ထားဝယ် မောင်မယ်ရှောင်ရွာတွင် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ
diz_admin
November 11, 2021ဒလန်ဟု ရပ်ရွာအတွင်း သိရှိထားသူ ယာဉ်မောင်းတစ်ဦး ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာရှိ ရန်ကုန်-ထားဝယ် ကားလမ်းပေါ်တွင် ယနေ့ နံနက်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်းဒေသခံ အချို့ထံမှ သိရသည်။ မောင်မယ်ရှောင်ရွာရှိ ရှင်ကိုးရှင်စာရင်းဝင် ရှင်ဓာတ်ဝဲဘုရားအဝင်မုဒ်အနီးတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ပစ်သတ်ခံရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ယာဉ်မောင်းပစ်သတ်ခံရသည့် လိုက်ထရပ်ကားမှာ မောင်မယ်ရှောင်ကျေးရွာအပိုင် ကင်းကုန်းရွာမှဖြစ်ပြီး ထားဝယ်မြို့ပေါ်မှ အပြန် ပစ်ခတ်ခံရသည်ဟု သိရကြောင်း အဆိုပါ ဒေသခံက ပြောသည်။ အဆိုပါကားပေါ်တွင် ခရီးသည်အချို့ လိုက်ပါလာပြီး အခင်းဖြစ်ချိန်၌ နီးစပ်ရာ ဈေးဆိုင်များအတွင်း ပြေးဝင်ခဲ့ရသည်ဟု ဆိုသည်။ သေဆုံးသွားသည့်ယာဉ်မောင်းအမျိုးသားမှာ ကားခေါင်းခန်း ယာဉ်မောင်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ၎င်းက ဆိုသည်။ “ဘေးပတ်ဝန်းကျင်က ပြောတာကတော့ ကားတာယာပေါက်သံလို တစ်ချက်ကြားရတယ်လို့ ပြောတယ်” […]


