ကော့သောင်း NLD ရုံး ဆိုင်းဘုတ်နှင့် ဗီနိုင်းပြားများ ဖျက်ဆီးခံရ
diz_admin
October 29, 2021ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်ရုံး ဆိုင်းဘုတ်နှင့် ဗီနိုင်းများ အောက်တိုဘာလ ၂၈ ရက် ညကဖျက်ဆီးခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါရုံးရှိ ပါတီဆိုင်းဘုတ်နှင့် ဗီနိုင်းများအား ဆုတ်ဖြဲကာ စုပုံထားသည်ကို ယနေ့နံနက်စောစောတွင် တွေ့ရကြောင်း ပါတီရုံးအနီးနေထိုင်သည့် ဒေသခံတစ်ဦးက ဆိုသည်။ “ညနေက အကောင်းကြီးရှိသေးတယ်။ မိုးလင်းမှ ဒါတွေ တွေ့တယ်ဆိုတော့ သူတို့ ညနက်ပိုင်းမှာ လုပ်သွားတာ ဖြစ်မှာပေါ့”ဟု ၎င်းက ပြောသည်။ ဆိုင်းဘုတ်နှင့် ဗီနိုင်းများ ဖျက်ဆီးသွားသော်လည်း ရုံးတံခါးမှာမူ အနေအထား မပျက်ယွင်းကြောင်း အထက်ပါဒေသခံက ဆိုသည်။ ည ၁၂ နာရီခန့်တွင် လူဆယ်ဦးခန့် တင်ဆောင်လာသည့် ကားတစ်စီးဖြင့် ရောက်လာပြီး ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။ “ကားတစ်စီးနဲ့လာပြီးတော့ ရုံးအလွန် သုံးလေးအိမ်ခြားလောက်မှာ […]


