တနင်္သာရီ ညောင်ပင်ကွင်းရွာသားတစ်ဦး အသတ်ခံရ
diz_admin
September 26, 2022တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာသား ကိုရဲမွန်ဆိုသူကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှင်းလင်းလိုက်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ အသက် ၃၅နှစ်အရွယ် ကိုရဲမွန်သည် စက်တင်ဘာလ ၂၅ရက်က ရွာအနီးဝန်းကျင်က ရေတံခွန်သို့ ကားအငှားလိုက်သွားရာ လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ခရီးသည်များကိုမူ ပြန်လွှတ်ပေးလိုက်ကြောင်း ညောင်ပင်ကွင်းရွာသားတစ်ဦးက ပြောသည်။ ကိုရဲမွန်ကို စက်တင်ဘာလ ၂၅ ရက် ရက်က ရှင်းလင်းလိုက်ကြောင်း တနင်္သာရီ-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ (စက်တင်ဘာ ၂၆) ထုတ်ပြန်သည်။ ၎င်းသည် တော်လှန်ရေးအဖွဲ့နှင့် သက်ဆိုင်သူများကို ခြိမ်းခြောက်ခြင်း၊ စစ်ကောင်စီတပ်အတွက် ဒလန် (သူလျှို) သတင်းပေးလုပ်နေခြင်းကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းသို့ရှင်းလင်းမှုမှာ ကျေးရွာနေပြည်သူများနှင့် သက်ဆိုင်မှု မရှိကြောင်းလည်း ထည့်သွင်း ထုတ်ပြန်ထားသည်။ ညောင်ပင်ကွင်းရွာတွင် စစ်ကောင်စီတပ်ရှိပြီး ကိုရဲမွန်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူသွားလာလေ့ရှိကြောင်း […]


