ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

October 15, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြန်မာ့ဂုဏ်ယူစရာသမိုင်းကြောင်း ပျက်သုဉ်းခဲ့ပြီဟု EU ပြော မြန်မာနိုင်ငံတွင် သေဒဏ်ပေးခြင်းကို ဆိုင်းငံ့ထားခဲ့သည့် ၃၄နှစ်တာ ဂုဏ်ယူစရာသမိုင်းကြောင်းမှာ ဒီမိုကရေစီ အရေးတက်ကြွလှုပ်ရှားသူအချို့ကို စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်ခြင်းကြောင့် ပျက်သုဉ်းစေခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက ထုတ်ပြန်သည်။ အောက်တိုဘာလ ၁၀ ရက်တွင် ကျရောက်သည့် ဥရောပနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ သေဒဏ်ဆန့်ကျင်ရေးနေ့တွင် ယင်းသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ကိုဖြိုးဇေယျသော်၊ ကိုဂျင်မီ၊ ကိုအောင်သူရဇော်နှင့် ကိုလှမြအောင်တို့ကို ယခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီက ရက်စက်စွာ ကွပ်မျက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဥရောပသမဂ္ဂသည် အသက်ရှင်သန်နေထိုင်ခွင့်ကို ချိုးဖောက်သည့် […]

တူရကီတွင် ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲ၍ လူ ၂၅ ဦးသေဆုံးပြီး လူများစွာ ပိတ်မိလျက်ရှိ

diz_admin

October 15, 2022

တူရကီနိုင်ငံ မြောက်ပိုင်း ဘာတင်ပြည်နယ်တွင် ကျောက်မီးသွေး တူးဖော်ရေး မိုင်းတွင်းတစ်ခု ပေါက်ကွဲခဲ့ရာမှ အနည်းဆုံး လူ ၂၅ ဦးသေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာ မြေအောက်တွင် ပိတ်မိလျက်ရှိကြောင်း BBC သတင်းက ဖော်ပြထားသည်။ ပေါက်ကွဲမှု ဖြစ်ပွါးချိန်တွင် လူ ၁၁၀ ခန့် အဆိုပါ မိုင်းတွင်း၌ အလုပ်လုပ်လျက်ရှိပြီး ထက်ဝက်ခန့်မှာ မြေအောက် မီတာ ၃၀၀ အနက်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။ လူ ၁၁ ဦးကို ပြန်လည်ကယ်ဆယ်ထားပြီး ကုသမှုပေးနေကြောင်း တူရကီကျန်းမာရေး ဝန်ကြီး ဖာရက်တင်ကိုကာ က ပြောကြားသည်။ ညအချိန်သို့ရောက်သည့်တိုင် အရေးပေါ် ကယ်ဆယ်ရေးလုပ်သားများက ကျောက်လွှာများကို တူးကာ အသက်ရှင်ကျန်ရစ်သူများထံသို့ ရောက်ရှိရေး ကြိုးစားနေကြသည်။ ပျောက်ဆုံးသွားသော မိုင်းလုပ်သားများ၏ မိသားစုဝင်များ၊ မိတ်ဆွေများ လုပ်ငန်းခွင်အနီးသို့ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

October 14, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ အီရတ်ပါလီမန်က သမ္မတအသစ်ရွေးချယ် အီရတ်ပါလီမန်ဟာ အောက်တိုဘာ ၁၃ ရက်မှာ သမ္မတအဖြစ် ကာ့ဒ်နိုင်ငံရေးသမား အက်ဗ်ဒူ လာတစ်ဖ် ရာရှစ်ဒ် (Abdul Latif Rashid) ကို ရွေးချယ်လိုက်ပြီး သမ္မတအသစ်ဟာ ချက်ချင်းပဲ မိုဟာမက်ဒ် ရှီယာ အယ်လ်-ဆူဒါနီ (Mohammed Shia Al-Sudani) ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ ရွေးကောက်ပွဲကတည်းက နိုင်ငံရေးသမားတွေအနေနဲ့ အစိုးရသစ်တရပ်ဖွဲ့ဖို့ မလုပ်ဆောင်နိုင်ခဲ့ကြတဲ့အပေါ် ကာ့ဒ်လူမျိုးတွေ နေရာယူထားတဲ့ သမ္မတရာထူးနေရာအတွက် ရာရှစ်ဒ်ကို မဲပေးမှုဟာ အစိုးရအသစ်ဖွဲ့ဖို့ အဓိကခြေလှမ်း ဖြစ်ခဲ့ပါတယ်။ ဗြိတိသျှပညာတတ် အင်ဂျင်နီယာ […]

တနင်္သာရီတိုင်းကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိဟုဆို

diz_admin

October 14, 2022

စစ်တပ်ကျောထောက် နောက်ခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲများ လုပ်ဆောင်နေသော်လည်း တနင်္သာရီတိုင်းတွင် ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိဟု ယင်းပါတီထံမှသိရသည်။ “တိုင်းမှာကတော့ အရင်တုန်းကဖွဲ့ထားတဲ့လူအတိုင်းပဲ အပြောင်းအလဲမရှိပါဘူး” ဟု ကြံခိုင်ရေးပါတီ တနင်္သာရီတိုင်းဥက္ကဋ္ဌ ဦးသန်းအောင်ကဆိုသည်။ စစ်ကောင်စီက ကျင်းပရန်စီစဉ်နေသည့် ၂၀၂၃ ရွေးကောက်ပွဲကို ဝင်ပြိုင်ရန်အတွက် ကြံ့ခိုင်ရေးပါတီက တတိယအကြိမ် ပါတီညီလာခံကို ယခုလပထမအပတ်တွင် ကျင်းပခဲ့ပြီး ပါတီထိပ်ပိုင်းခေါင်းဆောင် အများအပြားကို ပြောင်းလဲခဲ့သည်။ ပါတီညီလာခံမကျင်းပမီ လွန်ခဲ့သည့် သုံးလခန့်ကတည်းက တနင်္သာရီတိုင်းတွင်လည်း တိုင်းပါတီအလုပ်အမှုဆောင်အဖွဲ့ကို မဲပေးရွေးချယ်ခဲ့ကြောင်း ပါတီဝင်ဟောင်းတစ်ဦးက ဆိုသည်။ တိုင်းအဆင့် ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များမှာ အရင်လူဟောင်းများ ပင်ဖြစ်ပြီး မြို့နယ်အဆင့်‌တွင်မူ အပြောင်းအလဲ အနည်းငယ်ရှိကြောင်း စုံစမ်းသိရှိရသည်။ မြို့နယ်ပါတီဥက္ကဋ္ဌတစ်ဦးနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံခဲ့ဖူးသည့် ကိုယ်စားလှယ်အချို့ ပါတီမှ နုတ်ထွက်ထားကြောင်း သိရသော်လည်း […]

လောင်းလုံးသို့ အလှူပွဲသွားသူများ လမ်းခရီးတွင် ငွေတောင်းခံ‌ရ

diz_admin

October 14, 2022

လောင်းလုံးမြို့ဘက်သို့ ခရီးသွားသည့် ပြည်သူများ ယခုရက်ပိုင်းအတွင်း လမ်းခရီးတွင် ငွေကြေးတောင်းခံရမှုများ ရှိလာနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက်ပိုင်းက ထားဝယ်မှ လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာ၏ ကထိန်အလှူသို့ ကားဖြင့်သွားသော ပြည်သူများထံမှ ရဲဝတ်စုံဝတ်ထားသော တပ်ဖွဲ့ဝင်များက လူတစ်ဦးလျှင် ကျပ်ငါးထောင်နှုန်းဖြင့် ကောက်ခံနေကြောင်း ကိုယ်တိုင်ကြုံရသည် ခရီးသွားပြည်သူတစ်ဦးက ပြောသည်။ ၎င်းကိုယ်တိုင် ကျပ်ငါးထောင်ပေးပြီးမှ ဖြတ်သန်းသွားလာခွင့်ရခဲ့ကြောင်း ဆိုသည်။ လောင်းလုံးမြို့ တွင်း (ဃ) ရပ်ကွက်ရှိ လောင်းလုံး ထားဝယ်သွားလမ်းပိုင်းတစ်နေရာတွင် ရဲဝတ်စုံဝတ်ထားသော တပ်ဖွဲ့ဝင်များက စစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ခရီးသည်များတွင် နှာခေါင်းစည်း ပါမပါ၊ မှတ်ပုံတင် ပါမပါ စသည်ဖြင့် အကြောင်းအမျိုးမျိုးရှာ၍ စစ်ဆေးနေခြင်းလည်းဖြစ်ကြောင်း ခရီးသွားပြည်သူအချို့က ပြောသည်။ “တရားဝင် […]

မြိတ် တုံးဗျောကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရ

diz_admin

October 14, 2022

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၏ နေအိမ် ယနေ့ မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။ တုံးဗျောကျေးရွာနေ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိန်သန်းငယ် နေအိမ်အား ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်က လာရောက်မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။ “PDF တွေအများကြီးပဲ လာပြီးမီးရှို့သွားတာ။သူ့နဲ့ မိသားစုက အိမ်မှာမနေပဲ တခြားတစ်နေရာမှာ သွားရှောင်နေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မီးရှို့ခံရသည့် အုပ်ချုပ်ရေးမှူး၏ နေအိမ်နှင့် မိုင်ဝက်ခန့်အကွာတွင် ပျူစောထီးနှင့် စစ်ကောင်စီကင်းစခန်းတစ်ခုရှိပြီး နှစ်ဖက်ပစ်ခတ်ခြင်းမျိုးမကြားရကြောင်း ဒေသခံများက ဆိုသည်။ “ပစ်ခတ်သံတော့မကြားရဘူး။ မီးရှို့ပြီးတာနဲ့ ပြန်ထွက်သွားကြတယ်” ဟု ဒေသခံနောက် အမျိုးသားတစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူး၏ နေအိမ်ကို PDF များ […]

တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေးပါတီဝင် ၃၀ ခန့်အသတ်ခံထားရဟုဆို

diz_admin

October 14, 2022

စစ်တပ်အာဏာသိမ်းမှု ဖြစ်စဉ်ကြောင့်ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးနှင့်အတူ ဒလန်ရှင်းလင်းရေး ဆိုသည့်လှုပ်ရှားမှုတွင် ပစ်ခတ်ရှင်းလင်းခံရသဖြင့် သေဆုံးသွားသူများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်နှင့် ဝန်းရံသူ ၃၀ ခန့်ပါဝင်ကြောင်း ယင်းပါတီထံမှသိရသည်။ တနင်္သာရီတိုင်းတွင် ပစ်သတ်ခံရသဖြင့် သေဆုံးသွားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၃၀ ဦးနှင့် ဒဏ်ရာရသူ သုံးဦးရှိကြောင်း တိုင်းပါတီဥက္ကဋ္ဌ ဦးသန်းအောင်ကပြောသည်။ ကြံ့ခိုင်ရေးပါတီဝင် အသတ်ခံရသူများတွင် ရေဖြူမြို့နယ် ရပ်ကျေးစည်းရုံးရေးမှူးတစ်ဦးနှင့် ‌လောင်းလုံးမြို့နယ်မှ ဝန်းရံသူအချို့လည်းပါဝင်ကြောင်း Dawei Watch မှတ်တမ်းများအရသိရသည်။ ယင်းသေဆုံးမှုမှာ စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ အသတ်ခံရသည့် ကြံ့ခိုင်ရေးပါတီဝင် အရေအတွက်ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် စစ်ကောင်စီက ပြင်ဆင်နေပြီး ယင်းရွေးကောက်ပွဲ ဝင်ပြိုင်ရန်အတွက် စစ်တပ်ကျောထောက်နောက်ခံပါတီ ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါတီခေါင်းဆောင်ပိုင်း နေရာများ အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံအနှံ့ဖြစ်ပေါ်နေသည့် အာဏာရှင်စနစ်ကို […]

တရားဝင်အလုပ်လုပ်ခွင့်ကတ်လျှောက်ရာတွင် ထိုင်းရောက်မြန်မာလုပ်သားများ ငွေလိမ်ခံရ

diz_admin

October 14, 2022

ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများသည် ပန်းရောင်ဘတ်ဟုခေါ်သည့် တရားဝင်နေထိုင် အလုပ် လုပ်ခွင့်ကတ်ကို ပွဲစားဖြင့်လျှောက်ထားရာတွင် ငွေကြေးလိမ်လည်ခံရမှုများရှိနေကြောင်း အလုပ်သမားများထံမှ သိရသည်။ မြန်မာပွဲစားအချို့သည် ပန်းရောင်ဘတ်အတွက် အထောက်အထားပြုလုပ်ပေးမည်၊ အလုပ်ရှာပေးမည်ဟုဆိုကာ မြန်မာအလုပ်သမားတစ်ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၁၅၀၀၀ (ကျပ် ခုနစ်သိန်းကျော်မှ ၁၀ သိန်းကျော်) အထိ ကောက်ခံကြောင်း အလုပ်သမားများထံမှ သိရသည်။ ငွေကြေးအပြီးအစီး ပေးလိုက်ချိန်တွင် အဆက်အသွယ်ဖြတ်ကာထွက်ပြေးသွားကြောင်း ၎င်းတို့က ပြောသည်။ ပန်းရောင်ဘတ် ပြုလုပ်ရန်အတွက် မြန်မာအလုပ်သမားအများစုသည် လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်အသေးစိတ်ကို နားမလည်သဖြင့် ထိုင်းရောက် မြန်မာပွဲစားများနှင့်သာ ချိတ်ဆက် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ထိုင်း၌ ပန်းရောင်ဘတ် လုပ်ရန် Name List ရရှိလာသူ မြန်မာလုပ်သားများအနေဖြင့် ဆေးစစ်ခြင်း၊ အလုပ်သမားရုံးတွင် လက်ဗွေနှိပ်၊ မျက်လုံး […]