ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကျိုက်ထိုလူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင် အချို့ ဖမ်းဆီးခံရ

diz_admin

November 17, 2021

မွန်ပြည်နယ် ကျိုက်ထိုမြို့ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌအပါအဝင် အသင်းဝင်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးထားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကျိုက်ထိုမြို့ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးစိုးသီဟနှင့် အသင်းဝင်လေးဦးတို့ နိုဝင်ဘာ ၁၅ ရက်နေ့က ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ ၎င်းပြင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကို ဆက်သွယ်ပြီး ကူညီထောက်ပံ့မှုများ လုပ်ဆောင်နေသည်ဆိုသည့်စွပ်စွဲချက်နှင့် နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း ဒေသခံလူငယ် ၇ ဦးထက်မနည်း ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးခဲ့သည် ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “ဖမ်းဆီးခံရမှုတွေက ဒီရက်ပိုင်းမှာ နေ့တိုင်းလိုလို ရှိလာတယ်၊ ကယ်ဆယ်ရေးအဖွဲ့က လူတွေလည်း ပါတယ်၊ ဘာကြောင်းဖမ်းလဲတော့ မသိဘူး၊ ပြီးတော့ စစ်ဆေးမှုတွေကလည်း ပိုပြီးတော့ တင်းကြပ် လာတယ်” ဟု ကျိုက်ထိုမြို့ခံတစ်ဦးက ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ကျိုက်ထိုမြို့တွင် […]

ရန်ကုန်-ထားဝယ် လေကြောင်းခရီးစဉ် နိုဝင်ဘာလ ၁၉ ရက်နေ့ စပြေးဆွဲမည်

diz_admin

November 17, 2021

လပေါင်းများစွာ ရပ်နားထားခဲ့သည့် ရန်ကုန်-ထားဝယ် လေကြောင်းခရီးစဉ်အား နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း လေကြောင်းလိုင်းအချို့က ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၂၀ ရက်နေ့တွင်မူ ရန်ကုန်-မြိတ် ခရီးစဉ်အား ပြန်လည်ပြေးဆွဲတော့မည်ဖြစ်သည်။ ကိုဗစ်ကူးစက်မှုမြင့်တက်လာသည်ဟုဆိုကာ တနင်္သာရီတိုင်းအတွင်းရှိ ထား၀ယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်းများလိုင်းများကို ယခုနှစ် မေလနှောင်းပိုင်းတွင် စတင်ရပ်နားခဲ့ပြီး အချိန်ကာလအလိုက် သက်တမ်းတိုးလာခဲ့သည်။ လက်ရှိတွက်မူ Air KBZ လေကြောင်းလိုင်းနှင့် MAI လေကြောင်းလိုင်းများက နေ့စဉ်ပြေးဆွဲတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ရန်ကုန်-ထားဝယ်အတွက် ၆၉၀၀၀ ကျပ်နှင့် ရန်ကုန်-မြိတ် ခရီးစဉ်အတွက် ၈၂၀၀၀ ကျပ်သတ်မှတ်ထားကြောင်း Air KBZ က ထုတ်ပြန်ထားသည်။ ထိုနောက် ရန်ကုန်-ကော့သောင်း ခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) နှင့် Air KBZ လေကြောင်းလိုင်းတို့က […]

မြိတ်ဈေးကွက်အတွင်း ကင်းမွန်စဖမ်း ဈေးအနည်းငယ်ကျ

diz_admin

November 16, 2021

မြိတ်ဈေးကွက်အတွင်း ကင်းမွန်များရောက်ရှိလာပြီး မူလပေါက်ဈေးထက်အနည်းငယ် ဈေးကျသွားကြောင်း ကင်းမွန်လှေ လုပ်ငန်းရှင်များထံမှသိရသည်။ ကင်းမွန်ဖမ်းရာသီမစခင်က ကင်းမွန်တစ်ဗန်းလျှင် ကျပ်တစ်သိန်းသုံးသောင်းမှ ကျပ်တစ်သိန်းလေးသောင်းထိ ရှိခဲ့ရာမှ လက်ရှိအချိန်တွင် တစ်သိန်းနှစ်သောင်းသာ ရှိတော့ကြောင်း ကင်းမွန်လှေလုပ်ကိုင်သူများထံမှ သိရသည်။ “ထပ်ကျဖို့ရှိတယ်။ ဒီထက်အရများလာရင် ထပ်ပြီးကျလာဦးမယ်”ဟု ကင်းမွန်လှေလုပ်ငန်းရှင် ကိုအေးမင်း ကပြောသည်။ ဒေသခံတို့မှ လှေကြီးလှေငယ်များအသုံးပြုကာ ပင်လယ်ပြင်အတွင်းကင်းမွန်များကို ဖမ်းဆီးနေကြပြီး ရရှိနေသည့် ပမာဏမှန်းဆရန် ခက်ခဲကြောင်း ကင်းမွန်လှေရှင်များ ကမှတ်ချက်ပေးသည်။ ကင်းမွန်များကို လက်ရှိအချိန်တွင် ကုမ္ပဏီအချို့နှင့် အဝယ်ဒိုင်များမှ ဝယ်ယူနေကြပြီး မြိတ်စက်မှုဇုံရှိ တရုတ်အဝယ်ဒိုင်များမှလည်း ဝယ်ယူရန်ပြင်ဆင်နေကြပြီဖြစ်ကြောင်း လှေရှင်များ ထံမှသိရသည်။ “တရုတ်တွေက မရောက်ကြသေးဘူး။ ဒါပေမယ့် တရုတ်ဒိုင်အချို့ကတော့ ပြင်ဆင်နေကြပြီ’”ဟု ကိုအေးမင်းက ပြောပြသည်။ မြိတ်စက်မှုဇုံအတွင်း တရုတ်နိုင်ငံသားများလုပ်ကိုင်နေသည့် ကင်းမွန်အဝယ်ဒိုင် တစ်ဆယ်ကျော်ရှိပြီး ပြုပ်ခြောက်ပြုလုပ်ကာ တရုတ်ပြည်သို့ ကုန်းလမ်းမှတစ်ဆင့် […]

တနင်္သာရီတိုင်းတွင် အိမ်ရှိလူစာရင်းကပ်ရန် ညွှန်ကြား

diz_admin

November 16, 2021

နေအိမ်အရှေ့တွင် လူစာရင်းကပ်ထားရန် ထားဝယ်ခရိုင်အပြင် တိုင်းအတွင်းရှိ ခရိုင်အားလုံးကို ညွှန်ကြားထားကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ အိမ်တွင်နေထိုင်သည့် လူအရေအတွက်အား သိနိုင်ရန် ယင်းကဲ့သို့ညွှန်ကြားထားပြီး လက်ရှိတွင် စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။ “အိမ်ထောင်စုစာရင်းကို သိအောင်ပေါ့။ အိမ်(မှာရှိတဲ့လူစာရင်း)ကလူတွေကို သိရှိအောင်ပေါ့” ဟု ၎င်းက ဆိုသည်။ ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် လူစာရင်းကပ်ထားရန် ပြောဆိုနေသော်လည်း အချို့ရပ်ကွက်များတွင်မူ လာရောက်ပြောဆိုခြင်းမရှိသေးပေ။ မြို့ပေါ်ရှိ အိုးလုပ်ရပ်ကွက်နှင့် ဆန်းချီရပ်ကွက် အပါအဝင် ရပ်ကွက်အချို့တွင် ပြီးခဲ့သည့်အပတ်မှစကာ ယင်းကဲ့သို့ ညွှန်ကြားထားကြောင်း ဒေသခံအချို့က ဆိုသည်။ အိုးလုပ်ရပ်ကွက်တွင် လူဦးရေစာရင်းကပ်ထားရန် ရပ်ကွက်အုပ်ချုပ်ရေးမှတစ်ဆင့် လာရောက်ပြောဆိုခဲ့ကြောင်း ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။ “လာစစ်တဲ့အချိန်ဆို ဒီစာရွက်ရှိနေရမယ်ဆိုလို့ ကပ်ထားလိုက်တယ်”ဟု ၎င်းက ပြောသည်။ ဆန်းချီရပ်ကွက်တွင်လည်း ထိုသို့ကပ်ထားရန် လာရောက်ပြောဆိုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်ထောင်စုစာရင်းနှင့် […]

အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရ ကန့်သတ်ချက်ကြောင့် ဆိုင်ကယ်ကယ်ရီသမားများ အခက်တွေ့

diz_admin

November 16, 2021

ထားဝယ်ဒေသတွင် ဆိုင်ကယ်တစ်စီး၌ အမျိုးသားနှစ်ဦး အတူမစီးရဆိုသည့် ကန့်သတ်ချက်ကြောင့် အခက်တွေ့နေရကြောင်း ဆိုင်ကယ်ကယ်ရီသမားများက ငြီးတွားနေသည်။ ထားဝယ်ခရိုင်အတွင်း ဆိုင်ကယ်တစ်စီးတွင် အမျိုးသားနှစ်ဦးအတူစီးခွင့်ကို ပြီးခဲ့သည့်အပတ်က စတင်ကန့်သတ်ခဲ့သည်။ ထိုသို့ ကန့်သတ်လိုက်သည့်အတွက် အမျိုးသားခရီးသည်လာငှားပါက လိုက်မပို့ရဲတော့ဘဲ သုံးဘီးကိုသာ စီးနင်းရန် ပြောဆိုနေရကြောင်း ထားဝယ်မြို့အတွင်း ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးက ဆိုသည်။ “ပိုက်ဆံမရရင်နေပါစေ မလိုက်ရဲတော့ဘူး၊ မပြောမဆို ပစ်လိုက်ရင် အသက်ပါသွားမှာ”ဟု အထက်ပါ ကယ်ရီသမားက ပြောသည်။ လက်ရှိအခင်းအကျင်းများကြောင့် ငွေရှာရခက်ခဲနေချိန်တွင် ယင်းကဲ့သို့ ကန့်သတ်လိုက်ခြင်းကြောင့် ယခင်ထက်ဝင်ငွေပိုနည်းလာပြီး အကြပ်အတည်းပိုဖြစ်လာကြောင်း အခြားကယ်ရီသမားတစ်ဦးက ဆိုသည်။ “မနက်ကတောင် အမျိုးသားတစ်ယောက် အဝေးပြေးကွင်းကို လာငှားလို့ သုံးဘီးခေါ်ပေးလိုက်ရတယ်။ နှစ်ထောင်ရမယ့်ဟာ မရတော့ဘူးပေါ့”ဟု ၎င်းက ပြောသည်။ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရန်ကန့်သတ်ထားပြီး အမျိုးသားနှင့် အမျိုးသမီး၊ အမျိုးသမီးနှစ်ဦး စီးနင်းခွင့်ပြုထားသည်။ ထားဝယ်ဒေသသယ်ယူပို့ဆောင်ရေးတွင် […]

သရက်ချောင်းတွင် ပစ်ခတ်မှုနှင့် မိုင်းဆွဲမှု ဆက်တိုက်ဖြစ်ပွား

diz_admin

November 15, 2021

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ဒလန်ဟု လူသိများသူများကို သတ်ဖြတ်မှုနှင့် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားရွာတွင် ဒလန်ဟုဆိုသူ အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်(ခေါ်) ဦးမောင်နိုင်နှင့် ကြာအင်းကျေးရွာမှ ကိုထိုက်ဆိုသည့် အမျိုးသားနှစ်ဦး သေနတ်နှင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံက သိရသည်။ နိုဝင်ဘာ ၁၅ ရက် ယနေ့ နံနက် ၂ နာရီခွဲခန့်က သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာအုပ်စု ကျောက်လှေကားရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်နိုင်မှာ ရော်ဘာခြံသို့သွားစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မိုးသောက် ၂ ချက်ခွဲ လောက်လို့ပြောတယ်၊ အလောင်းတွေ့တာက ၃ နာရီလောက်မှ တွေ့တယ်ဆိုပြောတယ်၊ သူက ရော်ဘာလှီးသွားရင်းနဲ့ တောထဲမှာပဲ ဖြစ်ခံရတာ၊ ပွဲချင်းပြီးသေသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါအမျိုးသားမှာ […]

သံဖြူဇရပ်-ရေးလမ်း ယာဉ်တိမ်းမှောက်မှု သုံးဦးသေဆုံး

diz_admin

November 14, 2021

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် သံဖြူဇရပ်-ရေးလမ်းမ စွပ်ပလောင်ကျေးရွာလမ်းဝအကွေ့တွင် ဟိုက်ဂျက်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးသွားကြောင်း သံဖြူဇရပ်မှ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။ နိုဝင်ဘာ ၁၄ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်ခန့်က သံဖြူဇရပ်ဘက်မှ ရေးဘက်သို့ မောင်းနှင်လာသည့် ဟိုက်ဂျက်ယာဉ်တစ်စီးသည် စွပ်ပလောင်ကျေးရွာလမ်းဝအကွေ့အရောက်တွင် စလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှလာသော ယာဉ်ကြီးကို တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသမီး တစ်ဦးနှင့် ကလေးတစ်ဦးတို့က နေရာတွင် ပွဲချင်းပြီး သေဆုံးသွားပြီး နောက်ထပ်အမျိုးသမီးတစ်ဦးက ဆေးရုံအရောက်တွင် သေဆုံးသွားသည်ဟု သံဖြူဇရပ်နာရေးကူညီမှုအသင်းထံမှ သိရသည်။ “အခင်းဖြစ်တဲ့နေရာမှာ နှစ်ဦးသေတယ်၊ နောက်တစ်ဦးကတော့ ဆေးရုံရောက်ပြီးမှ သေတယ်၊ အမျို့သမီး နှစ်ဦးနဲ့ ကလေးတစ်ဦး သုံးဦး သေသွားတယ်” ဟု […]

ပေါင်မြို့ပေါ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ

diz_admin

November 14, 2021

မွန်ပြည်နယ် ပေါင်မြို့ ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူးသည် နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။ ပေါင်မြို့ ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်သည် ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က ၎င်း၏‌နေအိမ် ဈေးဆိုင်ရှေ့တွင် အမှိုက်ကောက်သန့်ရှင်းရေးလုပ်နေစဉ် သေနတ်သမားနှစ်ဦးတို့က ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ် ပစ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်သည် ဝဲဘက်နို့အုံဒဏ်ရာရရှိကာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။ “သေနတ်သမားတွေက အနီးကပ်လာပစ်သွားတယ်၊ ဒဏ်ရာက ပြင်းထန်တယ်လို့ ပြောတယ်၊ လက်ရှိက မော်လမြိုင်ဆေးရုံကို ပို့ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူး ဦးကျော်အောင် ပစ်ခတ်ခံရပြီးနောက် ပေါင်မြို့ပေါ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့မှ ရှာဖွေ […]