ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် ကွမ်းသီးသစ်ဈေး ပြီးခဲ့သည့်နှစ်ထက် နှစ်ထောင်ကျော် ဈေးလျော့

diz_admin

October 22, 2022

ထားဝယ်ခရိုင်တွင် ကွမ်းသီးဈေး ပြီးခဲ့သည့်နှစ်ထက် နှစ်ထောင်ကျော် ဈေးလျော့နေကြောင်း ထားဝယ်မြို့တွင်းရှိ ပွဲရုံအချို့နှင့် ဒေသခံတောင်သူအချို့က ပြောသည်။ ပြီးခဲ့သည့်နှစ်က အောက်တိုဘာ ၂၀ ရက်ခန့်တွင် ကွမ်းသီးသစ် တစ်ပိဿာ ငွေကျပ် ၆၅၀၀ မှ ၆၇၀၀ ကျပ်ခန့်အထိ ဖြစ်နေပြီဖြစ်သော်လည်း ယခုနှစ်တွင် တစ်ပိဿာ ၄၀၀၀ ကျပ်မှ အများဆုံး ၅၀၀၀ ကျပ်ခန့်သာရှိကြောင်း ပွဲရုံအချို့နှင့် တောင်သူအချို့က ပြောသည်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေချိန်တွင် ကွမ်းသီးသစ်စျေးမှာ ယခင်နှစ်ထက် နိမ့်နေမှုကြောင့် ကွမ်းသီးစိုက်သူများမှာ ထပ်ဆင့်ရှုံးနေကြသည့် သဘောဖြစ်သည်။ သရက်ချောင်းမြို့နယ်တွင် ကွမ်းသီးသစ်တစ်ပိဿာ ငွေကျပ် ၄၀၀၀ မှ ၄၅၀၀ ကျပ်ခန့်သာရှိသည်ဟု သရက်ချောင်းမြို့နယ်၊ ဆင်ကူးကျေးရွာမှ ကွမ်းသီးခြောက် အရောင်းအဝယ်ပြုလုပ်သူ မဝင်းခက်က ပြောသည်။ “အခုလာတဲ့ဈေးဆို မနှစ်ကနဲ့စာရင် ဈေးနည်းနေတာပေါ့၊ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

October 21, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ယူကေဝန်ကြီးချုပ် လစ်ဇ်ထရပ်စ် နုတ်ထွက် ယူကေဝန်ကြီးချုပ် လစ်ဇ်ထရပ်စ်ဟာ ဒေါင်းနင်းလမ်းနေအိမ်ရှေ့ကို ထွက်လာပြီး သူရာထူးက နုတ်ထွက်မယ့်အကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဘုရင်ကြီးကို သူနုတ်ထွက်မယ့်အကြောင်း အသိပေး အကြောင်းကြားခဲ့ပြီးပြီလို့လည်း သူကပြောပါတယ်။ စီးပွားရေးနဲ့ နိုင်ငံတကာရေးရာတွေမှာ မသေချာမရေရာမှုတွေ အများကြီးရှိနေချိန်မှာ သူဒီရာထူးကို ရယူခဲ့တာဖြစ်ပါတယ်။ သူ့ကို ရွေးချယ်တင်မြှောက်ခဲ့တဲ့ ကွန်ဆားဗေးတစ်ပါတီ ပါတီဝင်တွေကပေးအပ်တဲ့ တာဝန်တွေကနေ ရလဒ်တွေရအောင် ဆက်ထမ်းဆောင်နိုင်စွမ်း မရှိတော့လို့ သူ နုတ်ထွက်မယ်လို့ ပြောခဲ့ပါတယ်။ လစ်ဇ်ထရပ်စ်က ဘုရင်မကြီး အဲလိဇဘက်ထံ ဝန်ကြီးချုပ်ခန့်အပ်လွှာပေးအပ်ခဲ့ပြီး ၂ရက်အကြာ ဘုရင်မကြီးကံကုန်သွားခဲ့သလို ယခုလည်းဝန်ကြီးချုပ် […]

အောက်သရက်ချောင်းကျေးရွာတွင် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရ၊ တစ်ဦးသေ

diz_admin

October 21, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်း ကျေးရွာတွင် အောက်တိုဘာလ ၂၀ ရက် ည ၉ နာရီခွဲခန့်တွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး တစ်ဦးသေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ သေနတ်ဖြင့် ပစ်သတ်ခံရသူနှစ်ဦးအနက် အသက် ၃၇ နှစ်ခန့်ရှိ ကိုနောင်စိုးဆိုသူမှာ နေရာတွင်သေဆုံးခဲ့ပြီး အသက် ၃၅ နှစ်ခန့်ရှိ ကိုစိုးထိုက်မှာ သေနတ်ဒဏ်ရာ လေးချက်ခန့် ရရှိထားကြောင်း အောက်သရက်ချောင်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါအမျိုးသားနှစ်ဦးမှာ ရွာတွင် အေးဆေးနေတတ်သူများဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကိုနောင်စိုးမှာ မူလတန်းကျောင်းအုပ်ဖြစ်ပြီး ကျောင်းမတက်ရဲသဖြင့် အလုပ်နားထားသည်မှာ ကြာပြီဖြစ်သည်ဟု အခြား ဒေသခံအချို့က ပြောသည်။ သေနတ်ဒဏ်ရာဖြင့် ဆေးရုံတင်ထားရသည့် ကိုစိုးထိုက်မှာ ပန်းရံလုပ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ၎င်းတို့နှစ်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် […]

တနင်္သာရီ ဘန်လောရွာတွင် စစ်မှုထမ်းဟောင်းတစ်ဦး အသတ်ခံရ

diz_admin

October 21, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောရွာတွင် စစ်မှုထမ်းဟောင်းတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ အသက် ၄၀ ကျော်အရွယ် ဦးကျော်သူရအား အမည်မသိအဖွဲ့က အောက်တိုဘာလ ၁၈ ရက်က ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက်တွင် အသတ်ခံရသည်ဟု သတင်းကြားရကြောင်း ၎င်းတို့က ဆိုသည်။ “ဖမ်းသွားပြီတော့ သတ်ပစ်လိုက်ပြီလို့တော့ ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဦးကျော်သူရသည် စစ်တပ်တွင် ဆေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်ဟု ကြားသိရပြီး ဘန်လောရွာသူနှင့် အိမ်ထောင်ကျကာ ကျေးရွာအတွင်း ဆေးကုနေသည့် ဆေးဆရာတစ်ဦးဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ စစ်ကောင်စီတပ်နှင့် ထိတွေ့ဆက်ဆံလေ့ရှိသူဖြစ်သည်ဟုလည်း ဒေသခံအချို့က ပြောသည်။ ၎င်းကို တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က အောက်တိုဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ၎င်းသည် […]

နိုင်ငံသားမှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများစတင်စိစစ်၊ တစ်ခုထက်ပိုသည်များကို ဖျက်သိမ်းရန်စီစဉ်

diz_admin

October 21, 2022

မြန်မာနိုင်ငံသားများ၏ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများကို ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲမှတ်ပုံတင်ပြီးဖြစ်ရာ စတင်စိစစ်နေပြီး လူတစ်ဦးလျှင် တစ်ခုထက်ပိုသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုရင်းများကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။ မူလက စာရွက်များဖြင့်သာ မှတ်တမ်းထားရှိသဖြင့် စိစစ်ရခက်သော်လည်း လက်ရှိတွင် ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲစာရင်းသွင်းထားပြီဖြစ်ရာ မှတ်ပုံတင်နှင့် အိမ်ထောင်စု စာရင်းများကို ကွန်ပျူတာစနစ်ဖြင့် တိုက်ဆိုက်စစ်‌ဆေးနိုင်ပြီဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ နိုင်ငံသားများ၏ အချက်အလက်များကို ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲလိုက်မှုကြောင့် စိစစ်ရပိုမိုလွယ်ကူသွားသည့်အတွက် စစ်ကောင်စီအနေဖြင့် နိုင်ငံသားတစ်ဦးချင်းကို ပိုမိုစောင့်ကြည့် ထိန်းချုပ်သွားနိုင်မည့် အခြေအနေဖြစ်သည်။ လူတစ်ဦးတွင် မှတ်ပုံတင် သို့မဟုတ် အိမ်ထောင်စု တစ်ခုထက်ပိုပြီး လက်ဝယ်ကိုင်ဆောင် အသုံးပြုနေပါက နိုဝင်ဘာလ ၁ ရက်နေ့နောက်ဆုံးထားပြီး အမှန်တကယ်အသုံးပြုနေသည့် မှတ်ပုံတင် သို့မဟုတ် အိမ်ထောင်စုစာရင်းကို သက်ဆိုင်ရာ မြို့နယ်လဝက […]

ကျောက်ဆင်ရွာသား လေးဦးပစ်သတ်ခံရ

diz_admin

October 21, 2022

လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာတွင် အောက်တိုဘာ ၂၀ ရက်နေ့ညက ရွာသားလေးဦး ပစ်သတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူများမှာ ကျောက်ဆင်ရွာသားများဖြစ်သည့် ဦးစိုးတင့် ၊ဒေါ်နွဲ့၊ ကိုဇေ နှင့်အမည်မသိ လှေလုပ်သားတစ်ဦးဖြစ်သည်။ ယင်းနေ့ည ဆယ်တစ်နာရီခန့်တွင် လက်နက်ကိုင်လူတစ်စု ကားဖြင့်ရောက်ရှိလာပြီး အဆိုပါ လေးဦးအား ပစ်သတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “သူတို့ကတော့ NLD ထောက်ခံအားပေးသူတွေပါ လေးယောက်စလုံးကို ဒေါ်နွဲ့အိမ်မှာ ပစ်သတ်ထားခဲ့တယ်”ဟု ၎င်းကပြောသည်။ သေဆုံးသူဦးစိုးတင့်နှင့် ဒေါ်နွဲ့မှာ လင်မယားဖြစ်ပြီး အမည်မသိအမျိုးသားတစ်ဦးမှာ ၎င်းတို့‌၏ လှေလုပ်သားတစ်ဦးဖြစ်သည်။ “ကိုဇေကို လက်နောက်ကြိုး တုတ်ပြီး ခေါ်လာပြီးမှ ဦစိုးတင့် အိမ်မှာ ပစ်သတ်သွားတယ်”ဟု ဒေသခံနောက်တစ်ဦးကပြောသည်။ ဒေသခံအများစုကတော စစ်ကောင်စီ လက်ဝေခံ ပျူစောထီးအဖွဲ့က ပစ်သတ်သွားခြင်းဖြစ်ကြောင်း ပြောဆိုနေကြသည်။ အထက်ပါပြောဆိုချက်နှင့်ပတ်သတ်၍ Dawei watch အနေဖြင့် အတည်မပြုနိုင်သလို မည်သူတို့က မည်သည့်အကြောင်းကြောင့် ပစ်သတ်သွားသည် […]

ပုလောမြို့နယ် KNU စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်

diz_admin

October 21, 2022

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်နယ်မြေအတွင်း ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (K-PDF) က ထုတ်ပြန်ခဲ့သည်။ ယင်းသို့ ဒရုန်းဖြင့်တိုက်ခိုက်မှုမှာ ယခုဒုတိယအကြိမ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာ ၂၀ ရက်နေ့နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် စစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ပစ်ချကာ တိုက်ခိုက်ခဲ့သည်ဟု  K-PDF (ပုလော) က ထုတ်ပြန်ထားသည်။ ဗုံးသီး ၄ လုံးပစ်ချမှုကြောင့် လူထိခိုက်ခြင်းမရှိသော်လည်း ဓါတ်တိုင်ဓါတ်ကြိုးများ ပျက်စီးခဲ့သည်ဟု ရေးသားထားသည်။ ပစ်ခံရသည့်ဂိတ်သည် မူးယစ်ဆေးဝါးနှင့် စစ်ကောင်စီထုတ်ကုန်များ KNU ထိန်းချုပ်နယ်မြေအတွင်း မဝင်ရောက်စေရန်အတွက် စစ်ဆေးနေသည့် ဂိတ်တစ်ခု ဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်နေ့ကလည်း အဆိုပါဂိတ်အား စစ်ကောင်စီတပ်ဖွဲ့မှ ပထမအကြိမ်ဒရုန်းဖြင့် ဗုံးချခဲ့ပြီး K-PDF ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ K-PDF နှင့် ပုလောပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တို့မှလည်း […]

ကမြောကင်းတံတားအသစ် ၂၀၂၃ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်ရန် လျာထားဟုဆို

diz_admin

October 20, 2022

ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် ထားဝယ်မြစ်ကူးတံတား ‌(ကမြောကင်းတံတား) အသစ်ကို ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင်ဖွင့်လှစ်ရန် လျာထားကြောင်း စစ်ကောင်စီခန့် တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးက ဆိုသည်။ “၂၀၂၃ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ တစ်ခုခုလောက်မှာ ဖွင့်မှာပေါ့နော်” ဟု၎င်းကဆိုသည်။ လက်ရှိတွင် ကမြောကင်းတံတားထိပ် လောင်းလုံးမြို့နယ်ဘက်ခြမ်းရှိ ဗိုလ်မှူးကြီးဗထူး ကြေးရုပ်စိုက်ထူထားသည့် ဗထူးပန်းခြံကို လမ်းလုပ်ရန်အတွက် ဖျက်ထားသည်ကိုတွေ့ရကြောင်း ဒေသခံများကဆိုသည်။ ယင်းပန်းခြံဖျက်ထားသည့်နေရာတွင် ဗိုလ်းမှူးဗထူးကြေးရုပ်ထုကို အလယ်ဗဟိုထားပြီး အဝိုင်းပတ်ပုံစံ လမ်းဖောက်လုပ်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးကဆိုသည်။ “လမ်းအတွက်တော့ (‌ဗထူး) ပန်းခြံကတော့ နဲနဲတော့ပါသွားနိုင်တယ်။ (ဗိုလ်မှူးဗထူး) ရုပ်တုကိုတော့ မထိစေရဘူး။ လမ်းလုပ်ပြီးရင်တော့ ပန်းခြံလေးကိုပြန်လုပ်ပေးမှာပါ” ဟု ၎င်းက ပြောသည်။ အာဏာသိမ်းပြီး ၁၅ ရက်အကြာ ၂၀၂၁ ခုနှစ် […]