ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလောမြို့အနီးရှိ ကဒဲ၊ခမောင်းတောရွာ ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေ

diz_admin

October 3, 2022

မြိတ်ခရိုင်၊ပုလောမြို့အနီးရှိ ကဒဲရွာနှင့်ခမောင်းတောရွာ အနီးဝန်းကျင်တွင် စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့ (အောက်တိုဘာ ၃) မွန်းတည့်အချိန်မှစတင်ကာ နှစ်ဖက်တိုက်ပွဲများ ဖြစ်နေပြီး လက်ရှိအချိန် (ည ၆ နာရီ) မိုးချုပ်သည်အထိ တိုက်ပွဲပြင်းထန် နေဆဲဖြစ်ကြောင်း ဒေသခံများ ကပြောသည်။ “လက်နက်ကြီး လက်နက်ငယ် စက်လတ်တွေနဲ့လည်း ပစ်နေကြတယ်။ ခုထိချနေတုန်းပဲ ပွဲကတစ်အားကြမ်းနေတုန်းပဲ မိုးကလည်းစရွာနေပြီ”ဟု မင်းထိန်ရွာဒေသခံအမျိုးသား ကပြောသည်။ မင်းထိန်ရွာသည် ယခုတိုက်ပွဲဖြစ်နေသည့် အနီးဝန်းကျင်တွင်ရှိပြီး လက်နက်ကြီးကျည်အချို့  ရွာအပြင်တွင် လာကျနေသည်ဟု ၎င်းကပြောသည်။ နှစ်ဖက်တိုက်ပွဲ စဖြစ်ချိန် ပဝတ်ကုန်းတပ်မှ လက်နက်ကြီးပစ်ကူပေးခဲ့ပြီး ရပ်နားသွားကာ  ညနေပိုင်းတွင် ပုလော ၂၈၅ တပ်ရင်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးနေသည်ဟု ဒေသခံများ ကပြောသည်။ “ပုလောဘက်ကပစ်တဲ့ လက်နက်ကြီးအချက်က […]

ပုလော ထမင်းမစားရွာ ပျူစောထီးအဖွဲ့ဝင်ဆိုသူ အသတ်ခံရ

diz_admin

October 3, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ထမင်းမစားရွာတွင် ပျူစောထီးအဖွဲ့ဝင်ဟုဆိုသည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ပျူစောထီးအဖွဲ့ဝင် အာတော့ဆိုသူကို အောက်တိုဘာလ ၂ ရက် ည ၆ နာရီဝန်းကျင်တွင် ထမင်းမစားရွာအနီး ကားလမ်းမတွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းဒေသတွင်လှုပ်ရှားနေသည့် ကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ K-PDF က ထုတ်ပြန်သည်။ ၎င်းသည် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားပါရှိသည်။ ယခုရက်ပိုင်းတွင် အာတော့အပြင် ယင်းရွာက ပျူစောထီးခေါင်းဆောင် တမိုဆိုသူလည်း သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “(ပျူစောထီး) ခေါင်းဆောင်ကတော့ တိုက်ပွဲဖြစ်ပြီးသေတာ။ နောက်တစ်ယောက်ကတော့ လာပစ်သတ်သွားတာ” ဟု ၎င်းက ပြောဆိုသည်။ ထမင်းမစားကျေးရွာအနီးတွင် စက်တင်ဘာလ ၃၀ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ အင်အား ၂၀ […]

မြန်မာသို့ လူကုန်ကူးခံရသည့် အိန္ဒိယအိုင်တီပညာရှင် ၅၀၀ကျော် ဖမ်းဆီးပိတ်လှောင်ခံထားရ

diz_admin

October 3, 2022

အိန္ဒိယနိုင်ငံသား နည်းပညာကျွမ်းကျင်ပညာရှင် ၅၀၀ ကျော်အထိ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ဖမ်းဆီးပိတ်လှောင် ခံထားရဆဲဖြစ်ပြီး နေ့ရောညပါ အလုပ်လုပ်ရန် စေခိုင်းခံနေရဆဲဖြစ်ကြောင်း အိန္ဒိယသတင်းဌာန GoaChronicle တွင် အောက်တိုဘာလ ၂ ရက်နေ့က ရေးသားဖော်ပြသည်။ ၎င်းတို့ကို စေခိုင်းသော သတ်မှတ်ပမာဏအထိပြီးပြတ်အောင် မလုပ်ပေးနိုင်ပါက ညှင်းပန်းနှိပ်စက်ခံနေရကြောင်း ဖော်ပြသည်။ အိန္ဒိယအစိုးရအနေဖြင့် ပိတ်လှောင်ခံထားရသော နိုင်ငံသားများကို နည်းအမျိုးမျိုးသုံးကာ ကယ်တင်ရန် ကြိုးစားခဲ့ပြီး ၃၂ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း အစိုးရပြောကြားချက်ကို ကိုးကား ရေးသားထားသည်။ အိန္ဒိယ IT ပညာရှင်များကို ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရမည်ဟု လစာမက်လုံးပေးကာ အွန်လိုင်းအေဂျင်စီအချို့က ဆိုရှယ်လ်မီဒီယာမှတစ်ဆင့် လိမ်လည်အလုပ်ခေါ်ပြီးနောက် မြန်မာနိုင်ငံသို့ လူကုန်ကူးခဲ့ခြင်းဖြစ်နေသည်။ ထိုင်းတွင် IT နှင့်ပက်သက်သော အလုပ်လုပ်ကိုင်ရမည်ဟု ကတိပေးခေါ်ဆောင်လာခဲ့ပြီး မဲဆောက်မှ မြဝတီသို့ တရားမဝင်လမ်းကြောင်းမှတဆင့် ခေါ်ယူခံခဲ့ရကြောင်း […]

အီရန်ဆန္ဒပြပွဲ ကျောင်းသားများစွာ ပိတ်မိလျက်ရှိ

diz_admin

October 3, 2022

အီရန်ရဲတပ်ဖွဲ့ဝင်များသည် တက္ကသိုလ်ကျောင်းများနှင့် နာမည်ကျော်တက္ကသိုလ်ဝန်းတစ်ခုထဲတွင် ထိပ်တိုက် ထိတွေ့မှုများ ဖြစ်ခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာသတင်းများက ဖော်ပြထားသည်။ မြို့တော် တီဟီရန်ရှိ ရှာရစ်ဖ် တက္ကသိုလ်ယာဉ်ရပ်နားကွင်းထဲတွင် ကျောင်းသားများစွာ ပိတ်မိနေလျက် ရှိကြောင်း သတင်းများက ဖော်ပြထားသည်။ ထွက်ပေါ်လာသော ဗီဒီယိုများတွင် ကျောင်းသားများသည် လုံခြုံရေးတပ်ဖွဲ့များထံမှ ဝေးရာကို ထွက်ပြေးနေကြပြီး သေနတ်သံများ ကြားရသည်။ အမျိုးသမီးတစ်ဦးကို အကျင့်သီလထိန်းကွပ်ပဲ့ပြင်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် သေဆုံးသွားခဲ့ရာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ စက်တင်ဘာလအတွင်း အီရန်တွင် နေရာအနှံ့ဖြစ်ပွါးခဲ့သည်။ မစ်စ်အမီနီအား ရဲက ခေါင်းကို တုတ်ဖြင့်ရိုက်ကာ ခေါင်းကိုလည်း ကားဖြင့်ဆောင့်ခဲ့သည်ဟု သတင်းများက ဖော်ပြထားပြီး သေဆုံးသူသည် အဖမ်းခံရစဉ် နှလုံးဖောက်ခဲ့ခြင်း ဖြစ်သည်ဟု ရဲက ထုတ်ပြန်ထားသည်။ ၎င်း၏ အသုဘအခမ်းအနားတွင် ဆန္ဒပြပွဲစတင်ခဲ့ရာမှ တိုင်းပြည်အတွင်း အဆိုးဆုံး […]

အင်ဒိုနီးရှားပြည်တွင်း ဘောလုံးပွဲ ခိုက်ရန်ဖြစ်ပွါး ၁၃၀ နီးပါး သေဆုံး

diz_admin

October 2, 2022

အနည်းဆုံး လူ ၁၂၉ ဦးသေဆုံးခဲ့ရသော အင်ဒိုနီးရှားဘောလုံးပွဲ ခိုက်ရန်ဖြစ်ပွားရာမှ တက်နင်းမိကာသေဆုံးမှုသည် ဘောလုံးသမိုင်းမှ အဆိုးရွားဆုံး သော အဖြစ်အပျက် တစ်ခုဖြစ်ကြောင်း အရာရှိများက ပြောကြားသည်ဟု BBC သတင်းက ဖော်ပြထားသည်။ အဓိကရုဏ်းဖြစ်နေသော နှစ်ဖက်ပရိသတ်များကို ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ ပစ်ခတ်ရာမှ လူအုပ်ပြိုခြင်း ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ အရှေ့ဂျာဗား ဒေသ၊ ဆူရာဘယားတွင် Arema FC ဘောလုံးအသင်းက ခါးသီးသောပြိုင်ဘက် Persebaya ကို ရှူံးနိမ့်ခဲ့ရာမှ ရန်ပွဲဖြစ်ပွါးခြင်း ဖြစ်သည်။ လူ (၁၈၀) ခန့်လည်း ဒဏ်ရာများ ရရှိသွားခဲ့သည်။ ပရိသတ်ဦးရေသည်လည်း အားကစားကွင်းက လက်ခံနိုင်သည့် အရေအတွက်ထက် ပိုများနေကြောင်း လုံခြုံရေးဝန်ကြီးက ပြောကြားသည်။ စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးသည်အထိ အင်ဒိုနီးရှား အဆင့်မြင့်တန်း ဘောလုံးပွဲစဉ်များ အားလုံး ရပ်ဆိုင်းထားရန် […]

ရွှေဈေးထိုးကျ၊ မြိတ်တွင် ဝယ်သူများသဖြင့် နေ့ချင်းဈေးပြန်တက်

diz_admin

October 1, 2022

မြိတ်မြို့တွင် အောက်တိုဘာလ ၁ ရက်နေ့က အခေါက်ရွှေဈေးနှုန်း ဈေးထိုးကျခဲ့ရာ ဝယ်ယူသူများသဖြင့် နေ့ချင်း ဈေးပြန်တက်သွားကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ အခေါက်ရွှေ တစ်ကျပ်သားလျှင် အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းအချိန်က ၂၂ သိန်းကျော်အထိ ကျဆင်းခဲ့ရာ ရွှေဝယ်ယူသူများလာသဖြင့် မွန်းလွဲပိုင်းတွင် ၂၅ သိန်းအထိ ဈေးပြန်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း လက်ဝတ်ရတနာ အရောင်းဆိုင်အချို့ထံ မေးမြန်းချက်အရ သိရသည်။   ယင်းမတိုင်မီ စက်တင်ဘာလ ၃၀ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၅ သိန်းအထိ ရှိခဲ့သည်။ “ဈေးကျသံကြားလို့ တအားလာပြေးဝယ်ကြတာ။ ဝယ်တဲ့သူတွေများလာလို့ ဈေးပြန်တက်သွားတာပါ။ ဆိုင်မှာတောင် ရောင်းဖို့ မကျန်တော့ဘူး” ဟု လက်ဝတ်ရတနာအရောင်းဆိုင်တစ်ဆိုင် ပိုင်ရှင်က ပြောသည်။ မြိတ်ရွှေဈေးကွက်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့က […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

October 1, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ မြန်မာပြည်သူများအရေး မမေ့ကြရန် ပုပ်ရဟန်းမင်းကြီးပြော အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု၊ နေရပ်စွန့်ခွာထွက်ပြေးရမှုများ ဆက်လက်ဖြစ်ပွားနေသည့် မြန်မာပြည်သူများအရေးကို ကမ္ဘာကြီးက မေ့မထားကြရန် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် တိုက်တွန်းလိုက်သည်။ အီတလီနိုင်ငံတောင်ပိုင်း Matera မြို့တွင် စက်တင်ဘာလ ၂၅ ရက် တနင်္ဂနွေနေ့က ကျင်းပသည့် ဆုတောင်းပွဲအပြီး မိန့်ခွန်းပြောရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝမ်းနည်းပူဆွေးရသည့် ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရန်လည်း ဆုတောင်းပေးခဲ့သည်။ ယခုသီတင်းပတ်တွင် စာသင်ကျောင်း ဗုံးကြဲခံရသဖြင့် ကလေးငယ်များ သေကြေမှုအတွက် ဝမ်းနည်းပူဆွေးသံများ ကြားရပြီး ယင်းငိုကြွေးသံများကို မမေ့ကြရန် […]

တိုက်ပွဲကြောင့် တနင်္သာရီမြို့နယ် ကျေးရွာလေးရွာက ပြည်သူများထွက်ပြေးနေရ

diz_admin

October 1, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စုအတွင်း ဖြစ်ပေါ်နေသည့်တိုက်ပွဲကြောင့် အနည်းဆုံး ကျေးရွာလေးရွာက ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ ဘန်လောကျေးရွာအုပ်စုအတွင်း စက်တင်ဘာလ ၂၈ ရက်မှစတင်ကာ တိုက်ပွဲဖြစ်ခဲ့ပြီး ယနေ့ အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲတွင်လည်း တိုက်ပွဲထပ်မံဖြစ်လျှက်ရှိကြောင်း ဒေသခံများက ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် ဗောဓိကမ်း၊ ဘန်လော၊ ခြောက်မိုင်၊ ထုံတွန် စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးနေရကြောင်း ၎င်းတို့က ဆိုသည်။ “လက်နက်ကြီးတွေနဲ့ပစ်တော့ လူတွေက မနေရဲကြတော့ဘူး။ အကုန်ထွက်ပြေးနေကြပြီ” ဟု ဒေသခံအမျိုးသား ကပြောသည်။ ဒေသခံများမှာ တိုက်ပွဲစတင်ဖြစ်ပွားသည့် စက်တင်ဘာလ ၂၈ ရက်နေ့မှ စတင်ကာ ထွက်ပြေးကြခြင်းဖြစ်ပြီး ယနေ့လည်း တိုက်ပွဲဖြစ်သဖြင့် ထွက်ပြေး တိမ်းရှောင်သူများ […]