ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ဗိုလ်များက အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖြုတ်ချပြီး တန်ပြန်အာဏာသိမ်း

diz_admin

October 1, 2022

အာဖရိကရှိ ဘာကီနာဖာဆိုနိုင်ငံတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပေါဟန်နရီဒါမီဘာ ကို ရာထူးမှဖြုတ်ချလိုက်ပြီဖြစ်ကြောင်း စစ်တပ်ဗိုလ်ကြီး တစ်ဦးက နိုင်ငံတော်ရုပ်သံလိုင်းတွင် ကြေညာလိုက်ကြောင်း BBC သတင်းက ဖော်ပြထားသည်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးသည် တိုင်းပြည်၏ အစ္စလာမ်မစ်သူပုန်ထမှု ပြဿနာကို မကိုင်တွယ်နိုင်သောကြောင့် ယခုလို ဖြုတ်ချရခြင်းဟု ဗိုလ်ကြီးအီဘရာဟင်ထရာအိုး က ဆိုသည်။ တိုင်းပြည်နယ်စပ်ကို ပိတ်ထားလိုက်ပြီး၊ နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်ခြင်းကို ဆိုင်းငံ့ထားကြောင်း ကြေညာသွားသည်။ ဗိုလ်ချုပ်ကြီး ဒါမီဘာ သည် ရွေးကောက်တင်မြှောက်ခံ အရပ်သားအစိုးရကို ဇန်နဝါရီလအတွင်းက ဖြုတ်ချခဲ့ပြီး အာဏာသိမ်းယူထားခြင်းဖြစ်သည်။ အစ္စလာမ်မစ်သူပုန်များကို နှိမ်နင်းမည်ဟု ပြောခဲ့သော်လည်း ၎င်း၏ လက်ထက်တွင် နှိမ်နင်းနိုင်ခြင်း မရှိသေးပေ။ ပြီးခဲ့သည့် တနင်္လာနေ့က တိုင်းပြည်မြောက်ပိုင်းတွင် အရပ်သားယာဉ်တန်းကို လုံခြုံရေးပေးနေသော စစ်သား (၁၁) ဦး သတ်ဖြတ်ခံခဲ့ရသည်။ မြို့တော်တွင်လည်း သေနတ်သံများကြားရပြီးနောက် […]

ထိုင်းတွင် ကားတိုက်မှုကြောင့် ပင်လယ်စာတင်ကားမောင်းသည့် မြန်မာလုပ်သား သေဆုံး

diz_admin

October 1, 2022

ထိုင်းနိုင်ငံ စမူစွန်ခရာမ်ခရိုင်တွင် ကားတိုက်မှုကြောင့် ပင်လယ်စာများသယ်ဆောင်သည့် ကုန်တင်ကားမောင်းသည့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ (အောက်တိုဘာ ၁) နံနက် ၇နာရီခွဲက မဲကလွန်းမဟာချိုင်ဆေးရုံအနီးရှိ ရာမ (၂) လမ်းပေါ်တွင် အဆိုပါကားသည် ဂငယ်ကွေ့ ကွေ့ရန် စောင့်ဆိုင်းနေစဉ်တွင် အနောက်မှလာသော ကုန်တင်ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခြင်းဖြစ်ပြီး အလုပ်သမား ၅ ဦးလည်း ဒဏ်ရာရရှိသည်ဟု ဆိုသည်။ မောင်မောင် အမည်ရှိ မြန်မာအလုပ်သမား မောင်းလာသည့် ၁ဝဘီးတပ် ကားမှာ ပက်လက်အနေအထားဖြင့် တိမ်းမှောက် ပျက်စီးနေကာ ၎င်းမှာလည်း အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားကြောင်း သတင်းများတွင် ရေးသားသည်။ ကား၏ အနောက်ပိုင်းတွင် ပင်လယ်စာပို့ရန် လိုက်ပါလာသော ရွှေ့ပြောင်းအလုပ်သမား ၅ ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိသဖြင့် အနီးရှိ စိုးမ်ဒေ့ဘုရားဆေးရုံသို့ […]

တနင်္သာရီတိုင်းတွင် ယခုလ တစ်လလုံးနီးပါး မိုးများနိုင်

diz_admin

October 1, 2022

မြန်မာတစ်ဝှမ်းလုံးမှ အောက်တိုဘာ ဒုတိယအပတ်ခန့်ကစတင်ကာ မုတ်သုံဆုတ်ခွာနိုင်သော်လည်း တနင်္သာရီတိုင်းတွင်မူ ယခုလအတွင်း ပုံမှန်ထက် မိုးပိုမိုရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။ ယခုလတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း လေးကြိမ်ဖြစ်ပေါ်လာနိုင်ပြီး ယင်းလေးကြိမ်အနက် နှစ်ကြိမ်မှာ မုန်တိုင်းအငယ်အဖြစ် ကူးပြောင်းသွားနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ယင်းလေဖိနည်းရပ်ဝန်းနှင့် မုန်တိုင်းငယ်အရှိန်ကြောင့် တနင်္သာရီတိုင်းတွင် အောက်တိုဘာလအတွင်း ရက်ပေါင်း ၁၉ ရက်မှ ၂၂ ရက်အထိ မိုးရွာမည်ဖြစ်ပြီး ပုံမှန်ထက် မိုးရေချိန်ပိုများနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။ မုတ်သုံလေမှာ အောက်တိုဘာလ ပထမအပတ်တွင် မြစ်ဝကျွန်းပေါ်ဒေသမှ ဆုတ်ခွာနိုင်ပြီး အောက်တိုဘာလ ဒုတိယအပတ်တွင်မူ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ဆုတ်ခွာနိုင်ကြောင်း ထုတ်ပြန်သည်။ မုတ်သုံဆုတ်ခွာသွားသော်လည်း မိုးဆက်ရွာနိုင်ကြောင်း မိုး/ဇလကဆိုသည်။ မိုး/ဇလ၏ အချက်အလက်အရ စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်း တိုင်းနှင့်ပြည်နယ်အလိုက် မိုးအများဆုံးရွာသွန်းခဲ့သည့်ဒေသများအထဲတွင် တနင်္သာရီတိုင်းလည်းပါဝင်သည်။ ထားဝယ်ခရိုင်ရှိ […]

ထားဝယ် ရှင်မော်သွားလမ်းတွင် မိုင်းဟုယူဆရသည့် အထုပ်နှစ်ထုပ်ကြောင့် ခရီးသည်များ စိုးရိမ်

diz_admin

October 1, 2022

ထားဝယ် လောင်းလုံး ရှင်မော်ဘုရားသွား ကားလမ်းမပေါ်တွင် မိုင်းဟုယူဆရသည့် အထုပ်နှစ်ထုပ် ရှိနေသဖြင့် ခရီးသည်များ စိုးရိမ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ လောင်းလုံးမြို့နယ် သကျက်တောကျေးရွာနှင့် ကျောက်‌ပုံကျေးရွာအကြားရှိ တံတားတစ်ခုတွင် အနက်ရောင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် ဝါယာကြိုးများပါသည့် အထုပ်နှစ်ခု တံတားဟိုဘက် သည်ဘက်တွင် ရှိနေကြောင်း ယင်းလမ်းပိုင်းကို ဖြတ်သန်းလာသူ မျက်မြင်တစ်ဦးက ပြောသည်။ စက်တင်ဘာလ ၂၉ ရက်နေ့ကပင် ရှိနေခြင်းဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၁ရက် နံနက် ၉နာရီခွဲအချိန်အထိ ယင်းနေရာတွင် ရှိနေဆဲဖြစ်ကြောင်း ဖြတ်သန်းသွားလာသည့် ဒေသခံအချို့က ပြောသည်။ “တံတားပေါ်မှာ ပေါ်တင်ကြီးကို တင်ထားတာတွေ့နေရတယ်။ အဲဒါမြင်တာနဲ့ တံတားကို ဖြတ်ရမလား။ မဖြတ်ရဘူးလားတောင် မသိတော့အောင်ကိုဖြစ်သွားတယ်” ဟု အထက်ပါဒေသခံက ဆိုသည်။ ဆိုင်ကယ်များမှာ အခြားလမ်းမှ ကွေ့ပတ်သွားနိုင်သော်လည်း […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

September 30, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖင်လန်က‌နေ ရှရှားခရီးသွားတွေကို နယ်စပ်ဝင်ခွင့်ပိတ် ဖင်လန်နိုင်ငံဟာ ရုရှားခရီးသွားတွေကို နယ်စပ်ဝင်ခွင့် ပိတ်ပစ်လိုက်တော့မှာဖြစ်ကြောင်း စက်တင်ဘာ ၂၉ ရက်က ပြောကြားလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲထဲ လိုက်ပါစစ်မှုထမ်းရမှာကို ရှောင်ရှားဖို့ ကြိုးပမ်းနေတဲ့ရုရှားနိုင်ငံသား ထောင်ပေါင်းများစွာအတွက် ဥရောပသမဂ္ဂဆီ ကုန်းတွင်းတိုက်ရိုက် နောက်ဆုံးလမ်းကြောင်းဖြစ်တဲ့ ဖင်လန်နယ်စပ်ကို ပိတ်ပစ်လိုက်တာလည်း ဖြစ်ပါတယ်။ ပိုလန်၊ အက်စတိုနီးယား၊ လတ်ဗီးယားနှင့် လစ်သူရေးနီးယား နိုင်ငံတို့က ရှရှားခရီးသွားတွေအတွက် နယ်စပ်ဂိတ်တွေကို ယခုလ အစောပိုင်းတည်းက ပိတ်ထားကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်းမိသားစုလိုက် လည်ပတ်ခွင့်အပြင် အလုပ်လုပ်ခွင့်နဲ့ ကျောင်းတက်ခွင့်ကို ဝင်ခွင့်ပေးနေဆဲ ဖြစ်ကြောင်း ပြောကြားထားပါတယ်။ Ref: BBC ……………………………….. […]

ခေါဇာမြို့ စခန်းမှူးနှင့် တပ်သားနှစ်ဦး ပစ်သတ်ခံရ

diz_admin

September 30, 2022

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့မရဲစခန်းက စခန်းမှူးနှင့် ရဲတပ်သားနှစ်ဦး ယနေ့ ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ခေါဇာမြို့မရဲစခန်း စခန်းမှူးနှင့် တပ်သားနှစ်ဦးတို့သည် ခေါဇာမြို့မှ ရေးမြို့သို့ သွားစဉ် ယနေ့ (စက်တင်ဘာ ၃၀) နံနက် ၁၀ နာရီဝန်းကျင်က ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ “လစာထုတ်ဖို့ အသွားမှာ အသတ်ခံရတယ်လို့ သိရတယ်။ စခန်းမှူးက ပြောင်းလာတာ မကြာသေးဘူး” ဟု ခေါဇာမြို့ခံတစ်ဦး ပြောသည်။ ခေါဇာစခန်းမှူးနှင့်အဖွဲ့ကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ အိမ်စီးကားဖြင့်လာစဉ် စောင့်ဆိုင်းကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး G3 နှစ်လက်၊ ပစ္စတိုတစ်လက်၊ ကျည်ဆံအချို့တို့ကို သိမ်းဆည်းရမိကြောင်းလည်း ထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း လမိုင်းမြို့ နယ်ထိန်းရဲကို ရေးဘီလူးအဖွဲ့က ပစ်သတ်ခဲ့ကြောင်း […]

မြိတ်အကျဥ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဥ်းသား ၆၀ နီးပါးလွတ်လာ

diz_admin

September 30, 2022

မြိတ်အကျဥ်းထောင်မှ လွတ်ရက်စေ့သည့် နိုင်ငံရေးအကျဥ်းသား ခြောက်ဆယ်နီးပါး ပြန်လွတ်လာကြောင်း လွတ်မြောက်လာသူများ၏ မိသားစုဝင်များ ထံမှသိရသည်။ ယနေ့(စက်တင်ဘာ ၃၀)နံနက် ၈ နာရီတွင် လွတ်မြောက်လာခြင်းဖြစ်ပြီး အမျိုးသား ၅၃ ဦးနှင့် အမျိုးသမီး ၄ ဦးပါဝင်သည်ဟု လွတ်မြောက်လာသည့် မိသားစုဝင်များက ပြောသည်။ “အိမ်ပြန်ရောက်လာပါပြီ။ လွတ်တဲ့သူအားလုံးက ၅၈ ဦးပေါ့ အရင်ကတည်းက လက်နက်မှုနဲ့ ထောင်ကျနေသူ တစ်ဦးလည်းပါတယ်”ဟု လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသား၏ မိခင်ကပြောသည်။ လွတ်မြောက်လာသူများသည် ၂၀၂၁ မတ်လ ၂၆ ရက်နေ့က ရွေပြည်တန်လမ်းဆုံ ဆန္ဒပြပွဲအား ပစ်ခတ်ဖြိုခွင်းပြီးနောက် ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။ ၎င်းတို့အား စစ်ကောင်စီမှ ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၁၄၅ တို့ဖြင့် တရားစွဲကာ ထောင်ဒဏ် ၂ နှစ် ချခဲ့ခြင်းဖြစ်သည်။ ယင်းနေ့က ဖြိုခွင်းမှုအတွင်း […]

သထုံတွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

diz_admin

September 29, 2022

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာမှ ပြည်သူ့စစ် ဒုခေါင်းဆောင် ဦးစိုးဝင်းဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် ဦးစိုးဝင်းသည် စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲဝန်းကျင်အချိန်ခန့်က ပစ်ခတ်ခံရခြင်းဖြစ်သည်။ ဒေးဗရိန်းကျေးရွာရှိ လက်ဖက်ရည်ဆိုင်တွင်  ထိုင်နေစဥ် သေနတ်ဖြင့် လာရောက်ပစ်ခတ် သွားခဲ့ခြင်းဖြစ်သည်။ ”လက်ဖက်ရည်သောက်နေတဲ့အချိန်မှာ အပစ်ခံရတယ်၊ ခေါင်းထိပြီး ပွဲချင်းပြီးပဲ သူက ပြည်သူ့စစ် ဟုတ်တယ်” ဟု ဒေးဗရိန်းဒေသခံတစ်ဦးက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် ဦးစိုးဝင်းသည် ဦးခေါင်းဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် ဦးစိုးဝင်းကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ထုတ်ပြန်ထားသည်။ ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် […]