ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်‌ဈေးကွက်အတွင်း ဂက်စ်မီးခြစ် ပြတ်လပ်

diz_admin

October 23, 2021

ထားဝယ်‌ဒေသတွင် ဂက်စ်မီးခြစ်ပြတ်လပ်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ဂက်စ်မီးခြစ်ကို ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံမှ တင်သွင်းခြင်းဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလမှစကာ ရန်ကုန်သို့ပင် မှာမရတော့ကြောင်း ထားဝယ်မြို့စျေးတောင်ဘက်လမ်းရှိ အဆိုပါပစ္စည်းရောင်းချသူအမျိုးသားက ပြောသည်။ “လုံး၀ကိုမရှိတော့ဘူး တရုတ်နယ်စပ်ဂိတ်တွေပိတ်လို့ ပစ္စည်းမသွင်းနိုင်တော့ဘူးလို့ ရန်ကုန်ဆိုင်တွေက ပြောတယ်” ဟု ၎င်းက ဆိုသည်။ ထားဝယ်ခရိုင်အတွင်း ကျေးရွာစျေးဆိုင်အချို့တွင်လည်း ပစ္စည်းပြတ်လပ်သည်အထိဖြစ်နေပြီးထားဝယ်တွင်မည်သည့်ဆိုင်တွင်မှဝယ်မရတော့‌ကြောင်း လောင်းလုံးမြို့နယ်ရှိ ကုန်စုံဆိုင်ရောင်းသည့် အမျိုသမီးက ပြောသည်။ “လာဝယ်နေကြာတာများပြီ ။ ထားဝယ်ကို မှာလည်း ပစ္စည်းမဝင်သေးဘူးပဲ ပြောတယ်” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။ လက်ရှိတွင် မီးခြစ်ဈေးနှုန်းနှစ်ဆခန့်တက်သွားငည့်အတွက် ဝယ်မရောင်းတော့ကြောင်း ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ဈေးဆိုင်းရောင်းသူ အမျိုးသမီးတစ်ဦးက ပြေသည်။ “ထားဝယ်မှာ မီးခြစ်တစ်လုံး လေးရာရှိနေပြီ။ နှစ်ဆ‌လောက် တက်နေတယ်။ လိုသလောက်လည်း မရ‌‌တော့ မဝယ်ရောင်းတော့ဘူး”ဟု […]

ပုလောတွင် အပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်

diz_admin

October 22, 2021

မြိတ်ခရိုင် ပုလောမြို့နယ် နန်းတောင်ကျေးရွာအုပ်စု ကျောက်နိမ့်ကျေးရွာတွင် ဒေသခံ PDF တပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်အဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းနေ့ နံနက် ၈ နာရီဝန်းကျင်တွင် PDF တပ်ဖွဲ့ဝင် သုံးဦးခန့် ဆိုင်ကယ်ဖြင့် ကျောက်နိမ့်ရွာအတွင်းအဝင်လာစဉ် ရွာအပြင်တွင် ကင်းပုန်းစောင့်နေသည့် ပြည်သူ့စစ်အဖွဲ့တို့ အပြန်အလှန်ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။ “ပြည်သူ့စစ်တစ်ယောက်မှာတော့ လက်မောင်းမှာ ဒဏ်ရာရလို့ အခုဆေးရုံပေါ်မှာရှိနေတယ်။ PDF အကြောင်းတော့ ပြောသံမကြားရလို့ သူတို့ရဲ့ ထိခိုက်မူကိုတော့ မပြောနိုင်ဘူး” ဟု ၎င်း ဒေသခံက ပြောသည်။ အပြန်အလှန် ပစ်ခတ်မှုသည် မိနစ်အနည်းငယ်ခန့်ကြာမြင့်ခဲ့ပြီး သေနတ်ပစ်သံကြောင့် အခြားပြည်သူ့စစ်တပ်ဖွဲ့ဝင်များ စစ်ကူရောက်လာခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ နန်းတောင်ကျေးရွာသည် KNU တပ်မဟာ ၄၊ […]

ထားဝယ်ခရိုင်တွင် စစ်ဆေးမှုတင်းကြပ်

diz_admin

October 22, 2021

ထားဝယ်ခရိုင်၊ ထားဝယ်၊ ရေဖြူ၊ လောင်းလုံးမြို့နယ်က နေ‌ရာအများစုတွင် တင်းတင်းကြပ်ကြပ်စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း လမ်းသွား၊ လမ်းလာ ဒေသခံအချို့ထံမှ သိရသည်။ ထားဝယ်မြို့ထဲနေရာအချို့နှင့် လမ်းဆုံလမ်းခွများ၊ မြို့ဝင်ထွက်နေရာများတွင် အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းကမှ ညနေပိုင်းအထိ တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း မြို့ခံအချို့က ပြောသည်။ မြို့ပြင်နေရာဖြစ်သည့် မောင်မယ်ရှောင်ကျေးရွာနှင့် ရေဖြူမြို့နယ် ရေနက်ဆိပ်ကမ်းအဝင်လမ်းနေရာတို့တွင်လည်း စစ်ဆေးမှုများရှိနေကြောင်း ယင်းလမ်းပိုင်းကို သွားခဲ့သည့် မြို့ခံတစ်ဦးက ယနေ့ ညနေ ၄ နာရီခန့်တွင် ပြောသည်။ လောင်းလုံးမြို့နယ်၊ မောင်းမကန်သွား တောင်ပေါ်လမ်းတစ်နေရာဖြစ်သည့် ဒေသအခေါ် သုံးထပ်လမ်းတွင်လည်း စစ်သားအများအပြားက ယနေ့ညနေပိုင်းတွင် လမ်းသွား လမ်းလာများအား တားဆီးစစ်ဆေးနေကြောင်း စစ်ဆေးခံရသူတစ်ဦးက ပြောသည်။ “သုံးထပ်လမ်းမှာ တစ်ခါမှ မစစ်ဖူးဘဲနဲ့ အခုစစ်နေတာအများကြီးပဲ။ သုံးထပ်လမ်းက သိတဲ့အတိုင်းပဲအ‌ကွေ့၊ အကောက်တွေများတာဆိုတော့ […]

လောင်းလုံး ပန်းဒလဲရွာ သေနတ်ပစ်မှု နှစ်ဦး သေဆုံး

diz_admin

October 22, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာ အထက်တန်းကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ လက်ဖက်ရည်ဆိုင်ကို အောက်တိုဘာလ ၂၂ ရက် နံနက် ၈ နာရီကျော်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အရပ်ဝတ်၊ နှာခေါင်းစည်းအနက်တပ်၊ ဦးထုပ်ဆောင်းပြီး ရုပ်ဖျက်ထားသူတစ်ဖွဲ့သည် Vigo ကားတစ်စီးဖြင့် ရောက်လာပြီး လက်ဖက်ရည်ဆိုင်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ‌ဆိုသည်။ ယင်းပစ်ခတ်မူကြောင့် အသက် ၃၀ ကျော် လူလတ်ပိုင်းအရွယ် ကိုနေနေ၊ အသက် ၆၀ ကျော်အရွယ် ဦးအုန်းနီ တို့နှစ်ဦး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းအပြင် အခြားအမျိုးသားတစ်ဦးနှင့် လက်ဘက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီးတွင်လည်း ဒဏ်ရာအနည်းငယ်စီရရှိခဲ့သည်ဟုဆိုသည်။ မည်သို့သော အကြောင်းရင်းကြောင့် ပစ်ခတ်သည်ကို မသိရပေ။ လာရောက်ပစ်ခတ်ခဲ့သည့် Vigo […]

သေနတ်ပစ်ခံရသည့် ဦးညီညီအောင် သေဆုံး၊ Guerrilla Dawei အဖွဲ့က ရှင်းလင်းခဲ့ဟု ထုတ်ပြန်

diz_admin

October 22, 2021

မြို့လယ်တွင် သေနတ်ပစ်ခံရသည့် ထားဝယ်ခရိုင် စစ်ကောင်စီအဖွဲ့ဝင် ဦး‌ညီညီအောင် သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ပြီး ဒလန်ဖြစ်သောကြောင့် ထိုသို့ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း Guerrilla Dawei အဖွဲ့က ထုတ်ပြန်ထားသည်။ မျက်နှာနှင့် လည်ပင်းတဝိုက်တွင် သေနတ်ကျည် ၁၀ ချက်ထိမှန်ခဲ့ပြီး အခင်းဖြစ်နေရာမှာပင် အသက်ပျောက်နေပြီဖြစ်ကြောင်း ဦးညီညီအောင်၏ မိတ်ဆွေတစ်ဦးက ဆိုသည်။ လက်ရှိတွင် အလောင်းအား ထားဝယ်ဆေးရုံရှိ ရေခဲတိုက်တွင် ထားရှိသည်ဟုဆိုသည်။ ” ပြီးရင် အိမ်ကို ပြန်ယူမှာပေါ့နော်” ဟု ‌အထက်ပါမိတ်ဆွေဖြစ်သုက ပြောသည်။ ဦးညီညီအောင်သည် ထားဝယ်မြို့တွင်း သပိတ်စစ်ကြောင်းများ၊ သပိတ်ခေါင်းဆောင်များနှင့် တော်လှန်ရေးသူရဲကောင်းများကို အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးနိုင်ရန်ထောက်လှမ်းသတင်းပေး နေသည့် အပြင် ရာထူးအာဏာရရှိရေးအတွက် စစ်ကောင်စီလက်အောက်ခံ ကိုယ်ကျိုးရှာ အခွင့်ရေးသမားတစ်ဦးဖြစ်ကြောင်း သတင်းအတိအကျရရှိခြင်း စစ်ဆေးတွေ့ရှိခြင်းတို့ကြောင့် သုတ်သင်ရှင်းလင်းရခြင်းဖြစ်သည်ဟု Guerrilla Dawei အဖွဲ့က […]

ရေဖြူ ပုဂေါဇွန်းရွာသားတစ်ဦး စစ်တပ်က ဖမ်းသွားပြီးနောက် အလောင်းပြန်ပို့

diz_admin

October 22, 2021

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာအုပ်စု ဝက်ချောင်းကျေးရွာသား အသက် ၇၀ ဝန်းကျင်ရှိ ဦးကြည်သိန်းအား စစ်တပ်က ဖမ်းသွားပြီးနောက် အလောင်းကို ပြန်ပို့လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အောက်တိုဘာလ ၂၀ ရက် သီတင်းကျွတ်လ ပြည့်နေ့က ရလိုင်ကျေးရွာအုပ်စု ခမောင်းချောင်းရွာသား စစ်သတင်းပေးဟုဆိုသူ ဦးမိုးဟိန်း ပစ်သတ်ခံရပြီးနောက် စစ်သားများက ပုဂေါဇွန်းနှင့် ရလိုင်ရွာအတွင်း လိုက်လံစစ်ဆေး ဖမ်းဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ဦးမိုးဟိန်းအား ပစ်သတ်သွားသူတို့သည် ပုဂေါဇွန်းကျေးရွာအုပ်စု ဝက်ချောင်းရွာဘက်ထွက်ပြေးသွားသည်ဆိုသည့် သတင်းကြောင့် ဝက်ချောင်းရွာအတွင်း စစ်သားများက လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းည ၁၀ နာရီခန့်တွင် စစ်သားများ ဝက်ချောင်းရွာအတွင်း ရောက်လာခဲ့ပြီး ယင်းရွာသား အသက် ၇၀ ဝန်းကျင်အရွယ် ဦးကြည်သိန်းဆိုသူအား ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ […]

ရေဖြူ ခမောင်းချောင်းရွာသားတစ်ဦး ပစ်သတ်ခဲ့ကြောင်း DGRF အဖွဲ့ ထုတ်ပြန်

diz_admin

October 22, 2021

ဒလန်လုပ်သဖြင့် ထားဝယ်ခရိုင် ရေဖြူမြို့နယ် ရလိုင်ကျေးရွာအုပ်စု ခမောင်းချောင်းကျေးရွာသား ဦးမိုးဟိန်းအား ၎င်းတို့ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း Dawei Guerrilla Revolutionary Force (DGRF) အဖွဲ့က အောက်တိုဘာလ ၂၁ ရက်က ထုတ်ပြန်ထားသည်။ ဦးမိုးဟိန်းသည် ခမောင်းချောင်းရွာအတွင်း ဘိလိယက်ခုံ၊ ကွမ်းယာဆိုင်၊ အသေးစားစက်သုံးဆီဆိုင် ဖွင့်လှစ်ရောင်းချနေသူတစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် အောက်တိုဘာလ ၂၀ ရက် နံနက်ပိုင်းတွင် အမျိုးသားနှစ်ဦးမှ ဦးမိုးဟိန်းဆိုင်တွင် ဆိုင်ကယ်ဆီဖြည့်၊ ကွမ်းယာဝယ်ယူသည့်အသွင်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဆိုင်ကယ်ဆီထည့်ပေးနေတဲ့အချိန်မှာ သေနတ်နှစ်လက်နဲ့ တပြိုင်တည်းပစ်တာတဲ့။ ဒဏ်ရာသုံးလေးချက်လောက်ရသွားတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ဦးမိုးဟိန်းအား ဆေးရုံသို့တင်ပို့ပေးခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဒလန်မိုးဟိန်းဆိုသူသည် ဧကနိရွာနှင့် ခမောင်းချောင်းရွာများတွင် စစ်ကောင်စီအားကိုးဖြင့် သောင်းကျန်းနေသည့်အပြင် […]

သထုံတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ပစ်သတ်ခံရ

diz_admin

October 22, 2021

မွန်ပြည်နယ် သထုံမြို့နယ် ပေါ်တော်မူကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးကျော်ဦးသည် အောက်တိုဘာ ၂၁ ရက်နေ့ နံနက်ပိုင်းခန့်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပေါ်တော်မူကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်ဦးသည် ယနေ့နံနက် ၁၀ နာရီခွဲဝန်းကျင်ခန့်က ၎င်း၏ နေအိမ်စျေးဆိုင်တွင် တည်ရှိနေစဉ် သေနတ်သမားနှစ်ဦးတို့က လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရမှုကြောင့် ဦးကျော်ဦးသည် သေနတ်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “လာပစ်သွားတဲ့ သေနတ်သမားကတော့ နှစ်ဦးလို့ပြောတယ်၊ ဦးကျော်ဦးကတော့ သေနတ်ဒဏ်ရာ ၃ ချက်လားမသိဘူး၊ အဲဒီနေရာမှာပဲ ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ဦးကျော်ဦးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးလည်းဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။ ဦးကျော်ဦးကို သထုံမြို့ပြအထူးစစ်ဆေးရေးတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းပြီး ပစ်သတ်ခဲ့ကြောင်း သထုံမြို့ပြအထူးစစ်ဆေးရေးတပ်ဖွဲ့က […]