ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကိုဗစ်၊ အင်တာနက်လိုင်းနှင့် ကျေးလက်၏ ကလေးများ

diz_admin

December 27, 2020

ကိုဗစ်ကာလ အချိန် ကြာလာသည်နှင့်အမျှ ကျေးလက်တွင် နေထိုင်သော ကလေးများသည် လိုင်းမမိသည့်အတွက် အခက်အခဲ တွေ့နေကြရသည်။ ကိုဗစ်ကာလအတွင်း စာသင်ကျောင်းများ ရပ်နားထားသော်လည်း အားလပ်ချိန်အတွင်း မြို့ပြရှိ ကလေးများသည် မိမိ တို့ ဝါသနာပါသော အသိပညာ၊ အတတ်ပညာ အရပ်ရပ်ကို အွန်လိုင်းစနစ်ဖြင့် သင်ယူတတ်မြောက်ခွင့် ရကြသည်။ ထိုသို့ အသိပညာ၊ အတတ်ပညာ အသီးသီးကို အခမဲ့ သင်ကြားပေးနေသော ဖေ့စ်ဘုတ်ပေ့ချ်များ၊ အဖွဲ့အစည်းများ၊ သင်တန်းကျောင်းများလည်း များစွာ ရှိနေကြသည်။ ကျေးလက်တွင် နေထိုင်သော ကလေးများသည်ကား ဖုန်းလိုင်းမမိခြင်း၊ အင်တာနက်လိုင်း မကောင်းခြင်းတို့အတွက် Zoom Application ကို အသုံး ပြုရန် မဖြစ်နိုင်ပေ။ ယခုလက်ရှိ အသိပညာများ မျှဝေရာတွင် အသုံးပြုသည်ကလည်း Zoom Application သာ အများဆုံးဖြစ်သည်။ […]

ကိုဗစ်ကူးစက်မှု လူထုအကြား ပျံ့နှံ့နေပြီဟုဆို

diz_admin

December 26, 2020

မွန်ပြည်နယ်လူထုအကြားတွင် ကိုဗစ်ကူးစက်မှု ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီနေဟု ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။ ယခင်က ကိုဗစ်အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ၊ ခရီးသွားရာဇဝင်ရှိသူတို့ တွင် ပိုးတွေ့ရှိလေ့ရှိသော်လည်း ယခု နောက်ပိုင်းတွင် အတည်ပြုလူနာနှင့် ထိ‌တွေ့မှုမရှိသည့်အပြင် ခရီးသွား ရာဇဝင်လည်း မရှိဘဲ အနံ့မရသည့် လက္ခဏာပြရာမှတစ်ဆင့် ပိုးတွေ့ရှိလာသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာ ရေးဌာန ဒု-ပြည်နယ်မှူး ဒေါက်တာဝတ်မှုံ က ပြောသည်။ “အရင်တုန်းကဆိုရင် ဆက်စပ်ထိ တွေ့ခဲ့သူတွေရှိမှ ပိုးတွေ့တာပေါ့။ ဒီ နောက်ပိုင်း လူထုထဲမှာ ကူးစက်ပျံ့နှံ့မှုပေါ့။ ဒေသတွင်း ကူးစက်မှုရှိနေတာပေါ့” ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ပြည်နယ်အတွင်း အနံ့မရလက္ခဏာပြသူများလာပြီး အနံ့မရသူ ၁၀ ဦးကို စစ်ဆေးလိုက်လျှင်လည်း ကိုးဦးတွင် ပိုးတွေ့ရှိသည်ဟုလည်း ဒေါက်တာဝတ်မှုံက […]

ဝဲကျွန်းထိန်သစ်ရပ်ကွက်တွင် အားကစားကွင်းရရန် ကြိုးစားနေသည်ဟုဆို

diz_admin

December 26, 2020

ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ် ရပ်ကွက်တွင် အားကစားကွင်းရရန် ကြိုးစားနေသည်ဟု ထားဝယ်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။ လေယာဉ်ပျံကွင်း အနောက်ဘက်၊ တဂူသိမ်ဈေးအရှေ့ဘက်ခြမ်းရှိ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေကို အခြားနည်းအသုံးပြုခွင့်တင်ထားပြီး ခွင့်ပြုချက်ကျပါက ဘောလုံးအားကစားကွင်းပြုလုပ်မည်ဖြစ်ကြောင်း ဦးအောင်ဝင်းက ပြော သည်။ “ဆရာတို့က အဓိကတော့ မူးယစ်ဆေးဝါးဘက်ကို မရောက်အောင် အာရုံ လွှဲဖို့အတွက်ပေါ့” ဦးအောင်ဝင်းက ဆိုသည်။ အဆိုပါမြေနေရာကို လာမည့်နှစ်တွင် အခြားနည်းအသုံးပြုခွင့်ရရန် ကြိုးစားနေပြီး အခြားနည်းအသုံးပြုခွင့်ရပါက ဘောလုံးအားကစားကွင်း၊ ပိုက်ကျော်ခြင်းနှင့် အခြား အားကစားပစ္စည်းများ လုပ်ဆောင်မည်ဟု ရည်ရွယ်ထားကြောင်း ၎င်းက ပြောသည်။ ပြီးခဲ့သည့်လွှတ်တော်သက်တမ်းတွင် ဝဲကျွန်းထိန်သစ်ရပ်ကွက်တွင် အားကစားကွင်းပြုလုပ်ပေးရန် ရှိ/မရှိ ကို လွှတ်တော်တွင် ကြယ်ပွင့်မပြမေးခွန်းဖြင့် မေးမြန်းခဲ့ရာ စည်ပင်ဝန်ကြီး ဦးဟိုပင်က မြေနေရာရှိပါက အားကစား ကွင်းပြုလုပ်ပေးမည်ဟု ပြန်လည်ဖြေကြားခဲ့သည်ဟု ဦးအောင်ဝင်းက […]

လယ်သမားတစ်ဦး မိုးကြိုးထိမှန် သေဆုံး

diz_admin

December 26, 2020

ဆောင်းရာသီဖြစ်သော်လည်း ရုတ်တရက်မိုးများရွာပြီး မိုးကြိုးများ ပစ်ခတ်မှုကြောင့် လယ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့ ထံမှသိရသည်။ ကျွန်းစုမြို့နယ်၊ ညောင်ဘီးကျေးရွာ အုပ်စု၊ ပဲယာကျေးရွာတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က ရုတ်တရက်မိုးများရွာကာ မိုးကြိုးများ ပစ်ခတ်ခဲ့ခြင်းကြောင့် ယင်း ကျေးရွာသားတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူသည် အသက် ၂၇ နှစ်ရှိ သင်္ချာ တတိယနှစ် တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်ပြီး လယ်ကွင်းအတွင်း စပါးရိတ်နေရာမှ မိုးများရွာလာသည့်အတွက် လယ်တဲအတွင်း ဝင်ရောက်စဉ် ပစ်ခတ်ခြင်း ခံခဲ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ကနဦးစစ်ဆေးချက်အရ သေဆုံး သူ၏ ရင်ဘတ်၊ လက်မောင်းနှင့် ခြေသလုံးရှိ အရေပြားတို့တွင် မီးလောင်ဒဏ်ရာများ တွေ့ရှိရကြောင်း အထက်ပါမှတ်တမ်းအရ သိရသည်။ သေဆုံးသူ၏ ရုပ်အလောင်းကို သဇင်နယ်မြေရဲစခန်းမှတစ်ဆင့် မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ […]

စိုက်ပျိုးရေးနှင့် သောက်သုံးရေကိစ္စအတွက် ကျပ်သန်း ၃၀ဝ၀ နီးပါး သုံးမည်

diz_admin

December 26, 2020

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနက လုပ်ငန်း ၄၄ ခု အတွက် ကျပ်သန်း ၃၀ဝ၀ နီးပါး သုံးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။ စိုက်ပျိုးရေရရှိရေးလုပ်ငန်းများအတွက် ရေထိန်းတံခါးအသစ် ခြောက်ခု တည်ဆောက်ရန် ကျပ် ၇၀၅ သန်း၊ သောက်သုံးရေရရှိရေးလုပ်ငန်းတွင် ရေဝေတိုင်များတပ်ဆင်ခြင်းလုပ်ငန်း တစ်ခုအတွက် ကျပ် ၂၁ သန်း သုံးမည်ဖြစ်ကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။ ထို့အပြင် ရေဘေးကာကွယ်ရေး လုပ်ငန်းတွင် တာတမံပြုပြင်ခြင်းလုပ်ငန်း ၂၆ ခု အတွက် ကျပ် ၁၇၆၃ သန်း၊ ချောင်းကောတူးဖော်ခြင်းလုပ်ငန်း ၁၁ ခုအတွက် ကျပ် ၃၈၀ သန်းနှင့် အခြား ဆက်စပ်လုပ်ငန်းများ ပါဝင်သည်။ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ(ငွေလုံး)ဖြင့် လုပ်ငန်း ၄၄ ခုအတွက် […]

မီးပုံးပျံဦးကျော်ရင်အကြောင်း တူးဆွကြည့်ခြင်း

diz_admin

December 26, 2020

မြန်မာနိုင်ငံရဲ့ ပထမဆုံး လေသူရဲလို့ တင်စားခေါ်ဆိုကြတဲ့ မီးပုံးပျံ ဦးကျော်ရင်အထိမ်းအမှတ်အနေနဲ့ သူ့ရဲ့ ဇာတိရွာမှာ မီးပုံပျံတစ်လုံး လွှတ်တင်ခဲ့တဲ့အကြောင်း သတင်အတိုလေး တစ်ပုဒ်ကို Dawei Watch သတင်းဌာန Facebook မှာ နိုဝင်ဘာ ၂၉ ရက်က ဖော်ပြခဲ့ပါတယ်။ အတော်များများက အဲဒီသတင်း တိုလေးကို စိတ်ဝင်တစားရှိ ကြတာကိုလည်း သတိပြုမိခဲ့ပါတယ်။ အဲဒါကြောင့် ဦးကျော်ရင်နဲ့ပတ်သက်ပြီး တစ်ခုခုရေးဖို့ စိတ်ကူးမိခဲ့ပါတယ်။ အားလုံးသိပြီးသားဖြစ်တဲ့ ဦးကျော်ရင် အကြောင်းကတော့ ဒီနေရာမှာ ထွေထွေ ထူးထူးရေးဖို့မရှိပါဘူး။ စာရေးဆရာ တွေကလည်း ရှုထောင့်ပေါင်းစုံကနေ ဦးကျော်ရင်အကြောင်းကို ရေးသားထား ပြီးသားဖြစ်ပါတယ်။ အခုကတော့ ဦးကျော်ရင်မွေးရပ်က ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ သူတို့ရဲ့ လက်ရှိလုပ်ဆောင်ချက်တွေနဲ့ သူ့ဆွေမျိုးတွေအကြောင်း လေ့လာ စေ့ငုမိသမျှ ဖော်ပြမှာဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဦးကျော်ရင်ဟာ […]

ဆောင်းသီးနှံအတွက် ကျပ်သန်း ၁၀ဝ ကျော် ထုတ်ချေးရန်လျာထား

diz_admin

December 25, 2020

တနင်္သာရီတိုင်းတွင် နွေစပါးနှင့် ဆောင်းရာသီ သီးနှံထုတ်လုပ်မှုအတွက် ကျပ်သန်းတစ်ရာကျော်(၁၁၆ ဒသမ ဝ၅)သန်း ထုတ်ချေးရန်လျာထားကြောင်း တိုင်းဒေသကြီးမြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်ခွဲထံမှ သိရသည်။ နိုဝင်ဘာလမှ ဇန်နဝါရီလကုန်အထိ ဆောင်းသီးနှံချေးငွေထုတ်ချေးမည်ဖြစ်ပြီး လက်ရှိတွင် နွေစပါးအတွက် ကျပ် ၄၄ ဒသမ ၈၅ သန်းထုတ်ချေးထား ပြီးဖြစ်သည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ် တိုင်းဒေသကြီးဘဏ်ခွဲ တိုင်းမန်နေဂျာ ဒေါ်မိုးမိုးလွင်က ပြောသည်။ “အခုကတော့ ထုတ်ချေးဆဲပဲပေါ့နော်” ဟု ၎င်းက ပြောသည်။ နွေစပါးနှင့် ဆောင်းသီးနှံကို ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ ပုလောမြို့နယ်များတွင် ထုတ်ချေးရန်လျာထားပြီး နွေစပါး ၆၀၉ ဧက၊ နှမ်း ၉ ဧကနှင့် မတ်ပဲ ၂၃၈ ဧက၊ စုစုပေါင်း ၈၅၆ ဧက ထုတ်ချေးမည်ဖြစ်သည်ဟု အထက်ပါဘဏ်ခွဲ၏ […]

ကျွန်းစုရေပြင်တွင် အရှည် ၂၆ ပေ ရှိ ငါးအသေတစ်ကောင်တွေ့

diz_admin

December 25, 2020

မြိတ်ခရိုင် ကျွန်းစုမြိုနယ်၊ ဝဲကျွန်း ကျေးရွာ၊ သဲဂလပ်အလုပ်စခန်းအနီးရှိ ပင်လယ်ရေပြင်တွင် ဒီဇင်ဘာလ ၁၇ ရက်နေ့က အရှည် ၂၆ ပေ၊ လုံးပတ် ၁၂ ပေ ရှိ ဝေလငါးမန်း (Whale Shark)ဟု ယူဆရသည့် ငါးအမ အသေတစ် ကောင်တွေ့ ရှိခဲ့ကြောင်း ယင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးညီညီ လင်းထွဋ်ထံမှ သိရသည်။ သဲဂလပ်အလုပ်စခန်းအနီးရှိ ပင်လယ် ရေပြင်တွင် ပုတ်ပွလျက် မျောနေသည်မှာ ခုနစ်ရက်ခန့်ရှိနေပြီး ငါး၏ ဦးခေါင်း နောက်ကျောဘက်တွင် တစ်ပေခန့်ရှိ ထိခိုက်ဒဏ်ရာတစ်ခုရှိနေကာ အဆိုပါ ငါးကိုတွေ့ရှိသည့် နေရာသည် ရေစီးကြမ်းပြီး ဝဲဂယက်များရှိနေကြောင်း ၎င်းက ဆိုသည်။ ဝေလငမန်းဟု ခန့်မှန်းထားသော်လည်း ငါးအမျိုးအစားအား အတည်ပြုနိုင်ရန် မြိတ်တက္ကသိုလ်အဏ္ဏဝါသိပ္ပံဌာနကို အချက်အလက်များ ပေးပို့ထားကာ […]