ် ရပ်နားစခန်းတွင် ဖောက်ခွဲရေးသုံး လျှပ်စစ်ဒီတိုနေတာ ၁၀ဝ၀ ချောင်း ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဆိုပါကုန်တင်ယာဉ်ရပ်နားစခန်းတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က သတင်းအရ စောင့်ဆိုင်းနေစဉ် ရေးမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ မောင်းနှင်လာ သည့် Light Truck ကား၏ ယာဉ်နောက်လိုက်မှ စူငယ်ဘာလိုင်းကျေးရွာနေ အသက် ၅၄ နှစ်အရွယ်ရှိ အမျိုးသားမောင်းနှင်သည့် Ford DC RANGER ကားပေါ်သို့ အထုပ်တစ်ထုပ်တင်ပေးနေသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။ အဆိုပါအထုပ်အား ဖွင့်ဖောက်စစ် ဆေးရာ စက္ကူဘူးအတွင်းထည့်ထားသည့် လျှပ်စစ်ဒီတိုနေတာအချောင်းရေ ၁၀ဝ၀ ကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အထက်ပါ အမျိုးသားသုံးဦးကို […]

တနင်္သာရီမြို့တွင် ကိုဗစ်လူနာ စတွေ့

diz_admin

December 29, 2020

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ပထမဦးဆုံးအဖြစ် အမျိုးသားတစ်ဦးတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်အနက် ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ လောင်းလုံး၊ မြိတ်၊ ပုလော၊ ကျွန်းစု၊ ဘုတ်ပြင်းနှင့် ကော့သောင်း စသည့် ကိုးမြို့နယ်တွင် ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ကိုဗစ်လူနာ များရှိနေခဲ့ပြီး တနင်္သာရီမြို့တစ်မြို့သာ ကိုဗစ်ကင်းစင်နေခဲ့ခြင်းဖြစ်သည်။ ကိုဗစ်ပိုးတွေ့ရှိသည့် အမျိုးသားမှာ ပဲခူးတိုင်းဒေသကြီးမှ အလုပ်လုပ်ရန်လာ ရောက်သူတစ်ဦးဖြစ်ကာ တနင်္သာရီ ခန်းမတွင် ကွာရန်တင်းဝင်နေသူဖြစ်သည်။ လက်ရှိတွင် တနင်္သာရီမြို့နယ်ပြည်သူ့ ဆေးရုံ၌ ထားရှိကာ စောင့်ကြည့်ကုသပေး လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပိုးတွေ့သူနှင့် ထိတွေ့ ဆက်စပ်သူတို့အား […]

မဟာချိုင်ငါးဈေးတွင် လူရာချီကိုဗစ်ပိုးတွေ့သဖြင့် မောတောင်နယ်စပ်ဂိတ် ရက်အကန့်အသတ်မရှိ ပိတ်မည်

diz_admin

December 29, 2020

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်ရှိ မဟာချိုင်ငါးဈေးတွင် လူရာချီကိုဗစ်ပိုး တွေ့သဖြင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်-စင်ခွန်းနယ်စပ်ဂိတ်အား ဒီဇင်ဘာလ ၂၄ ရက်နေ့မှစပြီး ထိုင်းဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်မည်ဖြစ်ကြောင်း မြိတ်-ပရာကျွပ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လအတွင်းမှစပြီး မောတောင်-စင်ခွန်းအထူးယာယီနယ် စပ်ဂိတ်မှ လူအဝင်အထွက်အား ပိတ်ထားခဲ့ပြီး မြန်မာဘက်မှ ကုန်ခြောက်များနှင့် မြိတ်ဒေသထွက်ပလာတူး၊ ကဏန်း၊ ကင်းမွန်၊ ဂျင်းစသည့် အအေးခန်း အခဲတုံးတို့အား ကုန်သွယ် ခွင့်ပြုပေးထားခြင်းဖြစ်သည်။ ယခုအခါ အဆိုပါ ကုန်သွယ်ခွင့်ကိုလည်း ရက်အကန့်အသတ်မရှိ ဆိုင်းငံ့ မည်ဖြစ်သည်။ “မောတောင်ကနေသွားတဲ့ လုပ်ငန်း အားလုံးရပ်ဆိုင်းရလိမ့်မယ်” ဟု မြိတ်မြို့နေ အသက် ၃၀ ကျော်ရှိ ရေထွက်‌ကုန် တင်ပို့ရောင်းချနေသူ တစ်ဦးက ပြောသည်။ ထိုင်းဘက်မှ နယ်စပ်ဂိတ်ပိတ်သည့်အတွက် […]

မြန်မာငါးလှေများ ရနောင်းသို့ တင်ပို့ရောင်းချခွင့် စည်းကမ်းချက်အချို့ သတ်မှတ်ပြီး ဆက်လက်ခွင့်ပြု

diz_admin

December 29, 2020

လတ်တလောဖြစ်ပေါ်နေရသည့် ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်ရှိ မဟာချိုင် ငါးဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုကြောင့် မြန်မာငါးလှေများ ရနောင်းဆိပ်ကမ်းသို့ တင်ပို့ရောင်းချခွင့်အား စည်းကမ်းချက်အချို့သတ်မှတ် ပြီး ဆက်လက်ခွင့်ပြုခဲ့ကြောင်း မြိတ်-ပရာကျွတ်မောင်နှမမြို့ ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ မဟာချိုင်ငါးဈေးကြီးတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိသူ ၇၀ဝ ဦးခန့်ရှိခဲ့ပြီး မြန်မာဘက်ရှိ ကိုဗစ် ပိုးကူးစက်မှုအခြေအနေတို့အား ခြုံငုံသုံးသပ်ကာ နယ်စပ်ဂိတ်များ ဖွင့်၊ မဖွင့်ကို ရနောင်းခရိုင် တာဝန်ရှိသူများ၊ ရနောင်း ခရိုင်ကုန်သည်ကြီးများအသင်း၊ ရနောင်း ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ငါးဂိုဒေါင် ပိုင်ရှင်များပါဝင်သည့် အစည်းအဝေးကို ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။ အစည်းအဝေးတွင် လက်ရှိ ရနောင်းခရိုင်၏ စီးပွားရေးသည် ရေလုပ်ငန်းနှင့် နှစ်ရှည်သီးနှံစိုက်ပျိုးရေးကို အားထားနေရသဖြင့် ရေလုပ်ငန်းကဏ္ဍကို စည်းကမ်းချက်အချို့သတ်မှတ်ကာ ဆက်လက် […]