ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ် တောင်ပျောက်တိုက်နယ်တွင် စစ်ရှောင်အချို့ နေရပ်မပြန်နိုင်သေး

diz_admin

October 22, 2021

တိုက်ပွဲ ငါးကြိမ်ခန့် ဖြစ်ပွားခဲ့သည့် တောင်ပျောက်တိုက်နယ်ကို စစ်တပ်က ဖိနှိပ်မှုတွေရှိလာသဖြင့် ကြောက်ရွံ့ပြီး ဥယျာဉ်ခြံနှင့် နီးစပ်ရာတောတောင်များထံ စစ်ဘေးရှောင်နေကြဆဲ ဖြစ်သည်။ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်အတွင်းရှိ ကျေးရွာ ဆယ်ရွာတွင် ကျေးရွာ ၈ ရွာနီးပါးခန့်မှာ ဩဂုတ်လလောက်ကစပြီး နီးစပ်ရာ တောတောင်နှင့် ဥယျာဉ်ခြံများအတွင်း စစ်ရှောင်လာသူ ၅၀၀၀ နီးပါးခန့်ရှိခဲ့ကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့်ကော်မတီ တာဝန်ခံက ပြောသည်။ လက်ရှိတွင် တောင်ပျောက်တိုက်နယ်ရှိ စစ်ရှောင်အချို့မှာ အောက်တိုဘာလ ၁၅ ရက်ခန့်က နေရပ်ပြန်သွားပြီဖြစ်ပြီး သဲချောင်းကြီးရွာမှ စစ်ရှောင် ၂၀ ကျော်ခန့်သာ ကျန်တော့သည်ဟု ၎င်းက ပြောသည်။ သဲချောင်းကြီးရွာရဲစခန်းနှင့် ကျေးရွာတွင် စစ်တပ်က စခန်းချတပ်စွဲထားသဖြင့် စစ်ရှောင် ၂၀ ကျော်မှာ နေရပ်ပြန်ဖို့ အဆင်မပြေကြောင်းနှင့် ၎င်းစစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေသည်ဟု […]

ရနောင်းတွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦး မုဒိမ်းကျင့်ခံရ

diz_admin

October 22, 2021

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရပြီးနောက် ဗီဒီယိုဖိုင်ဖြင့် ခြိမ်းခြောက် အကြပ်ကိုင်ခြင်းကိုပါ ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ မုဒိမ်းကျင့်ခဲ့သည်ကို ဗီဒီယိုရိုက်ကူးထားပြီး နောက်ထပ် လူဦးရေ ၃၀ ခန့်ပါသည့် လူငယ်အုပ်စုနှင့် လာရောက်အိမ်ပေးရန် ခြိမ်းခြောက်ခဲ့သေးကြောင်း ယင်းကိစ္စကို လိုက်ပါကူညီပေးခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။ ယင်းအမျိုးသမီးငယ်သည် အောက်တိုဘာလ ၁၀ ရက်က ချစ်သူကောင်လေးနှင့် ချိန်းတွေ့ရန်သွားရောက်ခဲ့သည်ဟုဆိုသည်။ ချိန်းထားသည့်နေရာသို့ သူ့ချစ်သူကောင်လေး ရောက်မလာခဲ့ဘဲ သူ့ကောင်လေး၏ သူငယ်ချင်းဖြစ်သူရောက်လာပြီး မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။ “Video Click ကိုပြပြီးတော့ သူတို့ဆီမှာပြန်လာအိပ်ပါလို့‌ပြောတယ်။ သူတို့အုပ်စုက အယောက်သုံးဆယ်လောက်ရှိတာ။ အဲဒီအယောက်ဆုံးဆယ်မှာ တစ်ယောက်ကို တစ်ညစီလာအိပ်ဖို့ဆိုပြီးပြောတယ်” ဟု အထက်ဖော်ပြပါ အမျိုးသားက ပြောသည်။ အောက်တိုဘာလ ၁၂ ရက်တွင် ဗီဒီယိုဖိုင်ပြပြီး ခြိမ်းခြောက်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း […]

ခရိုင်ကောင်စီအဖွဲ့ဝင်တစ်ဦး ထားဝယ်မြို့လယ်တွင် သေနတ်ပစ်ခံရ

diz_admin

October 22, 2021

ထားဝယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးညီညီအောင်သည် အောက်တိုဘာလ ၂၂ ရက် နံနက် ၈ နာရီခွဲဝန်းကျင်က သေနတ်ဖြင့်ပစ်ခံရကြောင်း ကနဦးသတင်းအရ သိရသည်။ ဦးညီညီအောင်သည် တလိုင်းထိန်ရပ်ကွက် တရုတ်တန်းလမ်းရှိ လက်ဖက်ရည်ဆိုင်ရှေ့ ၎င်း၏ ကားအနီးတွင် ပစ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ လက်ရှိတွင် သေနတ်ဒဏ်ရာ ၅ ချက်ခန့်ရသွားပြီး ဆေးရုံတင်ပို့ထားကြောင်း ဒေသခံအချို့က ဆိုသည်။ ခရိုင်ကောင်စီဝင်ဖြစ်သည့် ဦးညီညီအောင်သည် ယခင်က သင်္ဘောဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ထားဝယ်ဒေသတွင် ကိုးလအတွင်း နိုင်ငံပိုင်သတင်းစာ‌ရောင်းအား သုံးဆယ်ရာခိုင်နှုန်းခန့်‌ လျော့ကျ

diz_admin

October 21, 2021

ထားဝယ်တွင် ဖေဖော်ဝါရီလမှစကာ အချိန်ကိုးလတာကာလအတွင်း နိုင်ငံပိုင်သတင်းစာရောင်းအား သုံးဆယ်ရာခိုင်နှုန်းခန့် လျော့ကျလာကြောင်း သတင်းစာဖြန့်ချိရေး ကိုယ်စားလှယ်အချို့ထံမှ သိရသည်။ နိုင်ငံပိုင်သတင်းစာများမှာ မြန်မာအလင်း၊ ကြေးမုံ ၊ The Global New Light of Myanmar သတင်းစာများဖြစ်သည်။ ဖေဖော်ဝါရီလမတိုင်မီက နေ့စဉ်သတင်းစာစောင်ရေ ၃၀၀ ဝန်းကျင်ဖြန့်ချိနေရာမှ လက်ရှိအချိန်တွင် စောင်ရေ ၂၀၀ ဝန်းကျင်သာ ကျန်တော့ကြောင်း ထားဝယ်မြို့ရှိ သတင်းစာကိုယ်စားလှယ်တစ်ဦးက ပြောသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းတွင် နေ့စဉ်ထုတ်နှင့် အပတ်စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်များ ရပ်နားခဲ့ပြီးနောက် ထားဝယ်တွင် အစိုးရသတင်းစာများသာ ကျန်ခဲ့သည်။ “အခုချိန်မှာ အစိုးရရုံးတွေပဲ အစိုးရသတင်းစာတွေ ဖတ်ကြတော့တယ်” ဟု အထက်ပါ သတင်းစာကိုယ်စားလှယ်က ပြေသည်။ ကျပ်ငွေတန်ဖိုးကျဆင်းလာပြီး စက်သုံးဆီဈေးမြင့်တက်လာခြင်းကြောင့် […]

တနင်္သာရီတိုင်း NLD ရုံး ဗုံးခွဲခံရ၊ အဆောက်အဦတစ်ခုလုံး ပြိုကျပျက်စီး

diz_admin

October 21, 2021

ထားဝယ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) တနင်္သာရီတိုင်းရုံးသည် အောက်တိုဘာလ ၂၁ ရက် နံနက်စောစောတွင် ဗုံးခွဲခံရပြီး အဆောက်အဦတစ်ခုလုံး ပြိုကျပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ကရပ်ပြင်မြောက်ရပ်ကွက်ရှိ NLD ပါတီ တိုင်းရုံးသည် ယနေ့နံနက် ၂ နာရီခွဲဝန်းကျင်တွင် ဖောက်ခွဲဖျက်ဆီးခံရပြီး ပေါက်ကွဲမှု ပြင်းထန်ကြောင်း အဆိုပါရပ်ကွက်နေသူတစ်ဦးက ဆိုသည်။ “(ဗုံး) အသံကတော့ မြေပါတုန်တယ်” ဟု အဆိုပါ ရပ်ကွက်နေသူက ပြောသည်။ ယမန်နေ့ကလည်း မြိတ်မြို့ရှိ NLD ပါတီ ခရိုင်နှင့်မြို့နယ်ရုံးစိုက်ရာ အဆောက်အဦလည်း ဗုံးဖောက်ခွဲခံခဲ့ရသည်။

မြိတ် သီတင်းကျွတ်

diz_admin

October 20, 2021

မြိတ်မြို့တစ်ဖက်ကမ်း ပထက်ကျေးရွာရှိ ရှင်သာလျောင်းဘုရားတွင် ဘုရားဖူးလာသူများအား နိဗ္မာန်ဈေးအလှူ‌ပေးခြင်း၊ Mask များဖြန့်ဝေ‌ပေးခြင်းကို သီတင်းကျွတ်လပြည့်နေ့က မြိတ်မြို့နယ်သွေးသစ်ပရဟိတလူငယ်များအဖွဲ့မှပြုလုပ်ခဲ့သည်။ Photo-သွေးသစ်ပရဟိတလူငယ်များအဖွဲ့

မွန်တွင် မော်လမြိုင်တက္ကသိုလ်ကျောင်းသား ၂၅ ဦး အပါအဝင် ဖမ်းခံရသူ ၂၀၀ ကျော် ပြန်လွတ်

diz_admin

October 20, 2021

မွန်ပြည်နယ်တွင် မော်လမြိုင်တက္ကသိုလ်ကျောင်းသားကျောင်းသူ ၂၅ ဦး အပါအဝင် ဖမ်းဆီးခံထားရသူ ၂၀၀ ကျော် ပြန်လွတ်လာကြောင်း သိရသည်။ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အတွက် မွန်ပြည်နယ်တွင် ဖမ်းဆီးခံထားရ ၄၀၀ ကျော်ရှိသည့်အနက် ၂၀၀ ကျော်ကို အောက်တိုဘာ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့ နှစ်ရက်အတွင်း ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ပြန်လွတ်လာသူများသည် အာဏာသိမ်း ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံရပြီး ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၃၀ ဦးကျော်နှင့် အမှုရင်ဆိုင်နေရသူ ၂၀၀ ကျော် ပါဝင်သည်ဟု မွန်ပြည်နယ် အကျဉ်းဦးစီးဌာနထံမှ သိရသည်။ “ဖမ်းခံထားရတာက မော်လမြိုင်တက္ကသိုလ်ကပဲ ၄၀ နီးပါးရှိနေတယ်၊ အခု ၂၅ ဦးပဲ ပြန်လွတ်လာသေးတယ်” ဟု မော်လမြိုင်တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။ […]