ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကမြောကင်းတံတားအသစ် ၂၀၂၃ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်ရန် လျာထားဟုဆို

diz_admin

October 20, 2022

ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် ထားဝယ်မြစ်ကူးတံတား ‌(ကမြောကင်းတံတား) အသစ်ကို ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင်ဖွင့်လှစ်ရန် လျာထားကြောင်း စစ်ကောင်စီခန့် တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးက ဆိုသည်။ “၂၀၂၃ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ တစ်ခုခုလောက်မှာ ဖွင့်မှာပေါ့နော်” ဟု၎င်းကဆိုသည်။ လက်ရှိတွင် ကမြောကင်းတံတားထိပ် လောင်းလုံးမြို့နယ်ဘက်ခြမ်းရှိ ဗိုလ်မှူးကြီးဗထူး ကြေးရုပ်စိုက်ထူထားသည့် ဗထူးပန်းခြံကို လမ်းလုပ်ရန်အတွက် ဖျက်ထားသည်ကိုတွေ့ရကြောင်း ဒေသခံများကဆိုသည်။ ယင်းပန်းခြံဖျက်ထားသည့်နေရာတွင် ဗိုလ်းမှူးဗထူးကြေးရုပ်ထုကို အလယ်ဗဟိုထားပြီး အဝိုင်းပတ်ပုံစံ လမ်းဖောက်လုပ်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးကဆိုသည်။ “လမ်းအတွက်တော့ (‌ဗထူး) ပန်းခြံကတော့ နဲနဲတော့ပါသွားနိုင်တယ်။ (ဗိုလ်မှူးဗထူး) ရုပ်တုကိုတော့ မထိစေရဘူး။ လမ်းလုပ်ပြီးရင်တော့ ပန်းခြံလေးကိုပြန်လုပ်ပေးမှာပါ” ဟု ၎င်းက ပြောသည်။ အာဏာသိမ်းပြီး ၁၅ ရက်အကြာ ၂၀၂၁ ခုနှစ် […]

ထားဝယ်တွင် တစ်ရက်အတွင်း ကိုဗစ်ကူးစက်ခံရသူ သုံးဦးသေဆုံး

diz_admin

October 20, 2022

ထားဝယ်တွင် ယနေ့(အောက်တိုဘာ ၂၀) တစ်ရက်တည်း ကိုဗစ်နိုင်တင်းရောဂါပိုး ကူစက်ခံထားရသူ ၃ ဦးသေဆုံးသွားကြောင်း နာရေးကူညီမှုအသင်း-ထားဝယ်နှင့် ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့-ထားဝယ်ထံက သိရသည်။ ယနေ့ နံနက်ပိုင်း ၆ နာရီခန့်တွင် သေဆုံးသူတစ်ဦး၊ ၈ နာရီခန့်တွင် သေဆုံးသူတစ်ဦး၊ ညနေ ၄ နာရီခန့်တွင် သေဆုံးသူတစ်ဦးရှိကြောင်း နာရေးကူညီမှုအသင်း-ထားဝယ်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။ “အခုကျွန်တော်တို့ ကိုဗစ်အလောင်းကို သင်္ဂြိုဟ်ပြီးပြန်ဆင်းလာပြီ ညနေ ၄ နာရီကျော်လောက်မှာ နောက်တစ်ယောက်ရှိတယ်ဆိုပြောတယ်၊ ယောကျ်ားကြီးတစ်ယောက်ဆုံးတယ်လို့ပြောတယ်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။ မနက်ပိုင်းတွင် သေဆုံးသည့် ကိုဗစ်လူနာနှစ်ဦးတွင် တစ်ဦးမှာ ရေဖြူမြို့နယ်၊ ပိန်းရှောင်ရွာမှ အသက် ၈၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာ ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်မှ အသက် ၆၇ နှစ်ခန့်အရွယ် […]

ထားဝယ်မြို့ လမ်းမကြီးများဘေးရှိ နေအိမ်များကို ခြံစည်းရိုးဆေးသုတ်ရန် ဖိအားပေးစေခိုင်း

diz_admin

October 20, 2022

ထားဝယ်မြို့ အဓိကလမ်းမကြီးများရှိ နေအိမ်ခြံစည်းရိုးကို ဆေးမသုတ်ပါက အရေးယူမည်ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့က စာထုတ်ညွှန်ကြားကာ ဖိအားပေးစေခိုင်းနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ခြံစည်းရိုး ဆေးသုတ်ခြင်းကို အောက်တိုဘာလ ၂၅ ရက်နေ့အပြီး ဆောင်ရွက်ရန် ဖော်ပြထားပြီး ပျက်ကွက်ပါက တိုင်းဒေသကြီး စည်ပင်သာယာရေးဉပဒေဖြင့် အရေးယူမည်ဟု ညွှန်ကြားစာတွင်‌ ဖော်ပြထားသည်။ ယင်းညွှန်ကြားစာကို အောက်တိုဘာလ ၁၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက လက်မှတ်ထိုးထားသည်။ လက်ရှိခြံစည်းရိုး ဆေးသုတ်ခိုင်းနေသည့်ကိစ္စမှာ ယခင်စစ်အစိုးရအဆက်ဆက် လုပ်ဆောင်ခဲ့သည့် ပုံစံအတိုင်းပင် ဖြစ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “(ခြံစည်းရိုး) ထုံးသုတ်တဲ့ တစ်ခေတ် ပြန်ရောက်နေပြီ”ဟု ၎င်းက ဆိုသည်။ နေအိမ်ခြံစည်းရိုးများအပြင် အစိုးရရုံး ခြံစည်းရိုးများတွင်လည်း ဆေးသုတ်နေသည်ကို တွေ့ရကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။ ယခင်စစ်အစိုးရ လက်ထက်ကလည်း […]

ပစ်ခတ်မှုဖြစ်ပြီးနောက် ကျိုက်ထီးရိုးတောင်သို့ ဘုရားဖူးလာရောက်မှု နည်းပါး

diz_admin

October 20, 2022

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်တက်ဂိတ်အနီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဘုရားဖူးလာရောက်မှု နည်းပါးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကျိုက်ထီးရိုးတောင်တက်ကားဂိတ်အနီး အောက်တိုဘာလ ၁၂ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေး တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားရာ ဘုရားဖူးအမျိုးသမီး သုံးဦးသေဆုံးကာ ၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ကျိုက်ထီးရိုးတောင် စတင်ဖွင့်လှစ်သည့်ကာလတွင် ဘုရားဖူးများဖြင့် စည်ကားလေ့ရှိသော်လည်း ပစ်ခတ်မှုကြောင့် ဘုရားဖူးလာသူ မရှိသလောက် နည်းပါးသွားကြောင်း ဒေသခံတို့က ဆိုသည်။ “ပစ်ခတ်မှုဖြစ်ပြီးတော့ ဘုရားဖူးတွေ အတော်နည်းသွားတယ်။ ဆိုင်တချို့လည်း ပိတ်ထားကြတယ် ကင်းမွန်းစခန်းမှာ” ဟု ကင်းမွန်းစခန်းဒေသခံတစ်ဦးက ပြောသည်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျိုက်ထီးရိုးသို့ ဘုရားဖူးလာခွင့် မပိတ်ထားသော်လည်း ကင်းမွန်းစခန်းနှင့် တောင်တက် ကားလမ်း တစ်လျှောက်တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ် ထားကြောင်း ဒေသခံတို့က ပြောဆိုသည်။ “အခုက […]

အမေရိကန်ငွေကြေးမှာ မျက်နှာပုံသွင် ပထမဆုံးဖော်ပြခံရမယ့် အာရှသူ အမျိုးသမီး

diz_admin

October 20, 2022

ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး တရုတ်-အမေရိကန် အန်နာမေဝေါင်း ဟာ အမေရိကန်ငွေကြေးမှာ မျက်နှာပုံ ဖော်ပြခံရတဲ့ ပထမဆုံး အာရှနွယ်ဖွါး တစ်ယောက်ဖြစ်ကြောင်း BBC သတင်းဆောင်းပါး တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ အမေရိကန် တမတ်တန် အကြွေစေ့မှာ သူ့ပုံကို ဖော်ပြမှာ ဖြစ်ပြီးတော့ ထူးချွန်တဲ့ အမျိုးသမီးများ ထဲမှ တစ်ဦးအဖြစ် ဖော်ပြထားတာ ဖြစ်ပါတယ်။ ဟောလိဝုဒ်မှာ ပထမဆုံး တရုတ်နွယ်ဖွါး အမေရိကန်သူအဖြစ် ထင်ရှားခဲ့တဲ့ အန်နာမေဝေါင်း ဟာ အကြွေစေ့မှာ ယခုနှစ်အတွင်း ပုံနှိပ်ခံရတာ ဖြစ်ပြီးတော့ (၅) ဦးမြောက်နဲ့ နောက်ဆုံး အမျိုးသမီး ဖြစ်ပါတယ်။ တနင်္လာနေ့မှာ စျေးကွက်ထဲ ထွက်လာမယ့် ၂၅ဆင့်တန် ငွေကြေးအကြွေစေ့ရဲ့ တစ်ဖက်မှာ သမ္မတဂျော့ဝါရှင်တန် ပုံ ပါပြီးတော့ တစ်ဖက်မှာတော့ မစ်စ်ဝေါင်းရဲ့ ရုပ်ပုံ ပါမှာ […]

ထားဝယ်တွင် ကလစ်ဆိုင်ကယ်ရှားလာပြီး နှစ်ဆနီးပါးဈေးတက်

diz_admin

October 20, 2022

ထားဝယ်ဒေသအတွင်း ထိုင်းနိုင်ငံထုတ် ၂၀၁၇ ခုနှစ်မော်ဒယ် အော်တိုဂီယာကလစ်ဆိုင်ကယ် ရှားလာပြီး နှစ်ဆနီးပါးဈေးတက်နေကြောင်း ထားဝယ်မြို့ရှိ ဆိုင်ကယ်ရောင်းဝယ်နေသူ အချို့ထံမှသိရသည်။ မန္တလေး၊ တောင်ကြီး အစရှိသည့် တိုင်းပြင်ပ ဆိုင်ကယ်ဝယ်သူများက အဆိုပါ မော်ဒယ်ကလစ်ဆိုင်ကယ်ကို အဝယ်များကြသည့်အတွက် ထားဝယ်ဒေသအတွင်း နည်းပါးလာကြောင်း ဆိုင်ကယ်ဝယ်ရောင်း လုပ်နေသူတစ်ဦးက ဆိုသည်။ ယင်းအခြေအနေကြောင့် ဆိုင်ကယ်ဈေးနှုန်းမှာလည်း ကျပ် ၈ သိန်းနီးပါး စျေးတက်လာသည်ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် သုံးလခန့်က ထားဝယ်ဈေးကွက်အတွင်း ၂၀၁၇ ခုနှစ်ထုတ် ကလစ်ဆိုင်ကယ်တစ်စီးလျှင် ၁၇ သိန်းဝန်းကျင်မှ သိန်း ၂၀ ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့သည်။ လက်ရှိတွင်မူ အတော်အသင့်သာကောင်းသည့် ယင်းဆိုင်ကယ်တစ်စီးလျှင် ၂၅ သိန်းဝန်းကျင်အထိ ဈေးမြောက်နေကြောင်း အထက်ပါ ဆိုင်ကယ်ဝယ်ရောင်းသမားက ဆိုသည်။ “အခုတလောတောင် အဲဆိုင်ကယ်တွေက ဈေးအရမ်းတက်လာတာ။ ဝယ်ဖို့လည်း တော်တော်လေးကို […]

ထားဝယ်အကျဉ်းထောင် ထောင်ဝင်စာပါဆယ်ပို့ခွင့် ရက်အကန့်အသတ်မရှိပိတ်

diz_admin

October 19, 2022

ရန်ကုန် အင်းစိန်အကျဉ်းထောင်တွင် ဗုံးပေါက်ကွဲပြီးနောက် ယနေ့ မွန်းလွဲပိုင်းမှ စတင်ကာ ထားဝယ်အကျဉ်းထောင်တွင် ထောင်ဝင်စာ ပါဆယ်ပို့ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်ကြောင်း ထောင်ဝင်စာပို့နေသူအချို့က ပြောသည်။ ယနေ့ အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းတွင် ထောင်ဝင်စာပို့ခဲ့သော်လည်း မွန်းလွဲပိုင်းမှ စတင်ကာ ထောင်ဝင်စာ ပို့ခြင်းကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း ထောင်ဝင်စာပို့နေသည့် ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ “မနက်တုန်းကတော့ ပုံမှန်အတိုင်းပဲရှိသေးတယ်။ ကျွန်တော် ထောင်ဝင်စာသွားပို့ပေးတုန်းက ပုံမှန်အတိုင်းပဲ ပို့လာတယ်။ အခု နေ့လယ်က ကိစ္စရှိလို့ အဲဒီနားကို ထပ်သွားတာ။ အင်းစိန်ထောင်မှာဖြစ်တာ ကျွန်တော် မသိသေး ဘူး။ ရှေ့မှာ စာပြားကပ်ထားတယ်။ ပါဆယ်ပိတ်ထားတယ်တဲ့။ ပြန်ပြီးလက်ခံမယ့်နေ့ကို ထပ်ပြီး ထုတ်ပြန်ပေးပါမယ် ဆိုပြီး စာကပ်ထားတယ်” ဟု ၎င်းက ဆိုသည်။ ထောင်ဝင်စာပို့ချိန်ကို […]

ဗဟိုဘဏ်ညွန်ကြားချက်ကို အသုံးချကာ ငွေလိမ်လည်မှုများ ပြုလုပ်လာ

diz_admin

October 19, 2022

အွန်လိုင်းငွေကြေးဝန်ဆောင်မှု ကုမ္ပဏီများနှင့်ပတ်သက်၍ ထုတ်ပြန်ထားသော ဗဟိုဘဏ်ညွန်ကြားချက်ကို အသုံးချကာ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ်မြို့ရှိ အွန်လိုင်းဈေးရောင်းချသူ အမျိုသမီးတစ်ဦးကို ယင်းနည်းလမ်းဖြင့် ငွေကြေးလိမ်လည်ရန် ကြိုးစားခဲ့သည့် ဖြစ်စဉ်အား လိမ်လည်ခံရသည့် အမျိုးသမီးက Dawei Watch ကို ယနေ့ (အောက်တိုဘာ ၁၉ )ပြောဆိုသည်။ K Pay၊ Wave Money စသည့် မိုဘိုင်းငွေကြေးသုံးစွဲသူများအနေဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက် မှန်ကန်စွာဖြည့်သွင်းမထားပါက အကောင့်ဖျက်သိမ်းမည်ဖြစ်ကြောင်း ဗဟိုဘဏ်က စက်တင်ဘာလ ၁၆ ရက်က ထုတ်ပြန်ထားသည်။ ငွေကြေးလိမ်လည်သူသည် အဆိုပါထုတ်ပြန်ချက်ကို အသုံးချကာ K Pay အဆင့်တိုးရန် ပြောဆိုခဲ့ပြီး ညွန်ကြားချက်အတိုင်း လိုက်မလုပ်ပါက ၂၄ နာရီအတွင်း K Pay အကောင့်ကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ “သူတို့က Level မမြှင့်ဘူးဆိုရင် သမီးရဲ့K Pay အကောင့်ကို ဖျက်ပစ်မယ်ပြောတော့ ကြောက်သွားတာပေါ့” ဟု […]