ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ် NLD ရုံးဗုံးဖောက်ခွဲခံရ

diz_admin

October 20, 2021

မြိတ်မြို့ တပ်ပြင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံး ဗုံးဖောက်ခွဲခံရကြောင်း ရပ်ကွက်နေပြည်သူများနှင့် အဖွဲ့ချုပ်တာဝန်ရှိသူများထံမှ သိရသည်။ NLD ပါတီ ခရိုင်နှင့် မြို့နယ်ရုံးစိုက်ရာ သုံးထပ်တိုက်အဆောက်အအုံတွင် စက်တင်ဘာ ၁၉ ရက် ည ၁၂ နာရီခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အဆောက်အဦးအုတ်နံရံအပါအဝင် အပေါ်ထပ် မှန်ပြတင်းများလည်း ပျက်စီးခဲ့ကြောင်း ရပ်ကွက်သားများ ကပြောသည်။ “အသံကအကျယ်ကြီးပဲ မြေကြီးတောင်တုန်သွားတယ်။ ဒါက လက်လုပ်ဗုံးမဟုတ်နိုင်ဘူး သေချာစနစ်တကျ ထောင်ပြီးမှလုပ်တာ လက်လုပ်ဆို ဒီလောက်ပျက်စီးစရာ အကြောင်းမရှိဘူး”ဟု ယင်းရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ ယမန်နေ့ကလည်း တပ်ထောက်ခံရေးဆန္ဒပွဲများတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ၏ အမာခံ အဖွဲ့ဝင် ဒလန်ဟု အများကပြောဆိုနေသည့် ဦးထိန်လင်းအား သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

လောင်းလုံးမြို့နယ် ထားဝယ်ရိုးရာ သပိတ်မျှောပွဲ

diz_admin

October 20, 2021

လောင်းလုံးမြို့နယ်ရှိကျေးရွာအချို့တွင် သီတင်းကျွတ်လပြည့်နေ့ ထားဝယ်ရိုးရာသပိတ်မျှောနေသည့်မြင်ကွင်းများ။ ဓာတ်ပုံ – Dawei Watch

ထားဝယ်ရိုးရာ သပိတ်မျှောပွဲ

diz_admin

October 20, 2021

ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်အား နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့ နံနက်စောစောတွင် စည်ကားစွာ ကျင်းပလေ့ရှိသည်။ ယခုနှစ်တွင်မူ ကိုဗစ်ကပ်ဘေးနှင့် နိုင်ငံရ အခြေအနေများကြောင့် မကျင်းပတော့ပေ။ ထိုကြောင့် ဒေသခံအချို့က ထုံးတမ်းမပျက် မိမိအစီအစဉ်ဖြင့် သပိတ်မျှောနေသည်ကို တွေ့ရသည်။ သပိတ်အတွင်း ဆီမီး၊ ဆွမ်း၊ ခဲဖွယ်များထည့်ပြီး ထားဝယ်မြစ်အတွင်း မျှောကြခြင်း ဖြစ်သည်။

အဖိတ်နေ့ည ထားဝယ်သီတင်းကျွတ်

diz_admin

October 19, 2021

သီတင်းကျွတ်လဆန်း ၁၄ ရက် ညဦးတွင်တွေ့ရသည့် ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရာကြီးတွင် ဘုရားဖူးလာသူများနှင့် မြင်ကွင်းအချို့ ဓာတ်ပုံ- Dawei Watch

မြိတ်တွင် ဆိုင်ကယ်ကယ်ရီဆွဲသူတစ်ဦး သေနတ်ပစ်ခံရ

diz_admin

October 19, 2021

မြိတ်မြို့တွင် ဆိုင်ကယ်ကယ်ရီမောင်းနှင်သည့် အမျိုးသားတစ်ဦးသည် အောက်တိုဘာလ ၁၉ ရက်နေ့ နံန‌က်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၅၀ နှစ်ကျော်ရှိ ဦးထိန်လင်းသည် မြိတ်မြို့ မြိတ်တောင်နယ်မြေ အမှတ် ၇ အခြေခံပညာအထက်တန်းကျောင်းရှေ့ လမ်းဆုံဂိတ်တွင် ပစ်ခံရခြင်းဖြစ်ပြီး မြိတ်တောင်နယ်မြေအုပ်ချုပ်ရေးမှူးရုံးနှင့် နီးသည်ဟု ဒေသခံအချို့က ဆိုသည်။ “မီးပန်း(ဗျောက်အိုး) ဖောက်တဲ့ အသံမျိုး သုံးချက်တော့ ကြားလိုက်ရတယ်” ဟု အခင်းဖြစ်နေရာအနီး ဖြတ်သန်းသွားလာခဲ့သည့် အမျိုးသမီးကြီးတစ်ဦးက ပြောသည်။ ဆိုင်ကယ်ကယ်ရီဂိတ်တွင် ရှိနေစဉ် ပစ်ခဲ့ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့ကပစ်ခတ်ခဲ့သည်ကိုမူ မသိရှိရသေးပေ။ သေနတ်ဒဏ်ရာရခဲ့သည့် ဦးထိန်လင်းကို တပ်ဆေးရုံသို့ တင်ဆောင်သွားပြီး လက်ရှိတွင် သေဆုံးသွားပြီဖြစ်ကြောင်း ပြောဆိုနေကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဦးထိန်လင်းမှာ ကြံ့ခိုင်ရေးပါတီ၏ အမာခံ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တပ်ထောက်ခံရေးဆန္ဒပွဲများတွင် ဦးဆောင်သူတစ်ဦးအနေဖြင့် […]

ထားဝယ်အကျဉ်းထောင်ရှေ့တွင် ပြည်သူများ စောင့်ဆိုင်း

diz_admin

October 19, 2021

နိုင်ငံရေးအကျဉ်းသားများကို ဒုတိယနေ့အဖြစ် ဆက်လက်လွှတ်ပေးမည်ဆိုသည့် သတင်းကြောင့် အောက်တိုဘာလ ၁၉ ရက်နေ့က ထားဝယ်အကျဉ်းထောင်ရှေ့တွင် ပြည်သူများ လာရောက်စောင့်ဆိုင်းနေကြသည်။ နံနက်ကိုးနာရီခန့်မှစကာ လာရောက်စောင့်ဆိုင်းနေကြခြင်းဖြစ်ပြီး တဖြည်းဖြည်းလူများလာကာ နံနက် ၁၁ နာရီခန့်တွင် လူဦးရေ ၂၀၀ ဝန်းကျင်အထိရှိလာကြောင်း ထားဝယ်အကျဉ်းထောင်ရှေ့ကို ရောက်နေသည့် ပြည်သူတစ်ဦးက ဆိုသည်။ “အချို့တွေကတော့ လွှတ်ပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လာစောင့်နေကြတယ်။ အချို့တွေကတော့ ထားဝယ်ရဲစခန်းမှာ ခံဝန်ထိုးပြီးမှာ လွှတ်ပေးမယ်ဆိုပြီး ပြောနေကြတယ်။ ထောင်ရှေ့မှာတော့ မလွှတ်ပေးဘူးဆိုပြီး ပြောနေကြတယ်” ဟု ၎င်းက ပြောသည်။ ယမန်နေ့ကလည်း တိုင်းအတွင်းရှိ အကျဉ်းထောင်သုံးခုတွင် နိုင်ငံရေးအကျဉ်းသားအချို့ကို ပြန်လွှတ်ပေးခဲ့ပြီး မြိတ်အခြေစိုက် သတင်းထောက်နှစ်ဦးနှင့် ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုကျော်ထွေးတို့ လွတ်မြောက်လာခဲ့သည်။ ထောင်မှ လွှတ်ပေးသူစာရင်းအတိအကျသိရှိနိုင်ရန် တိုင်းဒေသကြီးအကျဉ်းဦးစီးဌာန၏ ရုံးဖုန်းသို့ ယ‌မန်နေ့ကတည်းက အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း […]

ငါးလနီးပါး ရပ်နားထားသည့် ရန်ကုန်- ကော့သောင်းလေကြောင်းခရီးစဉ် ပြန်ပြေးဆွဲ

diz_admin

October 19, 2021

ကိုဗစ်ကူးစက်မှုမြင့်တက်နေခြင်းကြောင့်ဟုဆိုကာ ငါးလနီးပါးရပ်နားထားခဲ့သည့် ရန်ကုန်-ကော့သောင်းလေကြောင်းခရီးစဉ်အား အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သက်ဆိုင်ရာ လေကြောင်းလိုင်းအချို့က ထုတ်ပြန်ထားသည်။ မေလနှောင်းပိုင်းတွင် စတင်ရပ်နားထားခဲ့သည့် လေကြောင်းခရီးစဉ်အား အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)က ထုတ်ပြန်ထားသည်။ ရန်ကုန်-ကော့သောင်းခရီးစဉ်အား Embraer 190 အမျိုးအစားလေယာဉ်နှင့် ATR72-600 လေယာဉ်များဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း MNA လေကြောင်းလိုင်းက ဖော်ပြထားသည်။ AIR KBZ လေကြောင်းလိုင်းကမူ အောက်တိုဘာလ ၂၁ ရက်နေ့မှစကာ အပတ်စဉ် ကြာသပတေးနေ့တိုင်း ပြေးဆွဲမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ လက်ရှိတွင် ရန်ကုန်- ကော့သောင်း လေကြောင်းခရီးစဉ်ကို ပြန်လည်ပြေးဆွဲမည်ဖြစ်သော်လည်း ထားဝယ်နှင့် မြိတ်ခရီးစဉ်များ မပါဝင်သေး‌ကြောင်း ထားဝယ်မြို့ရှိ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးက ဆိုသည်။ “ပြန်ပြေးဆွဲမယ်လို့ မကြားရသေးဘူးရှင်၊ ကျွန်မတို့လည်း မျှော်နေတာပဲ” […]