သထုံတွင် ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွား
diz_admin
November 26, 2021မွန်ပြည်နယ် သထုံမြို့ပေါ်တွင် နိုဝင်ဘာ ၂၆ ရက်နေ့ နံနက်အစောပိုင်း အချိန်ခန့်က ဗုံးပေါက်ကွဲမှု ငါးကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ ယနေ့နံနက် ၅ နာရီဝန်းကျင်အချိန်ခန့်တွင် သထုံမြို့ နန်းခဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် တစ်ကြိမ်၊ အောက်ကျင်းရပ်ကွက်တွင် တစ်ကြိမ်၊ လိပ်အင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးနှင့် ဘင်လှိုင်ရပ်ကွက်တွင် တစ်ကြိမ် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ၎င်းပြင် ယနေ့နံနက်အစောပိုင်းမှာပင် သထုံမြို့နယ် ပေါ်တော်မူကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီးတွင်လည်း ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ အဆိုပါပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။ “မနက်က ပေါက်ကွဲနဲ့ ပတ်သက်ပြီး လူ ထိခိုက်တာတော့ မကြားမိဘူး၊ မရှိဘူးလို့ သိရတယ်၊ အခု တစ်မြို့လုံးမှာတော့ စစ်ဆေးမှုတွေ ရှိနေတယ်” ဟု သထုံမြို့ခံတစ်ဦးက […]


