ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေးအပါအဝင် တက်ကြွလှုပ်ရှားသူအချို့ မနေ့က ပြန်လွတ်
diz_admin
October 19, 2021ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေး အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ကို အောက်တိုဘာလ ၁၈ ရက် ညနေက ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ သပိတ်ဦးဆောင်သူ ကိုကျော်ထွေး အပါအဝင် စုစုပေါင်းဦးရေ ၁၀၀ ကျော် ပြန်လွတ်လာသည်ဟု သိရကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။ ကိုကျော်ထွေးအား ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၂ နှစ် ၄ လ ကျခံစေရန် ပြီးခဲ့သည့် ဇွန်လက အမိန့်ချခံထားရသည်။ ကိုကျော်ထွေးအပြင် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ ကိုမင်းသူရလည်း ပြန်လွတ်ပြီဖြစ်ကြောင်း အထက်ပါတရားလွှတ်တော်ရှေ့နေက ပြောသည်။ ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံရပြီး ထောင်ဒဏ် ၄နှစ်ချမှတ်ခံထားရသည့် သပိတ်ဦးဆောင်သူ ကိုအောင်ဝေယံကျော်မှာမူ မလွတ်မြောက်သေးကြောင်း ၎င်းက ဆိုသည်။ လက်ရှိလွတ်ငြိမ်းခွင့်ပေးရာတွင် တနင်္သာရီတိုင်းအတွင်းမှ ပြန်လည်လွတ်မြောက်လာသူ အရေအတွက်အား သိရှိနိုင်ရန် မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။ ဆန္ဒပြရာတွင် […]


