ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကျိုက်နဲရေလယ်ဘုရာဖူး ရေနစ်မြုပ်ပျောက်ဆုံးသူရှိဆဲ

diz_admin

November 23, 2021

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျိုက်နဲရေလယ်ဘုရားဖူးရေနစ်မြုပ်မှုတွင် နောက်ဆုံး အခြေအနေအရ သေဆုံးသူ ၂၀ ဦးအထိရှိပြီး ပျောက်ဆုံးနေသူများ ရှိနေဆဲ ဖြစ်ကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ် ဝဲကလောင်ကျေးရွာနှင့် အံခဲကျေးရွာအကြား ပင်လယ်ပြင်ရှိ ကျိုက်နဲဘုရား သွားဖူးရန် ပေါ်လာသည့် ကျောက်ခင်းလမ်း (ဒေသအခေါ် နတ်လမ်း) ပေါ် လမ်းလျှောက်သွားရင်း ပင်လယ်ရေလှိုင်းရိုတ်ခတ်ခံရပြီး ဘုရားဖူးများ ရေထဲမျော်ပါနစ်မြုပ်ခဲ့ကြခြင်းဖြစ်သည်။ ရေထဲမျော်ပါနစ်မြုပ်သွားသူများကို လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့၏ အကူအညီဖြင့် နိုဝင်ဘာ ၂၁ ရက်နေ့နှင့် ၂၂ ရက် နှစ်ရက်ဆက်တိုက် ရှာဖွေကယ်ဆယ်ခဲ့ရာ သေဆုံးရုပ်အလောင်း ၂၀ လောင်း တွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေသူလည်း ၄ ဦးထက်မနည်း ရှိနေသေးသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “ဖြစ်သွားတဲ့နေ့မှာ ၁၅ လောင်း […]

တနင်္သာရီ တကူရဲစခန်း မိုင်းဆွဲမီးရှို့ခံရ

diz_admin

November 23, 2021

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာရှိ ရဲစခန်းမိုင်းခွဲ မီးရှို့ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ နိုဝင်ဘာလ ၂၂ ရက်ည ၁၀ နာရီခန့်တွင် မိုင်းဆွဲကာ မီးရှို့ခံရခြင်းဖြစ်ပြီး ရဲစခန်းအတွင်းရှိ ပရိဘောဂပစ္စည်းများနှင့် စာရွက်စာတမ်းများ မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။ “ညကကြားရတာ အသံလည်း သိပ်မကျယ်ဘူး”ဟု တကူရွာသားတစ်ဉီး ကပြောသည်။ မီးရှို့ခံရသည့်အချိန်တွင် ရဲစခန်းအတွင်း ရဲတပ်သားတစ်ဦးမျှမရှိသည့်အတွက် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ရွာသားများ ကပြောသည်။ “မိုင်းဆွဲတဲ့အချိန်က စစ်သားတွေက မနေ့က မီးလောင်တဲ့ ကောတော ဖက်ရောက်နေတယ်”ဟု အဆိုပါရွာသားကပြောပြသည်။ ယင်းရဲစခန်း မိုင်းဆွဲမီးရှို့မှုနှင့်ပတ်သက်ပြီး ဓူဝံတော်လှန်ရေးတပ်ဖွဲ့မှ ၎င်းတို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားပါသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်ညနေ ၄ နာရီခန့်ကလည်း တကူကျေးရွာ၊ ကောတောရပ်ရှိ စစ်တပ်ပိုင် ရော်ဘာအလုပ်ရုံ မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။

တနင်္သာရီတိုင်းတွင် အချိန်အခါမဟုတ် မိုးရွာမည်

diz_admin

November 22, 2021

တနင်္သာရီတိုင်းတွင် အချိန်အခါမဟုတ် မိုးရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံက ထုတ်ပြန်ကြေညာထားသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ တိုက်ခတ်လာသော လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားများရပ်ဝန်းမှ သွယ်တန်းထိုးဆင်းလာသော လေအေးများ တွေ့ဆုံမှုကြောင့် နိုဝင်ဘာလ ၂၃ ရက်မှ ၂၇ ရက်နေ့အတွင်း တိုင်းအတွင်း နေရကွက်ကျားမှ နေရာကျဲကျဲတွင် မိုးထစ်ချုန်းရွာနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ တနင်္သာရီတိုင်းအပါအဝင် နေပြည်တော်၊ ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် ကချင်၊ ရှမ်း၊ ကယားပြည် စသည့် တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ထုတ်ပြန်ကြေညာထားသည်။ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် […]

တနင်္သာရီမြို့နယ်ရှိ စစ်တပ်ပိုင် ရော်ဘာစက်ရုံမီးလောင်

diz_admin

November 22, 2021

တနင်္သာရီမြို့နယ်၊တကူကျေးရွာရှိ စစ်တပ်ပိုင် ရော်ဘာမှိုင်းခံစက်ရုံတစ်ရုံ မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံအချို့ထံမှသိရသည်။ နိုဝင်ဘာလ ၂၁ ရက် ညနေ ၄ နာရီကျော်တွင် တကူကျေးရွာ၊ကော်တောအရပ်ရှိ ရော်ဘာမိုင်းခံစက်ရုံ မီးလောင်ကျွမ်းသွားခြင်းဖြစ်ပြီး မီးရှို့မှုကို လက်နက်ကိုင် အုပ်စုတစ်ခုက လုပ်ဆောင်ခဲ့သည်ဟု သိရကြောင်း ဒေသခံအချို့က ပြောသည်။ “ဘယ်အဖွဲ့ဆိုတာတော့ မသိဘူး”ဟု တကူရွာသား တစ်ဦးကပြောသည်။ ယင်းစက်ရုံမှာ ပြီးခဲ့သည့် ဆယ်နှစ်ခန့်ကတည်းက ရှိနေပြီး စစ်တပ်ပိုင်ဆိုင်သည်ဟု အကြမ်းဖျင်း သိထားရကြောင်း ရွာသားများ ကပြောပြသည်။ “ရွာနဲ့တော့ နည်းနည်းဝေးတယ်။ ရော်ဘာပြားတွေရော စက်တွေပါအကုန်လောင်တယ်လို့ ကြားရတယ်”ဟု အသက် ၆၀ အရွယ် ရွာသားကပြောသည်။ နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်တွင် အခင်းဖြစ်ပွားရာ‌နေရာသို့ စစ်သားအများအပြားရောက်‌နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ကံပေါက်ဒေသခံ တစ်ဆယ်ကျော် အဖမ်းခံရ

diz_admin

November 22, 2021

ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင် နိုဝင်ဘာလ ၂၁ ရက်ညက ဒေသခံ တစ်ဆယ်ကျော်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူများမှာ ရပ်ကွက်အုပ်ချုပ်‌ ရေးမှူးဟောင်း ၊ ဒေသရေပေးဝေရေးနှင့် အမှိုက်သိမ်းစနစ် ကော်မတီဝင်ဟောင်းများ၊ CDMဆရာမတစ်ဦးနှင့် ကံပေါက်ဒေသခံများပါဝင်ကြောင်း ဒေသခံအချို့က ပြောသည်။ “သူတို့က ဘာကိုဖမ်းချင်တာလဲမသိဘူး ။ ရေကော်မတီဝင်တွေရော ရပ်ကွက်မှူးတွေရော ရေကော်မတီတွေရော ဖမ်းတာဆိုတော့”ဟု ဒေသခံတစ်ဦးက ဆိုသည်။ ဖမ်းဆီးခံရထားသူများကို ရေတပ်စခန်းတစ်ခုအတွင်း စစ်ဆေးမေးမြန်းလျက်ရှိသည်ဟု သိရကြောင်း ၎င်းဒေသခံက ပြောသည်။ လက်ရှိဖမ်းဆီးထိန်းသိမ်းခံရသူများအနက် ရေကော်မတီဝင်‌ဟောင်းအချို့၏ အသက်အိုးအိမ်စည်းစိမ်ကို တာဝန်မယူကြောင်း ရေဖြူမြို့နယ် ပျုစောထီးအဖွဲ့က ပြီးခဲ့သည့် ဇွန်လတွင် လူမူကွန်ယက်မှတဆင့် ထုတ်ပြန် ခြိမ်း‌ခြောက်ခဲ့ဖူးသည်။

စခန်းကြီး သုဓမ္မာပဝါရဏာဂိုဏ်းချုပ် ဆရာတော်ပျံတော်မူ

diz_admin

November 22, 2021

စခန်းကြီးသုဓမ္မာ ပဝါရဏာ ဒဿမဂိုဏ်းချုပ်ဆရာ‌တော်သည် နိုဝင်ဘာလ ၂၁ ရက် နံနက်တွင် ပျံတော်မူသွားကြောင်း တပည့်ဖြစ်သူ ဦးပ‌ညောဘာသက မိန့်ကြားသည်။ လောင်းလုံးမြို့နယ် တောင်မင်းပြောင်ကျောင်းကြီး၏ ပဓာနနာယကဆရာတော် ဘန္ဒန္တသောဘဏသည် သက်တော် ၉၀၊ ဝါတော် ၇၁ ဝါရှိပြီဖြစ်ပြီး ဒဿမ‌မြောက်ဂိုဏ်းချုပ်ဆရာတော်လည်းဖြစ်သည်။ “ဆရာတော်က အသက်ကြီးပြီလေ။ ကိုးဆယ်ခြောက်ပါး လူကြီးရောဂါပေါ့”ဟု ဦးပ‌‌ညောဘာသကမိန့်သည်။ နိုဝင်ဘာလ ၂၅ ရက် နေလယ် ၁ နာရီတွင် တောင်မင်းပြောင်ရွာ သုသာန်၌ အန္တိမဈာပနပွဲကျင်းပမည်ဖြစ်‌ကြောင်း သိရသည်။ တောင်မင်းပြောင်ရွာသားတစ်ဦးဖြစ်သည့် ဆရာတော်တွင် မွေးချင်း ခြောက်ဦးရှိပြီး ငယ်အမည်မှာ မောင်ဟန်ရင် ဖြစ်သည်။

လေယာဉ်စီးချိန် ကိုဗစ်စစ်ရမည့် ကန့်သတ်ချက်ဖြေလျော့ တနင်္သာရီတိုင်း မပါ

diz_admin

November 21, 2021

လေယာဉ်စီးရာတွင် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးပြီးသူများအနေဖြင့် ကိုဗစ်စစ်ဆေးရန်မလို‌တော့ကြောင်း နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ထားခဲ့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြေလျော့လိုက်သော်လည်း တနင်္သာရီတိုင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့နယ်များတွင် နေထိုင်သူများမပါဝင်ကြောင်း ဖော်ပြထားသည်။ အထက်ပါ မြို့နယ် ၃ ခုအပြင် ကလေးမြို့နယ်ကိုလည်း ခြွင်းချက်အနေဖြင့် ကန့်သတ်ထားကြောင်း ဖော်ပြထားသည်။ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့နယ်အတွင်း နေထိုင်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးပြီးသော်လည်း RDT ဖြင့် ကိုဗစ်စစ်ဆေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ကိုဗစ်စစ်ဆေးခြင်းအား လေဆိပ်တည်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် စစ်ဆေးနိုင်ကြောင်း ဖော်ပြထားသည်။ ကိုဗစ်ဓာတ်ခွဲစစ်ဆေးချက်အဖြေသည် လေယာဉ်မထွက်ခွာမီ ၄၈ နာရီအတွင်း စစ်ဆေးထားရမည်ဖြစ်ကြောင်း ဖော်ပြသည်။ လေကြောင်းလိုင်းများအနေဖြင့် ရန်ကုန်မှ ထားဝယ်နှင့် မြိတ်မြို့များသို့ ယခုအပတ်မှစကာ ပြန်လည်ပြေးဆွဲနေခြင်းဖြစ်သည်။ ကိုဗစ်ကူးစက်မှုမြင့်တက်လာသည်ဟုဆိုကာ […]

လောင်းလုံးမြို့နယ်အတွင်း မီးတန်းပါ ရဲကားမိုင်းခွဲခံရပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်

diz_admin

November 21, 2021

လောင်းလုံးမြို့နယ် ညင်းမော်ရွာနှင့်ဂေါ့အင်းရွာအကြား ကြယ်တောင်အနီးတွင် နိုဝင်ဘာလ ၂၁ ရက် နံနက် ၈ နာရီ ဝန်းကျင်က မီးတန်းပါ ရဲကားငယ် တစ်စီး မိုင်းဆွဲခံရပြီး နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့‌ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယင်းသို့ ဖောက်ခွဲတိုက်ခိုက်ခြင်းကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Launglone People’s Defence Force) က ထုတ်ပြန်ထားသည်။ “ပေါက်ကွဲသံရော အပြန်အလှန်ပစ်ခတ်သံရော စုံနေတာပဲ။ ရဲကားတစ်စီးတော့ မှန်တွေ ကားနောက်ပိုင်းတွေ တော်တော်ပျက်စီးသွားတယ် လူထိခိုက်တာလည်း များနိုင်တယ်” ဟု မျက်မြင်တွေ့ခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။ ထိုသို့ ဖောက်ခွဲပစ်ခတ်ပြီးနောက် ထားဝယ်ဘက်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အင်အားဖြည့်လာသည်ဟု ကြား၍ ၎င်းတို့ ဆုတ်ခွာခဲ့သည်ဟု LPDF က ထုတ်ပြန်ထားသည်။ အထက်ပါဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ၆ […]