ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်မြို့ပေါ်တွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

diz_admin

September 20, 2021

ဒလံဟု လူသိများသူ အမျိုးသမီးတစ်ဦး စက်တင်ဘာ ၂၀ ရက် ယနေ့ ညနေ ၄ နာရီ ဆယ့်ငါးမိနစ်ခန့်က ထားဝယ်မြို့လယ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။ အဆိုပါအမျိုးသမီးကို အမည်မသိအဖွဲ့က ထားဝယ်မြို့၊ ရွှေတောင်စားစေတီအနီးရှိ မလိငပိလက်ဆောင်ပစ္စည်းအရောင်းဆိုင်အနီးတွင် သေနတ်နှင့် ပစ်သတ်သွားကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “ဘယ်သူတွေပစ်သွားလဲဆိုတာ ကျွန်တော်လည်း မသိဘူး၊ ရဲကားတွေရောက်လာတော့ ကျွန်တော်တို့လဲ တခြားနေရာကိုထွက်လာလိုက်ရတယ်၊ သူတစ်ယောက်တည်းမဟုတ်ဘူး၊ အဖော်တစ်ယောက်ပါသေးတယ်၊ တယောက်ကတော့ နေရာတင် ပွဲချင်းပြီး သေသွားတယ်၊ တယောက်ကတော့ ဒဏ်ရ ရတယ်ပြောတယ်” ဟု ဖြစ်စဉ် ဖြစ်ပွားရာ နေရာ အနီးနေထိုင်သူ အမျိုးသားတစ်ဦးကဆိုသည်။ သေဆုံးသူမှာ ဒေါ်စန်းဝေဆိုသူ ဖြစ်ပြီး ထားဝယ်မြို့၊ ဘုံမ္မော်ရပ်ကွက် ၄ လမ်းတွင်နေထိုင်သူဖြစ်ပြီး အသက် ငါးဆယ်နီးပါးခန့်ရှိပြီဖြစ်ကြောင်း […]

မြိတ်တွင် လက်လုပ်မုန့်ရောင်းသူများအား ဆန်အိတ်ငယ် တစ်ထောင်လှူ

diz_admin

September 20, 2021

မြိတ်တွင် လက်လုပ်မုန့်ရောင်းချနေသူ များအား ငါးပြည်ဝင် ဆန်အိတ်ငယ် တစ်ထောင်ပေးလှူခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၁၉ ရက်နေ့က လက်လုပ်မုန့်ရောင်းချသူ လူဉီးရေတစ်ထောင်အား ဆန်နွဲ့၊ ဆန်ကြမ်းနှင့် ကောက်ညှင်းအပါအဝင် လူတစ်ဦးလျှင် ငါးပြည်ဝင် တစ်အိတ်နှုန်း ပေးလှူခဲ့ကြောင်း မြတ်သင့်ထူး ဆန်ရောင်းဝယ်ရေးမှ အလှူရှင် ကိုသန်းဇော်မျိုး ကပြောသည်။ ကပ်ဘေးကာလအတွင်း လက်လုပ်မုန့်ရောင်းချသည့် လူတန်းစားအချို့သည် အရင်းအနှီးမဲ့နေသည့် အခြေအနေနှင့် ကြုံနေရသဖြင့် “မတည်”လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “နေ့ပြန်တိုးချေးပြီးတော့ မုန့်လုပ်ရောင်းနေကြရတယ်။ အဲဒီသူတွေရဲ့ဘဝတွေ အဆင်ပြေပါစေဆိုပြီး လှူခဲ့တာပါ”ဟု ၎င်းကပြောသည်။ ဆန်လာရောက်အလှူခံသူများအနေဖြင့် ရပ်ကွက်အတွင်း လက်လုပ်မုန့်ရောင်းချနေကြောင်း ရာအိမ်မှူး ထောက်ခံစာ ဖြင့်လာရောက်ယူခဲ့ကြသည်ဟု အလှူရှင်ကပြောပြသည်။ မြိတ်မြို့ကမ်းနားလမ်းတွင် နံနက် ၈ နာရီမှစတင်ကာ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ပလတွင် ဆယ်ကျော်သက် လူငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

diz_admin

September 20, 2021

မြိတ်ခရိုင် ပုလောမြို့နယ် ပလမြို့တွင် စက်တင်ဘာလ ၁၉ ရက်နေ့က မွန်းလွဲပိုင်းအချိန်က ဆယ်ကျော်သက် လူငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖမ်းဆီးခံရကြောင်း ပလမြို့ခံတစ်ချို့ထံမှ သိရသည်။ ပလမြို့နေ အသက် ၁၉ နှစ်ခန့်ရှိ လူငယ်တစ်ဦးအား အဖမ်းဆီးပြီးနောက် ယင်းလူငယ်မှ တစ်ဆင့် အခြားလူငယ်တစ်ဦးအား ထပ်မံဖမ်းဆီးခဲ့ကြောင်း ပလမြို့နေ အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသမီးတစ်ဦးက ပြောပြသည်။ “ပထမတစ်ယောက်ကို လမ်းကနေဖမ်းခဲ့တာ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ အမှတ် ၄ ရပ်ကွက် အောင်သစ္စာလမ်းထိပ်တွင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လမ်းမကြီးတွင် စစ်တပ်ယာဉ်နှစ်စီး ရပ်နားထားသည်ကို တွေ့ရှိရကြောင်း အမျိုးသမီးက ပြောပြသည်။ ထို့ပြင် အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးပြီး နေအိမ်အား ဝင်ရောက်ရှာဖွေသွားခဲ့ကြောင်း သိရသည်။ အဆိုပါ […]

ကျိုက်ထိုတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

diz_admin

September 20, 2021

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးချစ်သန်းသည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ အင်္ဂဘိုကျေးရွာမှ ရာအိမ်မှူး ဦးချစ်သန်းသည် စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲဝန်းကျင်ခန့်က လက်ပံကျေးရွာမှ နေအိမ်သို့ ပြန်လာစဉ် ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးဘေး Pioneer စားသောက်ဆိုင်အနီးအရောက်တွင် အမည်မသိသေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီးပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရမှုကြောင့် ဦးချစ်သန်းသည် ဇက်ပိုးတွင် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “ပစ်ခတ်ခံရတာက ကားလမ်းမဘေးမှာပဲ၊ အပစ်ခံရတဲ့နေရာမှာပဲ ဆုံးသွားတယ်၊ ဒီတလော ကျွန်တော်တို့ဘက်မှာ ဒီလိုမျိုးဖြစ်စဉ်တွေ ခနခနကြားနေရတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။ ဦးချစ်သန်း ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး ကျိုက်ထိုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့မှ စစ်ဆေးမှုများ […]

လောင်းလုံး ရေဖြူရွာတွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၊ ဒဏ်ရာပြင်းထန်

diz_admin

September 19, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း စုံစမ်း သိရှိရသည်။ အဆိုပါအမျိုးသားနှစ်ဦးကို ဂေါ့အင်းရွာရှိ နာရေးကူညီမှုရုံးခန်းအနီး တပ်စွဲထားသည့် စစ်သားများက တားဆီးရာ ဆိုင်ကယ်ရပ်မပေးသဖြင့် အနောက်မှ လိုက်လံပစ်ခတ်ရာ သေနတ်ထိမှန်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဂေါ့အင်းကျေးရွာမှာ လောင်းလုံးမြို့၏ တောင်ဘက် တွင် တည်ရှိပြီး စစ်တပ်များ တပ်စွဲကာ အပြင်းအထန် ကြပ်မတ်နေသော အောက်ရေဖြူကျေးရွာနှင့် ကပ်လျက် တည်ရှိသည်။ “(နာရေးကူညီမှုရုံးခန်းအနီးက) ညောင်ပင်အောက်မှာ စစ်နေတာက နှစ်နေရာရှိတယ်။ ပထမဆုံး သေနတ်ကို အပေါ်ကိုမြှောက်ပြီးပစ်တယ်။ ပြီးတာနဲ့ အနောက်ကနေလိုက်ပစ်တာ။ ဓာတ်မီးတိုင်ကိုလဲထိတယ်။ ဆိုင်ကယ်စီးလာတဲ့သူမှာလည်း ထိသွားတယ်” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။ ဆိုင်ကယ်အနောက်မှ ထိုင်လိုက်လာသူတွင် သေနတ်ထိမှန်ပြီးနောက် အနီးနားရှိ ရေဖြူတံတားအရောက်တွင် […]

လောင်းလုံး လူငယ်သပိတ် စစ်ကြောင်း ပစ်ခတ်ဖြိုခွဲခံရ

diz_admin

September 19, 2021

လောင်းလုံးမြို့နယ်လုံးဆိုင်ရာ လူငယ် သပိတ်စစ်ကြောင်းသည် ယနေ့ နံနက် ကိုးနာရီခွဲခန့်က အင်းဇောက်ကျေးရွာ၊ ပြည်လုံးချမ်းသာ ဘုရားမုခ်ဦးအနီး သေနတ် ပစ်ဖောက် ဖြိုခွဲခံလိုက်ရကြောင်း သပိတ်စစ်ကြောင်းတွင် ပါဝင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။ သပိတ်စစ်ကြောင်းထွက်နေစဉ် အရပ်ဝတ်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အိမ်စီးကားဖြင့် ရောက်လာပြီး သေနတ်မိုးပေါ်ထောင်ပစ်၍ ဖြိုခွင်းဖမ်းဆီးရန် ကြိုးစားရာ ခဲ့ကြောင်း သပိတ်တွင် ပါဝင်သူတို့ထံမှ သိရသည်။ “သပိတ်စစ်ကြောင်း ထွက်ဖို့လုပ်နေတဲ့အချိန်မှာပဲ သေနတ်လာပစ်လိုက်တော့ အားလုံးက ရုန်းရင်းဆန်ခတ်ဖြစ်သွားကြတယ်။ အချို့လဲကျတဲ့သူတွေကို ထူပြီး ထွက်ပြေးလိုက်ကြရတာ” ဟု သပိတ်တွင် ပါဝင်သူတစ်ဦးက ပြောသည်။ သပိတ်စစ်ကြောင်း ဖြိုခွဲခံရသောနေရာ အနီးရှိ ဆိုင်ကယ် ဆယ်ငါးစီးခန့်ကိုမူ စစ်ကောင်စီတပ်ဖွဲ့ သိမ်းဆည်းသွားသည်ဟု သိရသည်။ ဖမ်းဆီးခံရသည့် အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ယနေ့ ပစ်ခတ်ဖြိုခွဲခံလိုက်ရသော သပိတ်စစ်ကြောင်း […]

တနင်္သာရီမြို့ ချောင်းကြီးကျောင်းတိုက် ဆရာတော် ကိုဗစ်ရောဂါဖြင့် ပျံလွန်

diz_admin

September 18, 2021

မြိတ်ခရိုင်၊ တနင်္သာရီမြို့ ချောင်းကြီးကျောင်းတိုက်၏ ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တအရှင်ပညာဒီပမထေရ်သည် ကိုဗစ်ရောဂါဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။ သက်တော် ၁၀၃ နှစ်၊ ဝါတော် ၈၃ ဝါရှိ ဆရာတော် ဘဒ္ဒန္တအရှင်ပညာဒီသည် ဖျားနာရာမှ ကိုဗစ်ရောဂါ စစ်ဆေး တွေ့ရှိခဲ့သဖြင့် မြိတ်မြို့ တပ်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်တွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်၏ တပည့်တစ်ဦးထံမှ သိရသည်။ ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် ဆရာတော်၏ ရုပ်ကလပ်အား အန္တိမဈာပန ပြုလုပ်ရန် တနင်္သာရီမြို့သို့ ပြန်လည်ပင့်ဆောင်နေကြောင်း သိရသည်။ ဆရာတော်သည် တနင်္သာရီတစ်မြို့လုံးအပါအဝင် ရပ်ဝေးရပ်နီးတို့ရှိ တပည့် တကာ၊ တကာမတို့၏ ကိုးကွယ်ကြည်ညိုမှုခံယူထားရသည့် ဆရာတော်တစ်ပါးဖြစ်သည်။

မွန်ပြည်နယ် ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ဥက္ကဋ္ဌ ပစ်သတ်ခံရ

diz_admin

September 18, 2021

မွန်ပြည်နယ် ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးရန်ရှင်းသည် ကျိုက်ထိုမြို့တွင် ပစ်သတ်ခံရကြောင်း သိရသည်။ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရိခန့်က ကျိုက်ထိုမြို့ ဗိုလ်ချုပ်လမ်း ဆားဖိုးကြီးအိမ်ရှေ့ဆိုင်တန်းတွင် အမည်မသိ သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦးရန်ရှင်းကို သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းဖောက်ထွက်ဒဏ်ရာရရှိခဲ့သည့် ဦးရန်ရှင်းကို ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “သေနတ်သမားနှစ်ဦးက လာပစ်သွားတယ်လို့ သိရတယ်၊ ဒဏ်ရာရရှိထားတဲ့ ဦးရန်ရှင်းကို ကျိုက်ထိုဆေးရုံကို ပို့တယ် အခြေအနေမကောင်းတော့ ရန်ကုန်ကိုပို့ရင်း ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဦးရန်ရှင်း ပစ်ခတ်ခံရသည့်နေရာသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးမှုများ […]