ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် လေးလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူရှစ်ဆယ်ကျော်၊ ရပ်ကွက်အတွင်း သေဆုံးသူမပါ

diz_admin

October 26, 2021

မြိတ်မြို့တွင် လေးလအတွင်း ကိုဗစ်ကြောင့် သေဆုံးရသူ ရှစ်ဆယ်ကျော် ရှိကြောင်း ကိုဗစ်ကုသရေးစင်တာနှင့် ပရဟိတအဖွဲ့များထံမှ သိရသည်။ မြိတ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်ကုသဆောင်တွင် ဇွန်လ ၂၃ ရက်မှ အောက်တိုဘာလ ၂၃ ရက်နေ့အထိ ကိုဗစ်လူနာ ၅၂၆ ဦးကို ကုသပေးခဲ့ရာ သေဆုံးသူ ၈၄ ဦးရှိခဲ့ကြောင်း ယင်းကုသဆောင်၏ မှတ်တမ်းများအား ကိုးကား၍ ဂရုဏာပရဟိတအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “ဒါကတော့ ဆေးရုံကြီးကုသဆောင်စာရင်းဇယားအရပေါ့ ။ ရပ်ကွက်တွေအတွင်း သေဆုံးခဲ့သူတွေ မပါသေးဘူး”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။ ကိုဗစ်တတိယလှိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံသို့တက်ရောက်ကုသခြင်းမရှိဘဲ နေအိမ်များတွင် ကုသခဲ့သူများလည်း ရှိခဲ့သည်။ ထိုသို့ကုသရင်း လေးလအတွင်း ကိုဗစ်ဖြင့်သေဆုံးသူ ရုပ်အလောင်း သုံးဆယ်ကျော်ကိုလည်း သဂြိုၤဟ်ပေးခဲ့ရကြောင်း ဂရုဏာနာရေးကူညီရေးအဖွဲ့မှ ကိုထိုက်ငယ်က ဆိုသည်။ “သေပြီးမှ […]

ယိုင်နဲ့နဲ့ ကိုဗစ်ကန့်သတ်ချက်များ

diz_admin

October 26, 2021

ကိုဗစ်ကပ်ဘေး ကူးစက်မှုမြင့်တက်ချိန်က ထားဝယ်တွင် ထုတ်ပြန်ထားသည့် ကန့်သတ်ချက်များမှာ လက်ရှိအချိန်တွင် လိုက်နာမှုအားနည်းကာနေသည်။ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ အပြင်ထွက်ပါက နှာခေါင်းစည်းတပ်ရန် အစရှိသည့် စည်းကမ်းချက်များအား လိုက်နာသူ နည်းပါးလာသည်ကို တွေ့ရသည်။ ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုများလာသဖြင့် ဆိုင်ထိုင်စားသောက်ခြင်းကို ကန့်သတ်ထားသည့်အပြင် ထားဝယ်မြို့နယ်အား ဩဂုတ်လ ၂၁ ရက်မှစတင်ကာ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားခဲ့သည်။ Stay at Home သတ်မှတ်လိုက်သည့်အတွက် တစ်အိမ်တစ်ယောက်သာ အပြင်ထွက်ကတ်ပြားဖြင့် ထွက်ခွင့်ပြုထားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ထားဝယ်မြို့အတွင်း စစ်ဆေးမှုများလည်း ရှိခဲ့သည်။ လက်ရှိတွင်မူ ဆိုင်ထိုင်စားသောက်ခွင့်ပြုနေသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၊ နှာခေါင်းစည်းမတပ်ဘဲ သွားလာနေသူများ၊ အလှူ မင်္ဂလာဆောင်များ ပြုလုပ်နေကြသည်ကို ခပ်စိပ်စိပ် တွေ့လာရသည်။ ပါဆယ်စနစ် ကိုဗစ်ကပ်ဘေးကြောင့် ထားဝယ်တွင် […]

တနင်္သာရီ ရိုးရာနဂါးလှေလှော်ပွဲတော် ၂ နှစ်ဆက်တိုက် မကျင်းပဖြစ်

diz_admin

October 25, 2021

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဒေသတွင်း ရိုးရာနဂါးလှေလှော်ပွဲတော် မကျင်းပဖြစ်သည်မှာ ၂ နှစ်ဆက်တိုက် ရှိပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က ကိုဗစ်ရောဂါကြောင့် ၈၆၇ နှစ်မြောက် ပွဲတော်ကျင်းပခြင်းမရှိခဲ့ပေ။ ယခုနှစ် (၈၆၈ နှစ်မြောက်)တွင်လည်း ကိုဗစ်ကပ်ဘေးနှင့် အခြားအကြောင်းအရာများကြောင့် မကျင်းပနိုင်ခြင်းဖြစ်ကြောင်း တနင်္သာရီမြိုနယ် စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီဝင် တစ်ဦးက ပြောသည်။ နဂါးလှေလှော်ပွဲတော်အား ချောင်းကြီးကျောင်းတိုက် ဘုံကထိန်ရက်ဖြစ်သည့် သီတင်းကျွတ်လပြည့်ကျော် ၄ ရက်နေ့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။ “ပွဲတစ်ပွဲလုပ်ဖို့ဆိုတာ မလွယ်ဘူး” ဟု အထက်ပါစာပေနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီဝင်က ပြောသည်။ ရိုးရာနဂါးလှေလှော်ပွဲတော်ဖြစ်မြောက်ရန် ကုန်ကျငွေ ကျပ်သိန်းငါးဆယ်ခန့်နှင့် လူအင်အား လိုအပ်ကြောင်း အဆိုပါကော်မတီဝင်က ပြောပြသည်။ နဂါးလှေလှော်ပွဲအား နှစ်စဉ် အစဉ်အလာအတိုင်း မကျင်းပဖြစ်သော်လည်း ချောင်းကြီးကျောင်းတိုက်ဆရာတော်၏ ဩဝါဒအတိုင်း ရေချခြင်းမင်္ဂလာအခမ်းအနား၊ […]

မွန်ရှိ မြို့နယ် NLD ရုံး သုံးရုံး ဗုံးဖောက်ခွဲခံရ

diz_admin

October 24, 2021

မွန်ပြည်နယ်အတွင်းရှိ ဘီးလင်း၊ ကျိုက်ထိုနှင့် သထုံမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးများ ဗုံးဖောက်ခွဲခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဘီးလင်းမြို့ ဆရာစံရပ်ကွက်တွင် ရှိသည့် ဘီးလင်းမြို့နယ် NLD ရုံးတွင် အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၁ နာရီကျော်အချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ ဗုံးဖောက်ခွဲခံရမှုကြောင့် ဘီးလင်းမြို့နယ် NLD ရုံးတစ်ခုလုံး ပျက်စီးသွားပြီး လူထိခိုက်မှုမရှိကြောင်းလည်း ဒေသခံတို့က ပြောသည်။ အလားတူ အောက်တိုဘာ ၂၃ ရက်နေ့ည ၁၁ နာရီခွဲဝန်းကျင်ခန့်ကလည်း ကျိုက်ထိုမြို့ ကော့စနိုင်ရပ်ကွက်ရှိ ကျိုက်ထိုမြို့နယ် NLD ရုံးလည်း ဗုံးဖောက်ခွဲခံရသည်။ ၎င်းပြင် သထုံမြို့နယ် NLD ရုံးတွင်လည်း အောက်တိုဘာ ၂၃ ရက်နေ့ ည ၁၁ […]

သရက်ချောင်း၊ ကြားအင်းရွာ ရပ်ကျေး ရွေကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဟောင်း သေနတ်ပစ်ခံရ

diz_admin

October 24, 2021

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကြာအင်းကျေးရွာတွင် ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဟောင်း တစ်ဦး သေနတ်ပစ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေနတ်ပစ်ခံရသူမှာ ကြာအင်းကျေးရွာ တောင်ပိုင်းတွင်နေထိုင်သည့် ဦးခင်ဇော်ဦးဆိုသူဖြစ်သည်။ ဦးခင်ဇော်ဦးသည် ၂၀၂၀ ရွေးကောက်ပွဲကာလက ကြာအင်းကျေးရွာ ရွေကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဦးခင်ဇော်ဦးအား အောက်တိုဘာလ ၂၃ ရက် ညဦးပိုင်းတွင် အမည်မသိလက်နက်ကိုင်အဖွဲ့က နေအိမ်တွင် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းဒေသခံက ပြောသည်။ “သေနတ်ထိပြီးတော့ စစ်တပ်ဆေးရုံကို ညတွင်းချင်းတင်လိုက်ရတယ်ဆိုတာ လောက်ပဲသိရသေးတယ်။ နောက်ပိုင်းအခြေအနေမသိရသေးဘူး” ဟု ၎င်းက ပြောကြားသည်။

ထားဝယ်တွင် သမီးဖြစ်သူ အိမ်တွင်မရှိသဖြင့် မိခင်ကို ဖမ်းဆီး၊ မိသားစုဝင်နှင့် ကလေးငယ်များပါ ထပ် အဖမ်းခံရ

diz_admin

October 24, 2021

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် ၂ လမ်းတွင် ယမန်နေ့ညပိုင်းက အသက် ၃၀ ဝန်းကျင်ရှိ သမီးဖြစ်သူမပန်းအိဖြူကို စစ်တပ်ကလာဖမ်းရာ သမီးဖြစ်သူနေအိမ်တွင်မရှိသဖြင့် မိခင်ဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ အောက်တိုဘာ ၂၃ ရက် ည ၈ နာရီခွဲခန့်က မပန်းအိဖြူနေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့်ရောက်လာပြီး သမီးဖြစ်သူကိုလာရှာရာ အိမ်တွင်မရှိသဖြင့် အသက် ၅၉ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်မာမာသက်ကို ဖမ်းသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ထို့နောက် ယနေ့နံနက် ၇ နာရီခန့်တွင် ဒေါင်းငူတံငါရပ်ကွက်တွင်နေထိုင်သည့် မပန်းအိဖြူ၏ မောင်ဖြစ်သူနှင့် အစ်မဖြစ်သူ၊ ခဲအို၊ ကိုးနှစ်သားအရွယ်ကလေးငယ်နှင့် ကြက်စားပြင်ရပ်ကွက်တွင် သတင်းသုံးလျက်ရှိသော ဦးလေးဖြစ်သူ သံဃာတော်တစ်ပါးကိုပါ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ သံဃာတော်ကိုမူ ယနေ့ ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း […]

ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူများကိုသာ ဈေးရောင်းခွင့်ပြုမည် ဟုဆို

diz_admin

October 23, 2021

ထားဝယ်စည်ပင်သာယာဈေးများတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူများကိုသာ ဈေးရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဈေးသူဈေးသားအချို့ထံမှ သိရသည်။ အောက်တိုဘာလ ဒုတိယအပတ်မှစကာ ထားဝယ်စည်ပင်သာယာဈေးကြီး(ဈေးကြီး)တွင် ဈေးရောင်းသူများသူအား ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့ပြီးဖြစ်ကြောင်း ဈေးသူဈေးသားများနှင့် အထက်ပါဌာနထံမှ သိရသည်။ ကမ်းနားဈေးတွင်မူ အောက်တိုဘာလ တတိယအပတ်တွင် ကာကွယ်ဆေးထိုးပေးရန် စီစဉ်နေကြောင်း သိရသည်။ ကာကွယ်ဆေးမထိုးထားပါက အထက်ပါဈေးများတွင် ဈေးရောင်းခွင့်ပြုမည်မဟုတ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။ “ဆေးမထိုးဘူးဆိုရင် ကျွန်တော်တို့ ဈေးရောင်းခွင့်လည်း ပေးမှာမဟုတ်ဘူး။ အဲဒါက ဈေးသည်တွေကို ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး ကျွန်တော်တို့ ထိုးပေးနေတယ်” ဟု ဦးအောင်စိုးမိုးက ပြောသည်။ ဈေးသည်များကို ကိုဗစ်ကာကွယ်ဆေး မထိုးမနေရဟု လိုက်လံပြောနေပြီး ဆေးမထိုးပါက ဈေးရောင်းချခွင့်မပြုကြောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဈေးအတွင်း လိုက်လံပြောဆိုနေသဖြင့် ဈေးသည်အများစုက ဆေးသွားထိုးကြသည်ဟု ကမ်းနားဈေးမှ ဈေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။ […]

ကျွန်းစု ကမ်းဇော်တောအား အစုအဖွဲ့ပိုင်အဖြစ် ထိန်းသိမ်းခွင့်ရ

diz_admin

October 23, 2021

ကျွန်းစုမြို့နယ် မော်ခေါင်းတုံးရွာ ဧရိယာအတွင်းရှိ အလေ့ကျပေါက်ရောက်နေသည့် ကမ်းဇော်တောအား ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော(CF) ထိန်းသိမ်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။ ကမ်းဇော်ပင်ပေါက်ရောက်နေသည့် ၃၉၅ ဧကအား ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကတည်းက ထိန်းသိမ်းခွင့်တင်ပြထားရာ ယခုနှစ် စက်တင်ဘာလတွင်မှ တရားဝင်ခွင့်ပြုမိန့်ရရှိခဲ့ကြောင်း ကမ်းဇော်တောထိန်းသိမ်းရေးကော်မတီအဖွဲ့ အတွင်းရေးမှူး ကိုရဲထွဋ်က ပြောသည်။ ကမ်းဇော်အစေ့မှ ထုတ်ယူသည့် ကမ်းဇော်ဆီသည် ဆေးဖက်ဝင်ပြီး အနာရောဂါအမျိုးမျိုးကို ပျောက်ကင်းသည်ဟု ဒေသခံများက ယုံကြည်ကာ အိမ်တွင်းဆေးအဖြစ် အများအပြားသုံးစွဲလေ့ရှိကြသည်။ မော်ခေါင်းတုန်းရွာရှိ ကမ်းဇော်တောအား CF အဖြစ် ထိန်းသိမ်းလိုက်သော်လည်း ရာသီပေါ်ချိန်တွင် ၎င်းတို့တစ်ရွာတည်းကသာ ထုတ်ယူသုံးစွဲမည်မဟုတ်ပဲ အနီးအနားရွာများကလည်း လာရောက်ကောက်ယူနိုင်ကြောင်း ကိုရဲထွဋ်က ပြောသည်။ “နယ်ကျော်ပြီး သီးသန့်လာကောက်ရင်တော့ ခွင့်မပြုဘူး”ဟု ၎င်းက ဆိုသည်။ မြိတ်မြို့နယ်နှင့် ပုလောမြို့နယ် အပါအဝင် အခြားမြို့နယ်များမှ လာရောက်ကောက်ယူမည်ခြင်းကို […]