ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းမူကြိုကျောင်းဝင်းအတွင်းပစ်ခတ်မှု ကလေးငယ် ၂၂ဦးအပါအဝင် ၃၆ဦးထက်မနည်းသေဆုံး

diz_admin

October 6, 2022

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နွန်ဘိုဝါလမ်ဖူခရိုင်တွင် မူကြိုကျောင်း နေ့ကလေးထိန်းစင်တာတစ်ခုအတွင်း ရဲအရာရှိဟောင်းတစ်ဦး ဝင်ရောက်ပစ်ခတ်မှုကြောင့် ကလေးငယ်အများစု အပါအဝင် ၃၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ထိုင်းဗဟိုထောက်လှမ်းရေးအဖွဲ့ (CIB) က ထုတ်ပြန်ထားသည်။ နွန်ဘိုဝါလမ်ဖူခရိုင် ဥထိုင်းစဝမ်နာ့ကလမ်းဒေသရှိ မူကြိုကျောင်းတွင် ကလေးငယ်များ အိပ်ပျော်နေချိန် ယနေ့ အောက်တိုဘာလ ၆ရက် နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်သည်။ သေဆုံးခဲ့သူအများစုမှာ မူကြိုကျောင်းသား ကလေးငယ်များဖြစ်ပြီး ၂၂ ဦး ပါဝင်နေကြောင်း ရဲတပ်ဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ သေနတ်သမားသည် ကျောင်းဝင်းအတွင်းရှိ ကလေးငယ်များနှင့် ကျောင်းဝင်းအတွင်းရှိသူများကိုပါ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဓားဖြင့်လည်း လိုက်ထိုးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်အရသိရသည်။ ပစ်ခတ်ခဲ့သူသည် အသက် ၃၄ နှစ်အရွယ်ရှိ ရဲမှူးဟောင်း Panya Kamrab အမည်ရှိသူဖြစ်ပြီး ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားခဲ့ကာ […]

မောတောင်နယ်စပ်ဂိတ်အနီး တိုက်ပွဲဖြစ်ပြီး ဂိတ်ကို ထိုင်းဘက်က ယာယီပိတ်ဟုဆို

diz_admin

October 6, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်မြို့တွင် တိုက်ပွဲဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် မောတောင်ဂိတ်ကို ပိတ်ထားမည်ဟု ထိုင်းနိုင်ငံဘက်ခြမ်းမှ တာဝန်ရှိသူများက ပြောကြောင်း ဒေသခံများ၊ ကုန်သည်နှင့် ကုန်ကားမောင်းသူအချို့က ပြောသည်။ မောတောင်နယ်စပ်မြို့တွင် အောက်တိုဘာ ၆ ရက်ည ၇ နာရီဝန်းကျင်က စစ်ကောင်စီတပ်၊ ပျူစောထီးတို့နှင့် ပြည်သူ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး ပျူစောထီးတစ်ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။ “နကသ (နယ်စပ်ကုန်သွယ်ရေး) ဂိတ်နားမှာဖြစ်တာ။ ကရင်နီလို့ခေါ်တဲ့ ပြည်သူ့စစ်တစ်ဦးသေတယ်။ PDF တစ်ယောက်လည်း ထိသွားတယ်ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ တိုက်ပွဲဖြစ်ပြီးနောက် ည ၁၀ နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ သေးကြောင်း ဒေသခံတို့က ပြောသည်။   “လူတွေက ပြေးတော့မပြေးကြသေးဘူး။ အိမ်တွေဆိုင်တွေတော့ တော်တော်များများ […]

ပုလောနန်းတောင်ရွာ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် တိုက်ခိုက်

diz_admin

October 5, 2022

ပုလောမြို့နယ်၊ အရှေ့ဖျားရွာများ၏ ဝင်ပေါက်တစ်ခုဖြစ်သည့် နန်းတောင်ကျေးရွာ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရုပ်သံမှတ်တမ်း ထုတ်ပြန်ချက်အရသိရသည်။ စစ်ကောင်စီတပ်ဖွဲ့များ စစ်ဆေးနေသည့် နန်းတောင်လမ်းဆုံဂိတ် နှစ်နေရာကို အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးနှစ်လုံးချကာ တိုက်ခိုက်ခဲ့သည်ဟု ယနေ့ညနေတွင် မှတ်တမ်းဗွီဒီယို ထုတ်ပြန်ခဲ့သည်။ ဗုံးချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ကားဖြင့်သယ်ဆောင်ကာ ၂၈၅ တပ်သို့ ဝင်ရောက်သွားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ အဆိုပါတိုက်ခိုက်မှုကို ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ K-PDF(ပုလော)နှင့် မဟာမိတ်တပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။ “ကျွန်တော်တို့လည်းဒီသတင်း ကြားရတယ်။ဒရုန်းနဲ့ပစ်တယ်လို့တော့ အတိအကျမသိဘူး။ အဲဒီအချိန်လောက်က ဂျက်ဂါနဲ့မှော်မိဖက်ကို လက်နက်ကြီးတွေနဲ့ ထု(အသံကြား)လိုက်သေးတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ပဝတ်ကုန်းရွာရှိ စစ်ကောင်စီတပ်ကို K-PDF တပ်ဖွဲ့က ဒရုန်းဖြင့် […]

ရေးမြို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

October 5, 2022

မွန်ပြည်နယ်၊ ရေးမြို့ သီရိဇေယျာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းဦး ယနေ့နံနက် ၁၀ နာရီခန့်က ပစ်သတ်ခံရကြောင်း မြို့ခံများထံမှ သိရသည်။ အသက် ၅၀ ခန့်ရှိ ဦးမင်းသိန်းဦးသည် နေအိမ်အနီးရှိ စျေးဆိုင်တွင် စျေးဝယ်နေစဥ် ပစ်သတ်ခံရသည်ဟု ဒေသခံများကဆိုသည်။ ”သူ့အိမ်အနားက မုန့်ဆိုင်မှာ ရှိနေတဲ့အချိန်မှာ အပစ်ခံရတာဖြစ်တယ်၊ သေနတ်သမားတွေက ဆိုင်ကယ်နဲ့လာပြီး ပစ်သတ်သွားတယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းဦးကို မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ (Mon State Revolutionary Organization) ကပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ဦးမင်းသိန်းဦးသည် ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုရှိပြီး ၎င်းကြောင့် ဖမ်းဆီးခံရသူများရှိနေသည့်အတွက် ယခုလို ရှင်းလင်းခဲ့သည်ဟုလည်း MSRO အဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။ ရေးမြို့နယ်၊ ‌ကျူံလောင်းရွာဟောင်းမှ  ဦးအောင်မြင့်ဆိုသူကို စစ်ကောင်စီအား သတင်းပေး၍ အောက်တိုဘာ ၄ ရက်နေ့ […]

ထားဝယ်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးမင်းဦး ထောင်တစ်သက်ချနိုင်သည့်ပုဒ်မဖြင့် တရားစွဲခံရ

diz_admin

October 5, 2022

ထားဝယ်က နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးမင်းဦးကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အမြင့်ဆုံးထောင်ဒဏ် တစ်သက်အထိ ချမှတ်နိုင်သည့်ပုဒ်မဖြင့် တရားစွဲထားကြောင်း ၎င်း၏ မိသားစုဝင်နှင့် နီးစပ်သူများက ပြောသည်။ ကိုမျိုးမင်းဦးကို စက်တင်ဘာလ ၁၂ရက်က ထားဝယ်မြို့ ခုံဝင်းဒြပ်ရပ်ကွက်ရှိ အလုပ်တွင် အရပ်ဝတ်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မေးမြန်းရန်ရှိသဖြင့် ခဏလိုက်ခဲ့ပါဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။ ထားဝယ်ခရိုင်ရဲစခန်းတွင် တစ်ရက်နှင့် တစ်ည စစ်ဆေးခဲ့ပြီးနောက် စက်တင်ဘာ ၁၃ ရက်နေ့တွင် ထားဝယ်မြို့နယ် ရဲစခန်းသို့ ရောက်ရှိကြောင်း ၎င်းက ပြောသည်။ စက်တင်ဘာ ၂၆ ရက်နေ့တွင် ပထမအကြိမ် ရုံးထုတ်ခဲ့ပြီးနောက် ထားဝယ်ထောင်ချုပ်သို့ ပြောင်းရွှေ့ခံရကြောင်း မိသားစုဝင်က ပြောဆိုသည်။ ယင်းနောက် အောက်တိုဘာလ လဆန်းပိုင်းတွင် […]

မြိတ်တွင် ကျပ်တစ်သိန်းကျော်အထိ စံချိန်တင်ဈေးမြင့်ခဲ့သည့် စားအုန်းဆီဈေး ဆက်တိုက်ကျဆင်း

diz_admin

October 5, 2022

မြိတ်မြို့ရှိ အခြေခံစားသောက်ကုန်ဈေးကွက်တွင် အမြင့်ဆုံးဈေးနှုန်း ကျပ်တစ်သိန်းကျော်ဖြင့် စံချိန်တင်ခဲ့သည့် စားအုန်းဆီဈေး ဆက်တိုက်ကျဆင်းလာနေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ ဩဂုတ်လအတွင်းက စားအုံးဆီ (ပုံးဝါ) ဆယ်ပိဿာပါ တစ်ပုံးလျှင် တစ်သိန်းတစ်သောင်းအထိမြင့်တက်ခဲ့ပြီးနောက် လက်ရှိတွင် ၆၃၀၀၀ ကျပ်အထိ ဈေးကျဆင်းလာကြောင်း ကုန်စုံအရောင်းဆိုင်အချို့ထံမှ သိရသည်။ “ဈေးကျတော့ တချို့ဆိုင်တွေဆို မရောင်းပေးကြတော့ဘူး။ သိုထားကြတာ” ဟု ထမင်းဟင်းရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ ဆယ်ပိဿာပါ စားအုံးဆီ (ပုံးဝါ) အား ထမင်းဟင်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်တို့တွင် အများဆုံး အသုံးပြုလေ့ရှိကြသည်။ စားအုံးဆီဈေးနှုန်း တစ်သိန်းတစ်သောင်းကျပ်မှ ၉၃၀၀၀ ကျပ်၊ ၈၉၀၀၀ ကျပ်၊ ၈၆၀၀၀ ကျပ်၊ ၇၁၅၀၀ ကျပ်အထိ ဈေးကျဆင်းခဲ့ပြီး အောက်တိုဘာလ ၅ ရက်နေ့တွင် ၆၃၀၀၀ ကျပ်သာ ကျန်ရှိခဲ့ကြောင်း ကုန်စုံဆိုင်ရှင်တချို့က ပြောပြသည်။ […]

ခေတ်ပြန်စားလာသည့် သီတင်းကျွတ်မီးအိမ်တွန်းလှည်း

diz_admin

October 5, 2022

ဆယ်စုနှစ် ၂ခုကျော် တိမ်မြုပ်ပျောက်ကွယ်နေခဲ့သည့် သီတင်းကျွတ်မီးအိမ်တွန်းလှည်းများ ပြန်လည် ခေတ်စားလာသည်။ ပြီးခဲ့သည့်နှစ် သီတင်းကျွတ်ကာလတွင် ထားဝယ်၌ ပြန်လည်ပြုလုပ်ရောင်းချကြရာမှ သီတင်းကျွတ်မီးအိမ် တွန်းလှည်းများကို ကလေးများ ပြန်လည်ကစားခွင့်ရလာခဲ့သည်။ မီးအိမ်တွန်းလှည်း ထားဝယ်မြို့က မိသားစုနှစ်ခု ပြုလုပ်ရောင်းချနေပြီး တွန်းလှည်းတစ်ခု ကျပ် သုံးထောင်ဝန်းကျင်ဖြင့် ပေးဝယ်ကြရသည်။ ဝါးခြမ်း၊ ဆီစိမ်စက္ကူ၊ ကော်စသည့်ပစ္စည်းများဖြင့်ပြုလုပ်ပြီး လိပ်ပြာပုံ၊ ယုန်ပုံ၊ ဆင်ပုံ အစရှိသည့် တိရစ္ဆာန်ပုံ အမျိုးမျိုးထုတ်လုပ်ရောင်းချနေကြကာ ယုန်ပုံမီးအိမ်လှည်းကို လူကြိုက်များကြောင်း မီးအိမ်လှည်း ပြုလုပ်ရောင်းချသူတို့က ဆိုသည်။ ပြီးခဲ့သည့်နှစ်က ရောင်းအားကောင်းခဲ့ပြီး ယခုနှစ်တွင်မူ စီးပွားရေးကျပ်တည်းမှုများကြောင့် ဝယ်ယူသူ နည်းပါး နေသည်ဟု ၎င်းတို့က ပြောသည်။ အခြားတစ်ဖက်တွင်လည်း အလှဖန်တီးရှင်အချို့ကလည်း Pre-Wedding အတွက် သီတင်းကျွတ်အလှမီးအိမ်များလည်း အော်ဒါမှာယူမှုရှိနေသည်ဟု ဆိုသည်။ သီတင်းကျွတ် အထိန်းအမှတ်တစ်ခုဖြစ်သည့် ထားဝယ်က […]

ထိုင်း တာခ့်ခရိုင်တွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၄ဦး ဖမ်းဆီးခံရ

diz_admin

October 5, 2022

ထိုင်းနိုင်ငံ တာခ့်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၄ ဦးကို ယနေ့ အောက်တိုဘာလ ၅ ရက် နံနက်တွင် ဖမ်းမိကြောင်း အမှတ် ၃၅ ထိုင်းနယ်ခြားစောင့်တပ်က ထုတ်ပြန်ထားသည်။ မဲလမတ်ဒေသတွင် ယနေ့ နံနက် ၁နာရီခန့်က သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ရာ တောထဲ အမှောင်ထဲတွင် လမ်းလျှောက်နေကြသော မြန်မာအလုပ်သမား ၁၄ ဦးကို ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဖမ်းဆီးချိန်တွင် ထိုင်းပွဲစားသည် မြန်မာအလုပ်သမားများကို ချန်ထားခဲ့ကာ ထွက်ပြေးသွားခဲ့ပြီး ကျန်ရစ်ခဲ့သော မြန်မာ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူများသည် ကရင်ပြည်နယ် ဘားအံမြို့ကဖြစ်ပြီး မြဝတီမြို့အနီး သောင်ရင်းမြစ်ကို လှေဖြင့် ဖြတ်ကာ […]