ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် ဆိုင်ကယ်တက္ကစီအသင်းဝင်လျှင် အမျိုးသားခရီးသည် တင်နိုင်

diz_admin

November 20, 2021

ဆိုင်ကယ် တက္ကစီအသင်းသို့ ဝင်ရောက်ပြီးပါက ခရီးသည်အမျိုးသားတစ်ဦး တင်ဆောင်နိုင်ကြောင်း မြိတ်မြို့နယ်၊သုံးဘီးယာဉ်နှင့် ဆိုင်ကယ်တက္ကစီ ထိန်းသိမ်းကြီးကြပ်ရေးအသင်းထံမှသိရသည်။ မြိတ်မြို့တွင် အမျိုးသားနှစ်ဦးဆိုင်ကယ် တစ်စီးတည်း အတူမစီးရဟု ကြေငြာချက် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထုတ်ပြန်ပြီးနောက် အထက်ပါအသင်းမှ ဆိုင်ကယ်စီးသူများ လိုက်နာရန် အချက် ၁၃ ချက်ပါ ကြေညာချက်အား နိုဝင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဆိုင်ကယ်တက္ကစီ ထိန်းသိမ်းကြီးကြပ်ရေးအသင်းသို့ ဝင်ရောက်လိုပါက အသင်းဝင်ကြေး ငွေကျပ်တစ်သောင်း ပေးဆောင်ရမည်ဖြစ်ပြီး လစဉ်ကြေးအနေဖြင့် တစ်လလျှင် ကျပ်ငါးထောင်ကျသင့်မည် ဖြစ်ကြောင်း ယင်းအသင်း ဥက္ကဋ္ဌ ဦးကိုမောင်မောင် ကပြောသည်။ “အမျိုးသားမတင်ရဘူးဆိုရင် ဆိုင်ကယ်ကမဆွဲရဘူး။ ဒါကြောင့် အခြေခံလူတန်းစားတွေ အားလုံးအဆင်ပြေသွားအောင် ကျွန်တော်တို့က အထက်ကိုတင်ပြပြီး ခွင့်ပြုချက်ရလို့ အခုလို ကြေညာလိုက်တာပါ”ဟု ၎င်းကပြောသည်။ အသင်းသို့ဝင်ရောက်မည်ဆိုလျှင် ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ မှတ်ပုံတင်မိတ္တူ၊ […]

သံဖြူဇရပ်တွင် ဘုရားဖူးယာဉ်တိမ်းမှောက် တစ်ဦးသေဆုံး

diz_admin

November 20, 2021

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စက်စဲလမ်းဆုံအနီးတွင် ဘုရားဖူးဟိုက်ဂျက်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာပြင်းထန်ကြောင်း လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။ နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်ခန့်က မော်လမြိုင်ဘက်မှ ကျိုက်ခမီဘက်သို့ မောင်းနှင်လာသည့် အဆိုပါဟိုက်ဂျက်ယာဉ်သည် စက်စဲလမ်းဆုံအနီးအရောက်တွင် လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ ရော်ဘာခြံအတွင်း ဝင်ရောက်တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်။ ၈ ဦးကတော့ ပြင်းထန်ဒဏ်ရာရရှိကြပြီး ၎င်းထဲမှ အမျိုးသမီး ၃ ဦးသည် အသက်အန္တရာယ်စိုးရိမ်ရသည့်အနေအထားရှိကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်။ “ပြင်းထန်ဒဏ်ရာရရှိထားတဲ့ ၈ ယောက်ကိုတော့ သံဖြူဇရပ်ဆေးရုံကနေ မော်လမြိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု နာရေးကူညီမှုအသင်းဝင်တစ်ဦးက ပြောသည်။ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် မော်တော်ယာဉ်သည် […]

သရက်ချောင်းမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် အမျိုးသားတစ်ဦး အသတ်ခံရ

diz_admin

November 20, 2021

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် စော်ဖျားရွာတွင် ပျူစောထီးအဖွဲ့ဝင် ဦးသိန်းမဲဆိုသူကို Dawei Defense Force အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း နိုဝင်ဘာ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ အဆိုပါ အမျိုးသားကို စော်ဖျားကျေးရွာ ရော်ဘာခြံအနီးတွင် နိုဝင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီခန့်က ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ၎င်းရှင်းလင်းချက်မှာ ကျေးရွာနေပြည်သူတို့နှင့် မသက်ဆိုင်ကြောင်း Dawei Defense Force ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ အလားတူ သရက်ချောင်းမြို့နယ်၊ အလယ်စုကျေးရွာတွင်လည်း ကိုဇော်ဆိုသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း စော်ဖျားရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “သူက ကနက်သီရိရွာသား အလယ်စုရွာသူနဲ့ အိမ်ထောင်ကျပြီး လာနေတာ၊ ဘယ်အဖွဲ့က သတ်တာလဲ ဆိုတာ ကျွန်တော်တို့လဲ မသိဘူး၊ ကျနော်တို့ရွာက […]

မြိတ်တွင် ဘုရားဖူးအပြန် စက်လှေတိမ်းမှောက်

diz_admin

November 20, 2021

မြိတ်မြို့၊ ရေနံမြေရပ်ကွက် တောလှေဆိပ်တံတားအနီးတွင် နိုဝင်ဘာလ ၁၉ ရက်နေ့က ဘုရားဖူးပြန်လာသည့် စက်လှေတစ်စီးတိမ်းမှောက်သဖြင့် ကလေးတစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။ အဆိုပါ စက်လှေသည် လူနှစ်ဆယ်ဦးခန့်ဖြင့် မြိတ်တဖက်ကမ်းရှိ ရှင်သာလျောင်းဘုရားဖူးပြီးအပြန် ကမ်းအကပ်တွင် တိမ်းမှောက်မှုဖြစ်ခဲ့ပြီး အသက် လေးနှစ်ရှိ (ကျား) ကလေးငယ်တစ်ဦးနှင့် သုံးနှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးတို့ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။ ပျောက်ဆုံးသွားသည့် ကလေးငယ် (မ) ၏ အလောင်းကို မြိတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းဖွဲ့များက ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းတွင် ပင်လယ်ရေတက်ချိန်ဖြစ်ပြီး ရေစီးသန်နေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းအား ရပ်နားခဲ့ရကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။ စက်လှေတိမ်းမှောက်ပြီး ပျောက်ဆုံးကလေးငယ်နှစ်ဦးတို့သည် ရွှေပြည်သာရပ်ကွက်နေသူတို့ဖြစ်ကြပြီး မိသားစုအလိုက် ဘုရားဖူးသွားခြင်းဖြစ်ကြောင်း ယင်းမိသားစုတို့နှင့် နီးစပ်သူ အသက် […]

ကံပေါက်ဒေသတွင် ပေါက်ကွဲမူဆက်တိုက်ဖြစ်ပွား

diz_admin

November 19, 2021

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသနှင့် အနီးနားကျေးရွာတစ်ရွာဖြစ်သည့် ဖားချောင်းကျေးရွာအုပ်စုတို့တွင် ပေါက်ကွဲမူများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ နိုဝင်ဘာလ ၁၈ ရက်ည ၉ နာရီခန့်တွင် ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် စရဖရုံးတို့တွင် ပေါက်ကွဲမူဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ ယင်းနောက် ည ၁၂ နာရီခန့်တွင် ဖားချောင်းကျေးတွင် ဒလန်ဟုလူသိများသောအသက် ၅၀ ကျော်အရွယ် ဦးကျော်ဦးအား အမည်မသိအဖွဲ့က ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ပြီး ၎င်းနေအိမ်လည်း မီးရှို့ခံလိုက်ရကြောင်း ဒေသခံအချို့ကပြောသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး တောနင်းရှာဖွေရန် ရောက်လာသည်ဟုဆိုသော စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် ကားတစ်စီး မိုင်းဆွဲပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။ ထိခိုက်မှုအခြေအနေကိုမူ အတည်ပြုနိုင်ခြင်းမရှိပေ။ စက်တင်ဘာလအတွင်းကလည်း ကံပေါက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏နေအိမ်တွင် ပေါက်ကွဲမူဖြစ်ပွားခဲ့ဖူးသည်။ ယင်းပေါက်ကွဲမူအား ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယခုပေါက်ကွဲမှုနှင့် သေနတ်ပစ်ခံရမှူတို့ကိုမူ […]

မြိတ် ခရီးသွားလုပ်ငန်း ပြန်စရေး မျှော်လင့်ချက်

diz_admin

November 19, 2021

မြိတ်မြို့တွင် အဓိကကျသည့် ကျွန်းခရီးစဉ်တွေ သွားရောက်လည်ပတ်သည့်လုပ်ငန်းမှာ လက်ရှိအချိန်မှာ အလုပ်မဖြစ်သေးကြောင်း ခရီးသွားလုပ်ငန်းရှင်များ ထံမှသိရသည်။ ကိုဗစ်ကပ်ရောဂါစဖြစ်ပြီး နှစ်နှစ် ခန့်ရပ်နားထားရသည့် ခရီးသွားလုပ်ငန်းများအနေဖြင့် ယခုအချိန်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီး ကိုဗစ်ကပ်ရောဂါလည်း တဖြည်းဖြည်းကျဆင်းလာနေပြီဖြစ်သည်။ သို့သော် လက်ရှိနိုင်ငံရေးအခင်းအကျင်းများကြောင့် အခြားဒေသမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု မရှိကြသေးဟု လုပ်ငန်းရှင်များ ကပြောသည်။ “လက်ရှိကတော့ Local (ဒေသတွင်း) သွားလာသူအနည်းအကျဉ်းနဲ့ အလုပ်ကိစ္စနဲ့ရောက်လာသူ အချို့ပဲ သွားလာသူရှိသေးတယ်’ဟု မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ ကပြောသည်။ မြိတ်မြို့တွင် လူအသေအဆုံးအပါး များသည့် ကိုဗစ်တတိယလှိုင်းကြောင့် သြဂုတ်လ ၂၁ ရက်နေ့မှစပြီး အိမ်ထောင်စုတစ်စုလျှင် တစ်ယောက်နှုန်းသာ ထွက်ခွားသွားလာခွင့် ကတ်ပြားကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးရုံးမှ ထုတ်ပေးပြီး သွားလာခဲ့ကြသည်။ သို့သော် ယခုအခါ ယင်းအမိန့်ကို သက်ဆိုင်ရာမှ ပယ်ဖျက်လိုက်ပြီ ဖြစ်သည်။ […]

ပရာကျွတ်တွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ ထပ်မိ

diz_admin

November 19, 2021

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်-စင်ခွန်းနယ်စပ်၊ ပရာကျွတ်ခီရီခန်ခရိုင်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့က ရွှေ့ပြောင်းမြန်မာအလုပ်သမား ၉၀ ဦးနီးပါး ဖမ်းမိခဲ့ကြောင်း သိရသည်။ အဆိုပါ ရွှေ့ပြောင်းမြန်မာအလုပ်သမား အမျိုးသား ၅၂ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၈၆ ဦးတို့အား နှစ်နိုင်ငံနယ်စပ် တောလမ်းမှတဆင့် တရားမဝင် ဝင်ရောက်လာကြသဖြင့် ပရာကျွတ်ခီရီခန်ခရိုင်၊ ချောင်ဆယ်နှင့် ချောင်ဟပ်တာလီလမ်းဆုံတွင် ထိုင်းအာဏာပိုင်တို့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံ၏ တပ်ဘက်ဆိုင်ရာ လူမှုကွန်ရက်စာမျက်နာ Facebook page တစ်ခုတွင် ရေးသားဖေါ်ပြထားသည်။ မောတောင်နယ်စပ်ရှိ တောလမ်းတို့မှ ထိုင်းဘက်သို့ တရားမဝင် ဝင်ရောက်နေကြပြီး ဖမ်းဆီးခံခြင်းတို့အား မကြာခဏဖြစ်ပေါ်နေကြောင်း မောတောင်နယ်စပ်နေ အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောပြသည်။ […]

မွန်တွင် ရော်ဘာဈေး ပြန်ကျ

diz_admin

November 17, 2021

ရော်ဘာရာသီအစက ရော်ဘာ‌ဈေးကောင်း ရရှိခဲ့သော်လည်း နိုဝင်ဘာလအတွင်း မွန်ပြည်နယ်တွင် ရော်ဘာ‌ဈေးနှုန်း တဖြည်းဖြည်း ပြန်ကျလာသည်ဟု ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာအရောင်းအဝယ်ပြုလုပ်နေသူတို့ထံမှ သိရသည်။ ရော်ဘာရာသီအစက ရော်ဘာပြားအပါးဟုခေါ်သည့် အဆင့်မြင့်ရော်ဘာ RSS-1 တစ်ပေါင်လျှင် ကျပ် ၁၂၀၀ အထက်ဈေးရှိခဲ့ပြီး လက်ရှိတွင် RSS-1 တစ်ပေါင်လျှင် ကျပ် ၉၀၀ နှင့် ၁၀၀၀ ကြားတွင် ပေါက်ဈေးရှိနေသည်ဟု ရော်ဘာလုပ်ငန်းရှင်တို့ထံမှ သိရသည်။ ထိုအတူ တစ်နေ့လှမ်းဟုခေါ်သည့် အထူရော်ဘာ ပေါက်ဈေးလည်း တစ်ပေါင်လျှင် ကျပ် ၈၀၀ နှင့် ၉၀၀ အကြား ဈေးရရှိခဲ့ရာမှ လက်ရှိတွင် တစ်ပေါင် ကျပ် ၇၀၀ နှင့် ၇၅၀ ကြား ကျသွားသည်ဟုလည်း ရော်ဘာ လုပ်ငန်းရှင်တို့က ပြောသည်။ “ရော်ဘာဈေးက အခု နည်းနည်းပြန်ကျသွားတဲ့ […]