မောင်းမကန်ရွာသားတစ်ဦး ယမန်နေ့ညက ပစ်သတ်ခံရ
diz_admin
October 9, 2022လောင်းလုံးမြို့နယ် မောင်းမကန်ရွာတွင် အောက်တိုဘာလ ၈ ရက်နေ့ ယမန်နေ့ညက အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ မောင်းမကန်ရွာသား ဦးဇော်ဝင်းရှိန်ဆိုသူဖြစ်ပြီး ည ၈ နာရီဝန်းကျင်က နေအိမ်တွင် ရှိနေစဉ် လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “သူက မူးယစ်ဆေး အရောင်းဝယ်လုပ်တယ်လို့ သတင်းထွက်တယ်။ ဘာကြောင့်ပစ်သတ်ခံရတယ်ဆိုတာတော့ မသိဘူး” ဟု ၎င်းက ဆိုသည်။ ဦးဇော်ဝင်းရှိန်အား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ဦးဇော်ဝင်းရှိန်တွင် ဇနီး၊ ခြောက်နှစ်အရွယ်သားတစ်ဦးနှင့် သုံးနှစ်အရွယ်သမီးတစ်ဦး ကျန်ရစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ၎င်း၏ ရုပ်အလောင်းကို ယနေ့ အောက်တိုဘာလ ၉ […]


