ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ အကျဉ်ချုံးကျင်းပမည်
diz_admin
October 12, 2022ဒေသတွင်း ထင်ရှားစည်ကားသည့် ဘာသာရေးပွဲတော်တစ်ခုဖြစ်သော ထားဝယ်မြို့တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို မြို့တွင်းလှည့်လှည်ပူဇော်မခံတော့ဘဲ ဘုရားကြီးဝင်းအတွင်းမှာပင် အကျဉ်းချုံး ကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။ ၁၁၁ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်မှစပြီး ရပ်နားထားခဲ့သည်မှာ ၂ နှစ်ဆက်တိုက် ရှိနေပြီဖြစ်သည်။ ယခုနှစ်တွင်မူ ကိုဗစ်ရောဂါ အထိုက်အလျောက် ကျဆင်းလာသောကြောင့် အစဉ်အလာကို ထိန်သိမ်းသည့်အနေဖြင့် ၁၁၁ ကြိမ်မြောက် တန်ဆောင်တိုင်ဘုရားပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သို့သော် ပွဲတော်များ၊ အခမ်းအနားများ၊ မြို့တွင်းလှည့်လှည် ပူဇော်ခံခြင်းတို့ပြုလုပ်မည်မဟုတ်ဘဲ ဘုရားကြီးဝင်းအတွင်းမှာပင် ကျင်းပမည်ဟု ဆိုသည်။ “ဘာအခမ်းအနားမှလည်း မလုပ်ဘူး။ ဘာပွဲတော်မှလည်း မလုပ်ဘူး။ ဘုရားတွေကို မူလစံပယ်ရာ ဂန္ဓကုဓိတိုက် ကနေပြီး ဓမ္မာရုံထဲပင့်ပြီး ဆွမ်းတော်တင်၊ ရှိခိုးလို့ ရအောင်လုပ်တဲ့သဘော၊ အဲဒီလောက်ပါပဲ” […]


