ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘီးလင်းတွင် ဗုံးပေါက်၊ လူနှစ်ဦး သေဆုံး

diz_admin

December 2, 2021

မွန်ပြည်နယ် ဘီးလင်းမြို့တွင် ဒီဇင်ဘာလ ၁ ရက်နေ့က ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဆိုင်ကယ်တစ်စီးပျက်စီးကြောင်း မြို့ခံများထံမှ သိရသည်။ ကန်သာယာရပ်ကွက် ဂျပန်ကုန်း အောင်ချမ်းသာအပိုင်းတွင် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁နာရီဝန်းကျင် က ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါပေါက်ကွဲမှုသည် သေဆုံးသွားသည့် အမျိုးသားနှင့် အမျိုးသမီးတို့ နှစ်ဦး စီးနှင်းလာသည့် ဆိုင်ကယ် နှင့်အတူ ပါလာသည့်ဗုံး ပေါက်ကွဲသွားခြင်း ဖြစ်နိုင်သည်ဟုယူဆကြောင်း ဒေသခံများက ပြောဆိုသည်။ “ဆိုင်ကယ်အတွင်းကနေ ထပေါက်တယ်လို့ ပြောတယ်။ ဆိုင်ကယ်ရော လူရော တစ်စစီဖြစ်သွားတယ်” ဟု ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။ သေဆုံးသွားသည့် အမျိုးသားနှင့် အမျိုးသမီးတို့မှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိသေးကြောင်းလည်း ဒေသခံများက ပြောဆိုသည်။ ပေါက်ကွဲမှုကြောင့် အာဏာသိမ်း […]

ကတ်ထူစက္ကူအဟောင်းဈေး ထိုးတက်ပြီး နှစ်လကျော်တွင် ပြန်ကျ

diz_admin

December 2, 2021

ကတ်ထူစက္ကူအဟောင်းဈေး ထိုးတက်သွားပြီးနောက် နှစ်လကျော်အကြာ ယခုသီတင်းပတ်တွင် ဈေးပြန်ကျ နေကြောင်း ထားဝယ်မြို့ရှိ စက္ကူထူအဟောင်းဝယ်ယူနေသူအချို့ထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ မတိုင်မီက ကတ်ထူစက္ကူအဟောင်း တစ်ပိဿာလျှင် ကျပ် ၂၀၀ ဝန်းကျင်သာ ဈေးပေါက်ရာမှ အောက်တိုဘာလမှ စတင်ကာ တစ်ပိဿာလျှင် ၆၅၀ ကျပ်အထိ ဈေးတက်ခြင်းဖြစ် ကြောင်း၊ လက်ရှိတွင် ၅၅၀ ကျပ်အထိ ဈေးပြန်ကျနေကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။ ကတ်ထူစက္ကူမှာ တီဗီ၊ ရေခဲသေတ္တာနှင့် အခြားပစ္စည်းများကို ထုပ်ပိုးသည့် စက္ကူထူများဖြစ်သည်။ တစ်ရက်လျှင် ပျမ်းမျှ စက္ကူအဟောင်း ပိဿာ ၇၀၀ ကျော် ဝယ်ယူနေပြီး ရန်ကုန်သို့ တင်ပို့ရောင်းချကြောင်း ထားဝယ်မြို့ရှိ စက္ကူဝယ်နေသည့် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။ ကတ်ထူစက္ကူအဟောင်း ဝယ်ယူနေ သည်မှာ ၂၂ နှစ်ရှိပြီဖြစ်ပြီး […]

မြိတ်တွင် နိုဝင်ဘာလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ လျော့ကျ

diz_admin

December 1, 2021

မြိတ်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ကိုဗစ်ကြောင့် သေဆုံးသူ တစ်ဆယ့်တစ်ဦး ရှိခဲ့ရာမှ နိုဝင်ဘာလအတွင်း သေဆုံးသူ နှစ်ဦးသို့ ကျဆင်းသွားကြောင်း နာရေးကူညီမှုအသင်းနှင့် တနင်္သာရီတိုင်း၊ကျန်းမာရေးဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရသိရသည်။ ကိုဗစ်ရေဂါဖြင့် ဆေးရုံသို့တက်ရောက်ကုသသူများအနက် နိုဝင်ဘာ ၁၉ ရက်နေ့တွင်တစ်ဉီးနှင့် နိုဝင်ဘာ ၃၀ ရက်နေ့တွင် တစ်ဦး စုစုပေါင်းနှစ်ဉီး သေဆုံးခဲ့ကြောင်း သိရသည်။ “၂၉ ဆေးရုံတင်တော့ ပိုးတွေ့တယ်။ ၃၀ မှာသေသွားတယ်။ ရောဂါအခံရှိသူပါ”ဟု ဂရုဏာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူက ပြောသည်။ ကိုဗစ်ရောဂါပိုးကူးစက်သူ သေဆုံးသူလျော့ကျလာသည့်အတွက် ထားဝယ်မြို့နယ်နှင့် မြိတ်မြို့နယ်တို့အပေါ် ကြေငြာထားသည့် နေအိမ်တွင်နေထိုင်ရေး Stay at home အမိန့်အား နိုဝင်ဘာ ၁၁ ရက်နေ့တွင် သက်ဆိုင်ရာမှ ပြန်လည်ရုပ်သိမ်းခဲ့သည်။ ယင်းအမိန့်အား ကိုဗစ်တတိယလှိုင်းမြင့်တက်ချိန် သြဂုတ်လ ၂၁ ရက်နေ့မှစတင်ကာ […]

သထုံ NLD လွှတ်တော်ကိုယ်စားလှယ်ကို အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ချမှတ်

diz_admin

December 1, 2021

မွန်ပြည်နယ် သထုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို စစ်ကောင်စီတရားရုံးက အလုပ်နှင့် ထောင်ဒဏ် တစ်နှစ် အမိန့်ချမှတ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည့် သထုံ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို နိုဝင်ဘာ ၃၀ ရက်နေ့က သထုံ ဇင်မသွယ် အကျဉ်းထောင်ရှိ စစ်ကောင်စီ အထူးတရားရုံးတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ “မနေ့ (နိုဝင်ဘာ ၃၀ ရက်နေ့) က အမိန့်ချလိုက်တယ်၊ အလုပ်နဲ့ ထောင်ဒဏ်တစ်နှစ် ကျခံဖို့ အမိန့်ချမှတ်လိုက်တယ်”ဟု NLD နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ သထုံမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို ဝန်ထမ်းများအား အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် […]

အလူမီနီယံကုန်ကြမ်းဈေး နှစ်ဆခန့်ခုန်တက်၊ အလုပ်အပ်သူနည်း

diz_admin

November 30, 2021

ပြတင်းပေါက်၊ ဗီရိုကဲ့သို့ အိမ်သုံးပရိဘောဂပစ္စည်းများလုပ်သည့် အလူမီနီယံချောင်းများ၏ဈေးနှုန်းမှာ ပြီးခဲ့သည့်လမှစကာ နှစ်ဆခန့်တက်သွားကြောင်း ထားဝယ်မြို့ရှိ အလူမီနီယံဖြင့်အိမ်သုံးပစ္စည်းလုပ်နေသူအချို့ထံမှ သိရသည်။ ဥပမာအားဖြင့် ဗီရိုနှင့် ပစ္စည်းတင်စင် ပြုလုပ်ရာတွင် အသုံးပြုရသည့် ၃လက်မ ၁ လက်မ အရွယ် အလူမီနီယံတစ်ချောင်း၏ဈေးမှာ ယခင်က ၁၆၅၀၀ ကျပ်သာ ရှိရာမှ လက်ရှိတွင် ၃၁၅၀၀ ကျပ်အထိ ဈေးတက်သွားကြောင်း ထားဝယ်မြို့ရှိ အလူမီနီယံအိမ်သုံးပစ္စည်း လုပ်နေသည့် အမျိုးသားတစ်ဦးက ဆိုသည်။ ထို့အပြင် ပြတင်းပေါက်ပြုလုပ်ရာတွင်အသုံးပြုရသည့် အလူမီနီယံချောင်းများလည်း ဈေးတက်သွားကြောင်း ၎င်းက ပြောသည်။ ယင်းကြောင့်နေအိမ်ပြတင်းပေါက်များတွင် တပ်ဆင်မှုများသည့် လေးပေသုံးပေ အကျယ်ရှိသည့် ပြတင်းပေါက်တစ်ပေါက်လျှင် တစ်သိန်းနှစ်သောင်းကျပ်မှ နှစ်သိန်းကျော်အထိ ကျသင့်လျက်ရှိသည်။ ထိုသို့ ဈေးတက်သွားသည့်အတွက် အလုပ်အပ်သူနည်းသွားကြောင်း အလူမီယံလုပ်နေသူအချို့က ညည်းတွားကြသည်။ ထိုကြောင့် နေအိမ်တွင် လုံခြုံရေးအတွက် မဖြစ်မနေတပ်ဆင်ရမည့် […]

7 Day သတင်းထောက်ဟောင်း အပါအဝင် ထားဝယ်တွင် လူငယ်သုံးဦး ထပ်ဖမ်းခံရ

diz_admin

November 30, 2021

ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး၊ 7 Day ဂျာနယ် သတင်းထောက်ဟောင်း အပါအဝင် ထားဝယ်မြို့တွင် လူငယ်သုံးဦး ယနေ့ နိုဝင်ဘာလ ၃၀ ရက် နံနက်ပိုင်းက ထပ်မံအဖမ်းခံလိုက်ရကြောင်း သိရသည်။ အဖမ်းခံလိုက်ရသူများမှာ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး ကိုထူးမြတ်လွင်၊ 7 Day ဂျာနယ်သတင်းထောက်ဟောင်း ကိုစိုင်းကိုကိုထွန်းနှင့် မလဝန်းပြည့်ပြည့်ထွန်းတို့ ဖြစ်ကြသည်။ ကိုစိုင်းကိုကိုထွန်းနှင့် မလဝန်းပြည့်ပြည့်ထွန်းတို့မှာ မောင်နှမတော်စပ်သည်။ အဆိုပါလူငယ်သုံးဦးသည် ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်ရှိ ကိုစိုင်းကိုကိုထွန်း၏နေအိမ်တွင်ရှိနေစဉ် အဖမ်းခံလိုက်ရခြင်းဖြစ်ကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ “သိရသလောက်ကတော့ မနက် ၆ နာရီလောက်မှာ အရပ်ဝတ်တွေနဲ့ ဝင်ဖမ်းသွားတယ်လို့ပဲသိရသေးတယ်။ ဘယ်ကိုဖမ်းသွားတယ်ဆိုတာမျိုးအသေးစိတ်မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။ ကိုထူးမြတ်လွင် ထားဝယ်ခရိုင်သပိတ်ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဆန္ဒပြသပိတ်ဦးဆောင်သူတစ်ဦးဖြစ်ကြောင်း ယင်းကော်မတီက သတင်းထုတ်ပြန်ချက်အရ သိရသည်။ ကိုစိုင်းကိုကိုထွန်းမှာ […]

မြန်မာရွှေ့‌‌ပြောင်း အလုပ်သမား ၁၄၀ ကျော် ကော့သောင်း ပြန်ပို့

diz_admin

November 29, 2021

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား ၁၄၀ ဦး‌ကျော်တို့အား နိုဝင်ဘာလ ၂၈ ရက်နေ့က ကော့သောင်းဘက်သို့လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့တွင် အမျိုးသား ၉၂ ဦး၊ အမျိုးသမီး ၄၄ ဦး၊ ကလေး ကျား ၆ ဦးနှင့် ၊ ကလေး ( မ ) ၁ ဦး၊ စုစုပေါင်း ၁၄၃ ဦးတို့ ပါဝင်ကြောင်း FBD ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းထံမှ သိရသည်။ အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများမှာ အ‌ကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရပြီး ထိုင်းနိုင်ငံ ရနောင်းခရိုင်ရှိ လူဝင်မူကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း၌ ပြစ်ဒဏ်များကျခံပြီးသူများဖြစ်ကြသည်။ ပြန်လည်ရောက်ရှိလာသူတို့သည် ကွာရန်တင်းစခန်းဝင်ရောက်ပြီးမှသာ သက်ဆိုင်ရာနေရပ်အသီးသီးသို့ ပို့ဆောင်ပေးရကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ သိရသည်။ ကော့သောင်းဘက်သို့ ပြန်လည်ရောက်ရှိလာသူတို့အား […]

ပြည်သူ့စစ်နှင့် ပုလော PDF ပစ်ခတ်မှုဖြစ်

diz_admin

November 29, 2021

ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အကြား ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၁၂ နာရီခွဲအချိန်တွင် ပျူစောထီးဟု ခေါ်သည့် ပဝတ်ကုန်းပြည်သူ့စစ်အဖွဲ့ဝင် စစ်မှုထမ်းဟောင်း ဦးထွန်းထွန်း၏ နေအိမ်သို့ ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လာဝိုင်းစဉ် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ကပြောသည်။ နေအိမ်သို့ ဝိုင်းနေချိန်တွင် နေအိမ်အတွင်းမှ ဦးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နောက် ပျူစောထီးအဖွဲ့မှ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများကဆိုသည်။ “ဦးထွန်းထွန်းအိမ်ထဲမှာလည်း လူလေးငါးခြောက်ယောက်လောက် ရှိမယ်ထင်တယ်။ မိနစ်သုံးဆယ်လောက်ရှိတယ် အပြန်အလှန်ပစ်ကြတာ”ဟု ပဝတ်ကုန်းရွာသား တစ်ဉီးကပြောသည်။ ယင်းနောက် အခြားရွာသားတစ်ဦးဖြစ်သူ ဦးပေသီး ဆိုသူ၏ နေအိမ်ကိုလည်း ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားဝိုင်းခဲ့ပြီး ၎င်းမှာလည်း ထွက်ပြေးသွားခဲ့ကြောင်း ရွာသားများက ဆိုသည်။ ယင်းပစ်ခတ်မှုများကြောင့် နှစ်ဖက် […]