မွန်တွင် မြို့နယ် NLD ရုံး နှစ်ရုံး ထပ်မံဗုံးဖောက်ခွဲခံရ
diz_admin
November 14, 2021မွန်ပြည်နယ်အတွင်းရှိ ရေးနှင့် ချောင်းဆုံမြို့နယ်က အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးများ ထပ်မံ ဗုံးဖောက်ခွဲခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ရေးမြို့ရှိ မြို့နယ် NLD ပါတီရုံးတွင် နိုဝင်ဘာ ၁၂ ရက်နေ့ ည ၁၂ နာရီကျော်အချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “ပေါက်ကွဲမှုက ည ၁၂ နာရီကျော်ကျော်လောက်မှာဖြစ်သွားတယ်၊ ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ NLD ရုံးမှာ ပေါက်တယ်လို့ ပြောတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။ အလားတူ နိုဝင်ဘာ ၁၂ ရက်နေ့ညပိုင်းကလည်း ချောင်းဆုံမြို့တွင်ရှိသည့် မြို့နယ် NLD ပါတီရုံးတွင်လည်း ဗုံးဖောက်ခွဲခံရကြောင်း သိရသည်။ ဗုံးဖောက်ခွဲခံရမှုကြောင့် ချောင်းဆုံမြို့နယ် NLD ပါတီရုံး တစ်ခုလုံးနီးပါး ပျက်စီးသွားသည့်အပြင် ဘေးပတ်ဝန်းကျင်နေအိမ်အချို့လည်းထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု […]


