ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 27, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောက်မိကျောင်းကျေးရွာမှ ဦးကျော်နိုင်ဦးဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ၎င်းသည် ကျောက်မိကျောင်းရွာနှင့် ကျုံလောင်းရွာဟောင်းလမ်းဆုံနေရာတွင် စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၃၀ အရွယ် ဦးကျော်နိုင်ဦးသည် ခြံအလုပ်လုပ်ကိုင်နေသည့်အပြင် ကွမ်းသီးအရောင်းအဝယ် ပြုလုပ်နေသူ တစ်ဦးလည်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “သိသလောက်ကတော့ သူက ကွမ်းသီးအရောင်းအဝယ်လုပ်တယ်။ ခြံလုပ်တယ်။ အခု ဒလန်ဆိုပြီး အသတ်ခံရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဦးကျော်နိုင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ထုတ်ပြန်ထားသည်။ ၎င်းသည် ကွမ်းသီးရောင်းဝယ်ရင်း စစ်ကောင်စီကို သတင်းပေးနေသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟုလည်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ရေးမြို့နယ်အတွင်း၌ စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုသူများကို ဒေသတွင်းလှုပ်ရှားနေသည့် […]

ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို အခမ်းအနားဖြင့်ကျင်းပရန် စစ်ကောင်စီ စီစဉ်

diz_admin

September 27, 2022

ယခုနှစ် သီတင်းကျွတ်လပြည့်နေ့( အောက်တိုဘာ ၉ ရက် ) တွင် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို ကမ်းနားလမ်း သဲကွင်းတွင် အခမ်းအနားဖြင့် ကျင်းပရန် စစ်ကောင်စီက စီစဉ်နေကြောင်း သိရှိရသည်။ ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှုကြောင့် သပိတ်မျှောပွဲတော်ကို အခမ်းအနားဖြင့် မကျင်းပနိုင်ခဲ့သည်မှာ နှစ်နှစ်ဆက်တိုက်ရှိနေပြီဖြစ်သည်။ ပြည်သူအချို့ကမူ ကိုယ့်အစီအစဉ်ဖြင့်ပင် ထားဝယ်မြစ်အတွင်း သပိတ်လာရောက်မျှောလေ့ရှိကြသည်။ ယခုနှစ်တွင်မူ ယခင်ကျင်းပခဲ့သည့် ပုံစံအတိုင်း သပိတ်မျှောပွဲ မုဒ်ဦးဖွင့်လှစ်ခြင်း၊ အာရုဏ်မတက်ခင် သပိတ်မျှောပွဲလာသူများကို ထားဝယ်ယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေခြင်းနှင့် သပိတ်မျှောခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း ပွဲစီစဉ်ရာတွင် ပါဝင်နေသူတစ်ဦးက ဆိုသည်။ “အခုလက်ရှိတော့ ဆပ်ကော်မတီတွေ ဖွဲ့ထားပြီးပါပြီ။ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်နဲ့အညီ ကျင်းပဖို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။ ထားဝယ်သပိတ်မျှောပွဲတော်အတွက် အစိုးရ(စစ်ကောင်စီ)ဘက်မှ ရန်ပုံငွေကျပ်သိန်း ၉၀ ထောက်ပံ့ရန် ယခင်အစိုးရလက်ထက်ကတည်းက သတ်မှတ်ထားပြီး လက်ရှိတွင်လည်း ကျပ်သိန်း […]

ထိုင်းတောင်ပိုင်း ခရိုင်နှစ်ခုတွင် တရားမဝင်လာသော မြန်မာလုပ်သား တစ်ရာနီးပါး ဖမ်းဆီးခံရ

diz_admin

September 27, 2022

ထိုင်းနိုင်ငံတောင်ပိုင်း ဖာတ်ထလုံနှင့် ရာလခရိုင်တို့တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၉၃ ဦး စက်တင်ဘာလ ၂၆ ရက် ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖာတ်ထလုံခရိုင် အမြန်တွင် ဗန်ကားနှစ်စီးကို ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာတွင် အထောက် အထားမဲ့ မြန်မာအလုပ်သမား ၇၁ ဦးနှင့် ထိုင်းကားမောင်းသမား လေးဦးတို့ကို ဖမ်းမိခြင်းကြောင်း‌ ရေးသားထားသည်။ မြန်မာအလုပ်သမားများကို ပရာကျွတ်ခီရီခန်ခရိုင်မှ တစ်ဆင့် စွန်ခရာခရိုင် ဟတ်ယိုင်ဒေသတွင် Passport စာအုပ် ပြုလုပ်ရန် ပွဲစားတစ်ဦးက ငှားရမ်းခဲ့သဖြင့် ခေါ်ဆောင်လာခဲ့သည်ဟု ကားသမားက ရဲတပ်ဖွဲ့ထံ ထွက်ဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။ ထိုခရီးစဉ်အတွက် ၎င်းကို ဘတ် ၄၀၀၀ ဖြင့်သာ ငှားရမ်းခဲ့ခြင်းဖြစ်ပြီး စွန်ခရာခရိုင်အတွင်းရောက်မှသာ ပွဲစားဆီသို့ ပို့ဆောင်ရမည့်နေရာ ပြန်မေးရန်ပြောဆိုထားသည်ဟု […]

တစ်ပတ်ရစ်ဆိုင်ကယ် ဝယ်မယ်ဆို

diz_admin

September 27, 2022

ငွေကြေးအရဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးစီးချင်လို့ ဖြစ်ဖြစ် တစ်ပတ်ရစ်ဆိုင်ကယ်တစ်စီး ဝယ်တော့မယ်ဆိုရင်ဘာတွေ အဓိကကြည့်သင့်လဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။ ဆိုင်ကယ်ဝယ်သူအချို့က အရှေ့မီး၊ အချက်ပြ၊ တာယာ စတဲ့ အပြင်ပန်းတွေကိုပဲ ကြည့်ပြီး ဝယ်လေ့ရှိတဲ့အတွက် တစ်ကယ်အရေးကြီးတဲ့အချက်အချို့ကို ပြောပြချင်ပါတယ်။ ဆိုင်ကယ်ဝယ်တဲ့အခါ နားလည်သူတွေနဲ့ တိုင်ပင်ပြီး ဝယ်လေ့ရှိပေမယ့် ကိုယ်တိုင်က အခြေခံအချက်တွေသိထားရင် ပိုကောင်းတာပေါ့။ ပထမဆုံးအချက်အနေနဲ့ ဆိုင်ကယ်ဝယ်တော့မယ်ဆို ကိုယ်က ငွေဘယ်လောက် သုံးမလဲဆိုတာ စဉ်းစားရမှာပါ။ ပြီးရင် ဂီယာဘီး စီးချင်တာလား၊ အော်တိုဂီယာ စီးချင်တာလားဆိုတာ ကြိုပြီး ဆုံးဖြတ်ထားဖို့ လိုပါတယ်။ ဒီလိုဆုံးဖြတ်ထားရင် တစ်ကယ်သွားဝယ်တဲ့အချိန်ဆို ဆိုင်ကယ်အများကြီးကို သွားကြည့်စရာမလိုတော့ဘဲ ပေးရတဲ့ငွေနဲ့ တန်တဲ့ ဆိုင်ကယ်ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၃ စီးထက်မနည်းကိုတော့ ကြည့်သင့်တယ်လို့ အကြံပေးချင်ပါတယ်။ ဆိုလိုတာက ဆိုင်ကယ်အများကြီးကိုကြည့်မိရင် စိတ်ဝေဝါးသွားပြီး […]

မွန်တွင် လက်ကျန်ဆားနည်းသဖြင့် ဆားကြမ်းဈေးမြင့်တက်

diz_admin

September 27, 2022

မွန်ပြည်နယ်တွင် လက်ကျန် ဆားနည်းပါးလာသည့်အတွက် ဆားဈေးမြင့်တက်လာကြောင်း ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။ ဆားထုတ်လုပ်ရာသီတွင် မိုးဖျက်၍ ဆားအထွက်နည်းခဲ့ခြင်းကြောင့် လက်ကျန်ဆားနည်းပါးလာကာ ဆားဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ်မှ ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောသည်။ ဆားထုတ်လုပ်ရာသီအစဖြစ်သည့် ဇန်နဝါရီလခန့်က ဆားကြမ်းတစ်ပိဿာဈေး ကျပ် ၈၀ ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိတွင် ဆားကြမ်းတစ်ပိဿာဈေး ကျပ် ၂၇၀ အထက်ရှိနေကြောင်း ဆားဈေးကွက်ထံမှ သိရသည်။ “ဆားထွက်တဲ့အချိန်မှာ မိုးဖျက်တော့ ဆားအထွက်နည်းတယ်။ အခု လက်ကျန်ဆားနည်းသွားတော့ ဈေးက ၂၇၀ လောက်ဖြစ်သွားတယ်” ဟု ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောဆိုသည်။ ယမန်နှစ် ယခုလိုကာလမျိုးတွင်မူ ဆားကြမ်းဈေးတစ်ပိဿာ ၁၃၅ ကျပ်ခန့်သာရှိကြောင်း ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။ လက်ရှိတွင် ဆားဈေးကောင်းရရှိနေသော်လည်း ဆားအသစ်ထွက်သည့်အချိန်တွင် ဈေးပြန်ကျသွားနိုင်သည်ဟုလည်း ဆားလုပ်ငန်းရှင်တို့က ခန့်မှန်းထားသည်။ “ဆားထွက်တဲ့အချိန်ကျရင် […]

ထားဝယ်မြို့တွင် ဆိုင်ကယ် တင်းတင်းကျပ်ကျပ်စစ်ဆေးဖမ်းဆီး၊ ပြည်သူများအခက်တွေ့

diz_admin

September 26, 2022

ထားဝယ်မြို့တွင် ယခုလလယ်ခန့်မှစပြီး ‌ဆိုင်ကယ်မောင်းနှင်သူများကို တင်းတင်းကျပ်ကျပ်စစ်ဆေးလာပြီး ဂါဝန် ဝတ်ဆင်သူများ၊ ဆိုင်ကယ်ခြေနင်းတုံး ချစီးနင်းမှုများကိုပင် ဖမ်းဆီး ဒဏ်ငွေရိုက်‌နေကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြို့၏ အဓိကလမ်းဆုံလမ်းခွများတွင်သာမကဘဲ လမ်းသွယ်၊ လမ်းကြားထဲအထိ ရွှေ့လျားပုံစံဖြင့် စစ်ဆေးနေပြီး မီးလင်းစတေကာမှစပြီး ကညန ဖောင်းကြွနံပါတ်ပြားစသည်ဖြင့် ယခင်က မစစ်ဆေးဖူးသည်များကိုပါ စစ်ဆေးပြီး မပြည့်စုံပါက ဒဏ်ငွေရိုက်ကြောင်း ခရီးသည်အချို့က ပြောသည်။ “ဒီနေ့ဆိုရင် ပိုဆိုးလာတယ်။ မနက်စောစော ၇ နာရီလောက်ကတည်းကနေပြီး ညနေ ၆ နာရီကျော်လောက်အထိကို စစ်တာရှိလာတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။ ယင်းကဲ့သို့ စစ်ဆေးဖမ်းဆီးမှုကို ယာဉ်ထိန်းရဲများသာမကဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များကပါ လက်နက်အပြည့်အစုံဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်း စစ်ဆေးခံရသူအချို့က ပြောဆိုသည်။ “ကျွန်မတို့မှာ ပစ္စည်းအားလုံးအစုံပါပေမယ့် ဆိုင်ကယ်ဦးထုပ်မှာ မေ့သိုင်းကြိုးလေးက နည်းနည်းချောင်နေလို့ တရားရုံးမှာ ဒဏ်ငွေဆောင်ရမယ်လို့ […]

ကျိုက်ထိုတွင် ဇနီးမောင်နှံနှစ်ဦး ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူသေဆုံး

diz_admin

September 26, 2022

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့က ဇနီးမောင်နှံနှစ်ဦး ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူ သေဆုံးသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ သိမ်ဇရပ်မြို့ အမှတ် (၄) ရပ်ကွက်တွင် နေထိုင်သည့် ဦးအေးလွင်နှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းတို့ကို အမည်မသိ သေနတ်သမားတို့က စက်တင်ဘာ ၂၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က နေအိမ်သို့ လာရောက်ပစ်ခတ်သွား ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းသည် ဦးခေါင်းတွင် ရရှိသည့် ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့ပြီး ဦးအေးလွင်ကမူ ဒဏ်ရာရရှိသွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “သူတို့ လင်မယား အိမ်မှာရှိနေတဲ့အချိန်မှာပဲ သေနတ်သမားတွေက ကားနဲ့ ရောက်လာပြီးတော့ ဝင်ပစ်သွားတယ်။ နှစ်ယောက်စလုံးကို ပစ်သွားတာ” ဟု ၎င်းတို့ […]

မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြိုးပမ်းသူ ထိုင်းအမျိုးသားကို ဖမ်းမိ၊ ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်

diz_admin

September 26, 2022

ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်တွင် အသက် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြိုးစားသော ထိုင်း အမျိုးသားကို ဖမ်းမိထားပြီဖြစ်ပြီး ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာမိန်းကလေးကို အိမ်ဖော်အဖြစ်အလုပ်ပေးမည်ဟုဆိုကာ ဟိုတယ်သို့ လိမ်ခေါ်ပြီး အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ အသက် ၃၉နှစ်အရွယ် စူဖာချိုင်း ခေါ် နိုင်အိုမ်းဆိုသူကို စက်တင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းတွင် နွန်ထဘူရီခရိုင် ဘန့်ဘိုဝ်ထွန်းဒေသရှိ သူ၏ရည်းစားဖြစ်သူနေအိမ်မှ ထွက်ပြေးရန်ပြင်ဆင်နေစဉ်တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရေးသားသည်။ မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြိုးစားသော အဆိုပါအမျိုးသားကို ဖခင်ဖြစ်သူက ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီးနောက် နွန်ထဘူရီခရိုင်တရားရုံးက စက်တင်ဘာလ ၂၃ ရက်တွင် ဖမ်းဝရမ်းထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ကားနှင့်ဖုန်းကိုပါ သိမ်းဆည်း ရမိပြီး တစ်နာရီကြာ စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ပြစ်မှုကျူးလွန်ခဲ့မိသည်ဟု ၎င်းက […]