ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြန်မာနိုင်ငံသို့ပြန်ရန် ဘန်ကောက်မှ မဲဆောက်သို့လာသော အလုပ်သမား ၃၀ကျော် ဖမ်းဆီးငွေညှစ်ခံရ

diz_admin

October 19, 2022

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှ မြန်မာနိုင်ငံနယ်စပ် မဲဆောက်မြို့သို့ ကားဖြင့်လာသော မြန်မာအလုပ်သမားများ ဖမ်းဆီးငွေညှစ်ခံရကြောင်း အလုပ်သမားကူညီရေးအဖွဲ့အစည်း KTG Helping Hand အဖွဲ့ထံမှ သိရသည်။ မဲဆောက်အဝင် စစ်ဆေးရေးဂိတ်ရှိ ထိုင်းရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး လူဝင်မှုကြီးကြပ်ရေးရုံးသို့ ပို့ဆောင်ခဲ့သဖြင့် ငွေပေးကာ ပြန်ထုတ်ခဲ့ရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အောက်တိုဘာလ ၁၈ရက်နေ့တွင် အလုပ်သမား ၃၀ကျော်သည် မြန်မာနိုင်ငံသို့ ပြန်ရန်အတွက် ဘန်ကောက်မှ ကားဖြင့် မဲဆောက်မြို့သို့လာရာတွင် ယင်းသို့ကြုံတွေ့ရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားအားလုံးတွင် ခရီးသွားအထောက်အထား၊ Passport စာအုပ်အစုံရှိသော်လည်း အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ လဝကရုံးတွင် တစ်နာရီကျော်ကြာ ထိန်းသိမ်းခံခဲ့ရကြောင်း KTG Helping Hand အဖွဲ့မှ အလုပ်သမား အရေးလှုပ်ရှားသူ ကိုသားကြီးက ပြောသည်။ ဖမ်းရသည့်အကြောင်းအရင်းကို မေးမြန်းရာ ထိုင်းအာဏာပိုင်များက […]

ထားဝယ်အိမ်ရှေ့ပြင်တံတားအောက်တွင် အမျိုးသားအလောင်းတွေ့

diz_admin

October 19, 2022

ထားဝယ် အိမ်ရှေ့ပြင်တံတားအောက်တွင် ယနေ့ အောက်တိုဘာလ ၁၉ ရက် နံနက် ၇ နာရီခန့်က အမျိုးသား တစ်ဦး၏ အလောင်းတွေ့ရှိကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ နံနက် ၇ နာရီခန့်က ယင်းတံတားအောက်တွင် လူလတ်ပိုင်းရွယ် အမျိုးသားတစ်ဦးသည် ဘောင်းဘီတို ဝတ်ဆင်ထားပြီး အင်္ကျီမပါဘဲ ရေထဲတွင် မှောက်လျက်အနေထားဖြင့် သေဆုံးနေကြောင်း အထက်ပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ သွားကြည့်တဲ့အခါမှာ လက်တစ်ဖက်က သစ်ကိုင်းကို ကိုင်ထားတယ်။ ပြင်ပ ဒဏ်ရာတော့ မတွေ့ရဘူး။ ခြေထောက်မှာ ငါးစားထားတဲ့ ပွန်းပဲ့ ဒဏ်ရာလောက်ပဲရှိတာ တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။ သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးဟု ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ အလောင်းကိုမူ ထားဝယ်ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း […]

တရားမဝင်လမ်းကြောင်းဖြင့် မလေးရှားသွားမည့် မြန်မာလုပ်သား ၃၀ ထိုင်းတွင် ဖမ်းဆီးခံရ

diz_admin

October 19, 2022

မလေးရှားတွင် သွားရောက်လုပ်ကိုင်ရန်အတွက် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက် လာသော မြန်မာအလုပ်သမား ၃၀ ဦးကို အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိ ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်းနိုင်ငံ ရတ်ခ်ျဘူရီခရိုင်တွင် မောင်ဒေသ ကြံတောအနီးရှိ မြောင်းဘေးတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများ စုဝေးရောက်ရှိနေသည်ဟု ရွာသားများ၏ တိုင်ကြားချက်အရ ဒေသအာဏာပိုင်များက သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၄ ဦး ပါဝင်နေပြီး ၎င်းတို့သည် ကန်ချနဘူရီခရိုင်ရှိ စစ်ဆေးရေး ဂိတ်တစ်ခုကို တရားမဝင်ဖြတ်ကျော်လာပြီးနောက် ထိုင်းပွဲစား လာကြိုမည့်ကားကို စောင့်ဆိုင်းနေခြင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာအလုပ်သမားအားလုံးသည် မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် ဝင်ရောက်လာခြင်းဖြစ်ပြီး ထိုခရီးစဉ်အတွက် ထိုင်းနိုင်ငံအတွင်းသို့ […]

ရေး တိုက်ပွဲတွင် မွန်အခြေပြုတော်လှန်ရေးအဖွဲ့ တာဝန်ခံကျဆုံး

diz_admin

October 19, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ (MSRO) ၏ တာဝန်ခံ ကျဆုံးသွားကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ရေးမြို့ အနောက်ဘက် ၇ မိုင်ခန့်အကွာ အစင်ကျေးရွာအုပ်စု ဇီးဖြူသောင်ကျေးရွာရဲစခန်းကို အောက်တိုဘာ ၁၇ ရက်နေ့ ညနေပိုင်းက MSRO အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ယင်းရဲစခန်းကို တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာစဉ် MSRO စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ ရေးမြို့အနောက်ဘက် ၇ မိုင်ခန့်အကွာရှိ ဒူးယားကျေးရွာအုပ်စု ပလိုင်ကီးကျေးရွာအနီးတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။ အဆိုပါတိုက်ပွဲတွင် MSRO တာဝန်ခံ ရဲဘော် ကိုသီဟနေစိုး (ခေါ်) တိုဘီ (ခေါ်) ကိုအဂ္ဂ ကျဆုံးသွားကြောင်း MSRO က ထုတ်ပြန်သည်။ ရဲစခန်း တိုက်ခိုက်ခံရမှုဖြစ်စဉ်၊ MSRO […]

ပုလော ပဝတ်ကုန်းရွာက စစ်မှုထမ်းဟောင်း၏ နေအိမ်ဗုံးခွဲခံရ

diz_admin

October 19, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာရှိ စစ်မှုထမ်းဟောင်းတစ်ဦး၏ နေအိမ်ဗုံးခွဲခံရကြောင်း ဒေသခံများထံမှ သိရသည်။ အငြိမ်းစား အရာခံဗိုလ် ဆရာမှတ်ဆိုသူ၏ တစ်ထပ်တိုက်အိမ်သည် အောက်တိုဘာ ၁၇ ရက်နေ့တွင် ဗုံးခွဲခံရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “အိမ်တစ်ဆောင်လုံး နေလို့မရအောင်ကိုဖြဲဖြဲစင် (တစ်စစီ) ဖြစ်သွားတယ်။ သိန်းရာချီအကုန်ခံပြီး ဆောက်ထားတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ဗုံးခွဲခံရသည့် တစ်ထပ်တိုက် နေအိမ်တွင် လူမနေထိုင်သည်မှာ လအတန်ကြာပြီဖြစ်သည့်အတွက် လူထိခိုက်မှု မရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ “သူတို့က ပြောင်းပြီးနေနေကြတာကြာပြီ။ တစ်ရွာလုံးလည်း လူမရှိတော့ဘူး” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။ ဆရာမှတ်သည် အငြိမ်းစား အရာခံဗိုလ်တစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်ကာ လက်ရှိအချိန်တွင် ရှောင်တိမ်းနေကြောင်း ဒေသခံများက ဆိုသည်။ ပဝတ်ကုန်းကျေးရွာတွင် နှစ်ဖက်တိုက်ပွဲမကြာခဏဖြစ်သည့်အတွက် ရွာသားများမှာ […]

ကမ္ဘာ့အမြန်ဆုံး လက်ဖက်ရည်ဖျော်ဆရာမ တစ်နာရီအတွင်း ဘယ်နှစ်ခွက် ဖျော်နိုင်ခဲ့သလဲ

diz_admin

October 19, 2022

အခုတစ်ခေါက်ဖော်ပြပေးမယ့် သတင်းကတော့ ကမ္ဘာ့အမြန်ဆုံး လက်ဖက်ရည် ဖျော်ဆရာ အကြောင်းဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ ဖျော်ဆရာမ လို့ ပြောရမယ်။ တောင်အာဖရိကသူ အမျိုးသမီး တီးမာစတာ တစ်ဦးဟာ ကမ္ဘာ့အမြန်ဆုံး လက်ဖက်ရည်ဖျော်ဆရာ အဖြစ် ဂင်းနစ်မှတ်တမ်း စံချိန်တင်သွားခဲ့ပါတယ်။ သူမဟာ တစ်နာရီအတွင်းမှာ လက်ဖက်ရည် ၂၄၉ ခွက် ဖျော်ပြနိုင်ခဲ့ပြီးတော့ ကမ္ဘာ့စံချိန်တင်သွားတာ ဖြစ်ပါသတဲ့။ အင်ဂါဗင်လန်တိုင်း လို့ အမည်ရတဲ့ အမျိုးသမီးဟာ တောင်အာဖရိကနိုင်ငံထွက် အနီရောင် လက်ဘက်ရွက် ကနေထုတ်တဲ့ လက်ဖက်ရည်ကို ဖျော်ပြခဲ့တာ ဖြစ်ပါတယ်။ စံချိန်ချိုးရင်း ထွက်ရှိလာတဲ့ လက်ဖက်ရည်တွေကို ဒေသခံ ကျောင်းသားတွေနဲ့ အနီးအနားနေထိုင်သူများကို တည်ခင်း ဧည့်ခံခဲ့ပါသတဲ့။ တစ်နာရီအတွင်း ခွက်ရေ ၁၅၀ ဖျော်နိုင်မယ်ဆိုရင် စံချိန်တင်နိုင်မယ်လို့ ဂင်းနစ်စံတော်ချိန်က သတ်မှတ် ခဲ့သလို ဖျော်ဆရာမအင်ဂါ က ခွက် ၁၇၀ အထိ သူဖျော်နိုင်မယ်လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။ […]

စရိတ်ကြီးသဖြင့် ကြက်၊ဝက်မွေးမြူရေး အရှုံးများပြီး လုပ်ငန်းအချို့ရပ်နား

diz_admin

October 19, 2022

သွင်းအားစုဈေးမြင့်တက်လာသဖြင့် ‌ထားဝယ်ခရိုင်ရှိ ကြက်၊ ဝက် မွေးမြူရေးလုပ်ကိုင်သူအချို့ လုပ်ငန်းရပ်နားမှုများ ရှိလာကြောင်း မွေးမြူရေးသမားအချို့ကပြောသည်။ ရပ်နားလိုက်သူအများစုမှာ တစ်နိုင်တစ်ပိုင်မွေးမြူရေး လုပ်ကိုင်သူများဖြစ်ပြီး စီးပွားရေးအရ မွေးမြူသူအချို့မှာလည်း လုပ်ငန်းလျှော့ချ လုပ်ကိုင်လာကြကြောင်း ၎င်းတို့ကပြောဆိုသည်။ ကြက်စာ၊ ဝက်စာစသည့် သွင်းအာစုဈေးနူန်းမြင့်တက်လာပြီး အသားဈေးနူန်းမှာ လိုက်မတက်နိုင်သဖြင့် အရှုံးပေါ်ပြီး နောက်ဆုံးတွင် ရပ်နားလိုက်ကြရခြင်းဖြစ်ကြောင်း မွေးမြူရေးသမားအချို့ကပြောသည်။ “ကျွန်တော်မှာဆို ပြီးခဲ့သုံးလကျော်လောက်က ၁၅ သိန်းလောက်ရှုံးသွားတာ အဲဒါဖြစ်ပြီးတော့ ခြံ  ၂ ခြံပစ်ထားလိုက်တာ အခုဆိုခြုံတွေတောင်ထနေပြီ။ တချို့ကတော့ လုံးဝနားလိုက်တာတွေရှိတယ်” ဟု လောင်းလုံးဒေသခံ အသားစားကြက်မွေးမြူရေးသမားတစ်ဦးကပြောသည်။ ၎င်းသည် ယခင်က ခြံသုံးခြံဖြင့် ကြက်အကောင် သုံးထောင်ကိုမွေးမြူသူတစ်ဦးဖြစ်ပြီး လက်ရှိတွင် အကောင်တစ်ထောင်ကိုသာ မွေးမြူတော့သည်။ မွေးမြူရေးအတွက် သွင်းအားစုဈေးနူန်းမှာ အာဏာမသိမ်းခင်ကထက် ထက်ဝက်ကျော် မြင့်တက်သွားကြောင်း မွေးမြူရေးသမားအချို့ကပြောသည်။ အာဏာမသိမ်းခင်က အသားစားကြက်သားပေါက်တစ်ကောင်လျှင် […]

ထားဝယ်ခရိုင်တွင် ဖျားနာမှုများဖြစ်နေပြီး ကိုဗစ်ပိုးတွေ့ရှိသူလည်းများလာ

diz_admin

October 18, 2022

ထားဝယ်ခရိုင်တွင် ကိုယ်လက်ကိုက်ခဲ ဖျားနာမှုများဖြစ်နေပြီး ကိုဗစ်ပိုးကူးစက်ခံရသည့်နှုန်းမှာလည်း ယခင်လကထက်ပိုများလာကြောင်း ထားဝယ်ခရိုင် ကြက်ခြေနီတပ်ဖွဲ့ထံမှသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၂၁ ရက်နေ့အထိ တစ်လအတွင်း ထားဝယ်‌ကြက်ခြေနီအဖွဲ့က သယ်ဆောင်ပေးသည့် ကိုဗစ်လူနာဦးရေမှာ အယောက်နှစ်ဆယ်ကျော်ခန့်သာရှိသော်လည်း စက်တင်ဘာ ၂၂ ရက်မှ အောက်တိုဘာ ၁၇ အထိ ၂၅ ရက်အတွင်း သယ်ဆောင်ပေးရသည့် လူနာဦးရေမှာ သုံးဆယ်ကျော်နေပြီဖြစ်ကြောင်း ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “အဲဒီလူတွေက ရောဂါတစ်ခုခုကြောင့် ကျွန်တော်တို့အဖွဲ့က သယ်ယူပေးတဲ့ လူနာတွေပါ သက်ဆိုင်ရာဆေးရုံကစစ်လို့ ကိုဗစ်ပိုးတွေ့တဲ့သူတွေပေါ့”ဟု ၎င်းကပြောသည်။ ဖျားနာသူ အလွန်များနေပြီး မြေပြင်အခြေအနေတွင် လက်ရှိပိုးတွေသူဦးရေထက်ပိုများ နေနိုင်‌ကြောင်း အထက်ပါ တာဝန်ရှိသူကပြောသည်။ “ကျွန်တော်တို့ကတော့ အကာကွယ်ဝတ်စုံ ဝတ်ရတာပေါ့နော်။ ဖျားတဲ့သူက ကိုဗစ်ရှိတယ် မရှိဘူးဆိုတာ ကျွန်တော်တို့မသိဘူးလေ သက်ဆိုင်ရာ […]