ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်းမြို့နယ် စစ်တပ်မိုင်းဆွဲတိုက်ခိုက်ခံရ

diz_admin

November 6, 2021

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ဖြစ်သည့် စုံစင်ဖျားရွာနှင့် သဲချောင်းကြီးရွာကြားတွင် နိုဝင်ဘာ ၆ ရက် ယနေ့ နံနက် ၉ နာရီခွဲခန့်က စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ‌‌ဒေသခံရွာသားအချို့၏ ပြောပြချက်အရသိရသည်။ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လမ်းတစ်‌‌လျှောက် လိုက်လံပစ်ခတ်ခဲ့သဖြင့် ဥယျာဉ်ခြံအတွင်း ခြံခုတ်နေသည့် စုံစင်ဖျားရွာ ဒေသခံအမျိုးသားတစ်ဦးကို သေနတ်ကျည်ထိမှန်ခဲ့သည်ဟု ယင်းကျေးရွာမှ အမျိူးသားတစ်ဦးက ပြောသည်။ “သူတို့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ပစ်ပြီးထွက်လာတယ်၊ ကျွန်တော်တို့ စုံစင်ဖျားရွာသားတစ်ယောက် ထိမှန်တယ်လို့ ကြားရတယ်၊ ဒါနဲ့ ရငဲဆေးရုံကို အရေးပေါ်ကားနဲ့ တင်သွားတယ်” ဟု ၎င်းက ပြောသည်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လမ်းတွင်တွေ့သည့် ရော်ဘာအစေးလှီးသူ အချို့ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ကာ […]

လောင်းလုံး ဒေသခံအချို့ ပြန်လွတ်

diz_admin

November 5, 2021

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် လောင်းလုံးမြို့နယ်မှ ဒေသခံအချို့ ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးမိခင်နှင့် စစ်ပြဲကျေးရွာသား ၈ ဦး ယနေ့ ‌နိုဝင်ဘာလ ၄ ရက် နေ့လယ် ၂ နာရီဝန်းကျင်တွင်ပြန်လွတ်လာကြောင်း ဒေသခံအချို့ကပြောသည်။ လောင်းလုံးမြို့ခံအချို့လည်း ယမန်နေ့က ပြန်လွတ်လာကြောင်းကြားသိရသော်လည်း လူဦးရေအတိအကျမသိရသေးကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “ပြန်လွတ်တဲ့သူတွေရှိတယ်လို့ကြားရတယ်။ ဒါပေမယ့် သတင်းအချက်အလက်တိတိကျကျမရတော့ ဘယ်သူတွေလွတ်တယ်ဆိုတာ မပြောနိုင်ဘဲ ဖြစ်‌နေတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။ ယနေ့လွတ်မြောက်လာသူများမှာ နိုဝင်ဘာလ ၂ ရက်က ဖမ်းဆီးခံရသူများဖြစ်ပြီး လောင်းလုံးရဲစခန်းတွင် စစ်ဆေးမေးမြန်းခံရပြီး လွတ်‌မြောက်လာခြင်းဖြစ်ကြောင်း ဆိုကြသည်။ နိုဝင်ဘာလ ၃ ရက်က ဖမ်းဆီးခံထားရသည့် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာက ၂ နှစ်အရွယ် ကလေးနှင့် မိခင်ဖြစ်သူ၊ ဦးဇော်ဝင်းတို့သုံးဦးမှာမူ […]

ရေးတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

diz_admin

November 4, 2021

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့ အောင်သုခရပ်ကွက်နေ အမျိုးသားတစ်ဦး ယနေ့နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ရေးမြို့ အောင်သုခရပ်ကွက်နေ ဦးဇော်ဝင်းဆိုသူသည် နိုဝင်ဘာ ၄ ရက်နေ့ မနက် ၉ နာရီခွဲဝန်းကျင်အချိန်ခန့်က ၎င်း၏ နေအိမ်တွင် ရှိနေစဥ် သေနတ်သမားတို့က သေနတ်ဖြင့် လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရမှုကြောင့် ဇော်ဝင်းသည် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်ဟုလည်း သိရသည်။ “ခြေထောက် ထိသွားတယ်လို့ သိရတယ်” ဟု ရေးမြို့ဒေသခံတစ်ဦးက ပြောသည်။ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဦးဇော်ဝင်းကို ၎င်းတို့ ပစ်ခတ်ခံကြောင်း ထုတ်ပြန်ထားသည်။ ဦးဇော်ဝင်းသည် အာဏာသိမ်း စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် ရပ်တည်နေသည့်အတွက် ယခုလို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ၎င်းပြင် ရေးမြို့နယ်အတွင်းရှိ […]

ထားဝယ်တွင် စစ်တပ် မိုင်းဆွဲတိုက်ခိုက်ခံရ

diz_admin

November 3, 2021

ထားဝယ်မြို့နယ်၊ ဟာမြင်းကြီးကျေးရွာအုပ်စု၊ မြေးခန္တီရွာအနီးတွင် နိုဝင်ဘာလ ၃ ရက် နံနက်ခြောက်နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ သစ်ကတို့ရွာနှင့် မြေးခန္တီရွာအနီးတွင် ခြေလျင်ခရီး တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို (Local-PDF) ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးမှု ရှိခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။ စစ်ကောင်စီဘက်က ငါးဦးသေဆုံးကြောင်း ဒေသခံရွာသား တစ်ဦးက ဆိုသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ “ဘယ်လိုလုပ်အတည်ပြုရလဲဆို အလောင်းလဲ မြင်ရတယ်၊ ပြီးတော့ အလောင်းတော့ မသယ်ထုတ်သေးဘူး၊ သူတို့ အင်အားထပ်ဖြည့်နေတယ်ဆိုကြားတယ်၊ စဝင်လာတည်းက လက်နက်ကြီးနဲ့ရော လက်နက်ငယ်နဲ့ရော ပစ်နေတယ်၊ အခုလောလောဆယ်တော့ နားထားတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။ ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးသည်နှင့် နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်နေသဖြင့် […]

ဒေါက်တာလဲ့လဲ့မော် ပြန်လွတ်သတင်း မဟုတ်ဟု မိသားစုဝင် ပြော

diz_admin

November 3, 2021

အဂတိလိုက်စားမှု‌ တိုက်ဖျက်ရေး ဥပဒေဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် တနင်္သာတိုင်းဝန်ကြီးချုပ်‌ဟောင်းဒေါက်တာလဲ့လဲ့မော် ပြန်လွတ်ပြီဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း အနီးကပ် မိသားစုဝင်တစ်ဦးက ငြင်းဆိုလိုက်သည်။ ဒေါက်တာလဲ့လဲ့မော်အား ထောင်မှလွှတ်လိုက်ပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိသည်ဆိုသည့် သတင်းများ လူမှုကွန်ရက်ပေါ် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ဘ၀တွင် ဒေါက်တာလဲ့‌လဲ့မော်နှင့် အနီးကပ်နေထိုင်ခဲ့သော မိသားစုဝင်တစ်ဦးကမူ ပြန်လွတ်သည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း Dawei Watch သို့ ပြောသည်။ “(ပြန်လွတ်တယ်ဆိုတာ )မဟုတ်ပါဘူး။ ဘာမှ သတင်းမထူးသေးဘူး” ဟု အထက်ပါ မိသားစုဝင်က ဆိုသည်။ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများအရ ‌၂၀၂၀ ပြည့်နှစ် မေလက ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခံထားရသည်။

မွန်တွင် ကျောင်းတက်သူ ဆယ်ရာခိုင်နှုန်းခန့်

diz_admin

November 3, 2021

မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီး ကျောင်းတက်သည့် ကျောင်းသား ကျောင်းသူ ဆယ်ရာခိုင်နှုန်းခန့်သာ ရှိသေးသည်ဟု ပြည်နယ်ပညာရေးတာဝန်ရှိသူတို့ထံမှ သိရသည်။ ပြည်နယ်တစ်ခုလုံးတွင် ကျောင်းသား ကျောင်းသူ လေးသိန်းကျော်ရှိပြီး ယခုကျောင်းပြန်ဖွင့်ချိန်တွင် ကျောင်းသား ကျောင်းသူ တစ်ဆယ်ရာခိုင်နှုန်းခန့်သာ ကျောင်းလာတက်ကြသည်။ ကျောင်းစဖွင့်သည့် ပထမအပတ်တွင် ကျောင်းတက်သည့် ကျောင်းသား ကျောင်းသူဦးရေနည်းနေသော်လည်း ဒုတိယအပတ်ခန့်တွင် ကျောင်းသား ကျောင်းသူဦးရေ တိုးလာနိုင်သည်ဟုလည်း ပညာရေးဝန်ထမ်းတို့က ခန့်မှန်းထားကြသည်။ “ကျောင်းတက်တဲ့ကလေးက နည်းတယ်၊ စစဖွင့်ချင်းမို့လို့လားတော့ မပြောတတ်ဘူး၊ တချို့ကလည်း စိုးရိမ်ကြလို့ ကလေးကို ပေးမတက်သေးတာလည်းရှိတယ်၊ တဖြည်းဖြည်း များလာမယ် ထင်တာပဲ” ဟု မြို့နယ်ပညာရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ မြို့ပေါ်ရှိကျောင်းများထက် နယ်ဘက်ရှိကျောင်းများတွင် ကျောင်းတက်သည့် ကျောင်းသူကျောင်းသားဦးရေ ပိုများကြောင်း ကျောင်းဆရာ ဆရာမတို့ထံမှ သိရသည်။ ကျောင်းသားမိဘအချို့ကလည်း ကလေးလုံခြုံရေးအတွက် စိုးရိမ်ပြီး […]

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်းအမှု နိုဝင်ဘာလ ၁၁ ရက်နေ့ အမိန့်ချမည်

diz_admin

November 3, 2021

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်အမှုကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။ ဦးမြင့်မောင်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံထားရချိန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် သံပုံး (လင်ပန်း) တီးသည့် ဗီဒီယိုဖိုင်အား လူမှုကွန်ရက်ပေါ်တင်ခြင်းကြောင့် စွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။ ပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်က ကျူးလွန်ချင်လာအောင် အများပြည်သူကို လည်းကောင်း၊ အများပြည်သူ၏သီးခြားလူစုကိုလည်းကောင်း၊ ကြောက်ခြင်း ထိတ်လန့်ခြင်းတစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့မဟုတ် အကြောင်းရှိလျှင် စွဲဆိုနိုင်သည်။ ကျူးလွန်သည်ဟု သတ်မှတ်ခံရလျှင် ငွေဒဏ် နှစ်သိန်းဖြစ်စေ၊ အများဆုံးထောင်ဒဏ် ၂ နှစ်ဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီး နံနက်စောစောတွင် […]

ဒုတိယအကြိမ်ကျောင်းပြန်ဖွင့်ချိန် တိုင်းအတွင်း ကျောင်းတက်သူ ဆယ်ရာခိုင်နှုန်းကျော်

diz_admin

November 3, 2021

စစ်ကောင်စီက ဒုတိယအကြိမ် ကျောင်းတွေပြန်ဖွင့်ရန် ကြိုးပမ်းချိန်တွင် တနင်္သာရီတိုင်းအတွင်း ကျောင်းတက်သူ ဆယ့်ခြောက်ရာခိုင်နှုန်းကျော်ရှိကြောင်း တိုင်းပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။ တပ်ကောင်စီအစိုးရက အခြေခံပညာစာသင်ကျောင်းများကို နိုဝင်ဘာ ၁ ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်ခဲ့ရာ မနေ့က ကျောင်းတက်သူ စုစုပေါင်း တစ်သောင်းသုံးထောင် ရှစ်ဆယ့်ရှစ်ဦး(၁၃၀၁၈) ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ အထက်ပါ ကျောင်းတက်သူစာရင်းမှာ တစ်တိုင်းလုံးရှိ စာရင်းဖြစ်ပြီး အခြေခံပညာအစိုးရစာသင်ကျောင်းနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ၊ ဘက ကျောင်းများတွင် တက်ရောက်သည့် စာရင်းဖြစ်သည်။ ဇွန်လ ၁၀ ရက် ပထမအကြိမ်ဖွင့်လှစ်ခဲ့စဉ်က တိုင်းအတွင်း ကျောင်းတက်သူ ၆၅၁ ဦးရှိပြီး ဇူလိုင်လ ၈ ရက် ကိုဗစ်ကြောင့် ကျောင်းတွေပြန်ပိတ်လိုက်ရသည့်အချိန်ထိ ကျောင်းတက်သူ ၇၉၈၁၈ ဦးရှိသည်ဟု အထက်ပါဌာနထံမှ သိရသည်။ “အခုမှဖွင့်ဖွင့်ချင်းလည်း ဖြစ်တာဆိုတော့လေ ကလေးတွေက […]