ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော့သောင်းတွင် ကွာရန်တင်းဝင် အမျိုးသမီးနှစ်ဦး ကိုယ့်သဘောဖြင့်ကိုယ် အပြင်ထွက်

diz_admin

December 25, 2020

ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံး ကျေးရွာ ဘောလုံးကွင်းရှိ ကွာရန်တင်း စင်တာမှ အမျိုးသမီးနှစ်ဦးမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က မိမိတို့ သဘောဆန္ဒဖြင့် ပြင်ပသို့ထွက်ခွာခဲ့ကြောင်း ယင်း ကွာရန်တင်းစင်တာ တာဝန်ခံ ဦးဇင်ကိုဦး ထံမှ သိရသည်။ အဆိုပါ အမျိုးသမီးနှစ်ဦးမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကွာရန်တင်းရက်ပြည့်မည်ဖြစ်ပြီး အပြင်သို့ ထွက်ခွင့်ရှိသည်အထင်ဖြင့် ထွက်သွားခြင်းဖြစ်ကြောင်း ကွာရန်တင်းစင်တာ တာဝန်ခံ ဦးဇင်ကိုဦးက ပြောပြသည်။ “အသိမပေးဘဲနဲ့ သူတို့ဟာသူတို့ ထွက်သွားကြတာ” ဟု ၎င်းက ပြော သည်။ ကွာရန်တင်းစင်တာမှ ပြင်ပသို့ ထွက်ခွာသူနှစ်ဦးအနက် တစ်ဦးမှာ နေရပ်ဖြစ်သည့် မြိတ်သို့ပြန်ရန် လိုအပ် သည့်ပစ္စည်းများအား ကော့သောင်းမြို့ပေါ်တွင် သွားရောက်ဝယ်ခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာ ကျေးရွာသို့ ပြန်ခဲ့ခြင်းကာ နာရီပိုင်းအတွင်း ပြန်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက […]

ဗုဒ္ဓကောလိပ် သင်တန်းပို့ချနေသော်လည်း စာမေးပွဲကျင်းပရန် မသေချာ

diz_admin

December 25, 2020

ကိုဗစ်ကာလအတွင်း ထားဝယ်ဗုဒ္ဓ ကောလိပ်ကို ဖွင့်ထားပြီး သင်တန်းကို အွန်လိုင်းမှ ပို့ချနေသော်လည်း စာမေးပွဲ ကျင်းပရန်မှာ မသေချာသေးကြောင်း ယင်းကောလိပ် မော်ကွန်းထိန်းဆရာ တော် ဦးစိန္တိတက မိန့်ကြားသည်။ ပုံမှန်အားဖြင့် စာမေးပွဲကို နှစ်စဉ် နိုဝင်ဘာလထဲတွင် ကျင်းပခြင်းဖြစ်သည်။ သို့သော် ယခုနှစ်တွင်မူ ကိုဗစ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် လူစု၊ လူဝေးမလုပ်ရဆိုသည့် စည်းကမ်းချက်ကြောင့် စာမေးပွဲကျင်းပရန် မသေချာ ခြင်းဖြစ်သည်။ “ဒီနှစ်ကတော့ ကိုဗစ်ကန့်သန့်ချက် တွေရှိနေတာဆိုတော့ မကျင်းပ ဖြစ်ဖို့ပဲ များပါတယ်။ သင်ခန်းစာတွေကိုတော့ အွန်လိုင်းကပို့ချပေးနေပါတယ်” ဟု ဦးစိန္တိတက မိန့်သည်။ ကိုဗစ်ကန့်သတ်ချက်များကို ဖြေလျှော့သည့်အချိန် ဗုဒ္ဓကောလိပ်ရုံးချုပ် တွင် စာမေးပွဲကျင်းပမည့်ရက်ကို ကြေညာပါက အဆင်သင့်ဖြစ်နေရန်အတွက် အွန်လိုင်းစနစ်ဖြင့် သင်တန်းပို့ချနေခြင်းဖြစ်ကြောင်း ၎င်းက မိန့်ကြားသည်။ မြို့မယဉ်ငေးရိပ်သာသနာ့ဝင်းအတွင်းဖွင့်ထားသော ထားဝယ်ဗုဒ္ဓကော […]

နှစ်နှစ်အတွင်း ဆင်သုံးကောင် အသတ်ခံရ၊ ဆင်နှင့် လူ စားကျက်လုရာမှ အသတ်ခံခြင်းဖြစ်နိုင်ဟုဆို

diz_admin

December 25, 2020

ကော့သောင်းခရိုင်တွင် ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း တောဆင်ရိုင်း သုံးကောင် အသတ်ခံရကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တော ဦးစီးဌာနထံမှ သိရသည်။ ၂၀၁၉ ခုနှစ်မှ လက်ရှိအချိန်ထိ သတ်ဖြတ်ခြင်းခံရကြောင့် သေဆုံးခဲ့သည့် ဆင်ကောင်ရေဖြစ်သည်။ အသတ်ခံရသည့် ဆင်များ၏ အစွယ်၊ ခွာနှင့် နှာမောင်းကို ဖြတ်တောက်ယူဆောင်သွားခြင်းမရှိသည့်အတွက် ဆင်လိုက်မုဆိုးများ၏ သတ်ဖြတ်ခြင်းမဖြစ်နိုင်ကြောင်း သစ်တောဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်သိန်းထွန်းက သုံးသပ်သည်။ အခြားတိုင်းနှင့် ပြည်နယ်များတွင် ဆင်အသတ်ခံရပါက အစွယ်၊ နှာမောင်းများကို ဖြတ်တောက်ယူဆောင် သွားလေ့ရှိသည်။ ထိုကြောင့် လက်ရှိတွေ့ရသည့် အခင်းအကျင်းအရ ဆင်နှင့် လူကြားတွင် စားကျက်လုနေရသည့် ပဋိပက္ခကြောင့် သတ်ဖြတ်ခံရခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါဒေသတွင် ဥယျာဉ်ခြံမြေဖော်ထုတ်မှုများပြားခြင်း၊ ဆီအုန်းစိုက် ခင်းများလာခြင်း အစရှိသည့် မြေအသုံးချမှုများလာသည့်အတွက် ဆင် စားကျက်များပျောက်လာကြောင်း ဦးမြင့်သိန်းထွန်းက […]

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သံတုံးဖြင့်ပစ်သူအား အမှုဖွင့်

diz_admin

December 24, 2020

‌ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သံတုံးဖြင့် ပစ်ပေါက်ခဲ့သည့် အမျိုးသားအား ထောင်ဒဏ်တစ်နှစ်ချမှတ်နိုင်သည့် ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဆိုပါအမျိုးသားကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၃၆(အခြားသူ၏ အသက်ကို သို့မဟုတ် လုံခြုံရေးကို ဘေးဖြစ်စေသော ပြုလုပ်မှု) ဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။ လူခိုးသယ်သည်ဆိုသည့် အုပ်ချုပ်ရေးမှူးအား တာဝန်ရပ်စဲ၊ ယာဉ်မောင်းဖြစ်သူကို အမှုဖွင့် ထိုဥပဒေပုဒ်မကို ကျူးလွန်ပက တစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငါးသောင်းကျပ်အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။ အဆိုပါ အုပ်ချုပ်ရေးမှူးရုံးတွင် ဒီဇင်ဘာလ ၇ ရက် ည ၉ နာရီခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူရှိနေစဉ် ယင်းရပ်ကွက်နေ အသက် ၃၃ နှစ် […]

မြန်မာ့ရေပိုင်နက်အတွင်း ကျူးကျော်ငါးမျှားသူ ထိုင်းနိုင်ငံသား ၂၀ ကို ချစ်ကြည်ရေးအတွက် ပြန်လွှတ်

diz_admin

December 24, 2020

မြန်မာ့ရေပိုင်နက်အတွင်း ကျူး ကျော်ငါးမျှားခဲ့သည့် ထိုင်းနိုင်ငံသား ၂၀ ဦးအား နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ဒေသဆိုင်ရာအာဏာပိုင်များက ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပြန်လည်လွှဲပြောင်းခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာကော့သောင်း မြို့နယ် ဦးစီးမှူးရုံး(လဝက)ထံမှ သိရသည်။ ကော့သောင်း အက်ဒမန်ပင်လယ် မြန်မာ့ရေပိုင်နက်အတွင်း ကျူးကျော် ဝင်ရောက်ကာ ငါးမျှားနေသည့် ထိုင်းအပျော်စီးလှေတစ်စီးကို တပ်မတော်ရေ က နိုဝင်ဘာ ၇ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ဖမ်းမိသူများတွင် ထိုင်းနိုင်ငံသား ၂၁ ဦး၊ တရုတ်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသား နှစ်ဦးတို့ ပါဝင်သည်ဟု ကော့ သောင်းငါးလုပ်ငန်းဦးစီးဌာနနှင့် ကော့သောင်းမြို့နယ် လဝကထံမှ သိရသည်။ ဖမ်းမိခဲ့သူများကို တပ်မတော် (ရေ)က ကော့သောင်း လဝကသို့ လွှဲပြောင်းအပ်နှံခဲ့သည်ဟု အထက်ပါဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တပ်မတော်(ရေ)က […]

မွန်တွင် HIV ဝေဒနာရှင် နှစ်စဉ် ၅၀ဝ မှ ၁၀ဝ၀ အကြား တိုးလာဟုဆို

diz_admin

December 24, 2020

မွန်ပြည်နယ်အတွင်း HIV ဝေဒနာ ရှင်ဦးရေမှာ နှစ်စဉ် ၅၀ဝ မှ ၁၀ဝ၀ အကြား တိုးလာနေသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန ခုခံအားကျ ဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့တို့ထံမှ သိရ သည်။ မွန်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်အထိ စာရင်း အရ HIV ဝေဒနာရှင် ၇၀ဝ၀ ခန့်ရှိသည် ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာမင်းသူက ပြောသည်။ “တစ်နှစ်နဲ့တစ်နှစ်က များလာတယ်။ ၅၀ဝ ကနေ ၁၀ဝ၀ ကြားကနေ တက်လာတယ်။ ဆိုလိုတာက ဒီနှစ် ၇၀ဝ၀ ဆိုလို့ရှိရင် နောင်နှစ် ၇၅၀ဝ နဲ့ ၈၀ဝ၀ ကြား တက်သွားတယ်။ အဲလိုဖြစ် နေတယ် […]

တရားမဝင် မြေကွက်ရိုက်ရောင်းချမှု တိုင်းအစိုးရ မထိန်းချုပ်နိုင်သေး

diz_admin

December 24, 2020

တရားမဝင် မြေကွက်ရိုက်ရောင်း ချပါက ကျောသားရင်သားမခွဲခြားဘဲ ထိထိရောက်ရောက်ရောက် အရေးယူမည် ဟု တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမြင့်မောင်က ပြောကြားထားသည်။ ယခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောဆိုထားခြင်း ဖြစ်ပြီး ယခင်ကလည်း ယင်းကဲ့သို့ ပြောဆိုခဲ့ဖူးသည်။ သို့သော် လက်ရှိအချိန်ထိ သစ်ပင် အပြောင်ရှင်းပြီး မြေအကွက်ရိုက်ရောင်းချမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြဆဲ ဖြစ်သည်။ အချို့နေရာများတွင် ရော်ဘာခြံ ကိုဝယ်ယူပြီးနောက် ရော်ဘာပင်များကို အပြောင်ရှင်းကာ အကွက်ရိုက်ရောင်း ချနေကြသည်။ တန်ဖိုးအသင့်အတင့်ရှိသည့် အဆိုပါမြေကွက်များကို နေထိုင်ရန် အခက်အခဲရှိသည့် အခြေခံလူတန်းစားများ ဝယ်ယူကြသကဲ့သို့ အမြတ်အစွန်း ရရှိရေးအတွက်ရည်ရွယ်ပြီး တစ်ဆင့်ခံ ဝယ်ရောင်းလုပ်သူများလည်း ဝယ်ယူထား ကြသည်။ လက်ရှိတွင်လည်း လောင်းလုံးမြို့ နယ်အတွင်းရှိ တောရှည်ကျေးရွာအဝင် […]

ရှေးဟောင်းစ္စည်းအပ်နှံပါက ဆုကြေးတိုးပေးရန်စီစဉ်

diz_admin

December 23, 2020

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများ အပ်နှံလာပါက ပေးအပ်သည့် ဆုကြေးကို ခေတ်ကာလနှင့်အညီ တိုးမြှင့်ပေးရန် တွက်ချက်နေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ထားဝယ်ဌာနခွဲထံမှ သိရသည်။ ဆုချီးမြှင့်ရာတွင် လာရောက်အပ်နှံသည့် ပစ္စည်း၏ ကာလတန်းဖို၊ ခေတ်ဆုကြေး၊ လက်ရာကြေး တို့ကိုပေါင်းကာ ဆုချီးမြှင့်ခြင်းဖြစ်သည်၊။ ဥပမာ ပုဂံခေတ်သုံး တစ်ကျပ်သား ရွှေထည်ပစ္စည်းတစ်ခုခုကို လာရောက် အပ်နှံပါက ရွှေတစ်ကျပ်သားကာလ ပေါက်ဈေး၊ ပုဂံခေတ်ဖြစ်သောကြောင့် ခေတ်ကြေးအဖြစ် ရွှေတန်ဖိုး၏ ၇၀ ရာခိုင်နှုန်း၊ လက်ရာပစ္စည်းမပျက်စီးသေးဘဲ ကောင်းမွန်နေလျှင် ရွှေတန်ဖိုး၏ ၇၀ ရာခိုင်နူန်း၊ အသင့်အတင့်ဆိုလျှင် ၆၀ ရာခိုင်နှုန်း စသည်ဖြင့် ပေါင်းကာ ဆုကြေးအဖြစ် ချီးမြှင့်ခြင်းဖြစ်သည်။ “ဒီလိုဆုကြေးကိုထိုက်ထိုက်တန်တန်ပေးအပ်မှာသာ ဒေသအတွင်းက ရှေးဟောင်းအမွေအနှစ်တွေ အခြားနိုင်ငံ ရောက်သွားမှာကို ကာကွယ်နိုင်တာပေါ့” ဟု ရှေးဟောင်းသုတေသနနှင့် […]