ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အိန္ဒိယနိုင်ငံသားများကို လူမှောင်ခိုကူး၍ မြန်မာနိုင်ငံတွင် ပိတ်လှောင်ထား

diz_admin

September 28, 2022

ထိုင်းနိုင်ငံတွင် IT နှင့်ပက်သက်၍ အလုပ်ရမည်ဟုဆိုကာ အိန္ဒိယနိုင်ငံသားများကို လိမ်ညာကာ လူမှောင်ခိုကူးလာပြီး မြန်မာနိုင်ငံတွင် ပိတ်လှောင်ဖမ်းဆီးထားကာ အဓမ္မအလုပ်ခိုင်းစေနေကြောင်း စက်တင်ဘာ ၂၄ ရက်နေ့တွင် မွန်ဘိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့သည်။ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှတစ်ဆင့် ထိုင်းနိုင်ငံတွင် IT လုပ်ငန်းလုပ်ကိုင်ရမည်ဟု ကတိပေးကာ ၎င်းတို့ကိုခေါ်ဆောင်လာပြီးနောက် မဲဆောက်-မြဝတီ တရားမဝင်လမ်းကြောင်းမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်း ခေါ်ဆောင်လာခြင်းဖြစ်သည်။ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့အနီးရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် အိန္ဒိယနိုင်ငံသား ၃၀၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်ပြီး ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သည့် အလုပ်များကို အဓမ္မစေခိုင်းနေကြောင်းကိုလည်း The Times of India က ပြီးခဲ့သည့်  ရက်ပိုင်းက ရေးသားဖော်ပြခဲ့သည်။ ရွှေကုက္ကိုလ်မြို့သစ်မှာ မြဝတီမြို့မြောက်ဘက် ဆယ်မိုင်ခန့်အကွာတွင်ရှိပြီး လက်နက်ကိုင်အဖွဲ့များ ကြီးစိုးရာဒေသဖြစ်ပြီး ယင်းစီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များမှာ ရှင်းလင်းခြင်းမရှိပေ။ ယင်းရွှေကုက္ကိုလ်မြို့သစ်တွင် တရားမဝင် လုပ်ငန်းအများအပြား လုပ်ကိုင်နေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း […]

ထားဝယ် ဟိန္ဒူဘုရားပွဲ ခမ်းခမ်းနားနားမကျင်းပဘဲ ဝတ်ပြုဆုတောင်းမှုသာပြုလုပ်

diz_admin

September 28, 2022

ဟိန္ဒူဘုရားပွဲကို ခမ်းခမ်းနားနားကျင်းပခြင်းမပြုဘဲ သီတင်းကျွတ်လဆန်း ၂ ရက်နေ့မှစပြီး ဘုရားကျောင်းဆောင်အတွင်း ဝတ်ပြုဆုတောင်းရုံသာ ကျင်းပ‌နေသည်ဟု ‌ထားဝယ်မြို၊ ရှမ်းမလည်ဆွဲရပ်ကွက်တွင်ရှိသော ဟိန္ဒူဘုရားကျောင်းမှ ဂေါပက အကျိုးဆောင်အဖွဲ့က ဆိုသည်။ အဆိုပါ ဟိန္ဒူဘုရားပွဲတော်မှာ ဘုရားပွဲလာပရိသတ်များအား ပျော်ပွဲရွှင်ပွဲများဖြင့် ညစဉ်ဧည့်ခံလေ့ရှိပြီး ပွဲတော်နောက်ဆုံးရက်တွင် ထားဝယ်မြို့အတွင်း တီးဝိုင်းကားများဖြင့် လှည့်လည် ပူဇော်ခံသည့် ဓလေ့ရှိသည်။ သို့သော်ယင်းဘုရားပွဲကို ၂၀၂၀ ခုနှစ်မှစပြီး  ကိုဗစ်ကပ်ဘေးနှင့် နိုင်ငံရေး အခြေအနေကြောင့် ယခင်ကလို စည်စည်ကား မကျင်းပဖြစ်သည်မှာ ယခုဆို သုံးနှစ်ရှိနေပြီဖြစ်ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ကျောင်းဆောင်အတွင်းပဲ ဘာသာရေးထုံးတမ်းစဉ်လာအရ ပွဲတင်မယ် ဝတ်ပြုဆုတောင်းမယ်။ အဲလောက်ပဲ လုပ်ဖြစ်မယ်”ဟု ၎င်းကပြောသည်။ ထားဝယ်မြို့ရှမ်းမလည်ဆွဲရပ်ကွက်တွင် နှစ်စဉ် ကျင်းပလေ့ရှိသော ဟိန္ဒူဘုရားပွဲ(ခေါ်) မမဘုရားပွဲကို ယခုနှစ် သီတင်းကျွတ်လဆန်း ၂ ရက်နေ့ကတည်းက ဝတ်ပြုဆုတောင်းရုံသာ ကျင်းပနေပြီး […]

ရွှေဈေးထပ်ကျ ထားဝယ်လက်ကြီးသမားများ အမြင့်စျေးဖြင့်ပိုက်မိနေ၍ အရောင်းအဝယ်အေး

diz_admin

September 28, 2022

အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်တစ်သိန်းဈေးထပ်ကျသွားပြီး ထားဝယ်မြို့ရှိ ရွှေအပိုင်းလိုက်ဝယ်ထားသည့် လက်ကြီးသမားများ ပိုက်ဘောမိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ထားဝယ်ဈေးကွက်အတွင်း စက်တင်ဘာလ ၂၇ ရက်နေ့က ‌အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၇ သိန်းဝန်းကျင်ရှိရာမှ စက်တင်ဘာလ၂၈ ရက်နေ့တွင် ၂၆ သိန်းဝန်းကျင်သာ ဈေးပေါက်တော့သည်။ ပြီးခဲ့သည့်လက တစ်ကျပ်သားလျှင်ကျပ် ၃၇ သိန်းဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့သည့် ရွှေဈေးသည် စက်တင်ဘာလ နှောင်းပိုင်းတွင် တစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းသာရှိတော့ရာ ကျပ် ၁၁ သိန်းခန့် စျေးပြုတ်ကျသွားသည်။ ရွှေဈေးတက်ချိန်က ထားဝယ်ရွှေကုန်သည်များအပြင် ပွဲရုံပိုင်ရှင်များကပါ ရွှေအပိုင်းလိုက် ဝယ်ထိန်းထားကြသည့်အတွက် လက်ရှိဈေးကျချိန်တွင် ပိုက်ဘောမိနေကြသည်ဟု ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ ၎င်းတို့မှာ တစ်ကျပ်သားလျှင် ၃၁ သိန်းဝန်းကျင် ဈေးပေါက်ချိန်က ဝယ်ယူထားကြကြောင်း ၎င်းက ပြောသည်။ […]

လောင်းလုံး ကျောက်ဆင်ရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 28, 2022

လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာတွင် ယ‌မန့်နေ့ (စက်တင်ဘာ ၂၇ ) ညနေပိုင်းက အသက်လေးဆယ်ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ ယင်းကျေးရွာသား ကိုဆန်းမင်းဦး ဆိုသူဖြစ်ကြောင်း ဒေသခံများကဆိုသည်။ ယင်း‌နေ့ ညနေ သုံးနာရီခန့်တွင် လက်နက်ကိုင် လူတစ်စုက ထိုအမျိုးသား၏နေအိမ် သို့ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ရာ ထိုအမျိုးသားမှာ ထွက်ပြေးသွားသဖြင့် ထပ်မံလိုက်လံပစ်ခတ်ရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ဖြစ်ဖြစ်ချင်း အလောင်းကို ဘယ်သူမှ သွားမကောက်ရဲဘူး။ ညနေ ခြောက်နာရီကျော်လောက်မှ အရေးပေါ်ကား လာသယ်သွားတယ်”ဟု ၎င်းကပြောသည်။ အဆိုပါအမျိုးသားကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ရှင်းလင်းခဲ့သည့်ဟု ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ သေဆုံးသူအမျိုးသားမှာ  ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဖြစ်ပြီး ၎င်းတွင်အမွှာ ညီတစ်ဦးရှိသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “သူကတော့ နာမည်မထွက်ဘူး သူညီကတော့ […]

တနင်္သာရီပြောက်ကျားအဖွဲ့မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးများ မီးရှို့ဖျက်ဆီး

diz_admin

September 28, 2022

မြိတ်ခရိုင်၊ တနင်္သာရီအခြေစိုက် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားအဖွဲ့မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်နှင့် ဒေသခံများထံမှသိရသည်။ တနင်္သာရီမြို့နယ်၊ လယ်သစ်မြစ်ဝတွင် စက်တင်ဘာလ ၂၇ ရက်နေ့က ဖမ်းဆီးရမိသည့် WY စိတ်ကြွဆေးပြား ၆၀၀ ကျော်နှင့် တနင်္သာရီတံတား စစ်ဆေးရေးဂိတ်မှ ဖြတ်ကျော်လာသည့် စစ်လှေအတွင်းရှိ ဘိန်းစာမုန့်အထုပ် ၂၀၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု တနင်္သာရီ ပြည်သူ့ကာကွယ်ရေးပြောက်ကျားအဖွဲ့၏ ယနေ့ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ သို့သော် မူးယစ်ဆေးသယ်ဆောင်လာသည့် စက်လှေနှင့်လူများအား မည်သို့အပြစ်ပေး ဆောင်ရွက်ခဲ့သည်ကိုမူ ထုတ်ပြန်ချက်တွင် မပါရှိပေ။ “မနေ့က သရဖုံရွာနားမှာ ဖမ်းမိတယ်လို့ကြားရတယ်။ ဆေးသယ်လာသူက ပင်လယ်ရွာဖက်ကလို့ အဲလိုကြားရတယ်။ ကျွန်တော်တို့လည်း အသေးစိတ်မသိဘူး”ဟု လယ်သစ်ရွာနေ ဒေသခံအမျိုးသား ကပြောသည်။ ပြီးခဲ့သည့် မေလအတွင်းကလည်း လယ်သစ်ရွာအနီး ဘိန်းစာမုန့်သယ်ဆောင်လာသည့် လှေတစ်စီးအားဖမ်းဆီးကာ လှေပေါ်ပါလာသည့် ဘိန်းစာမုန့် […]

ထားဝယ် သပိတ်အိုးဈေးကွက် သုံးနှစ်ဆက်တိုက် ရောင်းအားကျ

diz_admin

September 28, 2022

ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် သီတင်းကျွတ် သပိတ်မျှောပွဲတော်နှင့် ဆီမီးထွန်းညှိပူဇော်ပွဲတော်ကို မလုပ်ကြတော့ သဖြင့် သပိတ်အိုးနှင့် ဆီမီးခွက်မှာ ရောင်းအား သုံးနှစ်ဆက်တိုက်ကျဆင်းနေကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။ လက်မလည်အောင် ရောင်းကြရသည့် သပိတ်အိုးနှင့် ဆီမီးခွက်တို့မှာ ကိုဗစ်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တည်းက ပွဲတော်များ မလုပ်ရသဖြင့် ရောင်းအားကျဆင်းသွားပြီး စစ်အာဏာသိမ်းကာလတွင်ပါ ပွဲတော်များ မလုပ်ကြသဖြင့် ရောင်းအား ဆက်လက်ကျဆင်းနေဆဲဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။ “အခုက သိပ်ပြီးတော့လည်း ရောင်းမထွက်ဘူး။ အရင်ကတော့ ညအထိလုပ်၊ မနားမနေလုပ်ရတယ်။အခုတော့ မလုပ်ရတော့ဘူး။ ဖောက်သည်တွေက အခြေအနေဘယ်လိုမျိုးလာမလဲ မသိဘူးဆိုပြီး နိုင်ငံရေးကိုပဲ ဦးတည်ပြီးပြောကြတယ်။ နယ်ဖောက်သည်တွေ ဝယ်နည်းသွားတယ်” ဟု ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်မှ အိုးလုပ်ငန်းလုပ်ကိုင်သူ မပန်းအိဖြူက ပြောသည်။ သပိတ်မျှောပွဲတော်နှင့် ဆီမီးတစ်ထောင် မီးထွန်းညှိပူဇော်ပွဲများရှိစဉ်က နှစ်စဉ် သပိတ်အိုးအလုံးရေ […]

မုန်တိုင်းအရှိန်ကြောင့် သီတင်းကျွတ်ကာလအထိ မိုးရွာမည်

diz_admin

September 27, 2022

တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖုန်းမုန်တိုင်း “နိုရူ” (Noru) အရှိန်ကြောင့် တနင်္သာရီတိုင်းတွင် သီတင်းကျွတ်ကာလအထိ မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ တိုင်ဖုန်းမုန်တိုင်း “နိုရူ” (Noru)သည် ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့၏ အရှေ့ဘက် ရေမိုင် ၁၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် အပူပိုင်းမုန်တိုင်း “နိုရူ” (Noru)အဖြစ်သို့ အားလျော့သွားမည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ တိုင်ဖုန်းမုန်တိုင်း “နိုရူ” (Noru)၏ တိမ်တိုက်အကြွင်းအကျန်များကြောင့် တနင်္သာရီတိုင်းတွင် စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာဖြစ်ကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးက ပြောသည်။ […]

ရေးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 27, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောက်မိကျောင်းကျေးရွာမှ ဦးကျော်နိုင်ဦးဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ၎င်းသည် ကျောက်မိကျောင်းရွာနှင့် ကျုံလောင်းရွာဟောင်းလမ်းဆုံနေရာတွင် စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၃၀ အရွယ် ဦးကျော်နိုင်ဦးသည် ခြံအလုပ်လုပ်ကိုင်နေသည့်အပြင် ကွမ်းသီးအရောင်းအဝယ် ပြုလုပ်နေသူ တစ်ဦးလည်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “သိသလောက်ကတော့ သူက ကွမ်းသီးအရောင်းအဝယ်လုပ်တယ်။ ခြံလုပ်တယ်။ အခု ဒလန်ဆိုပြီး အသတ်ခံရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဦးကျော်နိုင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ထုတ်ပြန်ထားသည်။ ၎င်းသည် ကွမ်းသီးရောင်းဝယ်ရင်း စစ်ကောင်စီကို သတင်းပေးနေသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟုလည်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ရေးမြို့နယ်အတွင်း၌ စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုသူများကို ဒေသတွင်းလှုပ်ရှားနေသည့် […]