ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်မြို့ပေါ် ညမထွက်ရအမိန့် မပြောင်းဟုဆို

diz_admin

October 31, 2021

ထားဝယ်မြို့နယ်တွင် ညမထွက်ရအမိန့်မှာ ယခင်ထုတ်ပြန်ထားသည့်အတိုင်း ည ၁၀ နာရီမှ မနက် ၄ နာရီအထိ တည်ရှိမြဲဖြစ်ကြောင်း ထားဝယ်မြို့နယ် အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင် ည ၇ နာရီမထွက်ရ၊ ထွက်ပါက ပစ်မိန့်ပေးထားသည်ဟုဆိုကာ ဒေသခံများကြားတွင် ကောလာဟလသတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး ထိုသို့ ရှင်းလင်းပြောဆိုခြင်း ဖြစ်သည်။ “အဲဒါ ကောလာဟလဖြစ်ပါလိမ့်မယ်၊ ကျွန်တော်တို့ ဒီဘက်က ထုတ်ပြန်ထားတာကတော့ အားလုံးတပြေးညီပဲ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိပဲ” ဟု ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး တာဝန်ရှိသူက ဆိုသည်။ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင်လည်း ညမထွက်ရအမိန့်ကို ည ၇ နာရီသတ်မှတ်ထားပြီး ထွက်ပါက ပစ်မိန့်ပေးထားသည်ဟု ပြောဆိုနေကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူ […]

သရက်ချောင်းမြို့နယ် ကမြိုင်ရွာ မိုင်တဲတာဝါတိုင်ဗုံးခွဲခံရ

diz_admin

October 31, 2021

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကမြိုင်ကျေးရွာရှိ မိုင်တဲတာဝါတိုင်သည် အောက်တိုဘာ ၃၁ ရက် ‌ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဗုံးခွဲခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါ ဗုံးပေါက်ကွဲသံကို ကြားရသော်လည်း မိုင်တဲတာဝါတိုင်မှာ ပြိုလဲကျသွားခြင်း မရှိကြောင်း ကမြိုင်ကျေးရွာ‌နေ အမျိုးသမီး တစ်ဦးက ဆိုသည်။ “ဗုံးပေါက်ကွဲသံကြားပြီး မီးခိုးတွေတွေ့လိုက်တယ်၊ တိုင်တော့ မလဲကျဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ တာဝါတိုင်မိုင်းခွဲမှုကို မည်သည့်အဖွဲ့က ပြုလုပ်သည် ကိုမသိရဘဲ ဗုံးပေါက်ကွဲသံကြားပြီး‌နောက် စစ်ကားနှစ်စီး ရောက်လာသည်ဟု ၎င်းက ဆိုသည်။ အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်၊ ကျွဲမင်းကုန်းရွာရှိ မိုင်တဲတာဝါတိုင် မိုင်းခွဲခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ကျွဲမင်းကုန်းရွာရှိ မိုင်တဲတာဝါတိုင်တွင် မပေါက်ကွဲသေးသည့် မိုင်းတလုံးကို စစ်ကောင်စီအဖွဲ့ဝင်များက […]

မော်လမြိုင်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

October 31, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှရီ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှရီသည် အောက်တိုဘာ ၃၀ ရက်နေ့ ည ၇ နာရီခန့်က အုပ်ချုပ်ရေးမှူးရုံးသွားရာလမ်းတွင် အမည်မသိသေနတ်သမားနှစ်ဦးတို့က လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလှရီသည် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “၅ ချက် အပစ်ခံရတယ်လို့ ပြောတယ်၊ အပစ်ခံရတဲ့နေရာမှာပဲ ဆုံးသွားတယ်” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ဦးလှရီကို ၎င်းတို့ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးနှင့် မိတ်ဖက်အဖွဲ့အစည်းတို့က ထုတ်ပြန်ထားသည်။ ဦးလှရီသည် မော်လမြိုင်မြို့နေပြည်သူများအား စိတ်ရောကိုယ်ပါ ဒုက္ခပေးနေသောကြောင့် ယခုလို လုပ်ဆောင်ရခြင်းဖြစ်သည်ဟုလည်း မွန်ပြည်နယ် […]

လောင်းလုံး၊ ရေဖြူ အုပ်ချုပ်ရေးမှူးအိမ် မီးလောင်

diz_admin

October 31, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ရေဖြူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်စိုးနေအိမ် အောက်တိုဘာလ ၃၁ ရက် နံနက် ၄ နာရီဝန်းကျင်ခန့်တွင် မီးလောင်ကျွမ်းခဲ့ကြောဒေသခံအချို့ထံမှ သိရသည်။ ဦးအောင်စိုး နေအိမ်သည် ရေဖြူကျေးရွာအုပ်စု ကျောက်ဖြူကျေးရွာတွင်တည်ရှိပြီး တစ်ထပ်တိုက် အိမ်အမျိုးအစားဖြစ်‌ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အိမ်ကတော့ ပြာကျသွားပြီ” ဟု ၎င်းကဆိုသည်။ မီးလောင်ရသည့်အကြောင်းအရင်းကိုမူ တိတိကျကျ မသိရပေ။ ဒေသခံအချို့ကမူ ဦးအောင်စိုးသည် စစ်ကောင်စီခန့်သည့် အုပ်ချုပ်ရေးမှူးရာထူးကိုလက်ခံခဲ့ပြီး ရွာအတွင်း ဆန္ဒပြစစ်ကြောင်းများကို သတင်းပေးဖမ်းခိုင်းလေ့ရှိသဖြင့် နေအိမ်မီးရှို့ခံရခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။ ဦးအောင်စိုးတို့မိသားစုမှာ နေအိမ်တွင်မရှိဘဲ တိမ်းရှောင်နေကြသဖြင့် ထောက်ခံစာလိုအပ်ပါက အခြားရွာတွင် သွားလုပ်နေရသည်ဟုဆိုသည်။ မီးလောင်ပြီးနောက် ရေဖြူကျေးရွာအုပ်စုသို့ စစ်သားများရောက်လာပြီး လမ်းသွား လမ်းလာသူများကို စစ်ဆေးနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

တောင်ပျောက်တိုက်နယ် လမ်းကြောင်းပိတ်ဆို့ခံထားရသဖြင့် စားနပ်ရိက္ခာခက်ခဲ

diz_admin

October 30, 2021

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် အဝင်အထွက် လမ်းကြောင်းနှစ်ခုစလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းကြောင်းပိတ်ဆို့ ကန့်သတ်ထားသဖြင့် စားနပ်ရိက္ခာအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ‌ဒေသခံအချို့ထံမှ သိရသည်။ တောင်ပျောက်တိုက်နယ်တွင် ဩဂုတ်လမှ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် YTC-PDF တို့ တိုက်ပွဲ ငါးကြိမ်ခန့်ဖြစ်ပွားခဲ့ပြီးနောက် လမ်းကြောင်းပိတ်ဆို့ထားသည်မှာ တစ်လကျော်လာပြီဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ တောင်ပျောက်တိုက်နယ်သည် ထားဝယ်မြို့မှ တောင်ဘက် မိုင် ၅၀ ကျော် အကွာတွင် တည်ရှိပြီး ကျေးရွာဆယ်ရွာ ရှိသည်။ ထားဝယ်-မြိတ်လမ်းမပေါ်ရှိ စုံစင်ကျေးရွာမှ အနောက်ဘက်ကို နာရီဝက်ခန့် ခရီးနှင်ရသည်။ တောင်ပျောက်တိုက်နယ်၊ သဲချောင်းကြီး ကျေးရွာအဝင်၊ အထွက်နှင့် စုံစင်ဖျားရွာအဝင် အထွက်လမ်းပေါက်များတွင် စစ်တပ်က ဂိတ်စခန်းချထားပြီး ဖြတ်သန်းသွားလာသူများကို တားဆီးစစ်ဆေးကာ စားနပ်ရိက္ခာသယ်ယူမှုကိုလည်း ကန့်သတ်ထားကြောင်း သဲချောင်းကြီး ကျေးရွာအုပ်စု၊ ကျွဲခြံရွာမှ […]

မြိတ် ကွမ်းရွက်စျေးနှစ်ဆကျော် ခုန်တက်

diz_admin

October 30, 2021

မြိတ်မြို့တွင် ဝယ်ယူရောင်းချနေသည့် ကွမ်းရွက်များ စျေးနှစ်ဆကျော် ခုန်တက်သွားခဲ့ကြောင်း ကွမ်းယာရောင်းချနေသူများ ထံမှသိရသည်။ စက်တင်ဘာလအတွင်းက ကွမ်းရွက်တစ်စီးလျှင် ကျပ်သုံးရာဝန်းကျင်ခန့်ရှိရာမှ အောက်တိုဘာ လဝက်မှစပြီး တစ်စီးလျှင် ကျပ်ရှစ်ရာမှ ကျပ်တစ်ထောင်အထိ ပေးကာ ဝယ်ယူနေရကြောင်း ကွမ်းယာရောင်းချသူများ ကပြောသည်။ “ကွမ်းယာ ပစ္စည်းတွေက စျေးတက်လာတော့ ရောင်းရတာ အဆင်မပြေတော့ဘူး”ဟု ရေနံမြေရပ်လှေဆိပ်တွင် ကွမ်းယာရောင်းချနေသည့် ကိုသန်းဌေး ကပြောသည်။ ကွမ်းယာဆက်စပ်ပစ္စည်းများ စျေးတက်လာသော်လည်း ကွမ်းယာကို ပုံမှန်စျေးနှုန်းအတိုင်း ရောင်းချနေသေးကြောင်း ၎င်းကဆိုသည်။ သို့သော်တစ်ခြား ကွမ်းယာဆိုင်တစ်ချို့တွင်မူ ကွမ်းစျေးနှုန်းများ တက်သွားပြီဖြစ်ကြောင်း စားသုံးသူတစ်ချို့ ကပြောသည်။ “နိုင်တီတူးနဲ့ အရင်ကနှစ်ရာဖိုး လေးယာရတယ်။ အခုက နှစ်ရာဖိုးသုံးယာပဲရတော့တယ်”ဟု နေ့စဉ်ကွမ်းဝယ်စားလေ့ရှိသူ မြိတ်မြို့ မြို့သစ်ရပ်ကွက်နေ သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီး တစ်ဉီးကပြောသည်။ ဒေသတွင်းမှ ထွက်ရှိသည့် ကွမ်းရွက်များ စျေးတက်ရသည့် အကြောင်းကို […]

တနင်္သာရီမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရ

diz_admin

October 29, 2021

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာရှိ အုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရပြီး အုပ်ချုပ်ရေးမှူး အပါအဝင် မိသားစုဝင် လေးဉီးသေဆုံးခဲ့ကြောင်း ရွာသားများထံမှ သိရသည်။ လက်ရှိ ပြည်သူ့စစ်ခေါင်းဆောင်လည်း ဖြစ်သော ပဝကျေးရွာအုပ်ချုပ်ရေးမှူး ဉီးမြင့်ဌေး နေအိမ်အား အောက်တိုဘာလ ၂၉ ရက် နံနက် ၄ နာရီအချိန်က အမည်မသိပျောက်ကျား လက်နက်ကိုင် ဆယ်ဉီးကျော်ခန့်မှ ဝိုင်းထားပြီး အုပ်ချုပ်ရေးမှူးအား ခေါ်ထုတ်ခဲ့သည်၊ အုပ်ချုပ်ရေးမှူးမှာ အပြင်သို့မထွက်ဘဲ နေအိမ်အတွင်းမှ သေနတ်ဖြင့်ပစ်ကာခုခံသည့်အတွက် အမည်မသိအဖွဲ့မှ မီးရှို့ခဲ့ကြောင်း ရွာသားများ ကပြောပြသည်။ “အုပ်ကြီးအပါအဝင် အားလုံးလေးယောက် သေတယ်လို့ကြားတယ်”ဟု ယင်းရွာသား ကပြောသည်။ နေအိမ်အတွင်း ပိတ်မိသေဆုံးခဲ့သူများမှာ ဉီးမြင့်ဌေးနှင့် ၎င်း၏ဇနီး၊ သမီးဖြစ်သူနှင့် သမီး၏ သူငယ်ချင်းမိန်းကလေးတစ်ဉီးလည်း ပါဝင်ကြောင်း ဒေသခံများ၏ ပြောကြားချက်၊ Dawei Watch က […]

ပုလောတိုက်ပွဲအပြီး ဒေသခံ တစ်ထောင်ကျော်စစ်ရှောင်

diz_admin

October 29, 2021

တနင်္သာရီတိုင်း၊ ပုလောဒေသတိုက်ပွဲကြောင့် ဒေသခံ မိကျောင်းသိုက်ရွာသားတစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့်အဖွဲ့မှ သိရသည်။ မိကျောင်းသိုက်ကျေးရွာတွင် အောက်တိုဘာ ၂၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပုလောဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မိကျောင်းသိုက်ရွာ ဒေသခံများ အိမ်တွင် နေထိုင်မရဲသဖြင့် ကျေးရွာဘုန်းကြီးကျောင်းနှင့် နီးစပ်ရာ တောတောင်များတွင် စစ်ရှောင်နေကြရသည်ဟု အထက်ပါအဖွဲ့မှ အမျိုးသားတစ်ဦးက ဆိုသည်။ “လက်ရှိအခြေနေအရ အားလုံးကတော့ စစ်ရှောင်နေရတယ်၊ ရွာထဲမှာ အိမ်ထဲမှာ ပြန်မနေရဲဘူး၊ ကျွန်တော် တို့ရွာရဲ့ ဘုန်းကြီးကျောင်းရှိတယ် အဲဒီဘုန်းကြီးကျောင်းမှပဲ စုပြီးတော့ နေနေရတယ်၊ တချို့ဆို ကိုယ့်ခြံထဲမှာကိုယ်ပြန်နေတာလည်း ရှိတယ်၊ တောထဲမှာလည်းသွားနေတာရှိတယ်၊ သွားရလာရတာ အခက်အခဲလည်းရှိတာပေါ့၊ အဓိက စားဝတ်နေရေးက အရမ်းအခက်အခဲဖြစ်တာပေါ့” ဟု အမျိုးသားက ဆိုသည်။ ယင်းဒေသရှိ အချို့ရွာများတွင် ပြည်သူ့စစ်နှင့် […]