လောင်းလုံးရှိ ကျေးရွာအချို့၏ ကိုဗစ်စင်တာအချို့ အပိတ်ခံရ
diz_admin
September 16, 2021ထားဝယ်ဒေသ၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာများတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်စင်တာအချို့အား လာရောက်ပိတ်ခိုင်းထားကြောင်း စုံစမ်းသိရှိရသည်။ စုံစမ်းမေးမြန်းချက်အရ လောင်းလုံးမြို့နယ်ရှိ ဝေဒီ၊ ရေဖြူ၊ ကဒက်ကြီး ကျေးရွာသုံးရွာရှိ ကိုဗစ်စင်တာကို ပိတ်ရန်အတွက် ရဲနှင့် စစ်သားများ ရွာအတွင်းလာရောက်စစ်ဆေးစဉ် မှာသွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းကျေးရွာတို့သည် ကျေးရွာစာသင်ကျောင်းတွင် ကိုဗစ်စင်တာများဖွင့်လှစ်ထားရှိပြီး လူနာများအား ထားရှိကုသပေးလျက်ရှိသည်။ ရေဖြူကိုဗစ်စစ်တာအား စက်တင်ဘာလ ၂၄ ရက်မတိုင်မီ ပိတ်ရန်မှာထားခဲ့ပြီး ဝေဒီကိုဗစ်စင်တာတွင်မူ မနက်ဖြန် စက်တင်ဘာလ ၁၆ ရက်မတိုင်မီ ပိတ်ရန် မှာထားခဲ့သည်ဟုဆိုသည်။ “အခုကိုဗစ်လူနာတွေကို စာသင်ကျောင်းကနေ ရွှေ့ပြောင်းနေကြတယ်” ဟု ဝေဒီကျေးရွာက ဒေသခံတစ်ဦးက ယမန်နေ့ ညနေပိုင်းက ပြောကြားသည်။ လောင်းလုံးမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာမင်းညွန့်ဝင်းကမူ ကျေးရွာကိုဗစ်စင်တာများ ပိတ်သိမ်းခိုင်းသည့်ကိစ္စအား ကျန်းမာရေးဌာနအနေဖြင့် သိရှိခြင်းမရှိဟုဆိုသည်။ ပန်းဒလဲကျေးရွာ […]


