တနင်္သာရီတိုင်းရှိ မြို့နယ်သုံးခုမှ နိုင်ငံခြားသားများ ထွက်ခွာရန် တပ်ကောင်စီညွှန်ကြားဟု အမေရိကန်သံရုံးထုတ်ပြန်
diz_admin
October 14, 2021တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်သုံးခုတွင် နေထိုင်သည့် နိုင်ငံခြားသားများ ထွက်ခွာရန် တိုင်းဒေသကြီး တပ်ကောင်စီက ညွှန်ကြားထားကြောင်း အမေရိကန်နိုင်ငံသံရုံးက ထုတ်ပြန်ထားသည်။ ထားဝယ်မြို့နယ် ၊ လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တွင် နေထိုင်သည့် နိုင်ငံခြားသားများ ထွက်ခွာရန် ညွှန်ကြား ထားကြောင်း အမေရိကန်သံရုံးက အောက်တိုဘာ ၁၄ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ အမေရိကန်နိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားအားလုံး၏ လုံခြုံရေး စိုးရိမ်မှုနှင့် အာမခံချက် မရှိတော့သည့်အတွက် ယင်းမြို့နယ်သုံးခုမှ ချက်ချင်းထွက်ခွာကြရန် ဒေသအာဏာပိုင်က အောက်တိုဘာ ၁၁ ရက်တွင် ညွှန်ကြားခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ထိုကြောင့် နိုင်ငံခြားသားများအားလုံး အန္တရာယ်ကင်းစွာ အမြန်ဆုံးထွက်ခွာရန် အကြံပေးထားပြီး အရေးပေါ်အခြေအနေ ကြုံရပါက သံရုံးအနေဖြင့် အကူအညီပေးရန် အကန့်အသတ်ရှိနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထားဝယ်ဒေသရှိ နိုင်ငံခြားသားများ ထွက်ခွာရန် […]


