ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော့သောင်းကြက်ဝိုင်း ရဲဝင်ဖမ်း

diz_admin

December 29, 2020

ကော့သောင်းမြို့နယ်၊ မလိဝမ်း ကျေးရွာအုပ်စုရှိ ယုဇနဆီအုန်းခြံအတွင်း ကြက်တိုက်လောင်းကစားလုပ်နေသူများကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဆိုပါကြက်ဝိုင်းအား သတင်းအရ ဝင်ရောက်ဖမ်းဆီးရာတွင် ဆီအုန်းခြံ၏ မြေကွက်လပ်ပေါ်တွင် ကြက်တိုက်နေသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ ဖမ်းဆီးရာတွင် အမျိုးသား ခြောက်ဦးနှင့်အတူ တိုက်ကြက်ဖ နှစ်ကောင်နှင့် ငွေကြေးများ၊ ကြက်တိုက်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထို့အပြင် ဆိုင်ကယ်မျိုးစုံ ၃၃ စီး၊ ဘေးတွဲဆိုင်ကယ် တစ်စီးနှင့် မော်တော်ကား တစ်စီးကိုလည်း သိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းမိသူ အမျိုးသားခြောက်ဦးကို လောင်းကစား ဥပဒေပုဒ်မ- ၁၅(က)ဖြင့် ကော့သောင်း မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မလျော်သြဇာသုံး အနိုင်ကျင့်သည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့ တိုင်ကြားခံရ

diz_admin

December 28, 2020

လောင်းလုံးမြို့နယ်၊ သကျက်တော ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ စုစုပေါင်း လူ ၂၀ ကျော်မှာ မလျော်သြဇာသုံး အနိုင်ကျင့်သည်ဟုဆိုကာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ထံ ရမ်းဇုကီးရွာသား ကိုဇော်မင်းလတ်က ဒီဇင်ဘာလ ၂၅ ရက် ရက်စွဲဖြင့် စာပို့တိုင်ကြားလိုက်သည်။ ပြီးခဲ့သည့်အပတ်က တနင်္သာရီ အပတ်စဉ်တွင်ဖော်ပြခဲ့သည့် “တစ်ရွာလုံးကိုဗစ်ထောက်ပံ့ကြေးမရသည့်ရွာ” သတင်းနှင့်ပတ်သက်ပြီး ဒီဇင်ဘာလ ၂၁ ရက်က ညနေပိုင်းတွင် သကျက်တော အုပ်ချုပ်ရေးမှူး၊ သကျက်တောရဲကင်း စခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦး အပါအဝင် လူ ၂၀ ဦးဖြင့် ခြိမ်းခြောက်အင်အားသုံးပြီး ကိုဇော်မင်းလတ်အား လာရောက်ခေါ်ယူခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။ အဆိုပါသတင်းတွင် ဖော်ပြထားသောအချက်များသည် ကိုဇော်မင်းလတ်က ကျေးရွာဂုဏ်သိက္ခာကျဆင်းစေရန် ပြောဆိုခဲ့ခြင်းကြောင့် နောက်နောင် ထိုသို့ပြောဆိုခြင်း မပြုရန် အတင်းအဓမ္မဝန်ခံလက်မှတ်ရေးထိုးစေခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။ […]

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီကန့်ကွက်မှု မွန်တွင် ၂၃ ခု ရှိ

diz_admin

December 28, 2020

မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) က ကန့်ကွက်ထားမှု ၂၃ ခုရှိသည်ဟု ပါတီ၏ မွန်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမော်ဦးက ပြောသည်။ ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျှတမှုမရှိကြောင်း အကြောင်းပြပြီး ကော်မရှင်ကို ကန့်ကွက်ထားမှု ၁၈ ခုနှင့် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်ကို ကန့်ကွက်ထားမှု ငါးခုရှိသည်ဟုလည်း ပါတီ တာဝန်ရှိ သူတို့က ပြောသည်။ “ကိုယ်စားလှယ်ကို ကန့်ကွက်တာ က ဥပမာ မော်လမြိုင်မှာဆိုရင် အမျိုးသား လွှတ်တော်မဲဆန္ဒနယ်အမှတ် ၅ က NLD လွှတ်တော်ကိုယ်စားလှယ်က မဲဆန္ဒနယ်မြေအတွင်းမှာ ဆောင်ရွက်ခဲ့တာကို ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ အဲဒီအချက်ယူပြီးတော့ ကန့်ကွက်တာ” ဟု USDP ပါတီ၏ မွန်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမော်ဦးက ပြောသည်။ […]

ကျပ်သိန်း ၁၅၀ဝ၀ ကို သဘာဝဘေးတွင် သုံးရန်လျာထား

diz_admin

December 28, 2020

တနင်္သာရီတိုင်းအတွင်း ကြိုတင် မမျှော်မှန်းနိုင်သည့် သဘာဝဘေးများ ကြောင့် အရေးပေါ်သုံးစွဲရမည့်ကိစ္စရပ်များတွင် သုံးစွဲရန် ငွေကျပ်သိန်းပေါင်း ၁၅၀ဝ၀ လျာထားကြောင်း တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (ရ /သုံး)ထံမှ သိရသည်။ ယခုဘဏ္ဍာနှစ်အတွင်း သုံးစွဲရန်လျာ ထားခြင်းဖြစ်ပြီး ကျပ်သိန်း ၁၀ဝ၀ဝ အား ပြည်ထောင်စုအစိုးရမှ ထောက်ပံ့ပေးခဲ့ပြီး သိန်း ၅၀ဝ၀ ကို တိုင်းအစိုးရ ရန်ပုံငွေမှ လျာထားခြင်းဖြစ်သည်။ အဆိုပါ ရန်ပုံငွေဖြင့် လေဘေး၊ ရေဘေး အစရှိသည့် သဘာဝဘေး အန္တရာယ်ကျရောက်ချိန်တွင် ထုတ်ယူ သုံးစွဲသည့်အပြင် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်ကပ်ဘေးတွင်လည်း ထုတ်ယူသုံးစွဲကြောင်း ရ/သုံးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေလင်းထက်က ဆိုသည်။ “အခုကိုဗစ်မှာ အဲဒါတွေသုံးတာတွေ ပါတယ်” ဟု ဦးနေလင်းထက်က ပြောသည်။ ယခင်ဘဏ္ဍာနှစ်က ထုတ်ဝေသည့် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ […]

ထိုင်းခိုးလမ်းကြောင့် ရော်ဘာဈေးကွက် မငြိမ်

diz_admin

December 28, 2020

ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းမှ တင်ပို့ ရောင်းချနေသဖြင့်‌ ရော်ဘာဈေးကွက် မတည်မငြိမ်မှုများနှင့် ဈေးနှုန်း အတက်အကျ အပြောင်းအလဲမြန်ဆန်မှုနှင့် ကြုံနေရသည်ဟု ထားဝယ်ခရိုင် ရော်ဘာပွဲရုံ လုပ်ငန်းရှင်အချို့က ပြောသည်။ ကိုယ့်နည်း ကိုယ့်ဟန်(တရားမဝင်)ဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရသည့် အခါများတွင် ရော်ဘာဈေး တက်လာပြီး ထိုင်းနယ်စပ်တွင် ရောင်းချ၍မရသည့် အချိန်များတွင် ရော်ဘာဈေးမှာ အပြောင်းအလဲဖြစ်ကာ ရုတ်တရက်ပြန်ကျသွားသည်ဟု ပွဲရုံလုပ်ငန်းများက ဆိုသည်။ ထိုင်းဈေးကွက်တွင် အရည်အသွေးမီ ရော်ဘာ တစ်ပေါင်လျှင် ကျပ် ၁၂၀ဝ မှ ၁၃၀ဝ အထိ ပေါက်ဈေးရှိသဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချမှုများကြောင့် ပြည်တွင်းရော်ဘာဈေးမှာ အတက်အကျမြန်ဆန်ပြီး ဈေးကွက်မတည်ငြိမ်မှုများနှင့် ကြုံနေရသည်ဟု ပွဲရုံလုပ်ငန်းရှင် အချို့က ပြောသည်။ ယခုနှစ်တွင် ရော်ဘာဈေးကွက် မတည်ငြိမ်မှုကြောင့်‌ အရောင်းအဝယ် ပြုလုပ်ရသည်မှာ အဆင်မပြေဟု ဆုဇော်ဝါ […]

အဆိုနှင့် မေးခွန်ပေါင်း ၁၀ဝ ကျော် တိုင်းအစိုးရက အကောင်ထည်ဖော်ရန်ကျန်

diz_admin

December 28, 2020

တနင်္သာရီတိုင်းအစိုးရသည် တိုင်းလွှတ်တော်တွင် ကတိ၊ ကဝတ်သက် ရောက်ခဲ့ပြီး ဆောင်ရွက်ရန်ကျန်နေသည့် အဆိုနှင့် မေးခွန်း စုစုပေါင်း ၁၂၀ ခုရှိသေးကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ပြောသည်။ ဒီဇင်ဘာလ ၂၂ ရက်က ကျင်းပသည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ NLD အစိုးရ စတင်တာဝန်ယူသည့် အချိန်မှစပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ လအထိ တိုင်းလွှတ်တော်ကို ၁၇ ခေါ်ယူ ကျင်းပခဲ့သည်။ ယင်းလွှတ်တော် ၁၇ ကြိမ်တွင် လွှတ်တော်ကိုယ်စားလှယ်များက အဆိုနှင့် မေးခွန်းလေးရာကျော် (၄၃၇ ခု) ကို မေးမြန်းခဲ့ပြီး ကတိ၊ ကဝတ်သက်ရောက်သည့် အဆိုနှင့် မေးခွန်းပေါင်း ၂၅၀ ရှိခဲ့သည်။ ယင်းတို့အနက် ၁၂၀ ခုမှာ တိုင်းအစိုးရ က ဆောင်ရွက်ပေးရန် ကျန်နေသေးခြင်း […]

ထောက်ပံ့ကြေးအလွဲသုံးစားလုပ်သည့် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များ အရေးယူခံရ

diz_admin

December 28, 2020

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် အခြေခံလူတန်းစားထောက်ပံ့ကြေးကိစ္စ အလွဲသုံးစားလုပ်သည့် ရပ်/ကျေးအုပ် ချုပ်ရေးမှူးများ၊ အဖွဲ့ဝင်များ အရေးယူခံ ခဲ့ရကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးလည်းဖြစ် ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်း ရေးမှူးလည်းဖြစ်သူ ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ ဒီဇင်ဘာလ ၂၂ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော် ပုံမှန်အစည်းအဝေးတွင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်၏ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ထောက်ပံ့ကြေး အလွဲသုံးစားလုပ်သည့် ကျေးရွာတာဝန်ခံ သုံးဦး၊ ရာအိမ်မှူး တစ်ဦးကို တာဝန်မှ ရပ်စဲခဲ့ပြီး ကြီးကြပ်မှုအားနည်းသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သုံးဦး၊ စာရေးတစ်ဦးကို သတိပေးလက်မှတ်ရေးထိုးစေခဲ့ခြင်းဖြစ် သည်။ အခြေခံလူတန်းစား ထောက်ပံ့ကြေးကိစ္စ အလွဲသုံးစားလုပ်ဆောင်ပါက တိုင် ကြားနိုင်ရန် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဖုန်းနံပါတ်များကို အစိုးရက နိုဝင်ဘာလ […]

သုံးခရိုင်စစ်တုရင်ပြိုင်ပွဲ အွန်လိုင်းမှ ကျင်းပရန်စီစဉ်

diz_admin

December 27, 2020

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်း သုံးခရိုင်စစ်တုရင်ပြိုင်ပွဲအား အွန်လိုင်းမှ တစ်ဆင့် ကျင်းပသွားရန် စီစဉ်နေကြောင်း မြိတ်စစ်တုရင်အသင်း ဥက္ကဋ္ဌ ဦးကိုဦးထံ မှ သိရသည်။ ယင်းပြိုင်ပွဲကို ပြိုင်ပွဲအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် Chess.com အယ်ပလီကေးရှင်းဖြင့် ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပရန် လိုအပ်သည့် အကောင့်(Account)လျှောက်ခြင်း၊ အသင်းဖွဲ့ခြင်းနှင့် အခြားလိုအပ်သည်များကို ပြုလုပ်နေရကြောင်း ၎င်းက ပြောသည်။ အဆိုပါ အယ်ပလီကေးရှင်းဖြင့် ပြိုင်ပွဲပြုလုပ်ရာတွင် ကစားသူများမှာ နည်းပညာအကူအညီနှင့် အခြားမသမာသည့် နည်းလမ်းများဖြင့် ကစားပါက သက်ဆိုင်ရာ Admin Team အား အကြောင်းကြားပေးသည့် စနစ်ပါဝင်ကြောင်း ၎င်းက ဆိုသည်။ မြိတ်တွင် သက်ဆိုင်ရာခေါင်းစဉ်အလိုက် စစ်တုရင်ပြိုင်ပွဲတို့အား နှစ်စဉ် ပြုလုပ်သော်လည်း ကိုဗစ်ကာလတစ်လျှောက်တွင် ပြိုင်ပွဲသုံးခုခန့်ကို မပြုလုပ်နိုင်ခဲ့ကြောင်း မြိတ်စစ်တုရင်အသင်းမှ […]